SOE Electric Foundation

SOE Electric Foundation တတ်နိုင်စွမ်း၏ ဆောင်ရွှက်မူသည် အများပြည်သူ၏ လိုအပ်ခြင်းအား ဖြည့်စည်းခြင်း

စိုး လျှပ်စစ်ဖောင်ဒေးရှင်း ဖခင်ကြီး ဦးစိုးတင့် ကွယ်လွန်ခြင်း ( ၉ ) နှစ်ပြည့် လွမ်းဆွတ်ခြင်းကုသိုလ် 🙏 မိခင်ကြီး ဒေါ်ရီရီမ...
16/07/2026

စိုး လျှပ်စစ်ဖောင်ဒေးရှင်း ဖခင်ကြီး ဦးစိုးတင့်
ကွယ်လွန်ခြင်း ( ၉ ) နှစ်ပြည့် လွမ်းဆွတ်ခြင်းကုသိုလ် 🙏

မိခင်ကြီး ဒေါ်ရီရီမာ အမှူးပြု၍
စိုးလျှပ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာ ကျော်မင်းထွန်းနှင့် ဇနီး ဒေါ်မျိုးမျိုးခိုင် ( မြေး) ကိုသုခစိုး၊
စိုးလျှပ်စစ် မိသားစုက ကျေးဇူးရှင် ဖခင်ကြီး၏ ကွယ်လွန်ခြင်း ( ၉ ) နှစ်ပြည့် ကုသိုလ် အထိမ်းအမှတ်အဖြစ်
ဆရာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္က္ကန်း ဆပ်ကပ်လှုဒါန်းခြင်း နှင့် လှုဒါန်းမူ အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေဌ ပါသည်။
🙏 နတ်၊ လူ သာဓု ခေါ်ဆိုနိုင်ကြပါစေ 🙏

- စိုး လျှပ်စစ်ဖောင်ဒေးရှင်း၏ ဖေးမ မျှကူ လှူဒါန်းခြင်း🙏 စိုး လျှပ်စစ် ဖခင်ကြီး ဦးစိုးတင့်ကို ရည်စူး၍နာယက မိခင်ကြီး ဒေါ်ရ...
01/06/2026

- စိုး လျှပ်စစ်ဖောင်ဒေးရှင်း၏ ဖေးမ မျှကူ လှူဒါန်းခြင်း🙏

စိုး လျှပ်စစ် ဖခင်ကြီး ဦးစိုးတင့်ကို ရည်စူး၍
နာယက မိခင်ကြီး ဒေါ်ရီရီမာ ကို အမှူးထားပြီးလျှင်
ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်းနှင့် ဇနီး ဒေါ်မျိုးမျိုးခိုင်၊ သား ကိုသုခစိုး မိသားစုတို့သည် မိတ်ဆွေသင်္ဂဟတို့၏ ကုသိုလ်ပါဝင်ခြင်းတို့နှင့်အတူ ဆန်၊ ဆီ၊ ဖေးမ မျှကူ ငွေသားအလှူ အစီအစဉ်ကို
တတိယအကြိမ်တွင် နေပြည်တော် ( ၈ ) မြို့နယ်ရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အခြေခံဝန်ထမ်းများကို ယနေ့ ( ၁.၆.၂၀၂၆) တနင်္လာနေ့ မနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ မင်္ဂလာခန်းမတွင် ဆောင်ရွှက်နိုင်ခဲ့ပါသည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ အခြေခံဝန်ထမ်းများသည်
အများပြည်သူများနှင့် မြို့ရွှာအကျိုးကို ဥတုသုံးပါးမရွှေးပဲ နေ့စဉ်မပြတ် တာဝန်နှင့် ဝတ္တရား ဆောင်ရွှက်မူများကို လေးစားရခြင်း အကြောင်းပြု၍ ဖေးမ မျှကူ လှူဒါန်းခြင်းကို ဆောင်ရွှက်ပေးရခြင်း ဖြစ်ပါသည်။

ယနေ့ပေးလှူသော လူဦးရေနှင့် လှူဒါန်းမူ စုစုပေါင်းတန်ဖိုးမှာ အခြေခံနေစားဝန်ထမ်း ( ၂၆၂၅ ) ဦး အတွက် ဆန်၊ ဆီ၊ တစ်ဦးလျှင် ( ၅၀၀၀၀ ) ကျပ်နှုန်းဖြင့် ( ၁၉၁,၆၂၅,၀၀၀/- ) ကျပ် ဖြစ်ပါသည်။

ဖေးမ မျှကူ လှူဒါန်းခြင်း အစီအစဉ်ကို
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ နှစ် ( ၂၀ ) ပြည့်အခမ်းအနားတွင် ပါဝင်ဆောင်ရွှက်ခွင်ပေးပါသော နေပြည်တော် မြို့တော်ဝန် ဦးကံမြင့်သန်း ကို စိုးလျှပ်စစ်ဖောင်ဒေးရှင်းက ဂါရဝရှေ့ထားလျှက် ကျေးဇူးမှတ်တမ်း တင်ရှိရပါသည်။
ကြွရောက်ချီးမြှင့်ပေးပါသော နေပြည်တော်ကောင်စီ၏ ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ကော်မတီဝင်များ ဌာနကြီးမူးများ၊ ဌာနမူးများ၊ အရာထမ်း၊ အမူထမ်းများနှင့် ဧည့်သည်တော်များကို လေးစားစွာဖြင့် ကျေးဇူးတင်ရှိရပါသည်။
အစီအစဉ်ဖြစ်မြောက်အောင်မြင်ရန် ဆောင်ရွှက်ပေးကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
စိုးလျှပ်စစ်ဖောင်ဒေးရှင်းက ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးမှတ်တမ်း တင်ရှိရပါသည်။

မိဘပြည်သူများအားလုံးတို့သည် ကာယ စိတ္တ သုခနှစ်ဖြာ ပြည့်စုံစွာနှင့် ချမ်းမြေ့ သာယာ ရှိကြပါစေသော်ဝ် …🙏

26/05/2026
စိုး လျှပ်စစ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်း၏ လမ်းညွှန်မူဖြင့်၆.၅.၂၀၂၆ နေ့ ၏ ည ၁၀:၃၀ အ...
08/05/2026

စိုး လျှပ်စစ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်း၏ လမ်းညွှန်မူဖြင့်
၆.၅.၂၀၂၆ နေ့ ၏ ည ၁၀:၃၀ အချိန်တွင် နေပြည်တော် ပျဉ်းမနားမြို့ ၊ တောင်သာရပ်ကွက်အုပ်စု၊ သူဋ္ဌေးကုန်းရွှာတွင် မီးလောင်ကျွမ်းမူဖြစ်ပွါးခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု ( ၁၃ ) စုအတွက် ဆန်၊ ဆီ၊ မျှဝေ ဖေးကူ ငွေသား၊ အဝတ်အစား (၈၂) စုံ တို့ကို ပျဉ်းမနားမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဋ္ဌေးနှင့်အတူ စိုးလျှပ်စစ်ဖောင်ဒေးရှင်း အမူဆောင်များက ယနေ့ ညနေ ၃ နာရီတွင် သွားရောက် လှူဒါန်းပေးခဲ့ပါသည်။

- စိုး လျှပ်စစ်ဖောင်ဒေးရှင်း၏ ဖေးမ မျှကူ မြန်မာနှစ်သစ်ဦး အလှူ 🙏 စိုး လျှပ်စစ် ဖခင်ကြီး ဦးစိုးတင့်ကို ရည်စူး၍နာယက မိခင်ကြ...
27/04/2026

- စိုး လျှပ်စစ်ဖောင်ဒေးရှင်း၏ ဖေးမ မျှကူ မြန်မာနှစ်သစ်ဦး အလှူ 🙏

စိုး လျှပ်စစ် ဖခင်ကြီး ဦးစိုးတင့်ကို ရည်စူး၍
နာယက မိခင်ကြီး ဒေါ်ရီရီမာ ကို အမှူးထားပြီးလျှင်
ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်းနှင့် ဇနီး ဒေါ်မျိုးမျိုးခိုင်၊ သား ကိုသုခစိုး မိသားစုတို့သည် မိတ်ဆွေသင်္ဂဟတို့၏ ကုသိုလ်ပါဝင်ခြင်းတို့နှင့်အတူ ဆန်၊ ဆီ၊ ဖေးမ မျှကူ ငွေသားအလှူ အစီအစဉ်ကို
ဒုတိယအကြိမ်တွင် ပျဉ်းမနားမြို့၊ မီးသတ်တပ်ဖွဲ့ဝင်များ၏
အများပြည်သူများနှင့် မြို့ရွှာအကျိုးကို ဥတုသုံးပါးမရွှေးပဲ
တာဝန်နှင့် ဝတ္တရား ဆောင်ရွှက်မူများကို လေးစားရခြင်း အကြောင်းပြု၍
အားပေးလှူဒါန်းခြင်းကို ယနေ့ ညနေ ၄:၃၀ တွင်
ပျဉ်းမနားမြို့နယ် မီးသတ်စခန်းတွင် ဆောင်ရွှက်ခဲ့ပါသည်။

ယနေ့ လှူဒါန်းခြင်း အစီအစဉ်တွင်
သန္ဓေ မီးသတ်တပ်ဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့ အင်အား ( ၁၁၀ ) ဦးတို့ကို
ဥက္ကဋ္ဌ ဒေါက်တာ ကျော်မင်းထွန်းက အားပေးစကားပြောကြားခြင်းနှင့်အတူ ဆန်၊ ဆီ နှင့် ဖေးမ မျှကူ ငွေသားအလှူတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဖေးမ မျှကူ လှူဒါန်းခြင်း အစီအစဉ်ကို ကြွရောက်ပေးပါသော ဧည့်သည်တော်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊
အစီအစဉ်ဖြစ်မြောက်အောင်မြင်ရန် ဆောင်ရွှက်ပေးကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
စိုးလျှပ်စစ်ဖောင်ဒေးရှင်းက ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးမှတ်တမ်း တင်ရှိရပါသည်။

မိဘပြည်သူများအားလုံးတို့သည် ကာယ စိတ္တ သုခနှစ်ဖြာ ပြည့်စုံစွာနှင့် ချမ်းမြေ့ သာယာ ရှိကြပါစေသော်ဝ် 🙏

သောက်ရေ အလှူ .. နွေရာသီရောက်တိုင်း သောက် သုံးရေ အခက်အခဲရှိတဲ့ ရပ်ကွက်၊ နေရာတွေ ပျဉ်းမနားမြို့မှာ ရှိကြပါတယ်၊စိုးလျှပ်စစ်...
26/04/2026

သောက်ရေ အလှူ ..
နွေရာသီရောက်တိုင်း သောက် သုံးရေ အခက်အခဲရှိတဲ့ ရပ်ကွက်၊ နေရာတွေ ပျဉ်းမနားမြို့မှာ ရှိကြပါတယ်၊
စိုးလျှပ်စစ်ဖောင်ဒေးရှင်းသည် ယခင်ကတည်းကသောက်သုံးရေ အခက်အခဲရှိကြတဲ့ ရပ်ကွက်၊ နေရာတွေမှာ ရေတွင်း ရေကန်တွေ တူးဖော်၊ တည်ဆောက် လှူဒါန်းဆောင်ရွှက်ခဲ့ပါတယ်၊
နှစ်စဉ်နွေရာသီရောက်တိုင်းမှာ သောက်ရေသုံးရေ လှူဒါန်းပေးခြင်းကို လိုအပ်မူရှိကြသော ရပ်ကွက်နေရာတွေမှာ လှူဒါန်းပေးခဲ့ပါတယ်၊
ယခုနှစ် နွေရာသီမှာ စက်သုံးဆီ အခက်အခဲက ရေအလှူရှင်ကားတွေ အတွက် အဆင်မပြေဖြစ်ရတဲ့ အခြေအနေ ရှိကြရပါတယ်၊
မည်သို့ပင်ဆိုစေကာမူ ဒီနေ့မနက် သောက်ရေ အလှူ စတင်လှူဒါန်းပေးရပါတယ်၊
ကန်ဦး၊ ကျွန်းတော ဓမ္မာရုံအနီး သောက်ရေ လီူဒါန်ခြင်း 🪴
ရှမ်းကန် ၊ နတ်နန်းအနီးတွင် ရေတွင်းတူးဖော်လှူဒါန်းခြင်းကို စိုးလျှပ်စစ်ဖောင်ဒေးရှင်းက သိန်း ( ၅၀၀) မတည်၍ အကောင်အထည်ဖော် ဆောင်ရွှက်နေပြီဖြစ်ပါသည်။

- ဗုဒ္ဓ မြတ်စွာ သာသနာ ရောင်ဝါနေသို့ ထွန်းလင်းပါစေသော်ဝ် 🙏 - ကျေးဇူးရှင် ဖခင်ကြီး ဦးစိုးတင့် ကို ရည်းစူး၍နာယက မိခင်ကြီး ဒ...
22/04/2026

- ဗုဒ္ဓ မြတ်စွာ သာသနာ ရောင်ဝါနေသို့ ထွန်းလင်းပါစေသော်ဝ် 🙏

- ကျေးဇူးရှင် ဖခင်ကြီး ဦးစိုးတင့် ကို ရည်းစူး၍
နာယက မိခင်ကြီး ဒေါ်ရီရီမာကို အမူးထားပြီးလျှင်
စိုးလျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်းနှင့် ဇနီး ဒေါ်မျိုးမျိုးခိုင် သား ကိုသုခစိုး မိသားစုတို့သည် မြေငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးမူရှိခဲ့သော ဘုရားများ၊ သာသနိကအဆောက်အဦးများပြုပြင်ရာတွင် အသုံးပြုရန်အတွက် မြန်မာနှစ်သစ်ဦးအလှူတော် ကျပ်ငွေ ( ၁၁၀၀ ) သိန်းကို သာသနာတော်၏ အထောက်အပံ့ဖြစ်စေခြင်းဌာ စိတ်ရည်သန်ပြီး သဒ္ဓါရွှင်လန်းဝမ်းမြောက်စွာဖြင့် လှူဒါန်းပူဇော်ရပါသည် 🙏

သာဓုသံ ဝေစီစီနဲ့ညနေခင်း လေပြေအေးကအေးငြိမ်းရိပ်သာ မျက်နှာစာရှေ့မှာ နွေအပူကိုတောင် ချမ်းမြေ့သွားလေရဲ့ ……စိုးလျှပ်စစ် ဖခင်က...
21/04/2026

သာဓုသံ ဝေစီစီနဲ့
ညနေခင်း လေပြေအေးက
အေးငြိမ်းရိပ်သာ မျက်နှာစာရှေ့မှာ
နွေအပူကိုတောင် ချမ်းမြေ့သွားလေရဲ့ ……

စိုးလျှပ်စစ် ဖခင်ကြီး ဦးစိုးတင့်ကို ရည်စူး၍
နာယက မိခင်ကြီး ဒေါ်ရီရီမာကို အမူးထားပြီးလျှင်
စိုးလျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်းနှင့်ဇနီး ဒေါ်မျိုးမျိုးခိုင် ၊ သား ကိုသုခစိုး မိသားစု တို့က မြန်မာနှစ်သစ်ဦး ကုသိုလ်အလှူဖြစ်သော ဆန် ( ၄ ) ပြီ၊ ဆီ ( ၅၀ ) ကျပ်သား၊ လိုရာဆန္ဒဖြည့် အလှူငွေ ကျပ် ( ၅၀၀၀၀ ) တို့ကို အခြေခံလူနေမူဘဝရှိကြသော အိမ်ထောင်စု ( ၁၀၀၀ ) အတွက် လှူဒါန်းပေးအပ်ခြင်းကို ၂၁.၄.၂၀၂၆ နေ့၊ ယနေ့ညနေ ၄:၃၀ အချိန်အခါတွင် အေးငြိမ်းချမ်းသာ ဂိလာန ဘိုးဘွားရိပ်သာ ဥပစာရှေ့တွင် အများပြည်သူတို့ကို ကိုယ်တိုင်ကိုယ်ကျပေးလှူခြင်းကုသိုလ် ဆောင်ရွှက်နိုင်ခဲ့ပါသည်။
မြန်မာနှစ်သစ်ဦး စာနာမျှဝေဖေးကူခြင်း အလှူကို တက်ရောက်ပေးကြပါသော ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တစ်တပ်တစ်အား ထည့်ဝင်ပေးကြသော မိတ်သင်္ဂဟ အလှူရှင်ညီအကိုများ နှင့် လုပ်အားဖြင့်ပါဝင်ဆောင်ရွှက်ပေးကြသော လုပ်ဖော်ကိုင်ဖက် ညီအကို မောင်နှမများ အားလုံးတို့ကို အလေးအနက် ကျေးဇူးမှတ်တမ်းတင်ထားရှိရပါသည်။
ဒါန၏ကောင်းကျိုးရရှိရန် ကြွရောက် အလှူခံယူကြပါသော ( ၇ ) ရက်သား၊သမီး မိဘပြည်သူများ၏ ဘဝခရီးလမ်းသည် ကိုယ်ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း တောင်းဆုတို့သည်းလည်း ပြည့်စုံကြပါစေ၊ ယနေ့ပြုရသော ကုသိုလ်သည်းလည်း အထောက်အပံ့ဖြစ်ကြပါစေ ဟူ၍ စိုးလျှပ်စစ်ဖောင်ဒေးရှင်းက မေတ္တာစိတ်ရည်သန်၍ မေတ္တာဆုမွန် ပို့သရပါသည် ခင်ဗျာ ။ 🙏

- ဝမ်းသာကြည်နူးရပါသော မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၏ ညနေချမ်း ဖြစ်ခဲ့ရပါတယ်၊- စိုးလျှပ်စစ်ဖောင်ဒေးရှင်း နာယက မိခင်က...
18/04/2026

- ဝမ်းသာကြည်နူးရပါသော မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၏ ညနေချမ်း ဖြစ်ခဲ့ရပါတယ်၊

- စိုးလျှပ်စစ်ဖောင်ဒေးရှင်း နာယက မိခင်ကြီး ဒေါ်ရီရီမာကို အမူးထား၍ ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်း နှင့် ဇနီးဒေါ်မျိုးမျိုးခိုင်၊ သား ကိုသုခစိုး မိသားစုတို့က စီစဉ်ဆောင်ရွှက်သော လူဦးရေ ( ၁၈၀၀ ) အတွက် စတုဒီသာ သီးစုံ ဘဲဥ ပဲကုလားဟင်း +ငရုတ်သီးကြော်+ ထမင်း တို့ကို အများပြည်သူများကို ဧည်ခံကျွေးမွေး အစီအစဉ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေ့ခင်းတွင် ပန်းမြိုင်လည် ဥယျာဉ်ရှေ့၌ စတုဒီသာ ကုသိုလ်ပြုဆောင်ရွှက်နိုင်ခဲ့ပါသည်။

- ကြွရောက်သုံးဆောင်ကြပါသော မိဘပြည်သူများကို နာယက မိခင်ကြီးနှင့် ဥက္ကဋ္ဌ ဒေါက်တာကျော်မင်းထွန်း တို့ကိုယ်တိုင် စိုးလျှပ်စစ်ဖောင်ဒေးရှင်း အမူဆောင်များနှင့်အတူ ကျွေးမွေးဧည်ခံကြပါသည်။
- စတုဒီသာ ကုသိုလ်ပြုခြင်းတွင် ပါဝင်ဆောင်ရွှက်ပေးကြပါသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ရှိရပြီး ကြွရောက်သုံးဆောင်ကြကုန်သော မိဘပြည်သူများသည်လည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းကောင်းစွာပြည့်စုံရပါသော မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေလို့ စိုးလျှပ်စစ် ဖောင်ဒေးရှင်းက မေတ္တာဆုမွန်ကောင်း ပို့သရပါသည် ။

Address

PO 008, Padonemar Street, Bawgawaddy Qt
Pyinmana
0067

Telephone

+956727090

Website

Alerts

Be the first to know and let us send you an email when SOE Electric Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share