20/09/2026
ခိုင်မာရေစိတ်ပိုင်းဖြတ်မှုနဲ့ ဆောင်ရွက်လာသည့် ၁၇ နှစ်တာကာလ အမှတ်တရ!
Celebrating 17 Years of Journey, Dedication, and Service!
_ _ _ _ _ _ _ _ _
ငါတို့တွေ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၀ ကနေ စခဲ့ပြီး ၂၀၂၆ ခုနှစ်ထိ ခရီးတွင်ခဲ့ပြီ.... ၁၇ နှစ်မြောက် နှစ်ပတ်လည်နေ့တစ်နေ့ ဖြစ်တဲ့ ဒီနေ့ဟာ HUMANITY Youth Centre_HYC အတွက် အရေးကြီးတဲ့ မင်္ဂလာရက်စွဲ ဖြစ်ပါတယ်။ ဒီ ၁၇ နှစ်တာ ကာလအတွင်းမှာ ငါတို့ကိုချစ်တဲ့ သူတွေ ငါတို့ကချစ်တဲ့သူတွေ အများကြီးဆုံတွေ့ခဲ့ကြတယ်။ တချို့က ဒီ HYC မိသားစုဆီကနေ မသွားချင်ဘဲ သွားခဲ့ ကြရတယ်။ မခွဲချင်ဘဲ ခွဲခဲ့ကြရတယ်။
We began our journey on the 20 September 2009, and we have now reached 2026. Today, as we celebrate HYC’s 17th anniversary, we regard this as a truly special and auspicious occasion. Over the years, we have met many people—those who have cared for us and those whom we have cared for. Some members of HYC had to leave even though they did not wish to do so, and circumstances forced them to part from us.
ဟိုးအဝေးကြီးမှာ ဘဝအတွက် အသီးသီး ရုန်းကန်နေထိုင်ရှင်သန်ပြီးနေကြတုန်းမှာ သူသူကိုယ်ကိုယ် သတိတရရှိနေကြတယ်။ ဒါပေမယ့် မမေ့မလျော့ဘဲ ဒီပတ်ဝန်းကျင်ကို နိုင်တဲ့ဘက်က ပံ့ပိုးကူညီတဲ့ အလုပ်တွေကို လုပ်ပေးနေကြတယ်။ အဲဒါတွေအတွက် HYC အနေနဲ့ လုပ်ဆောင်မှုတစ်ခုစီတိုင်းကို တန်ဖိုးထား လေးစားတယ်။ ကျေးဇူးတင်ကြောင်းလည်း နက်နက်ရှိုင်းရှိုင်း ပြောလိုတယ်။ Despite being separated, they continue to build their lives while deeply missing one another. At the same time, they remain committed to their contributions with HYC and continue to serve the community with their respective capacities. HYC greatly values and respects their dedication and would like to express heartfelt gratitude to all of them.
ကုသိုလ် ,ပညာ ,ဥစ္စာ တဲ့......။ ငါတို့ ပညာသင်ပေးတယ်.... ၊ အဲဒီပညာရဲ့ အရမ်းသေးငယ်တဲ့ တစ်စိတ်တစ်ပိုင်းကြောင့် ဖြစ်ဖြစ် လူငယ်တွေ ဘဝတွေ တိုးတက်ကြတယ်ဆိုရင် .... ဘဝတိုးတက်ကြတဲ့အတွက် မိသားစုတွေ တစ်စိတ်တစ်ပိုင်းအဆင်ပြေကြတယ်ဆိုရင် ငါတို့ HYC ဟာ ဒေသအကျိုးပြုကို ပညာရေး တစ်ခုတည်းအတွက် လုပ်တယ်လို့ ပြောလို့မရတော့ဘူး။ အဲတာထက်ပိုတယ်လို့ ပြောနိုင်တယ်လေ.....။
Merit, knowledge, and wealth are important elements of a meaningful life. At HYC, we strive to provide education and knowledge that can fuel the future of young people. With that of the knowledge they receive, when their families experience greater stability, relief, and well-being as a result, our work becomes much more than simply an educational activity for the benefit of the community.
ဒီထက်ပိုကောင်းတဲ့ ကမ္ဘာတစ်ခုဖြစ်အောင် ထပ်ပြီးအတူတူ ကြိုးစားကြဖို့ ကတိပြုကြမယ်။ ၁၇ နှစ်တာကာလအတွင်း ကျွန်ုပ်တို့ ဒီအထိ ခရီးနှင်လာခဲ့ကြပြီ။ ရှေ့ဆက်မည့်နှစ်များကိုလည်း ပိုမိုကောင်းမွန်အောင် အတူတကွဖန်တီးကြပါစို့။
On this special day, let us renew our commitment to working together toward creating a better future and a better world. Seventeen years has brought us this far. Together, let us make the years ahead even more meaningful.