Green Khakabo

Green Khakabo Green Khakabo is an environmental conservation initiative .. green khakabo is an environmental conservation initiative ..

မင်္ဂလာပါ .. အခုလို ပူတာအိုဆောင်းမိုးအေးအေးလေးအောက်မှာ ကော်ဖီလေးသောက်ရင်း ဖတ်ဖို့အတွက် စာအုပ်တစ်အုပ်ကို ကြော်ငြာလိုပါတယ်...
19/03/2026

မင်္ဂလာပါ .. အခုလို ပူတာအိုဆောင်းမိုးအေးအေးလေးအောက်မှာ ကော်ဖီလေးသောက်ရင်း ဖတ်ဖို့အတွက် စာအုပ်တစ်အုပ်ကို ကြော်ငြာလိုပါတယ် ..

စာအုပ်အမည်ကတော့ “ရာသီဥတုအကျပ်အတည်းနှင့်ပူတာအိုအနာဂတ်မြင်ကွင်း - ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆောင်းပါးများ” ဖြစ်ပါတယ်။

စာအုပ်အမည်အတိုင်း မျက်မှောက်ကမ္ဘာကြီးမှာ ကြုံတွေ့နေရတဲ့ ရာသီဥတုအကျပ်အတည်းများက ပူတာအို‌‌‌ဒေသအပေါ် ရိုက်ခတ်မှု၊ ဇီဝမျိုးစုံမျိုးကွဲများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အခြေအနေများကို ပေါ့ပေါ့ပါးပါးလေ့လာတင်ပြထားတဲ့ ဆောင်းပါးစုစုပေါင်း ၂၇ ခုပါဝင်ပါတယ်။ စာအုပ်အရွယ်အစားကတော့ A5 ဖြစ်ပြီးတော့ စာမျက်နှာ စုစုပေါင်း ၁၆၈ ဖြစ်ပါတယ်။

ဒီစာအုပ်လေးဟာ ပူတာအိုဒေသက ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်သိမ်းရေးကို စိတ်ဝင်စားသောလူပုဂ္ဂိုလ်များအတွက် သင့်လျှော်ပြီးတော့ အတွေးအမြင်သစ်များအတွက်လည်း အထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။

စာအုပ်ကိုမှာယူချင်တယ်ဆိုရင်တော့ ဒီ page messenger ကနေ စာပို့ပြီးတော့ မှာယူနိုင်ပါတယ်။ ဒီစာအုပ်ဟာ ရန်ပုံငွေရှာဖွေရေးအစီအစဉ် ဖြစ်ပြီးတော့ အရေအတွက် အနည်းငယ်သာ ထုတ်ဝေတာကြောင့် လိုချင်တယ်ဆိုရင် အမြန်ဆုံး မှာယူဖို့ တိုက်တွန်းပါတယ်။ ဒီစာအုပ်ကို ရောင်းချရတဲ့ ငွေများအားလုံးကို ကလေးသူငယ်များအကြား သဘာဝပတ်ဝန်းကျင် ပညာရေးအစီအစဥ်မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အချို့သောဆောင်းပါးခေါင်းစဥ်များကို အောက်မှာဖော်ပြထားပြီး ဓာတ်ပုံထဲမှာ မာတိကာခေါင်းစဥ်များအားလုံးကို ကြည့်ရှုနိုင်ပါတယ်။

- ရွှေသီးတဲ့ ခမ်းတီးလုန်
- ပူတာအိုခရိုင် အနာဂတ်မြင်ကွင်း
- ရုက္ခမုဆိုး Frank Kingdon Ward နှင့် ချစ်တဲ့တောင်ဇလပ်မြေ
- မျိုးပွားအင်္ဂါကြောင့် မျိုးသုဉ်းရတော့မဲ့ သတ္တဝါလေး
- ချစ်သော နမ့်ကျိုနှင့် နမ့်ထမိုင်
- ပူတာအိုခရိုင်က တိုရစ်ဇင် (Tourism)
- အာဆမ်-တိဘက်-ယူနန်-ခမ်းတီးလုန် ကုန်သွယ်​ရေး
- ဂရိတ်ဖရု နှင့် Citrus အနွယ် သီးနှံစိုက်ပျိုးစီးပွား
- ပူတာအိုခရိုင်က ဒေသမျိုးရင်းရေခဲငါးတို့ မျိုးသုဉ်းတော့မည်
- ပူတာအိုခရိုင်က မြစ်ချောင်းများသည် အမှိုက်ပစ်ရန်နေရာ မဟုတ်ပါ
- မြစ်ဧရာ၏ ရေဝေရေလဲဒေသများကို ထိန်းသိမ်းကြစို့
- ဥတုရာသီပြောင်းလဲမှု အကျပ်အတည်း

Green Khakabo သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်ဟာ MSBN ရဲ့ Greener ကမ်ပိန်း၏ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကဏ္ဍအတွက...
28/12/2023

Green Khakabo သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်ဟာ MSBN ရဲ့ Greener ကမ်ပိန်း၏ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကဏ္ဍအတွက် ဆုရရှိခဲ့ကြောင်း သိရှိရပါတယ်။ ထိုအတွက် လှိုက်လှိုက်လှဲလှဲပင် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ Greener ကမ်ပိန်းကို စီစဉ်ဆောင်ရွက်ခဲ့သော Myanmar Sustainable Business Network ကို ကျေးဇူးတင်ပါတယ်။

ယခုကဲ့သို့ ဆုပေးအပ်ခြင်းမှာ ကျွန်ုပ်တို့ရဲ့ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုခြင်းဖြစ်ပြီးတော့ မြန်မာနိုင်ငံမြောက်ဘက်စွန်း၊ ပူတာအိုခရိုင်ဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲများ၏ တည်တံ့မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အရေးကြီးကြောင်းနှင့် ဆက်လက်ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း သတိပေးတိုက်တွန်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

Green Khakabo အနေဖြင့် မြန်မာနိုင်ငံမြောက်ဘက်စွန်း ပူတာအိုခရိုင်ဒေသမှ ဇီဝမျိုးစုံမျိုးကွဲများ မပျောက်မပျက် တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်း၍ ရေရှည်တည်တံ့သည့် အနာဂတ်တစ်ခု တည်ဆောက်ရေးအတွက် ဆက်လက်အားထုတ် ကြိုးပမ်းသွားမှာပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးသက်ရောက်မှုတွေကို အတူတူ ဖန်တီးပြီး အခြားသူတွေကို အားကျအတုယူ လုပ်ဆောင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ကြပါစို့။



[English Below]

Greener ကမ်ပိန်း မှာ ဆုရရှိသွားတဲ့ သူအားလုံးအတွက် ဂုဏ်ယူပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်မှုတွေမှာ အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်လျက်ရှိပြီး ဒီ ကမ်ပိန်း မှာ ဆုရရှိသွားတဲ့ အဖွဲ့အစည်းတွေကို MSBN က ကြေညာပေးချင်ပါတယ်။

အကဲဖြတ်မှုစံနှုန်းတွေနဲ့ အညီ ဂရုတစိုက် စိစစ်သုံးသပ်ပြီး နောက်မှာတော့ ကဏ္ဍ လေးခုမှ ဆုရရှိတဲ့ အဖွဲ့လေးခုကို ရွေးချယ်ခဲ့ပါတယ်။

🌱 ပလတ်စတစ်လျှော့ချမှု ကဏ္ဍအတွက် SME တစ်ခုဖြစ်တဲ့ Nature Myanmar Ecosphere က ဆုရရှိပါတယ်။

🌱 စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကဏ္ဍအတွက် NGO တစ်ခုဖြစ်တဲ့ Sharing Myanmar က ဆုရရှိပါတယ်။

🌱 ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကဏ္ဍအတွက် Social Enterprise တစ်ခုဖြစ်တဲ့ Proximity Designs က ဆုရရှိပါတယ်။

🌱 ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကဏ္ဍအတွက် CSO တစ်ခုဖြစ်တဲ့ Green Khakabo က ဆုရရှိပါတယ်။

ဒီကမ်ပိန်းမှာ ပါဝင်ခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းတိုင်းကို MSBN က အထူးကျေးဇူးတင်ရှိပါတယ်။ နောက်ထပ် ကမ်ပိန်းတွေ၊ ကြေညာချက်တွေအတွက် MSBN ဝဘ်ဆိုဒ်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဆက်လက်စောင့်ကြည့်ဖို့ တိုက်တွန်းပါရစေ။



သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးသက်ရောက်မှုတွေကို အတူတူ ဖန်တီးပြီး အခြားသူတွေကို အားကျအတုယူ လုပ်ဆောင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ကြပါစို့။

Congratulations to all the winners of the Greener Campaign! We'd like to officially announce the winning organisations that are making significant contributions to the conservation of the environment and biodiversity.

After careful consideration under our evaluation criteria, the following four winners were selected across each of the four categories.

🌱 Nature Myanmar Ecosphere (SME) for the Plastic Reduction category

🌱 Sharing Myanmar (NGO) for Waste Management category

🌱 Proximity Designs (Social Enterprise) for Climate Change category

🌱 Green Khakabo (CSO) for the Biodiversity category

MSBN would like to express our appreciation to every applicant and organisation that applied and participated in this campaign. Stay tuned on our website and social media channels for further campaigns and announcements.

Together, let's create a positive environmental impact and inspire others to take action!

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၇)၊ မတ် ၂၀၂၃သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၇) တွင် အောက်ပါ ပညာပေးဆောင်းပါးများ...
25/06/2023

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၇)၊ မတ် ၂၀၂၃

သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၇) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။

၁။ သစ်တောများသည်ကျွန်ုပ်တို့၏ဘဝ
၂။ ကျွန်မချစ်သောကဆန်ထီ
၃။ မျိုးစေ့ထိမ်းသိမ်းသူများ
၄။ တောင်ဇလပ်ပန်းမျိုးစုံလင်သည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်
၅။ ရေအရင်းအမြစ်တွေကို တန်ဖိုးထားအသုံးပြုကြစေဖို့..

စိမ်းလန်း ခါကာဘို သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၇)

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၆)၊ ဖေဖော်ဝါရီ ၂၀၂၃သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၆) တွင် အောက်ပါ ပညာပေးဆောင်း...
25/06/2023

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၆)၊ ဖေဖော်ဝါရီ ၂၀၂၃

သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၆) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။

၁။ ငါးသယံဇာတ ထိန်းသိမ်းကြမယ်
၂။ အိမ်တွင်းလေထုညစ်ညမ်းမှု
၃။ ရိုးရာဟင်းများကို ထိန်းသိမ်းကြစို့
၄။ အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြပါစို့
၅။ ခါကာဘိုရာဇီ‌ဒေသဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ
၆။ ဇီဝမျိုးစုံ မျိုးကွဲများကို ဘာကြောင့် ထိန်းသိမ်းစောင့်ရှောက်သင့်တာလဲ…

စိမ်းလန်းခါကာဘို သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၆)

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၅)၊ ဇန္နဝါရီ ၂၀၂၃သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၅) တွင် အောက်ပါ ပညာပေးဆောင်းပါ...
25/06/2023

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၅)၊ ဇန္နဝါရီ ၂၀၂၃

သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၅) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။

၁။ ရာသီဥတု ဖောက်ပြန်မှုက ရောဂါပိုးတွေကို ပိုအစွမ်းထက်လာစေပြီး လူသားတွေကို ကိုယ်ခံအား ကျစေတယ်လို့ဆို ..
၂။ ရာသီဥတုပြောင်းလဲမှု
၃။ သစ်တော ပြုန်းတီးခြင်း
၄။ ရာသီဥတုပြောင်းလဲမှုနှင့် သီးနှံများအပေါ် ရိုက်ခတ်မှုများ
၅။ ရေ၏တန်ဖိုး
၆။ သဘာဝအခြေခံခရီးသွားလုပ်ငန်း (ecotourism)
၇။ မီးရှို့ခြင်းနှင့် ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်

သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၅) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၄)၊ ဒီဇင်ဘာ ၂၀၂၂သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၄) တွင် အောက်ပါ ပညာပေးဆောင်းပါး...
25/06/2023

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၄)၊ ဒီဇင်ဘာ ၂၀၂၂

သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၄) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။

1. မြန်မာ၏နှင်းများအစဉ်ဖုံးလွမ်းရာ မြောက်ပိုင်းအရပ်က နို့တိုက်သတ္တဝါကြီးများ
2. ကတိုးကောင်
3. သားမင်း
4. ပန်ဒါနီ
5. ဖက်ချေ

သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၄) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည် ...

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၃)သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၃) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။...
25/06/2023

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၃)

သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၃) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။

1. ရာသီဥတုပြောင်းလဲမှုနှင့် ထိခိုက်မှုများ
2. ရာသီဥတုဖောက်ပြန်တော့ တိရိစ္ဆာန်တွေလည်း ကြောင်တောင်တောင်ဖြစ်ကုန်ပြီ
3. ပလပ်စတစ်အန္တရာယ်ကို ဖြေရှင်းပေးမယ့် ပလပ်စတစ်စား ဘက်တီးရီးယား
4. ဧဝရတ်တောင် ရေခဲထုကို အကြီးအကျယ်ခြိမ်းခြောက်နေသော ရာသီဥတုပြောင်းလဲမှု
5. ရာသီဥတုဖော်ပြန်မှု ကာကွယ်ဖို့ အသားလျှော့စားကြစို့
6. ဆောင်းပိုးနွေမြက်တို့ တည်တံ့ရေး ဂရုပြုကြပါစို့
7. စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာ့ကပ်ဆိုးတွေကို ဆင်းရဲတဲ့နိုင်ငံတွေအလူးအလဲ ခံနေရ
8. တခါသုံးပလပ်စတစ်တွေ လျှော့ချကြစို့

စိမ်းလန်းခါကာဘို သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၃) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ......

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၂)သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၂) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။...
25/06/2023

သဘာဝပတ်ဝန်းကျင်ပညာပေးစာစောင် အမှတ် (၂)

သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၂) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။

1. ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ၂၀၂၂
2. ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြာင်းလေ့လာရင်း အင်္ဂလိပ်စာသင် ယူကြမယ်
3. သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကနေ ကျွန်တော်တို့ကိုယ်ကို ကယ်တင်ဖို့ ကျရှုံးနေကြပြီလား
4. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဂုဏ်ပြုဆောင်းပါး – အဖိုးမဖြတ်နိုင်သည့် ကချင်ပြည်နယ်မြောက်ဘက်ပိုင်းက ခါကာဘိုရာဇီအမျိုးသားဥယျာဉ်
5. အိန္ဒိယတွင် အပူချိန် ၆၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်ရောက်ရှိ
6. ကမ္ဘာကြီးကိုခြောက်လှန့်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့များ
7. စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ်ရာသီဥတု၏ သက်ရောက်မှုများ
8. ပိန်းဥ၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

သဘာဝပတ်ဝန်းကျင် ပညာပေးစာစောင် အမှတ် (၂) တွင် အောက်ပါ ပညာပေးဆောင်းပါးများ ပါဝင်သည်။

Address

Putao

Alerts

Be the first to know and let us send you an email when Green Khakabo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Green Khakabo:

Shortcuts

Share