11/09/2025
[In Burmese]
Differently Abled အနုပညာပြပွဲရဲ့ လေလံပွဲမှ အမှတ်တရပုံရိပ်များ ✨
မသန်စွမ်းအနုပညာရှင်တွေအတွက် ရည်ရွယ်ကျင်းပခဲ့တဲ့ Differently Abled အနုပညာပြပွဲရဲ့ ဒုတိယအပတ် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှာ လေလံပွဲကိုလည်း စျေးရောင်းပွဲတော်နဲ့အတူ Turquoise Mountain Myanmar မှာကျင်းပပြုလုပ်ခဲ့ပါတယ်။👩⚖️
မသန်စွမ်းလက်မှုအနုပညာရှင်တွေအတွက် ရည်ရွယ်ပြီး “နှလုံးသားဖြင့် ပေးချေပါ” ဆိုတဲ့ လေလံတင်ပွဲကို ကျင်းပပေးခဲ့ပြီး U.S Embassy Rangoonရဲ့ Public Affairs Officer ဖြစ်သူ Ms. Heidi Smith မှလည်း Differently Abled project အတွက် ဝမ်းသာဂုဏ်ယူမိကြောင်းနှင့် လေလံပွဲအတွက် အဖွင့်အမှာစကားပြောကြားပေးခဲ့ပါတယ်။ ❤️
ဒါ့အပြင် Differently Abled ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ မဧမြမြဖူးကလည်း ဒီပြပွဲမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာပြည် အနှံ့အပြားက မသန်စွမ်းလက်မှုအနုပညာရှင်တွေကို ကျေးဇူးတင်ရှိကြောင်းနှင့် ပြပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်၊ မိတ်ဖက်အဖွဲ့အစည်းတွေနှင့် ပြပွဲဖြစ်မြောက်အောင်တစ်ဖက်တစ်လမ်းမှ ကူညီခဲ့ကြတဲ့ အဖွဲ့ဝင်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လေလံပွဲနှင့် မသန်စွမ်းလက်မှုအနုပညာရှင်တွေနှင့် သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများအတွက် Myanmar Deaf Chefsမှအစားအသောက်များနှင့် ညနေစာတည်ခင်းဧည့်ခံခဲ့ပါတယ်။🍽️
လေလံပွဲမှာ ရောင်းချရငွေအားလုံးကိုလည်း ၁၀၀% လက်မှုအနုပညာရှင်တွေဆီ ပေးအပ်ခဲ့ပြီး လေလံပွဲကနေတစ်ဆင့် မသန်စွမ်းလက်မှု အနုပညာရှင်များရဲ့ အနုပညာလက်ရာ ၅၀ တန်ဖိုးငွေကျပ် စုစုပေါင်း ၁၅သိန်းဖိုးကို မသန်စွမ်း လက်မှုအနုပညာရှင်များအတွက် ကူညီရောင်းချပေးနိုင်ခဲ့တဲ့အတွက် Differently Abled Teamမှ အထူးပဲ ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားလိုက်ရပါတယ်။ 🥰
[In English]
Memorable Moments from Auction Session of Differently Abled Art Exhibition ✨
As part of the Differently Abled Art Exhibition, which was organized to support differently-abled artists and artisans, the Charity Auction was held during the second week of the event January 12 at Turquoise Mountain.👩⚖️
An Auction titled “Buy with Heart” was held to support differently-abled artisans. Ms. Heidi Smith, Public Affairs Officer at the American Embassy Yangon, delivered the opening remarks, expressing her appreciation for the Differently Abled project and extending her congratulations on the success of the project. ❤️
Furthermore, Ms. Aye Mya Mya Phoo, the project leader of Differently Abled, expressed her gratitude to the talented differently-abled artisans from across Myanmar who participated in the exhibition. She also acknowledged the event’s purpose, the invaluable contributions of partner organizations, and the dedicated efforts of the team members who made the exhibition possible.📝
Following the auction, an evening reception featuring cuisine by Myanmar Deaf Chef was held in honor of the differently-abled artisans and their friends.🍽️
All proceeds from the auction were 100% given to the artists. Through this event, a total of 1,500,000 MMK was raised from 50 pieces of artworks, proudly sold to support the livelihoods and talents of differently-abled artists and the total amount raised from the auction showcased the remarkable appreciation for their handwork. The team was especially proud and honored to have successfully facilitated this initiative. 🥰
#လက်မှုClub