ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ- Pyay University Students' Union

  • Home
  • Myanmar
  • Pyay
  • ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ- Pyay University Students' Union

ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ- Pyay University Students' Union ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏?

07/01/2026

Unbroken Dream

" တော်လှန်ရေးဒေသတွင် တာဝန်ထမ်းဆောင်ရန် စေတနာ့ကျန်းမာရေးဝန်ထမ်း အလိုရှိသည် " တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် နယ်မ...
17/07/2025

" တော်လှန်ရေးဒေသတွင် တာဝန်ထမ်းဆောင်ရန် စေတနာ့ကျန်းမာရေးဝန်ထမ်း အလိုရှိသည် "

တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် နယ်မြေများ၌ ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးရန်အတွက် ရပ်ရွာအခြေပြု ကျန်းမာရေးဝန်ထမ်းများ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများ သို့မဟုတ် ဆေးပညာကို စိတ်ဝင်စား၊ သင်ယူလိုသည့် စေတနာ့လုပ်သားများကို ကျွန်ုပ်တို့ ပြည်အခြေစိုက် ကျောင်းသားသမဂ္ဂများမှ ‌နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။

( က ) အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်း ရှိရမည်။
( ခ ) လိုအပ်ချက်အရ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်ရမည်။
( ဂ ) လူမှု‌ဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပေါင်းသင်းဆက်ဆံနိုင်သူဖြစ်ရမည်။
( ဃ ) ဒေသဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရမည်။
( င ) ပြည်သူလူထုအပေါ် စေတနာထားကာ ကူညီစောင့်ရှောက်မှုပေးနိုင်သူဖြစ်ရမည်ဖြစ်ပြီး အခြား သိလိုသည်များကိုလည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန် -
Telegram - ,

#ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ
#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
#သတင်းပြန်ကြားရေး
#ဗကသများအဖွဲ့ချုပ်

၆၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာရက်စွဲ ။        ။ ဇူလိုင် ၇ရက်၊ ၂၀၂၅ခုနှစ်။ #ပြည်တက္ကသို...
07/07/2025

၆၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ

ရက်စွဲ ။ ။ ဇူလိုင် ၇ရက်၊ ၂၀၂၅ခုနှစ်။

#ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ
#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
#လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်

"စစ်အာဏာရှင်ကို အံတုဖက်ပြိုင်ရင်း ကြိုးစင်တက်ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ ကျဆုံးခြင်းဟာ  ၄၉နှစ်တိုင်...
26/06/2025

"စစ်အာဏာရှင်ကို အံတုဖက်ပြိုင်ရင်း ကြိုးစင်တက်ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ ကျဆုံးခြင်းဟာ ၄၉နှစ်တိုင်ခဲ့ပြီ"

ဇွန်လ ၂၆ (၁၉၇၆-၂၀၂၅)

#သတင်းနှင့်ပြန်ကြားရေး
#ဗကသများအဖွဲ့ချုပ်

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေမှုများနှင့် ပက်သက်၍ ပြည်အခြေစိုက်ကျောင်းသားသမဂ...
31/05/2025

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေမှုများနှင့် ပက်သက်၍ ပြည်အခြေစိုက်ကျောင်းသားသမဂ္ဂများ၏ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ မေလ ၃၁ရက်၊ ၂၀၂၅ခုနှစ်။

#ပြည်အခြေစိုက်ကျောင်းသားသမဂ္ဂများ
#ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ
#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်
#ပေါက်ခေါင်း #ပြည်ခရိုင် #စစ်ကြောင်းထိုး #စစ်ဘေးရှောင်

ပြည်ခရိုင်တွင်းရှိ ပြည်သူလူထုထံသို့ အသိပေးပန်ကြားလွှာစာအမှတ် ။         ။ ၃/၂၀၂၅။ရက်စွဲ ။         ။ မေလ ၂၃ရက်၊ ၂၀၂၅ခုနှစ်...
23/05/2025

ပြည်ခရိုင်တွင်းရှိ ပြည်သူလူထုထံသို့ အသိပေးပန်ကြားလွှာ

စာအမှတ် ။ ။ ၃/၂၀၂၅။
ရက်စွဲ ။ ။ မေလ ၂၃ရက်၊ ၂၀၂၅ခုနှစ်။


#ပြည်ခရိုင် #ပြည်မြို့ #စစ်မှုထမ်း

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရခြင်းနှင့် ပက်သက်၍ ပြည်မြို့အခြေစိုက် ကျောင်းသားသမဂ္...
13/05/2025

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရခြင်းနှင့် ပက်သက်၍ ပြည်မြို့အခြေစိုက် ကျောင်းသားသမဂ္ဂများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်

ရက်စွဲ ။ ။ မေလ ၁၃ရက်၊ ၂၀၂၅ခုနှစ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်  ( ဗကသများအဖွဲ့ချုပ် ) ဖွဲ့စည်းတည်ထောင်ခြင်း ၈၉ နှစ်ပြည့် အခမ်းအနား သ...
10/05/2025

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသများအဖွဲ့ချုပ် ) ဖွဲ့စည်းတည်ထောင်ခြင်း ၈၉ နှစ်ပြည့် အခမ်းအနား သို့ ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ပညာရေး‌ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) သို့ ပေးပို့သောဝမ်းမြောက်ကြောင်း သဝဏ်လွှာ              ...
02/05/2025

ပြည်ပညာရေး‌ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) သို့ ပေးပို့သောဝမ်းမြောက်ကြောင်း သဝဏ်လွှာ
သဝဏ်လွှာအမှတ်။ ။ ၃/၂၀၂၅။ ရက်စွဲ။ ။ မေလ ၁ရက်၊ ၂၀၂၅ခုနှစ်။

ယနေ့ ( မေလ ၁ရက်နေ့ ) တွင် ပြည်ပညာရေး‌ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ အလုပ် အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းကြောင်း ကြားသိရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း ပထမဦးစွာ ပြောကြားလိုပါသည်။ ရဲဘော်တို့ ယခုအမှုဆောင်သစ်လက်ထက်၌ ဗကသများအဖွဲ့ချုပ်ဝင် သမဂ္ဂအဖြစ် ရပ်တည်တော့မည်ဖြစ်ကြောင်း ကြားသိရသည့်အတွက်လည်း အင်မတန် ဝမ်းမြောက်မိပါသည်။ ရဲဘော်တို့သမဂ္ဂနှင့် ကျွန်ုပ်တို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) သည် ယခင်ယခင့်ကာလများကတည်းက ညီနောင်ရင်းသမဂ္ဂများဖြစ်ခဲ့ပြီး ကျောင်းသားထုအကျိုး၊ ပြည်သူလူထုအကျိုးအတွက် တာဝန်ထမ်းဆောင်ခဲ့ကြပေသည်။ လာမည့်ကာလများတွင်လည်း ဗမူ ငါးချက် ကိုင်စွဲကာ ‌ဗကသခွပ်ဒေါင်း‌အောင် လံတော်အောက်၌ ကျောင်းသားထုအကျိုး၊ ပြည်သူလူထုအကျိုးအတွက် အတူတကွ ဆက်လက်တိုက်ပွဲဝင်ကြမည်ဟု ယုံကြည်ကတိပြုရင်း ဤဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့လိုက်ရပါသည်။

“ ပြည်ပညာရေး‌ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) အဓွန့်ရှည် တည်တံ့ပါစေ ’’

အလုပ်အမှုဆောင်အဖွဲ့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်

၁၃၅ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ( မေဒေး ) သို့ ပေးပို့သော သဝဏ်လွှာ                                                    ...
01/05/2025

၁၃၅ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ( မေဒေး ) သို့ ပေးပို့သော သဝဏ်လွှာ
သဝဏ်လွှာအမှတ်။ ။ ၂/၂၀၂၅။
ရက်စွဲ။ ။ မေလ ၁ရက်၊ ၂၀၂၅ခုနှစ်။

ယနေ့ ( ၂၀၂၅ခု၊ မေလ ၁ရက် ) ၌ ကျရောက်သည့် ၁၃၅ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။ အလုပ်သမားထုအပေါ် ဂုတ်သွေးစုပ်၍ အမြတ်ထုတ်ခဲ့သည့် ဖိနှိပ်သူ အရင်းရှင်များကို အလုပ်သမားများ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ပေးဆပ်တိုက်ပွဲဝင်၊ တွန်းလှန်နိုင်ခဲ့သည့် နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။ ခေတ်အဆက်ဆက်တွင် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမားထုကို လေးစား ဂုဏ်ပြုကြောင်း ပြောကြားလိုပါသည်။

လက်ရှိနွေဦးတော်လှန်ရေး‌တွင်လည်း အလုပ်သမားထုကြီးသည် ရှေ့ဆုံးမှ ဆန္ဒပြပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ စစ်အုပ်စုသည် အလုပ်သမားထုအပါအဝင် ပြည်သူတရပ်လုံးအပေါ် လူမဆန်စွာ အထွေထွေ ဖိနှိပ်မှုများကို ပြုလုပ်နေလျက်ရှိပြီး လက်ရှိဖြစ်ပေါ်နေသော အခက်အခဲ၊ အကျပ်အတည်းများအားလုံးသည် အာဏာသိမ်းစစ်အုပ်စု၌ အပြည့်အဝတာဝန်ရှိပါသည်။

ကျွန်ုပ်တို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် စစ်အာဏာရှင်ကျဆုံးရေးအတွက် အလုပ်သမားထုနှင့်အတူ တိုက်ပွဲဝင်ခဲ့၊ ဝင်ဆဲဖြစ်ပြီး ပြည်သူအများလိုချင်တောင့်တနေသည့် လူ့အဖွဲ့အစည်းတရပ်ဖြစ်ပေါ်သည့်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့လိုက်ရပါသည်။

“ ကျောင်းသား၊ အလုပ်သမားသွေးစည်းညီညွတ်ကြ ''
“ မေဒေးစိတ်ဓာတ် အဓွန့်ရှည်ပါစေ ”


အလုပ်အမှုဆောင်အဖွဲ့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်

ငလျင်ဘေးနှင့် ပက်သက်၍ သဘောထားထုတ်ပြန်ချက်                                                                               ...
30/03/2025

ငလျင်ဘေးနှင့် ပက်သက်၍ သဘောထားထုတ်ပြန်ချက်
စာအမှတ်။ ။ ၂/၂၀၂၅။
ရက်စွဲ။ ။ မတ်လ ၃၀ရက်၊ ၂၀၂၅ခုနှစ်။

၂၀၂၅ခု၊ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် ၄၈နာရီအတွင်း နိုင်ငံအဝန်း၌ ပြည်သူ ၁၆၀ဝ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူနှင့် ပျောက်ဆုံးသူ ၃၀၀၀ နီးပါးရှိနေကြောင်း သိရှိရပါသည်။ ထို့ပြင် သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ၊ လူနေအိမ်များလည်း များစွာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ပြည်သူများ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါသည်။

COVID 19 ကပ်ရောဂါဘေးမှစ၍ သဘာဝဘေးဒဏ်များကိုလည်း ဆက်တိုက်ခံစားခဲ့ရသော ဗမာနိုင်ငံတွင် စစ်အာဏာရှင်များ‌ကြောင့် စစ်မက်ဖြစ်ပွားနေကာ ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ၊ စစ်မှုထမ်းဥပဒေ အစရှိသည့် အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ငလျင်ဘေးသင့်ခဲ့ပြီး များစွာသော အသေအပျောက်၊ အပျက်အစီးများအတွက် ကျွန်ုပ်တို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) မှ များစွာ ဝမ်းနည်းကြေကွဲရကြောင်း ဦးစွာ ပထမပြောကြားလိုပါသည်။

စစ်ကောင်စီသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ကူညီကယ်ဆယ်ရေးအစီအမံများကို ကောင်းမွန်စွာ စီမံခြင်းမရှိရုံသာမက သတင်းအချက်အလက်များ ကို အမှောင်ချထားပြီး ငလျင်ကိုအကြောင်းပြု၍ နိုင်ငံရေးအမြတ်ထုတ်ရန် ကြံစည်နေလျက်ရှိသည်။ စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း နိုင်ငံတကာမှ ပေးအပ်သည့် အကူအညီများကို ကိုယ်ကျိုး အတွက် အသုံးချမည်ဖြစ်ပြီး ယင်းကဲ့သို့မဖြစ်စေရေးအတွက် နိုင်ငံတကာမှလည်း စစ်ကောင်စီ လက်ထဲသို့ အကူအညီများ ပေးအပ်မည့်အစား ငလျင်ဒဏ်သင့်ပြည်သူများကို တိုက်ရိုက်အကူအညီ ပေးအပ်ကြရန်လည်း မေတ္တာရပ်ခံလိုပါသည်။ ထို့ပြင် နိုင်ငံတကာ၏ ကူညီမှုများသည် စစ်ကောင်စီ အတွက် တရားဝင်မှုမဖြစ်စေရန်လည်း သတိပြုသင့်ကြောင်း တပါတည်း တောင်းဆိုလိုပါသည်။

ငလျင်ဒဏ်ကြောင့် ထောင်နှင့်ချီသော ပြည်သူများအသက်ဆုံးရှုံးနေရစဉ်တွင် စစ်ကောင်စီသည် ငလျင်ဘေးသင့်နေသော ဒေသများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း လုပ်ဆောင်နေသည်။ နိုင်ငံတဝန်း ငလျင်ဘေးသင့်နေချိန် စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၁၁ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ပြည်သူ သေဆုံးမှု ၁၁ဦးရှိခဲ့သည်။ ပြည်သူကို ကယ်ထုတ်ရန် ရဟတ်ယာဉ်များကို အသုံးပြုရမည့်အစား သတ်ဖြတ်ရန် အသုံးပြုနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုံ့ချပါသည်။

ငလျင်ဒဏ်ကို ဆိုးဝါးစွာခံခဲ့ရသည့်မြို့ရွာများအတွက် ပြည်သူအချင်းချင်း ရိုင်းပင်းကူညီကာ ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများတွင် ငွေအား၊ လူအားဖြင့် တတ်နိုင်သည့်ဘက်က ကူညီပေးနေကြပါသည်။ သို့သော် အာဏာသိမ်း စစ်ကောင်စီသည် ကယ်ဆယ်ရေးပြုလုပ်နေသည့် လူငယ်များကို စစ်မှုထမ်းရန်အတွက် မဲနှိုက်ခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်လာနေသည့် သတင်းများ တွေ့ရှိလာရသည့်အတွက် လူငယ်များ အနေဖြင့် ဂရုပြုကြရန်လည်း သတိပေးလိုပါသည်။

လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများအားလုံးသည် အာဏာသိမ်းစစ်အုပ်စုတွင် အပြည့်အဝ တာဝန်ရှိပြီး ကျွန်ုပ်တို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) အနေဖြင့် စစ်အာဏာရှင်ကျဆုံးရေး၊ ငလျင်ဘေးသင့်ပြည်သူများအား ကူညီနိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူလူထုမှလည်း လူအား ငွေအားဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။


အလုပ်အမှုဆောင်အဖွဲ့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်

ငလျင်ဒဏ်ခံရပြီးနောက် ဘေးကင်းစေရန် လမ်းညွှန်ချက်များ 🚨 အဓိက အချက်များ- ပျက်စီးနေသော အဆောက်အအုံများ၊ ဓာတ်အားလိုင်းများ၊ မီ...
29/03/2025

ငလျင်ဒဏ်ခံရပြီးနောက် ဘေးကင်းစေရန် လမ်းညွှန်ချက်များ

🚨 အဓိက အချက်များ
- ပျက်စီးနေသော အဆောက်အအုံများ၊ ဓာတ်အားလိုင်းများ၊ မီးကြိုးများနှင့် ယိုစိမ့်နေသော ဓာတ်ငွေ့နှင့် ရေပိုက်လိုင်းများကို ငလျင်လှုပ်ပြီးနောက် ကြုံတွေ့နိုင်ပါသည်။
- ငလျင်ဒဏ်ခံရပြီးနောက် အောက်ဖော်ပြပါ လမ်းညွှန်ချက်များကို လိုက်နာခြင်းအားဖြင့် သင်နှင့် သင်ချစ်ရသူများ ဘေးကင်းလုံခြုံမှု ရှိပါစေ။

❗ ငလျင်လှုပ်ပြီးလျှင် ပြီးချင်း
ငလျင်လှုပ်ပြီးလျှင် ဘေးအန္တရာယ်ကင်းအောင် မည်သည်ကို လုပ်ရမည်ကို လေ့လာပြီး သင်နှင့် သင့်ချစ်ရသူများကို ကာကွယ်ပါ။
ပျက်စီးနေသော အဆောက်အဦများ၊ ဓာတ်အားလိုင်းများ၊ မီးကြိုးများ နှင့် ယိုစိမ့်နေသော ဓာတ်ငွေ့နှင့် ရေပိုက်လိုင်းများသည် ငလျင်လှုပ်ပြီးနောက် ကြုံတွေ့ရနိုင်သော အန္တရာယ်အနည်းငယ်မျှသာ ဖြစ်သည်။
📢 နောက်ဆက်တွဲ ငလျင်များကို ကြုံတွေ့ရနိုင်သည်။
- ငလျင်တစ်ခုကြုံတွေ့ပြီးလျှင် နောက်ဆက်တွဲ ငလျင်များ ဆက်ကြုံတွေ့နိုင်ပါသည်။ ပြင်းအားမြင့် ငလျင်များပြီးလျှင် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ခြင်းကို ဆိုလိုသည်။ ဤနောက်ဆက်တွဲငလျင်များသည် မိနစ်၊ ရက်၊ သီတင်းပတ် (သို့မဟုတ်) လများခြားပြီး ဖြစ်ပွားနိုင်ပါသည်။
- နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတစ်ခုကို ခံစားရပါက - ဝပ်ချပါ၊ အကာအကွယ်ယူပါ၊ မြဲမြံစွာ ဆုပ်ကိုင်ထားပါ (DROP, COVER, and HOLD ON)
📢 အကယ်၍ ဆူနာမီဖြစ်ပွားနိုင်ခြေရှိသော ဧရိယာတဝိုက်တွင် သင် ရှိနေပါက ကုန်းတွင်းပိုင်းကို သွားကာ အမြင့်ပိုင်းနေရာများကို ရှာဖွေနေရာယူပါ။
- အချို့အခြေအနေများတွင် ငလျင်လှုပ်ပါက ကမ်းရိုးတန်းတစ်လျှောက်တွင် ဆူနာမီ ဖြစ်ပွားနိုင်ပါသည်။ ပြင်းထန်ငလျင်လှုပ်ပြီးနောက် မိနစ်ပိုင်းမှ နာရီပိုင်းအတွင်း ဖြစ်ပွားနိုင်ပါသည်။
- ဆူနာမီသတိပေးချက်ကို ကြားရပါက (သို့မဟုတ်) ဆူနာမီ ဖြစ်နိုင်သော လက္ခဏာများကို သတိပြုမိပါက ဘေးကင်းရာသို့ ချက်ချင်း ရွှေ့ပြောင်းပါ။ ကုန်းတွင်းပိုင်းနှင့် မြင့်မားရာနေရာများသို့ တတ်နိုင်သမျှ ရောက်ရှိနေပါ။ ဒေသခံ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာပါ။ ၎င်းတို့သည် သင် စီစဉ်ထားသည်နှင့် မတူညီသော အခြားလမ်းကြောင်းများကို ညွှန်ကြားနိုင်သည်။
- ဆူနာမီ ကြုံတွ့နေစဉ်အတွင်းနှင့် ဆူနာမီ ကြုံတွေ့ပြီးချိန်များအတွင် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ပုံနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နည်းများဆိုင်ရာ အချက်အလက်များကို ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များထံမှ ဝင်ရောက်ရှာဖွေလေ့လာပါ။
📢 သင် ပိတ်မိနေပါက သင့်ကို ဂရုစိုက်/အာရုံစိုက်လာအောင် ကြိုးစားပါ။
- သင့်ကို ဂရုစိုက်/အာရုံစိုက်လာအောင် ကြိုးစားပါ။ Text message ပို့ပါ။ (စာပို့ပါ။) နံရံ (သို့မဟုတ်) ပိုက်ကို ရိုက်နှက်၍ အသံပေးပါ။ (သို့မဟုတ်) သင့်ကို ကယ်ဆယ်ရေးများမှ ရှာဖွေနိုင်စေရန် ဝီစီမှုတ် အသံပြုပါ။
- ဖုန်မှုန့်များမှ ကာကွယ်ရန် ပါးစပ်၊ နှာခေါင်းနှင့် မျက်စိများကို ကာကွယ်ဖုံးအုပ်ထားပါ။
📢 ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ရန် ဒဏ်ရာ၊ အနာများကို ဂရုစိုက်ပါ။
- ငလျင်လှုပ်နေစဉ်အတွင်းနှင့် ငလျင်လှုပ်ပြီးချိန်တွင် ထိခိုက်ဒဏ်ရာ ရနိုင်ခြေ မြင့်မားသည်။ ဒဏ်ရာ၊ အနာ သေးလေးများကို အနာကျက်မြန်စေရန်နှင့် ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန် အရေးပေါ်ကုသမှု အမြန်ခံယူပါ။
📢 တတ်နိုင်ပါက အကူအညီလိုအပ်နေသူများကို ကူညီပါ။ (ပြည်သူမှ ပြည်သူသို့)
- သင် ထိခိုက်ဒဏ်ရာမရှိကြောင်း သေချာ စစ်ဆေးပါ။ မရှိကြောင်းသေချာပြီး သင် တတ်နိုင်ပါက အခြားသူများကို ကူညီပါ။
📢 အချိတ်အဆက်ရှိအောင်ကြိုးစား၍ သတင်းအချက်အလက်များ လက်လှမ်းမီနေပါစေ။
- ဘက်ထရီဖြင့် အသုံးပြုရသော တီဗွီ၊ ရေဒီယို၊ လူမှုကွန်ယက်များနှင့် ဆဲလ်ဖုန်း စာတို သတိပေးချက်များမှ တစ်ဆင့် အရေးပေါ် သတင်းအချက်အလက်များနှင့် လမ်းညွှန်မှုများကို လက်ခံ နားစွင့်ပါ။
- ဖုန်းခေါ်ဆိုမှုကို အရေးပေါ်အခြေအနေအတွက် အသုံးပြုပြီး စာပို့စနစ်ကို ပိုမိုအသုံးပြုပါ။
❗ အိမ် အတွင်းပိုင်းတွင်
📢 အိမ်တွင် ထိခိုက် ပျက်စီးမှု ရှိ/မရှိ စစ်ဆေးပါ။
- အိမ်နံရံများ၊ ကြမ်းပြင်များ၊ တံခါးများ၊ ပြတင်းပေါက်များနှင့် လှေကားများကို ပျက်စီးမှု ရှိ/မရှိ ဂရုတစိုက်စစ်ဆေးပါ။ ဖောင်ဒေးရှင်းတွင် အက်ကွဲကြောင်းများ သို့မဟုတ် ထုပ်တန်းများ ပျောက်ဆုံးနေသကဲ့သို့ တည်ဆောက်ပုံပျက်စီးမှုများကို တွေ့ရှိပါက အခြားဘေးကင်းသော နေရာ သို့မဟုတ် အမိုးအကာအောက်သို့ ပြောင်းရွှေ့ရန် လိုအပ်နိုင်သည်။
- ဂက်စ်၊ လျှပ်စစ်နှင့် ရေလိုင်းများကို ပျက်စီးမှုရှိ/မရှိ စစ်ဆေးပါ။ ဂက်စ်နံ့ ရလျှင် သို့မဟုတ် ကျိုးနေသည့်လိုင်းကိုတွေ့ပါက အဓိက မိန်းခလုတ်ကို အပြင်ဘက်မှ ပိတ်လိုက်ပါ။ (မှတ်ချက်- ဂတ်စ်လိုင်းကို ပိတ်ပါက ပြန်လည် တပ်ဆင်ခြင်းကို ကျွမ်းကျင်ပညာရှင်များဖြင့်သာ ပြုလုပ်ရပါမည်။)
- ဓာတ်ငွေ့ယိုစိမ့်မှု မရှိကြောင်း သေချာသည်အထိ မီးခြစ်များ၊ မီးမွှေးသည့် ကိရိယာများ သို့မဟုတ် မီးခလုတ်များကို အသုံးမပြုရပါ။ လျှပ်စစ်မီးခလုတ်များမှ မီးပွားများသည် ဓာတ်ငွေ့များကို လောင်ကျွမ်းစေပြီး ပေါက်ကွဲစေနိုင်သည်။
📢 မီးပြတ်လျှင် ဖယောင်းတိုင်အစား ဓာတ်မီးများကို အသုံးပြုပါ။
- မဖြစ်မနေ ဖယောင်းတိုင်ကို အသုံးပြုရန် လိုအပ်ပါက မီးကူးလွယ်သည့် မည်သည့်အရာကိုမဆို ဝေးဝေးတွင်ထားပါ။ ထွန်းညှိထားသော ဖယောင်းတိုင်များအနီးတွင် အမြဲနေပါ။
- မီးသတ်ဆေးဘူးကို လက်လှမ်းမီနိုင်သော နေရာတွင် ထားရှိပြီး သင့်မိသားစုကိုလည်း မီးသတ်ဆေးဘူး အသုံးပြုနည်းကို သိရှိစေပါ။
📢 ကာဗွန်မိုနောက်ဆိုဒ် (CO) အဆိပ်သင့်ခြင်းမှ ကာကွယ်ပါ။
မီးစက်များ၊ ဖိအားသုံး ရေဆေးခုံများ၊ မီးသွေးနှင့် မီးဖိုသုံး လောင်စာများ လောင်ကျွမ်းခြင်းဖြင့် ကာဗွန်မိုနောက်ဆိုဒ် (CO) ဓာတ်ငွေ့များ ထွက်လာစေသည်။ ကာဗွန်မိုနောက်ဆိုဒ်သည် အနံမရနိုင် သို့မဟုတ် မမြင်နိုင်သော်လည်း အိမ်ထဲတွင် ဓာတ်ငွေ့ရှိနေပါက ရုတ်တရက် ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
- သယ်ဆောင်ရလွယ်သော ဓာတ်ဆီ သို့မဟုတ် ကျောက်မီးသွေးလောင်စာသုံး ကိရိယာ သို့မဟုတ် စခန်းချ မီးဖိုများကို သင်၏ အိမ်၊ မြေအောက်ခန်း သို့မဟုတ် ကားဂိုဒေါင်အတွင်း ဘယ်သောအခါမှ မသုံးပါနှင့်။ ပြတင်းပေါက်၊ တံခါး သို့မဟုတ် လေဝင်ပေါက်မှ အနည်းဆုံး ပေ ၂၀ အကွာ အိမ်အပြင်ဘက်တွင် ထားပါ။
- မီးစက် သို့မဟုတ် လောင်စာသုံးပစ္စည်းများ အသုံးပြုသည့် အခါတိုင်း ဘက်ထရီ (ဓာတ်ခဲ)ဖြင့် အသုံးပြုရသည့် ကာဗွန်မိုနောက်ဆိုဒ် စစ်ဆေးစက် (CO detector) ကို အသုံးပြုပါ။
📢 သန့်ရှင်းသောရေကို သောက်ပါ။ ဘေးကင်းသော အစားအစာကို စားပါ။
- ဓာတ်အားပြတ်တောက်မှုကြောင့် ရေခဲသေတ္တာများ စနစ်တကျ အလုပ်မလုပ်လျှင် အစားအစာများ ပုပ်သိုးပျက်စီးလွယ်သောကြောင့် ၎င်းတို့ကို စွန့်ပစ်ပါ။ ပုံမှန်မဟုတ်သော အနံ့၊ အရောင် တွေ့ရလျှင် သို့မဟုတ် အနေအထား ပျက်ယွင်းနေလျှင် ထိုအစားအစာများကို စွန့်ပစ်ပါ။ မသေချာသည့်အခါတိုင်း လွှင့်ပစ်ရန် လိုအပ်ပါသည်။
- ကလေးနို့မှုန့် ဖျော်ရန်၊ ရေခဲ ခဲရန်၊ သွားတိုက်ရန်၊ အစားအစာပြင်ဆင်ရန်၊ လက်ဆေးရန် သို့မဟုတ် ပန်းကန်ဆေးရန်အတွက် ညစ်ညမ်းသောရေကို မသုံးပါနှင့်။
- သောက်သုံးရေသန့်ဗူးများ၊ ကြိုချက်ထားသော သို့မဟုတ် ပိုးသတ်ထားသော ရေများကိုသာ သောက်သုံးရန်၊ ချက်ပြုတ်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုပါ။ ရေကို ကြိုချက်သောက်သုံးရန်နှင့် ပိုးသတ်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၏ သီးခြားအကြံပြုချက်များကို ရယူပါ။
📢 အန္တရာယ်မဖြစ်စေရန် ဂရုစိုက်ပြီး အိမ်သန့်ရှင်းရေး ပြုလုပ်ပါ။
- ငလျင်လှုပ်ပြီးနောက် အိမ်သန့်ရှင်းရေးလုပ်ရာတွင် သင်ကိုယ်တိုင်နှင့် မိသားစုဝင်များ ဘေးကင်းစေရန်အတွက် သန့်ရှင်းရေးကို စနစ်တကျ ပြုလုပ်ပါ။
- သန့်ရှင်းရေးဆိုင်ရာ အကြံပြုချက်များကို လိုက်နာပြီး အရေးပေါ်အချက်အလက်များအတွက် သင့်ရေဒီယို သို့မဟုတ် သတင်းထုတ်လွှင့်ချက်များကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ပါ။
❗ နေအိမ် ပြင်ပတွင်
📢 ပျက်စီးနေသော အဆောက်အအုံများကို သတိထားပါ။
- ပျက်စီးနေသော အဆောက်အအုံများ အတွင်းသို့ မ၀င်ရပါ။ ငလျင်သည် အဆောက်အအုံများကို ပျက်စီးစေပြီး အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ကျွမ်းကျင်သူများက စစ်ဆေးပြီး လုံခြုံပြီဟု သတ်မှတ်မှသာ အဆောက်အအုံများထဲသို့ ပြန်ဝင်ပါ။
- ပုံမှန်မဟုတ်သော အသံများကြားပါက သင်၏ နေအိမ် သို့မဟုတ် အဆောက်အအုံမှ ချက်ချင်း ထွက်ခွာပါ။ ထိုအသံများသည် အဆောက်အအုံ ပြိုလဲတော့မည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။
📢 ဓာတ်အားလိုင်းများ/ လျှပ်စစ်မီးကြိုးများနှင့် ဝေးရာတွင် နေပါ။
- ဓာတ်အားလိုင်းများ အပေါ်မှ ပြုတ်ကျနိုင်သည်ကို သတိထားပါ။
- ပြုတ်ကျ/ ပျက်ကျနေသော မီးကြိုးများကို သတိပြုပါ။ တွေ့ရှိပါက ကျွမ်းကျင်သူများသို့ ဆက်သွယ်အသိပေးပါ။
📢 တိရစ္ဆာန်များနှင့် ပိုးမွှားများရန်မှ သင့်ကိုယ်သင် ကာကွယ်ပါ။
- ငလျင်လှုပ်ပြီးနောက် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် ပိုင်ရှင်မဲ့ လမ်းဘေးတိရစ္ဆာန်များနှင့် ဝေးဝေးနေပါ။
- သေဆုံးသော တိရစ္ဆာန်များကို တွေ့ရှိပါက သတင်းပို့ပါ။
❗ စိတ်ကျန်းမာရေး
📢 စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ပါ။
ငလျင်လှုပ်နေစဉ်နှင့် ငလျင်လှုပ်အပြီးတွင် မတူညီသော၊ ပြင်းထန်သော စိတ်ခံစားမှုများကို ခံစားရသည်မှာ သဘာဝဖြစ်သည်။ ဤခံစားချက်များကို ရင်ဆိုင်ဖြေရှင်းပြီး လိုအပ်သည့်အခါ အကူအညီရယူခြင်းသည် သင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းကို သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် အခြေအနေမှ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးပါလိမ့်မည်။
- မိသားစု၊ သူငယ်ချင်းများနှင့် သို့မဟုတ် အသိုင်းအဝိုင်းရှိ အခြားသူများနှင့် ချိတ်ဆက်ပါ။
- မိမိကိုယ် မိမိလည်း ဂရုစိုက်ပါ။ တစ်ယောက်နှင့် တစ်ယောက်လည်း အပြန်အလှန် ဂရုစိုက်ပြီး အကူအညီရယူရမည့် အချိန်နှင့် မည်ကဲ့သို့ အကူအညီ ရယူနိုင်မည်ကို သိပါ။

Source:
https://www. cdc. gov/earthquakes/safety/stay-safe-after-an-earthquake.html
------------------
ငလျင်လှုပ်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူများအတွက် စိတ်ပိုင်းဆိုင်ရာ အခမဲ့ (အခမဲ့) အကူအညီ ရယူနိုင်ရန်
✅ Zero Su***de Hotlines
https://t.me/zeroscbot
နှင့်
✅ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
https://m.me/telehealthmm
https://t.me/TLKMReception
✅ တိုင်ပင်ဖော် စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/taingpinphaw
✅ Mind Healers စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/share/18u1Cg5ejy/?mibextid=wwXIfr
သို့ ဆက်သွယ်ပါ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကူးယူဖော်ပြပါသည်။

Address

Pyay University
Pyay

Website

Alerts

Be the first to know and let us send you an email when ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ- Pyay University Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share