20/04/2026
ကျေးရွာအတွက် မျှော်မှန်းချက်များဖြင့် (၂) နှစ်တာ ခရီးနှင့် #ကမ်းလက်မေတ္တာ အသင်း၏ ခေါ်သံ
ဆရာတော် အရှင်ဦးသီလာစာရ၏ လမ်းညွှန်မှု၊ ရွာတွင်ရှိသော လူငယ်များနှင့် နိုင်ငံခြားရောက် လူငယ်များ၏ စုပေါင်းဆန္ဒဖြင့် ရွာအတွက် အကျိုးပြုနိုင်ရန် ဤအသင်းအား စတင်ဖွဲ့စည်းခဲ့သည်မှာ (၂) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
ပွင့်လင်းမြင်သာမှုရှိစေရန် ကျွန်ုပ်တို့၏ (၂) နှစ်တာ ငွေကြေးရှင်းတမ်းကို ပူးတွဲဖော်ပြအပ်ပါသည်။ ရွာအတွက် စေတနာထား လုပ်ဆောင်ပေးနေကြသော အဖွဲ့ဝင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
ယခုအခါ အသင်းအား ပိုမိုခွန်အားသစ်များ ရရှိစေရန် မိမိတို့ကျေးရွာရဲ့ လူငယ်လူရွယ်များနှင့်ပြည်ပရောက်လူငယ် မိတ်ဆွေများအားလုံးကို အသင်းဝင်အဖြစ် နွေးထွေးစွာ ဖိတ်ခေါ်လိုပါသည်။
✅ အသင်းဝင်ခြင်းနှင့် ပတ်သက်၍ -
တစ်ဦးလျှင် လစဉ် (၅,၀၀၀) ကျပ်နှုန်းဖြင့် ပါဝင်နိုင်ပါသည်။
မိမိတို့ အဆင်ပြေသလို လစဉ်ဖြစ်စေ၊ သို့မဟုတ် တစ်နှစ်စာ စုပေါင်း၍ဖြစ်စေ ပေးသွင်းနိုင်ပါသည်။
မိမိတို့ကျေးရွာ၏ လိုအပ်ချက်များအတွက် ကျွန်ုပ်တို့နှင့်အတူ လက်တွဲပါဝင်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်မျာ🙏✨
#ကမ်းလက်မေတ္တာလူငယ်ပရဟိတအသင်း
#ရွာအတွက်အကျိုးပြုကြပါစို့ #အသင်းဝင်သစ်များဖိတ်ခေါ်ခြင်း #ပရဟိတစိတ်ထား