Pakokku Youth Development Council

Pakokku Youth Development Council "လူသားဘဝတိုးမြှင့်ဖို့ဖေးမဝိုင်းကူလက်တွဲစို့"

သစ္စာပိုင်စိုး ကဗျာ အတိုင်း ခံစားရရင် "အမျှော်တွေလမ်းမတဆုံး ထားခဲ့နိုင်တာပဲရှိတယ်ကိုယ့်အညွန့်လေး တလူလူအတွက်အမေ့အခက်အလက်လ...
26/08/2026

သစ္စာပိုင်စိုး ကဗျာ အတိုင်း ခံစားရရင်
"အမျှော်တွေ
လမ်းမတဆုံး ထားခဲ့နိုင်တာပဲရှိတယ်
ကိုယ့်အညွန့်လေး တလူလူအတွက်
အမေ့အခက်အလက်လေးတွေ ချိုးချိုးပေးရ

"ဒီလောက်တောင်ပဲလား သားရယ် ပြန်ခဲ့ပါ" တဲ့

"အမေ ... ယုံကြည်ချက်နဲ့ မာနတရားဆိုတာ
ဒီလိုရှိပါတယ်" ဆိုပြီး
ရသမျှဒုက္ခတွေ
အမေ့ဆီ ခဏခဏပြန်ရောင်းခဲ့" သလို​ပေါ့။
ကျွန်​တော်တို့​တွေ ဖြတ်သန်း​နေရတဲ့ ​ခေတ်ဆိုးကြီးမှာ အ​မေ​တွေဟာ ရင်စီးခံရတာပါပဲ။
အညာမေတ္တာဆေးအိုး ​လေးလည်း 10% မ​ကျော်ဘူးဖြစ်​နေပါတယ်။ ဝိုင်းကူကြဖို့ပါ။

ပခုက္ကူမြို့နယ်အတွက် ဆန်အိတ် ၁၀၀၊ မိုးကာ ၄၀ ပြည်သူနဲ့အတူ
23/08/2026

ပခုက္ကူမြို့နယ်အတွက် ဆန်အိတ် ၁၀၀၊ မိုးကာ ၄၀
ပြည်သူနဲ့အတူ

အညာမေတ္တာ ဆေးအိုးက 10% ကိုမပြည့်ပါဘူးရှင်ရေဘေးနဲ့ရော တခြားကမ်ပိန်းတွေရော ဆုံကျနေတဲ့အခါ အင်အားအများကြီး နည်းနေပါတယ် ပွဲကန...
21/08/2026

အညာမေတ္တာ ဆေးအိုးက 10% ကိုမပြည့်ပါဘူးရှင်

ရေဘေးနဲ့ရော တခြားကမ်ပိန်းတွေရော ဆုံကျနေတဲ့အခါ အင်အားအများကြီး နည်းနေပါတယ်

ပွဲကနေတဲ့သတင်းတွေလည်း ကြားမှာပါ ထိခိုက်တာတွေလည်း ရှိနေပါတယ်

ရဲဘော်တွေအတွက် ရသမျှငွေအကုန် ဆေးဝယ်ပို့ထားပါတယ်ရှင်

ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်
Page မှာ အားမနာတမ်း အကောင့်တောင်းယူပါဝင်ပေးပါအူးရှင် 🙇🏼‍♀️

#အညာမေတ္တာဆေးအိုး
#ဆေးကုသစရိတ်အလှူ
#ဆေးဝါးအလှူ

မိမိတို့ အဖွဲ့ဝင်​​တွေအ​နေနဲ့ ကျရာတာဝန်ကို ပြည်သူလူထုအတွက် ထမ်း​ဆောင်​​​နေကြပါတယ်။
19/08/2026

မိမိတို့ အဖွဲ့ဝင်​​တွေအ​နေနဲ့ ကျရာတာဝန်ကို ပြည်သူလူထုအတွက် ထမ်း​ဆောင်​​​နေကြပါတယ်။

မြိုင်မှာ စစ်တပ်မီးရှို့ခဲ့တဲ့ ကျေးရွာတွေက မီးဘေးသင့်စစ်ရှောင်တွေကို FBR နဲ့ မကွေးယူနစ်အစိုးရတို့ ထောက်ပံ့

ဖက်ဒရယ် FM | ဩဂုတ်လ ၁၉ ရက်

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်ထဲက ရေနံမှော်တွေကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်က လမ်းတလျှောက် မီးရှို့ခဲ့တဲ့ကျေးရွာတွေက မီးဘေးသင့်စစ်ရှောင်ပြည်သူ ၃ ထောင်နီးပါးကို Free Burma Ranger၊ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ပခုက္ကူ လူငယ်ဖွံ့ဖြိုးရေးအသင်း (PYDC)နဲ့ အညာတောအိမ်တို့ ပူးပေါင်းထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ထုတ်ပြန်ပါတယ်။

မြိုင်နယ်ထဲက မီးဘေးသင့် စစ်ရှောင်အိမ်ထောင်စု ၃၈၁ စု၊ လူဦးရေအားဖြင့် ၃ ထောင်နီးပါးအတွက် ဆန်၊ ဆီနဲ့ မိုးကာတွေထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

“FBR က ထောက်ပံ့တာ အကုန်။ မိုးကာကတော့ လိုအပ်တဲ့ စစ်ရှောင်တွေပေါ့။ အိမ်ထောင်စုအလိုက် ချက်စားတဲ့ အလိုက်ရော ၅ ရက်စာ ဆန်ပေါ့။ ဆီ ငါးဆယ်သားပေါ့” လို့ ထောက်ပံ့မှုပါဝင်အားဖြည့်ခဲ့တဲ့ PYDC တာဝန်ခံက ဖက်ဒရယ် FM ကို ပြောပါတယ်။

အဲဒီအိမ်ထောင်စုတွေဟာ စစ်တပ်စစ်ကြောင်းရဲ့ စစ်ကြောင်းထိုးမီးရှို့မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာ ၁ လကနေ ၃ လအထိ ကြာမြင့်နေပြီလို့ သိရပါတယ်။

FBR ရဲ့ ဒီထောက်ပံ့မှုတွေကို မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာ၊ ကျန်းမာရေးဝန်ကြီး ဦးမိုးမင်းတို့နဲ့အတူ PYDC နဲ့ အညာတောအိမ်အဖွဲ့က တာဝန်ရှိသူတွေက စစ်ရှောင်စခန်းတွေကို ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့တာလို့ သိရပါတယ်။

ထောက်ပံ့မှုတွေပေးအပ်ရင်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း မကွေးဖက်ဒရယ်ယူနစ်အစိုးရက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရေနံမှော်တွေကို စစ်ကြောင်းထိုးဖို့လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ကျောက်ခွက်၊ တောင်စုံနဲ့ ဝဲတူးရေနံမှော်တွေကို ထိန်းချုပ်ထားပြီး အဲဒီစစ်ကြောင်းကြောင့် မြိုင်နယ်ထဲက ကျေးရွာပေါင်း ၂၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ရေးသူ - မင်းမြတ်
ဓာတ်ပုံ - Interim Magway Federal Unit Government
#မြိုင် #မီးဘေးသင့်ပြည်သူ #မကွေးဖက်ဒရယ်ယူနစ်
_____
Website - https://federalfmradio.com
YouTube - https://www.youtube.com/
Telegram - https://t.me/federalfm
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/

အတူရှိနေမယ် မြိုင် ✊🏼
18/08/2026

အတူရှိနေမယ် မြိုင် ✊🏼

အညာမေတ္တာဆေးအိုး ကမ်ပိန်းလိုအပ်ချက်တွေများနေတာကြောင့် ကမ်ပိန်းတွေများပါတယ် ရဲဘော်တွေ ပွဲသတင်းတွေလည်း သိမှာပါပန်းနဲ့ပေါက်...
16/08/2026

အညာမေတ္တာဆေးအိုး ကမ်ပိန်း

လိုအပ်ချက်တွေများနေတာကြောင့် ကမ်ပိန်းတွေများပါတယ်

ရဲဘော်တွေ ပွဲသတင်းတွေလည်း သိမှာပါ

ပန်းနဲ့ပေါက်ကြတာမဟုတ်တဲ့အတွက် ထိခိုက်ဒဏ်ရာရပါတယ်

ဆေးကုရပါတယ်
လိုအပ်ရင် တခြားနေရာထိပို့ကုရပါတယ်

အဲ့တော့ အညာမေတ္တာဆေးအိုးမှာ ဆေးဝါးနဲ့ကုသစရိတ်ဝိုင်းကူပေးကြပါ

နိုင်ငံတကာအကောင့်နဲ့ pay ပေါင်းစုံရပါတယ်
Cbမှာတောင်းယူပါဝင်နိုင်ပါတယ်

#အညာမေတ္တာဆေးအိုး
#ဆေးကုသစရိတ်အလှူ
#ဆေးဝါးအလှူ

International Youth Day အထိမ်းအမှတ်ကို စစ်ရှောင်လူငယ်များနဲ့အတူ ပြုလုပ်ခဲ့ပါတယ် မြိုင်မြို့နယ် လူမှုရေးရာတာဝန်ခံ၊ မြိုင်...
12/08/2026

International Youth Day

အထိမ်းအမှတ်ကို စစ်ရှောင်လူငယ်များနဲ့အတူ ပြုလုပ်ခဲ့ပါတယ်

မြိုင်မြို့နယ် လူမှုရေးရာတာဝန်ခံ၊ မြိုင်လူငယ်အစည်းအရုံး (MYA) နဲ့ PYDC တို့အတူ ပူးပေါင်းပြီး
လူငယ် ၁၄၀ ကို တစ်ကိုယ်ရည်သုံးပစ္စည်းနဲ့ ငွေသားအနည်းငယ် ထောက်ပံ့ပေးခဲ့ပါတယ်ဗျ

ဇီဝိတဒါနအလှူ နဲ့ ကုသိုလ်ယူ အညာမှာ စစ်ဘေးရော ရေဘေးရော ကြုံနေကြရတဲ့အချိန်မှာ စစ်ရေးအရှိန်မြင့်ပြီး ထိုးစစ်ဆင်နေပါတယ်ရဲဘော်...
11/08/2026

ဇီဝိတဒါနအလှူ နဲ့ ကုသိုလ်ယူ

အညာမှာ စစ်ဘေးရော ရေဘေးရော ကြုံနေကြရတဲ့အချိန်မှာ

စစ်ရေးအရှိန်မြင့်ပြီး ထိုးစစ်ဆင်နေပါတယ်

ရဲဘော်ရှေ့တန်း နောက်တန်း ဆေးဝါးနဲ့ ကုသစရိတ်အတွက် အတော်လေးလိုအပ်နေပါတယ်ဗျ

💊အညာမေတ္တာဆေးအိုးမှာ ပူးပေါင်းကူညီပေးကြပါအူးဗျ 🙇🏼‍♀️

#အညာမေတ္တာဆေးအိုး
#ဆေးကုသစရိတ်အလှူ
#ဆေးဝါးအလှူ

အညာမေတ္တာဆေးအိုး 5%နှုန်းမှာ ရက်နေတာ ကြာနေလို့ လက်လာတို့ပါအူးဗျ ရသမျှငွေလဲပြီး ဆေးဝယ်နေပါပြီ  #အညာမေတ္တာဆေးအိုး #ဆေးကုသစ...
09/08/2026

အညာမေတ္တာဆေးအိုး

5%နှုန်းမှာ ရက်နေတာ ကြာနေလို့
လက်လာတို့ပါအူးဗျ

ရသမျှငွေလဲပြီး ဆေးဝယ်နေပါပြီ

#အညာမေတ္တာဆေးအိုး
#ဆေးကုသစရိတ်အလှူ
#ဆေးဝါးအလှူ

ရာသီအကူးအပြောင်းမှာ admin ဖျားနေလို့ ၂ ရက်ပို့စ်မတင်ဖြစ်ပါဘူး ရှေ့တန်းကရဲဘော်တွေရော အဆင်ပြေပါ့မလား ဆေးဝါးလုံလောက်ပါ့မလား...
08/08/2026

ရာသီအကူးအပြောင်းမှာ admin ဖျားနေလို့ ၂ ရက်ပို့စ်မတင်ဖြစ်ပါဘူး

ရှေ့တန်းကရဲဘော်တွေရော အဆင်ပြေပါ့မလား
ဆေးဝါးလုံလောက်ပါ့မလား

အိမ်မှာ အေးဆေးနေကြရတဲ့ ပြည်သူတွေက ပြန်ဖေးမဖို့ လိုပါတယ်

ကုသိုလ်လည်းရ တော်လှန်ပြည်သူလည်း ဖြစ်စေမယ်

Page cb မှာ နိုင်ငံပေါင်းစုံ အကောင့်စုံရှိပါတယ်
လာရောက်တောင်းယူပါဝင်ပေးပါအူးဗျ

#အညာမေတ္တာဆေးအိုး
#ဆေးကုသစရိတ်အလှူ
#ဆေးဝါးအလှူ

Address

Pakokku

Website

Alerts

Be the first to know and let us send you an email when Pakokku Youth Development Council posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share