Khumi Youth Organization

Khumi Youth Organization Khumi Youth Organization is a youth organization promoting education activities among youth for entrepreneurial and community development.

29/01/2026

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများသည် ယနေ့အထိ အိမ်တွင်းအကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ထိုအကြမ်းဖက်မှုများသည် အမျိုးသမီးများ၏ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ပြီး လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေပါသည်။

အမျိုးသမီးများ၏ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရန်နှင့် အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်စေရန် အလေးအနက် တောင်းဆိုအပ်ပါသည်။ အကြမ်းဖက်မှုများကို မမြင်မသာ မဖြစ်စေရန်၊ မတုံ့ပြန်ဘဲ မနေဘဲ ချက်ချင်းတုံ့ပြန်ကာ တားဆီးကာကွယ်ရန် အချိန်မရွေး အရေးယူရမည် ဖြစ်ပါသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံအဖွဲ့အစည်းများ၊ လူထုခေါင်းဆောင်များ၊ လူငယ်အဖွဲ့များနှင့် တာဝန်ရှိသူများအားလုံးအနေဖြင့် ပူးပေါင်းပါဝင်ကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး လုပ်ငန်းစဉ်များကို ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ်ပါသည်။

KYO/A

29-1-206

13/12/2025
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် “သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်မှုတိုးတက်ရေး သင်တန်းပေးခြင်း”နှင...
13/12/2025

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် “သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်မှုတိုးတက်ရေး သင်တန်းပေးခြင်း”နှင့် “သစ်ပင် စိုက်ပျိုးရေး” ကို ချင်းပြည်နယ် ပလက်ဝမြို့နယ် စစ်ဘေးရှောင်များရှိရာ တွီဒါန်းစစ်ဘေးရှောင်းတွင် ပြုလုပ်ခဲ့ကြသည်။

ပြုလုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ—
· ဒေသခံများ၏ ရေဘေးနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သိမြင်နားလည်မှု တိုးတက်စေရန်
· ဘေးအန္တရာယ်အချိန်၌ သတိပေးခြင်း၊ အန္တရာယ်ရှိမှု သုံးသပ်ခြင်း၊ အရေးပေါ်တုံ့ပြန်နိုင်စွမ်း တိုးမြှင့်စေရန်
· ရွာအဆင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ တည်ဆောက်နိုင်ရန်
· သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်လျော့ချရေး လုပ်ဆောင်မှုများ တိုးတက်စေရန် မြေညံ့ခြင်း၊ မြေပြိုခြင်း စတဲ့ သဘာဝဒဏ်ကို လျော့ချပေးနိုင်ရန် သစ်ပင်စိုက်ပျိုးခြင်း တို့ဖြစ်သည်။

KYO သည် “သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်မှုတိုးတက်ရေး သင်တန်းပေးခြင်း” နှင့် “သစ်ပင်စိုက်ပျိုးရေး လုပ်ငန်း” တို့ကို အဓိကထား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် အမျိုးသမီးများ၊ လူငယ်များ၊ ကျေးရွာလူကြီးများ၊ နှင့် ကျောင်းဆရာ၊ ဆရာမများ ပါဝင်တက်ရောက်ခဲ့ကြသည်။ "သင်တန်း” တွင် အမျိုးသမီးပါဝင်မှု အလွန်အားကောင်းခဲ့သည်။ စုစုပေါင်း သင်တန်းသား ၄၀ ဦး အနက် အမျိုးသမီး ၂၄ ဦး နှင့် အမျိုးသား ၁၆ ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းသူ၊သားများသည် ယခင်က သဘာဝဘေးအန္တရာယ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူများဖြစ်သောကြောင့် သင်တန်းသည် လက်တွေ့ကျပြီး ထိရောက်မှု ရှိခဲ့ပါသည်။ သင်တန်းတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများ ပါဝင်သောကြောင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်မှုများကို ပိုမိုထိရောက်စွာ သင်ကြားပေးနိုင်ခဲ့ပါသည်။

သင်တန်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်နိုင်မှုကို လူထုအနေနဲ့ ပိုမိုသိမြင်အောင်လုပ်ဆောင်နိုင်ခဲ့သည့်အပြင်၊ လက်တွေ့ကျသော စားအုန်းဆီပျိုးပင် (၄၅) ပင်ကို စိုက်ပျိုးခဲ့ပြီး သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုများမှ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအပေါ် လူထု၏ ပါဝင်ဆောင်ရွက်ခြင်းကိုလည်း တိုးမြှင့်ပေးနိုင်ခဲ့ပါသည်။

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့မှာ အလွန်အားပြင်းတဲ့ မိုခါမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်း ရခိုင်ပြည်နယ် စစ်တွေမြို့အနီးထိ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး။ ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ် နှင့် နယ်နမိတ်ခြင်း ထိစပ်နေသည့်အတွက် တိုက်ရိုက်ထိတွေ့ခံစာရသည်။ မိုးခါမုန်တိုင်းကြောင်း ကျေးရွားပေါင်း (၁၀)ရွာကျော်ရှိ အိမ်ခြေပေါင်း ၂၅၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲရသည်။ ဤစာရင်းမှာ KYO မှ ရရှိထားခြင်းဖြစ်ပြီး လုံခြုံရေးကြောင်း မရရှိနိုင်သေး ကျေးရွာများရှိနိုင်ပါသည်။

၂၀၂၅ ခုနှစ် မေလ ၃၁ရက်နေ့တွင် မိုးသည်းထန်စွာရွာသွင်းမှုကြောင့် ကုလာတန်မြစ်ရေမြင့်တက်လာပြီး တွီဒင်းစစ်‌ဘေးရှောင်စခန်းမှ အိမ်ခြေ ၆၃ဆောင် ၊ကာကီ စစ်ဘေးရှောင်စခန်းမှ အိမ်‌ခြေ ၆၉ဆောင် ရေဘေးသင့်ခဲ့ရသည်။ ရေဘေးသင့် အိမ်ခြေပေါင်း ၁၃၂ ဆောင်တွင် လုံးဝပျက်စီးသွားသည့် အပြင် အိမ်သာ ၁၁၀ လုံး ပျက်စီးခဲရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ လူနေအိမ်အများစုသည် သစ်ဖြင့်ဆောက်လုပ်သော သွပ်မိုး/ပျဉ်ထောင် အိမ်များ၊ ဝါးအိမ်၊သွပ်ကာ ဖြင့်ဆောက်လုပ်ထားသောအိမ်များဖြစ်သည်။

ဓာတ်ပုံံ− KYO
December 13,2025

 #အရေးပေါ်အကူညီတောင်းခံခြင်း  ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ နေထိုင်သော တွီဒင်းကျေးရွာ နှင့် ကာကီကျေးရွာ မြစ်ကမ်းဘေးနာ...
31/05/2025

#အရေးပေါ်အကူညီတောင်းခံခြင်း

ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ နေထိုင်သော တွီဒင်းကျေးရွာ နှင့် ကာကီကျေးရွာ မြစ်ကမ်းဘေးနားတွင် စစ်ဘေးရှောင်နေအိမ်များသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ မေလ(၃၁)ရက်နေ့ (၁)နာရီခန့်အချိန်တွင် မြစ်ရေကြီးမှုဖြစ်ပေါ်နေပြီး တွီဒင်း စစ်ရှောင်စခန်းမှ နေအိမ် ( ၅၆) အိမ်ခန့်၊ ကာကီ စစ်ရှောင်စခန်းမှ နေအိမ်(၈၀)ခန့် (ယခုအထိ) စုစုပေါင်း ၁၃၆ အိမ်ကျော် ရေမြှပ်သွားသည်ဖြစ်နေပါသည်။ ရေအဆက်မပြတ်တက်လာသောကြောင့် မြစ်ကမ်းနားနေ စစ်ဘေးရှောင်ပြည် သူများသည် ကျေးရွာအတွင်းရှိနီးစပ်ရာနေအိမ်များ၌သော်လည်းကောင်း၊ရွာအတွင်းခန်းမနေရာများ၌သော်လည်းကောင်း အရေးပေါ်ပြောင်းရွှေ့နေထိုင်လျှက်ရှိသည်။

ထိုရေကြီးမှုကြောင့် နေအိမ်များ ဆုံးရှုံးမှုရှိကာ အမိုးအကာ၊အစားအသောက်များ အရေးပေါ်အကူညီများလိုအပ်နေပြီး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကူအညီများလိုအပ်နေပါသည်။

အများပြည်သူများမှ စေသနာရှေ့ထားပြီး စစ်ရှောင်များအား ဝိုင်ဝန်းကူညီဆောင်ရွက်ပေးလိုပါက Khumi Youth Organization သို့ဆက်သွယ်ကာ အကူညီများဆောက်ရွက်ပေးနိုင်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန်

Page Messenger သို့မဟုတ် 👇👇👇

+91 92336 76151( Salai Soe Than)
+66835305602 (James)

Our hearts stand in solidarity with the people of Myanmar during these difficult times. May peace, strength, and hope gu...
31/03/2025

Our hearts stand in solidarity with the people of Myanmar during these difficult times. May peace, strength, and hope guide those affected. Let’s continue to raise awareness, offer support, and pray for healing and stability.



မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ...
18/12/2024

မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ သို့သော် အင်တာနက်ဆက်သွယ်ရေး အခက်အခဲများကြောင့် ထိုဒေသရှိ ပြည်သူများ၏ အခက်အခဲများကို အချိန်မီ သိရှိနိုင်ခြင်း မရှိခဲ့ပါ။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးမှုနောက်ကျပြီး အခက်အခဲအများဆုံး ကြုံတွေ့နေရသည့် မြို့နယ်တစ်ခုဖြစ်သဖြင့် အခြေခံအဆောက်အအုံ၊ လူမှုဘဝဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေပါသည်။ ပလက်ဝဒေသ ပြည်သူများ၏ ဘဝတိုးတက်ကောင်းမွန်လာစေရန် အားလုံးဝိုင်းဝန်းပူးပေါင်း ကူညီလုပ်ဆောင်ကြပါစို့။

December-18-2024

ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်လျှက်ရှိသော ဆေးဝါးပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ဆောင်းတွင်း အဝတ်အထည် ၊ကလေးငယ်မျ...
05/10/2024

ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်လျှက်ရှိသော ဆေးဝါးပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ဆောင်းတွင်း အဝတ်အထည် ၊ကလေးငယ်များအ တွက် အနွေးထည်အင်္ကျီ၊‌ ဘောင်းဘီ၊ စောင် စသည့်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရောက် မိဘပြည်သူညီကိုမောင်နှမများအားလုံး ပါဝင်လှူဒါန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံ Paletwa IDPs and Humanitarian Supporting မှ တောင်းဆိုထားပါသည်။

ဆက်သွယ်ရန် - +919233676151

Photo Crd - paletw aidps and humanitarian suppporting

"76th Chin National Day"(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုအပ်ပါသည်။၂၀၊၂၊၂၀၂၄
20/02/2024

"76th Chin National Day"

(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုအပ်ပါသည်။

၂၀၊၂၊၂၀၂၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တစ်ဝှမ်းရှိ ပြည်သူများသည် လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိနေကြပြီး အရေးပေါ် လူသား...
11/01/2024

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တစ်ဝှမ်းရှိ ပြည်သူများသည် လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိနေကြပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အလွန်လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် လူသားချင်းစာနာထောက်ထားရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် NGO၊ INGO အဖွဲ့အစည်းများအား အမြန်ဆုံး ဝင်ရောက်ကူညီပေးကြရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

အထူးသဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နေထိုင်ကြသော ခူမီး(ချင်း) လူမျိုးပြည်သူများအတွက် အရေးပေါ် လိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာနှင့် အခြေခံအသုံးအဆောင်ပစ္စည်းများ အလွန်အမင်း ချို့တဲ့လျက်ရှိနေပါသည်။ ယင်းအခြေအနေကို ကျော်လွှားနိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ ခူမီး(ချင်း) လူငယ်များအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်ကူညီပေးကြရန် လည်းအထူးလိုအပ်နေပါသည်။

မူရင်းပုံ ၊ Sa Thang (FB)

11/1/2024

31/12/2023

HAPPY NEW YEAR TO YOU ALL
2024 ခုနှစ်သစ်ကစပြီး အားလုံး စိတ်၏ကျမ်းမာခြင်း၊ကိုယ်၏ကျမ်းမာခြင်း နှင့်ပြည့်စုံကြပါစေ။

Address

Chin State
Paletwa

Website

Alerts

Be the first to know and let us send you an email when Khumi Youth Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Khumi Youth Organization:

Share