The Student's Voice

The Student's Voice မင်္ဂလာပါ
ကျောင်းသား၊ကျောင်းသူအားလုံးကို The Student's Voice Page ကနေ ကြိုဆိုပါတယ်

◾အလယ်တန်း ၊ မူလတန်းများ ဖွင့်လှစ်မည့်ရက် နောက်ဆုတ်။Credit  # Future The Dagon
20/07/2020

◾အလယ်တန်း ၊ မူလတန်းများ ဖွင့်လှစ်မည့်ရက် နောက်ဆုတ်။

Credit # Future The Dagon

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက် မှတ်ဖြင့် တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင် ( ဇူလိုင် ၁၁၊ ၂၀၂၀တက္ကသိုလ်ဝင်တန်းမှ...
13/07/2020

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက် မှတ်ဖြင့် တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင် (

ဇူလိုင် ၁၁၊ ၂၀၂၀

တက္ကသိုလ်ဝင်တန်းမှာ ကျရှုံးခဲ့ပေမယ့် သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေကို အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက် မှတ် (High School Completion Certificate) ထုတ်ပေးသွားမှာဖြစ်ပြီး အဲဒီလက်မှတ်နဲ့ ပညာရေးတက္ကသိုလ်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူခွင့်ရမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ကို ကျောင်းတွေမှာ ဖွဲ့စည်းထားတဲ့ အရည်အသွေးစိစစ်ရေးအဖွဲ့တွေက ကျောင်းခေါ်ကြိမ် ပြည့်မီမှု၊ ဘာသာရပ်အလိုက် တတ်မြောက်မှု၊ စာပေ အနုပညာလုပ်ငန်းတွေမှာ ပါဝင်မှု၊ ကျောင်းစည်းကမ်းလိုက်နာမှု၊ ကျောင်းကောင်စီ အသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်မှု စတဲ့ ကဏ္ဍ ၇ ရပ်အပေါ် အခြေခံပြီး အကဲဖြတ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source -The Irrawady

11/07/2020

ပညာရေးကောလိပ်များကို online learning ဖြင့်သင်ကြားရန် ကိစ္စ မေးမြန်းရာမှ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်ဒေါ်မေစန်းရီ ဖြေကြားချက်........

◼️ကျောင်းတွေအားလုံးကို 2020 ထဲမှာFace to Face ဖွင့်လှစ်ရန် ခဲယဉ်းပါကြောင်း

◼️ဒါကြောင့် Face to Face ကနေ online Teaching ကိုသွားဖို့ပြင်ဆင်နေပါကြောင်း၊

◼️ online ကိုသွားတဲ့အခါမှာ ပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်တွေကတော့ ဆရာမွေးထုတ်နေတာ ဖြစ်လို့ နံပါတ်တစ်အ‌ေနနဲ့ မကြာခင်မှာ စတင်နိုင်ရန်စီစဥ်‌ေနရပါကြောင်း၊

◼️ အခုချိန်မှာတော့ အဓိကသင်ရမယ့် Lesson တွေကို ရွေးနေပြီး အင်တာနက် အဆင်မပြေတဲ့ နေရာတွေအတွက်ပါ ထည့်သွင်းစဉ်းစားနေရပါကြောင်း၊

◼️ online Teaching ဆိုသော်လည်း totally online မဟုတ်ဘဲ ရန်ကင်းကျောင်းက Focal အဖြစ်ဆောင်ရွက်ကာ Myanmar Digital Learning Platform ကနေပြီးတော့ ကျောင်းသား20 လောက်ကို ဆရာက သင်နေတဲ့ videoကိုရိုက်ကူး၍ DVD ခွေများကို ကျောင်းသားများလက်ထဲသို့ ရောက်အောင်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊

◼️ ကျောင်းသား/သူတွေကို ကျောင်းမှာ ခြောက်ပေခြားနိုင်ပေမယ့်အဆောင်တွေမှာ ခြားပေးနိုင်မှာ မဟုတ်လို့ 2020 ထဲမှာတော့ ကျောင်းတက်ဖို့က အဆင်မပြေသေးတဲ့အတွက် အခုချိန်မှာ ကျောင်းသားတွေ စာနဲ့အဆက်မပြတ်သွားအောင်သာ စီစဉ်နေရပြီး လူချင်းတွေ့ပြီးသင်လို့ရလောက်တဲ့ အခြေနေမှသာ ကျန်တာကို ဆက်စီစဉ်နိုင်မှာ ဖြစ်ကြောင်း၊

◼️ ကျန်ရှိနေတဲ့စာမေးပွဲတွေကတော့ လူချင်းတွေ့ဖို့ အဆင်မပြေနိုင်သေးတော့ 2020 အတွင်းမှာဖြစ်ဖို့ မစဉ်းစားရဲသေးပါကြောင်း၊

◼️ ကျောင်းပြန်လည်ဖွင့် လှစ်ရေးစီမံချက်များသည် Covid-19 ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့်ဗဟိုကော်မတီထိ တင်ပြရသည့်ကိစ္စဖြစ်သဖြင့် မည်သည့်နည်းလမ်းဖြင့်စီမံဆောင်ရွက်မည်ဆိုသည်မှာ စီစဉ်ထားဆဲသာဖြစ်ပြီး လက်တွေ့ အကောင်ထည်ဖော်ဖြစ်မဖြစ် မသေချာပါကြောင်း ဖြေကြားခဲ့ပါသည်။

"အချိန်မှီထုတ်မပေးနိုင်သောအလုပ်ခန့်စာစောင့်ရင်း ကွယ်လွန်သောမောင်ကျောင်းသား" ဟူသောလူပ်ရှားမှု          ပညာရေးကောလိပ်ကျောင...
05/07/2020

"အချိန်မှီထုတ်မပေးနိုင်သောအလုပ်ခန့်စာစောင့်ရင်း ကွယ်လွန်သောမောင်ကျောင်းသား" ဟူသောလူပ်ရှားမှု

ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီမှ ဖဲ ကြိုးစိမ်းများ၊အဖြူအစိမ်းအကျီဖြင့် စီမံခန့်ခွဲမူအလွဲအမှားများအောက်တွင် အရ်ိုးဆွေးမတတ်orderစောင့် ရကြောင်း လူပ်ရှားမူတစ်ခုကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ခရိုင်ပညာရေးမူးရုံးတွင် ပေးပို့ခဲ့သည်။အဓိကအားဖြင့်နှစ်စဥ်နောက်ကျသောသော orderများနှင့် စနစ်မကျသော ရာထူးအတိုးအပြောင်းမူဝါဒများအတွက်ပညာရေးဝန်ကြီးငှာနကိုမေးခွန်းထုတ်ရခြင်းဖြစ်သည်။

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ               ၁၉၆၂ မတ်လ(၂) ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကေ...
05/07/2020

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ

၁၉၆၂ မတ်လ(၂) ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တကသ၊ ရကသ၊ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။ သို့သော် မတ်လ (၆) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ဥက္ကဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဌ ကိုသက်ကို ဥက္ကဌတင်မြောက်လိုက်ကြသည်။ ထို့နောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၆၂ မေလ (၉)ရက်နေ့တွင် ဒတ်ခ်ျသံရုံးဆန္ဒပြမှုကြောင့် တပ်ဦးမှ ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်း တို့ အဖမ်းခံခဲ့ရသည်။ ထိုနေ့တွင်ပင် တော်လှန်ရေးကောင်စီမှ ဥပဒေအမှတ် (၃) နှင့် (၄) ကို ထုတ်ပြန်၍ ရန်ကုန် နှင့် မန္တလေး တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ထိုဥပဒေ (၃) နှင့် (၄) တွင် ရန်ကုန်နှင့် မန္တလေး မှ လွဲ၍ အားလုံး အတူတူပင် ဖြစ်သည်။ ထို့အပြင် မေလ (၁၀) တွင် ဗိုလ်ချုပ်ကြီးနေဝင်းက တက္ကသိုလ်ကောင်စီဝင်များကို ဒဂုံရိပ်သာသို့ခေါ်၍
(၁) ဆရာများ အကျင့်ပျက်သည်။
(၂) ကျောင်းသားများကြား နိုင်ငံရေးပယောဂများဝင်သည် ဟု စွပ်စွဲကာ အစိုးရ ကိုယ်စားလှယ်၊ စီးပွားရေးအဖွဲ့များမှ ကိုယ်စားလှယ်၊ တက္ကသိုလ်ဌာန အသီးသီးမှ ပါမောက္ခများနှင့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် အချို့ပါဝင်သော တက္ကသိုလ်အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့သည်။ ထိုလုပ်ရပ်အား တက္ကသိုလ် အုပ်ချုပ်ရေးအား တော်လှန်ရေးကောင်စီမှ ထပ်မံ အာဏာသိမ်းခြင်းဖြစ်ကြောင်း သမဂ္ဂမှ အပြင်းအထန် ဝေဖန်ခဲ့သည်။ မေလ (၁၁) ရက်နေ့တွင် တက္ကသိုလ်နှင့် ဥပစာကောလိပ်မှ ဥပစာသိပ္ပံ (ခ) တန်းအောင် ကျောင်းသား/သူများသည် သက်ဆိုင်ရာဘာသာရပ်များတွင် အနည်းဆုံးရမှတ် (၅၀) ရှိ၍ ဖြေဆိုသော ဘာသာရပ်အားလုံး၏ ပျမ်းမျှအမှတ်သည် (၅၀%) ရမှုသာ ဆေးသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ သစ်တောရေး မဟာဌာနတို့၌ ဆက်လက်ပညာသင်ကြားခွင့် ရှိမည်ဖြစ်ကြောင်း တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်နေဝင်းက ကြေညာခဲ့သည်။

ကျောင်းများပြန်ဖွင့်သောအခါတွင်လည်း အဆောင်စည်းကမ်းများကို ချမှတ်ဖို့ တက္ကသိုလ်ကောင်စီအား အမိန့်ပေးခဲ့သည်။ ထိုအခါ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံ၍ မေလ (၁၁) ရက်မှာပင် တောလှန်ရေးကောင်စီမှ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက်စေခဲ့သည်။ မြန်မာစာပါမောက္ခ ဦးအေးမောင် အငြိမ်းစားယူခဲ့သည်။ ဦးဝန် (မင်းသုဝဏ်) ဌာန ပြောင်းခဲ့သည်။ မေလ (၁၂) ရက်နေ့တွင်လည်း ရန်ကုန်တက္ကသိုလ် အဆောင်မှူးအချို့နှင့် လက်ထောက်အဆောင်မှူးအချို့ နှုတ်ထွက်ခဲ့သည်။

တက္ကသိုလ်ကောင်စီ

၁၉၆၂ မေလ (၁၄) ရက်တွင် တော်လှန်ရေးကောင်စီ အမိန့် အမှတ်(၃၈) အားထုတ်ပြန်၍ တက္ကသိုလ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုတက္ကသိုလ်ကောင်စီတွင် အဓိပတိအဖြစ် ဗိုလ်မှူးချုပ် သန်းဖေ၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး သန်းစိန် တို့ ပါဝင်ပါသည်။ ၎င်းတို့အလိုကျ တင်းကြပ်သော အဆောင်စည်းကမ်းများကို ထုတ်ပြန်ပေးမည့် ၁၉၅၈ ခု အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ မေလ (၂၂) ရက်နေ့တွင် ဗိုလ်မှူးချုပ်သန်းဖေ နှလုံးရောဂါနှင့် ကွယ်လွန်၍ ၎င်းနေရာအား ဗိုလ်လှဟန် တက်လာသည်။

ဇွန်လ (၁၇) ရက်နေ့ ဒဂုံရိပ်သာတွင် တက္ကသိုလ်ကောင်စီ အစည်းအဝေးပွဲ ကျင်းပခဲ့သည်။ ထို့နောက် ဇွန်လ (၁၈) ရက်တွင် ကျောင်းဆောင်နေ ကျောင်းသားများကို မတရားချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို စည်းကမ်း (၂၂) ချက်တွင် ပါဝင်သော အချက်များမှာ -
• ကျောင်းဝင်ခွင့် နှင့် အဆောင်နေခွင့်ရရေးတို့အတွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ထောက်ခံချက်နှင့် လျှောက်ရမည်။
• မိဘအုပ်ထိန်းသူ၏ ဝန်ခံကတိပေးချက်နှင့် ကျောင်းအပ်ရမည်။
• သက်သက်လွတ်စားသူများအား တရက်နှစ်ရက် မဟုတ်ဘဲ၊ တနှစ်ပတ်လုံးစားမှသာ ခွင့်ပြုမည်။
• အဆောင်နေကျောင်းသားများ အနေဖြင့် မနက်စာကို မနက် (၇) နာရီ မှ (၁၀) နာရီ သတ်မှတ်ထား၍ မနက်စာအား မဖြစ်မနေ စားရမည် ဟု စည်းကမ်းသတ်မှတ်ထားသည်။
ထို့ပြင်
• ည (၈) နာရီထိုးလျှင် အဆောင်အတွင်း၌ ရှိနေရန်၊
• သုံးကြိမ်ပျက်ကွက်ပါက အဆောင်မှ ထုတ်ရန်၊
• အဆောင်မှူး၊ (သို့) လက်ထောက်အဆောင်မှူး စစ်ဆေးချိန်တွင် မိမိအခန်းတွင်းရှိရန်၊ မရှိပါက အရေးယူရန် စသည့် ကျောင်းနှင့်မအပ်စပ်သော စည်းကမ်းများကို ချမှတ်လာသည်။ ထို့ကြောင့် ကျောင်းသားထုများကြား မကျေနပ်မှုများ တစစတိုးပွားလာခဲ့သည်။

စတင်ဖြစ်ပွားပုံ

ထို့ကြောင့် ဇူလိုင်လဆန်းမှစ၍ အဆောင်အချို့တွင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်သစ်ရွေးပွဲများနှင့် တွဲကာ ကျောင်းသားထုအစည်းအဝေးပွဲများ ကျင်းပခဲ့ကြသည်။ ကျင်းပခဲ့သော ကျောင်းသားထု အစည်းအဝေးတိုင်းတွင်လည်း ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများအား ကန့်ကွက်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၆၂ခု ဇူလိုင်လ (၃) ရက်တွင် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂခန်းမတွင် ကျောင်းသားထုအစည်းအဝေးတရပ် ကျင်းပကာ ကမောက်ကမပညာရေးစနစ် ဖျက်သိမ်းပေးရေးနှင့် မတရားအဆောင်စည်းကမ်းများအား ရုပ်သိမ်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ရကသဥက္ကဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားများကြားမှ ဆန္ဒပြပွဲကျင်းပရခြင်းအကြောင်း မိန့်ခွန်းပြောကြားသွားပြီး၊ ဗကသများအဖွဲ့ချုပ်ဥက္ကဌ ကိုသက်နှင့် တကသခေါင်းဆောင် ကိုဗဆွေလေးတို့က ဆန္ဒပြပွဲကိုထောက်ခံကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် သမဂ္ဂကြီး (၃)ခုမှ ကြီးမှူး၍ ဒတ်ခ်ျသံရုံးရှေ့ ဆန္ဒပြပွဲကျင်းပသောအခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့သည်။ ထိုလုပ်ရပ်သည် သမဂ္ဂကို သေးသိမ်အောင် လုပ်သည်ဟု သမဂ္ဂမှယူဆခဲ့သည်။ ထို့ကြောင့် ကျောင်းသားများက ကန့်ကွက်ကြပြန်သည်။

ဇူလိုင်လ (၆) ရက်နေ့တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို သူတို့စိတ်တိုင်းကျ ပြင်ဆင်ဖွဲ့စည်းခဲ့ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေးတွင် ကန့်ကွက်သည်ဟု ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံများအော်ဟစ်၍ အဆောင်အပြင်ထွက် လှည့်လည်ဆန္ဒပြပါတော့သည်။ ထိုအခါ အနီးအနားရှိအဆောင်များမှ ကျောင်းသားများပါ ထွက်လာကြပြီး လာရောက်ပူးပေါင်းကြသဖြင့် ဆန္ဒပြလူအုပ်ကြီးသည် ကြီးမားလာလေသည်။ ညအချိန်တွင် မကြေနပ်မှုများနှင့် တက်ကြွနေကြသော ကျောင်းသားထုကြီးသည် အဆောင်များအား ကာရံထားသော အကာအရံနှင့် သံတံခါးများအား စတိအဖြစ် ရိုက်ချိုးလိုက်ကြသည်။ ထိုလူအုပ်ကြီးသည် ပြည်၊ ပုဂံ၊ တကောင်း အဆောင်များအထိ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ထိုညတွင် မိန်းခလေးဆောင် များမှလွဲ၍ ကျန်အဆောင်များအားလုံး ပါဝင်ခဲ့ကြသည်။ ထို့နောက် မကျေမနပ်ဖြစ်နေသော ကျောင်းသားများစုပေါင်း၍ တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင်၏အိမ်နှင့် ပါမောက္ခ ဦးကာ၏အိမ်တို့ကို ဝိုင်းကာဆန္ဒပြ ဟစ်ကြွေးခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် နောက်တနေ့တွင် တကသမှကျင်းပမည့် ကျောင်းသားထုဆန္ဒပြပွဲအတွက် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားပါတော့သည်။

အခင်းဖြစ်ပွားရသည့် အဓိကကြောင်းအရင်း

ဇူလိုင်လ (၇) ရက်နေ့ နေ့လည်တနာရီတွင် သမဂ္ဂအစည်းအဝေးခန်း၌ ကျောင်းသားထုအစည်းအဝေး ကျင်းပသည်။ ကိုဗဆွေလေးက ဥက္ကဌအဖြစ် တာဝန်ယူသည်။ ထိုအစည်းအဝေးမှ ကျောင်းသားများကို ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက်ဆုံးဖြတ်ခဲ့ကြသည်။ တက္ကသိုလ်အက်ဥပဒေများ ရုတ်သိမ်းခဲ့ခြင်းကိုလည်း ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် အစည်းအဝေးအပြီးတွင် သမဂ္ဂရှေ့မှစတင်၍ ကျောင်းဝင်းအတွင်း၌ပင် ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ဘွဲ့နှင်းသဘင်ရှေ့၌ ငြိမ်းငြိမ်းချမ်းချမ်းပင် လူစုခွဲလိုက်ကြသည်။ ထိုသို့လူစုခွဲပြီးနောက် နေ့လည် (၂) နာရီခွဲ အချိန်လောက်တွင် ရဲကား (၂)စီး တကသထဲသို့ ဝင်လာလေသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်တွေက တကသဥက္ကဌ ကိုဗဆွေလေး၊ ဗကသဥက္ကဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဥာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးလိုက်ပါသည်။ ကျောင်းသားများလည်း ကြောင်ကြည့်နေကြရာမှ ရဲကားဆီသို့အတင်း ပြေးလိုက်ကြသည်။ သို့သော် ရဲကားသည် ချက်ချင်းပင် ပြန်လည်ထွက်ခွာသွားသည်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များ ပါသွားသည်။ ကျန်ရဲအချို့သည် တကသကို ဝင်စီးလိုက်ပြီး တချို့က တကသနှင့်ကပ်နေသော ဦးကာအိမ်သို့ ပြေးဝင်နေရာယူလိုက်ကြသည်။ ထိုအချိန်တွင် ကျောင်းသားတို့က အော်ရင်းဟစ်ရင်း လူစုမိသွားသည်။

ကျောင်းသားများသည် အဓိပတိလမ်းတံခါးကြီးကို ပိတ်ပစ်သည်။ ကျောင်းသားတချို့က သထုံဆောင်ဂိတ်တံခါးကို သော့ခတ်ပြီးပိတ်လိုက်သည်။ ထို့နောက် ကျောင်းသားများသည် တကသဝင်းထဲဝင်ရန် ကြိုးစားကြသည်။ ဒိုင်းကိုယ်စီကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပတ်တုတ်နှင့် ရိုက်သူကရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။ ကျောင်းသားတချို့၏ ရင်ဘတ်သို့ထိမှန်ခဲ့၍ လဲသူလဲ ကွဲသူကွဲ ဖြစ်ကုန်လေသည်။ ကျောင်းသားတွေက လဲကျသူတချို့ကို မချီသွားပြီး၊ ကျန်ကျောင်းသားထုက ရဲများကို ဖိတိုက်လေတော့သည်။ ခဲများ၊ ပုလင်းများ၊ တုတ်များ စသည့် ရရာလက်နက်များနှင့် ရဲများကို ပစ်ခတ်တိုက်ခိုက်ကြတော့သည်။ ကျောင်းသားအင်အားထု များလာသဖြင့် ရဲများ၏တိုက်ခိုက်မှုကို မမှုတော့ဘဲ တိုး၍တိုး၍ တိုက်ခိုက်ကြလေတော့သည်။ ရဲများလည်း အထိနာလာလေသည်။ ကျောင်းသားများလည်း သွေးရဲရဲ သံရဲရဲဖြစ်လာလေသည်။

ပစ်ခတ်မှု မဖြစ်ခင်အချိန်

တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသားများမှ တောင်ငူဆောင်နှင့် ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာသောအခါ ပါမောက္ခဦးကာ၏ အိမ်ရှေ့မှ ရဲများကို ဒုတိယစစ်မျက်နှာဖွင့်၍ တိုက်သည့်သဖွယ် ဖြစ်သွားသဖြင့် ရဲများ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲများဆီသို့ သွားပေါင်းကာ ပြန်တိုက်ကြသည်။ ဒဏ်ရာအပြင်းအထန်ရသော ကျောင်းသားများကို အဆောင်များဆီသို့ ပြန်၍သယ်ယူခဲ့ကြသည်။ ၎င်းတို့ကိုမြင်ရသောအခါ ကျောင်းသားများ စိတ် ပိုမိုလှုပ်ရှားခံပြင်းလာခဲ့ကြသည်။ ကျောင်းသားထုကလည်း များသထက်များလာလေသည်။ ရဲများက မျက်ရည်ယိုဗုံးများ ပေါပေါများများသုံးကာ ကျောင်းသားထုကို ဖြိုခွင်းပါသော်ငြားလည်း ဘဝတူကျောင်းသားများ၏သွေးကို မြင်ကြသောအခါ မိမိထိခိုက်ဒဏ်ရာရမည်ကို မမှုတော့ချေ။ ကျောင်းသားများ၏စိတ်ဓါတ်ကို ချိုးနှိမ်မရသည့်အဆုံးတွင် ရဲများသည် အဓိပတိလမ်းဂိတ်ဘေး လူဝင်လူထွက်တံခါးကိုဖွင့်၍ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသအဝိုင်းလေးနားသို့ ထွက်သွားကြတော့သည်။ ထို့နောက် အသင့်လာကြိုနေသော ကားများနှင့် ထွက်ခွါသွားကြတော့သည်။

ထိုအခါတွင် ကျောင်းသားများက အောင်ပွဲခံကာ ဝမ်းသာအားရ အော်ဟစ်ကြပါတော့တယ်။ နေ့လည် (၄) နာရီခန့်တွင်မူကား မည်သည့်နေရာမှ စောင့်ဆိုင်းသည်မှန်း မသိရသည့် တပ်ရင်း(၄)မှ စစ်သားအပြည့်တင်လာသော စစ်ကား (၂)စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှစ၍ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ်ဝန်းကျင်တခုလုံးကို ပိတ်ဆို့ထားလိုက်လေသည်။ ၎င်းစစ်သားများသည် စစ်မြေပြင်တွင် မည်သည့်အခါကမျှ အသုံးမပြုရသေးသည့် ဂျီသရီး (G-3) မောင်းပြန်ရိုင်ဖယ်များကို ကိုင်ဆောင်ထားသည်။ တပ်ရင်း (၄)သည် ဗိုလ်နေဝင်း၏ ကိုယ်ရံတော်အထူးတပ် ဖြစ်သည်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမြင့်နှင့် နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီး စိန်လွင်တို့ပါ ရောက်ရှိလာကြသည်။ ကျောင်းသားတွေကလည်း ဓမ္မာရုံတည့်တည့် အမရဆောင်ရှေ့မှ တံခါးကို ပိတ်လိုက်လေသည်။ ထို့ကြောင့် ကျောင်းသားနှင့် စစ်တပ်ကြားတွင် အောက်ခြေ နှစ်ပေ ခန့် အုတ်မြစ်ပေါ်တွင် အုတ်တိုင်နှင့် သံတိုင်စိုက် ဝန်းထရံသာ ခြားနေတော့သည်။

ထိုအချိန်တွင် အခြေအနေမှာ ငြိမ်သက်သွား၍ ကျောင်းသားများက တက္ကသိုလ်မြက်ခင်းပြင်ပေါ်တွင် ဝိုင်းဖွဲ့ စကားပြောသူကပြော၊ ထိုင်သူကထိုင်၊ ဝရန်တာရှေ့ ထွက်ကြည့်သူက ကြည့်နှင့် ပုံသဏ္ဍာန်အမျိုးမျိုး ရှိနေကြသည်။ ထို့နောက် တကသအဆောက်အဦး ရှေ့တွင် ဟောပြောပွဲများ ကျင်းပကြပါတော့သည်။ စကားပြောသူပြော၊ လှဲသူ က လှဲနေကြသည်။ စစ်သားများလည်း အေးအေးဆေးဆေး ဖြစ်သွားသည်။ ထိုသို့ ငြိမ်သက်နေချိန်တွင် နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီး သန်းစိန်ကား ရောက်လာပြီး တံခါးဝတွင် ဒုဗိုလ်မှူးကြီး လှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင်တို့နှင့် ရပ်ကာ စကားပြောနေသည်ကို မြင်ကြရသည်။ (၁၀) မိနစ်ခန့် အကြာတွင် ဗိုလ်မှူးကြီးသန်းစိန် ကားနှင့် ပြန်လည်ထွက်ခွာသွားလေသည်။ ဗိုလ်မှူးကြီး သန်းစိန်ထွက်ခွာသွားပြီး မကြာမီတွင်ပင် ဗိုလ်မှူးကြီး မင်းသိန်း ဂျစ်ကားနှင့်ရောက်လာလေကာ စိန်လွင်လက်ထဲသို့ စာရွက်တရွက်ထည့်ပေးကာ ထွက်ခွာသွားလေသည်။ လှမြင့်နှင့် စိန်လွင်သည် ထိုနေရာရှိ တပ်မှူးများအားခေါ်၍ ခေါင်းချင်းရိုက်တိုင်ပင်လေသည်။ ထို့နောက် တပ်မှူးများက လက်ကိုဝိုင်း၍ သုံးကြိမ် ဝှေ့ရမ်းပြသောအခါတွင်ကား အသင့်နေရာယူထားသော စစ်သားများသည် စစ်မြေပြင်မှရန်သူကို ချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတစလျှောက်ရှိ ကျောင်းသားထုထဲသို့ တရစပ်ပစ်ခတ်ကြလေသည်။

ပစ်ခတ်မှု

ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားတော်တော်များများသည် မင်သက်မိလျက် နေရာမှာပင် အသက်ပျောက်ခဲ့ရလေသည်။ အချို့မှာလည်း ပြေးရင်းလွှားရင်း ထိမှန်ကုန်ကြသည်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အဆောင်များပေါ်သို့ တက်ပြေးကြလေသည်။ ထိုသို့တက်ပြေးသူများအား စစ်သားများက ဒူးထောက်၍ မလွတ်တမ်း ပစ်ခတ်သောကြောင့် မန္တလေးဆောင် လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့ရပေသည်။ ဘေးဘက်ရှိ စာကြည့်တိုက်ဝန်းထဲမှ ရပ်ကြည့်သူများကိုပါ ပစ်ခတ်ခဲ့သောကြောင့် စာကြည့်တိုက်ဝန်းပင်တွင် သေဆုံး ဒဏ်ရာရသူ (၄၀) မျှရှိသည်။ မောင်းပြန်သေနတ်များနှင့် ၃-၄ မိနစ်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အချို့မှာ သမဂ္ဂအဆောက်အဦး အတွင်းထဲသို့ ခိုဝင်ကြသည်။ ပြီးနောက် ဒဏ်ရာရကျောင်းသားများကိုပါ သမဂ္ဂအဆောက်အဦးအတွင်းသို့ ရွှေ့ပြောင်းလာကြသည်။
တကသရင်ပြင်ရှေ့ရှိ ဆန္ဒပြကျောင်းသားများကို ပစ်ခတ်ခြေမှုန်းပြီးနောက် ကျောင်းဆောင်အခန်းများကို တခန်းချင်း ဝင်ရောက်ရှင်းကြပြန်သည်။ သို့သော် သမဂ္ဂအဆောက်အဦးကိုမူကား ဒဏ်ရာရကျောင်းသားများကို သယ်ပြီးလျှင် ပြတင်းပေါက်များအားလုံးကို အလုံပိတ်လိုက်တာကြောင့် ဝင်မရှင်းနိုင်ဘဲ ဝိုင်းရုံသာ ဝိုင်းထားလိုက်ကြရသည်။ ထိုဆန္ဒပြပွဲကြီးကို နှိမ်နင်းဖြိုခွဲရန်အတွက် "လုံခြုံရေး ကော်မတီ"ကို ဗိုလ်နေဝင်းက ဖွဲ့ပေးခဲ့ခြင်းဖြစ်သည်။ ထိုကော်မတီကို ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး သန်းစိန်နှင့် ဒု-ရဲချုပ် ဘအေးတို့ ပါဝင်ခဲ့သည်။ ထိုကော်မတီအဖွဲ့ဝင်များသည် အသံလွှင့်ရုံတွင် ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲခဲ့ကြသည်။

ညပိုင်းတွင် ကျောင်းသားများကို ပစ်ခတ်နှိမ်နင်းခဲ့သော စစ်ဗိုလ်ကြီးများသည် နန်ကင်းဟော်တယ်က အစားအသောက်များ မှာယူ၍ အောင်ပွဲခံစားပွဲသောက်ပွဲများ ကျင်းပခဲ့ကြသည်။ ထိုသို့ စားသောက်အပြီး၌ ဗိုလ်လှဟန်နှင့် ဗိုလ်အောင်ကြီးတို့သည် ဗိုလ်နေဝင်းထံ သတင်းပို့ရန် ထွက်လာခဲ့ကြသည်။ လမ်း၌ အင်းယားကန်ဟော်တယ် အဝင်ဝရှိ ပါမောက္ခဦးကာ၏အိမ်သို့ ဝင်၍ ဦးကာနှင့် ကျောင်းသားဆန္ဒပြမှု အခြေအနေများကို စုံစမ်း၊ ဆွေးနွေးတိုင်ပင် စကားစမြည်ပြောခဲ့ကြသည်။ ထိုအခါ ဗိုလ်လှဟန်က သမဂ္ဂကိုခွဲရန် သူတို့အမိန့်ရထားကြောင်း ပြောသည်။ ထိုအခါ ဗိုလ်အောင်ကြီးက "ဟာ ခင်ဗျားတို့ ခွဲဖို့အမိန့်မပေးလိုက်နဲ့အုံး၊ ကျနော် ဥက္ကဌကြီးကို ပြောအုန်းမယ်"ဟု ပြန်ပြောခဲ့သည်။ ထို့နောက် ဗိုလ်နေဝင်းထံသို့ ဆက်သွားခဲ့ကြသည်။ ဗိုလ်နေဝင်းထံသို့ ရောက်သောအခါ ဗိုလ်လှဟန်က အခြေအနေအရပ်ရပ်ကို အစီရင်ခံသည်။ ဗိုလ်အောင်ကြီးကတော့ ဘာမှမပြောဘဲ ပြန်သွားခဲ့ကြသည်။

အသံလွှင့်ရုံရောက်သောအခါ ဥက္ကဌကြီးက "OK" ဟု ပြောလိုက်ကြောင်း ဗိုလ်အောင်ကြီးက ပြောခဲ့သည်။ အမှန်မှာ ကျောင်းသားများ ကျောင်းသားသမဂ္ဂအဆောက်အဦးထဲသို့ ဝင်ခိုသွားကြောင်း သတင်းပို့ပြီးသားဖြစ်သည်။ ထိုအချိန်သည် ကွန်မြူနစ်များက ကျောင်းသားများအတွက် လက်နက်များပို့ပေးထားကြောင်း ကွန်မြူနစ်များ၏ မြေပေါ်ဌာနချုပ်သည် သမဂ္ဂအဆောက်အဦးဖြစ်ကြောင်း သတင်းများထွက်နေခဲ့သည်။ ထိုအခြေအနေအား ဗိုလ်အောင်ကြီးက ၈၊ ၇၊ ၁၉၉၈ VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူများရှိကြောင်း၊ လူနာများအထဲဆွဲသွင်းကာ တံခါးပိတ်သွားသည် ဆိုသောကြောင့် ညနေစောင်း၍ အပေါ်က ပစ်ခတ်ပါက မိမိတို့လူသေမည် ဖြစ်သောကြောင့် အသေမခံဘဲ ရက္ခိုင်းလက်ဂန်းနှင့် သမဂ္ဂကို ဥက္ကဌကြီးက ပစ်ခိုင်းကြောင်း ပြောကြားခဲ့သည်။

ကျောင်းသားသမဂ္ဂ အဆောက်အဦးအား မိုင်းဖြင့်ခွဲခြင်း

ဤအကြောင်းပြချက်မှာ တော်လှန်ရေးကောင်စီ၏ ကုလားဖန်တခုသာ ဖြစ်သည်။ အမှန်မှာ သမဂ္ဂအဆောက်အဦးအား ရက္ခိုင်းနှင့်ပစ်ရန် ဗိုလ်နေဝင်းက တော်လှန်ရေးကောင်စီအား အမိန့်ပေးခြင်းသာ ဖြစ်သည်။ သို့သော် ရက္ခိုင်းလက် ဂန်းကျည် ရှာမရသောကြောင့် ဒိုင်းနမိုက်နှင့်ကပ်ခွဲရန် ဒိုင်းနမိုက်ရှာကြပြန်သည်။ ညသန်းခေါင်းကျော်တွင် သမဂ္ဂအားဖေါက်ခွဲမည့် ဒိုင်းနမိုက်များအား ထောက်ကြံ့ပင်မ ခဲယမ်းသိုလှောင်ရုံမှ အမြောက်အမြား ရရှိခဲ့သည်။ သမဂ္ဂအဆောက်အဦးကို စိတ်ကြိုက် ဒိုင်းနမိုက်ပ်ဆင် ဖောက်ခွဲခဲ့သူမှာ အင်ဂျင်နီယာတပ်မှ ထားဝယ်သား ဗိုလ်မှူး ထွန်းရီ ဖြစ်သည်။ ဖောက်ခွဲရာတွင်လည်း လိုအပ်သောပမာဏထက် အဆပေါင်းများစွာ ပို၍သုံးခဲ့သည်။

ဒိုင်းနမိုက်အား ရန်ကုန်မြို့ကဲ့သို့နေရာမျိုးတွင် ဖောက်ခွဲရန် အနည်းဆုံး ဗိုလ်မှူးကြီးအဆင့်တဦး လက်မှတ်ထိုးထားသည့် ဖောက်ခွဲမှုစာချွန်လွှာ ပေးမှသာ တရားဝင်သည်။ သို့သော် ဗိုလ်နေဝင်းမှ ဗိုလ်ကျော်စိုးဆီသို့ ဖောက်ခွဲဖို့ နှုတ်မိန့်ပေးခဲ့သည်။ တဖန် ဗိုလ်ကျော်စိုးမှ ဗိုလ်ထွန်းရီကို နှုတ်မိန့်ပေးပြန်သည်။ ထိုအခါ ဗိုလ်ထွန်းရီသည် ဒိုင်းနမိုက်များ တပ်ဆင်ပြီးသော်လည်း တရားဝင်အမိန့်ပေးသော စာချွန်လွှာမရှိသည့် အတွက် အခက်တွေ့လျက်ရှိသည်။ ထိုအချိန်တွင် တပ်မတော်စစ်မင်းကြီး ဘဦး(ခ)မင်းသိမ်းမှ (မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးရန် ပြောသဖြင့်) ဖောက်ခွဲမှုစာချွန်လွှာကို လက်မှတ်ဝင်ထိုးပေးခဲ့သည်။ ထိုအခါမှ ဗိုလ်ထွန်းရီသည် သမဂ္ဂအဆောက်အဦးတွင် အသင့်တပ်ဆင်ထားသော ဒိုင်းနမိုက်များကို ဇူလိုင်(၈)ရက် မနက်(၃)နာရီခွဲ (၄)နာရီခန့်တွင် ဖောက်ခွဲလိုက်လေသည်။

လွတ်မြောက်သူများ

သမဂ္ဂအဆောက်အဦးကြီးတွင် ဘကြီးကံသိန်း၏ သမဂ္ဂ ဆံပင်ညှပ်ဆိုင်နှင့် စားသောက်ဆိုင်ရှိပါသည်။ ဘကြီးကံသိန်းဆိုသူသည် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ် အောင်ဆန်းတို့ သမဂ္ဂခေတ်များမှတိုင် ရှိနေသူဖြစ်သည်။ ထိုအချိန်တွင် သမဂ္ဂစားသောက်ဆိုင် တင်ဒါရ၍ ဖွင့်နေသူမှာ ပန်းချီ ဦးနန်းဝေ ဖြစ်သည်။ ၎င်းတို့မိသားစုများပါ သမဂ္ဂတွင် နေထိုင်ကြသည်။ ထိုဇူလိုင်လ (၇) ရက်နေ့ည (၁၁) နာရီ ခန့်တွင် စစ်တပ်မှ စစ်ဗိုလ်များက ဦးကံသိန်း နှင့် ဦးနန်းဝေတို့၏ အမည်များကို လက်ကိုင် အသံချဲ့စက်များနှင့် အော်ခေါ်ကြသည်။

ထို့နောက် သမဂ္ဂအဆောက်အဦးမှ မိသားစုများနှင့်အတူ ထွက်ပေးရန်ပြောသည်။ ဦးကံသိန်းနှင့် ဦးနန်းဝေတို့မှ "ညကြီးသန်းခေါင် ကားရှာမရမည်စိုး၍ မနက်မှ ထွက်ပါရစေ" ဟု တောင်းပန်သော်လည်း လက်မခံဘဲ "ညတွင်းချင်း လူချဉ်းသာထွက်ရမည်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမည်၊ ယူနီယံထဲတွင် မသမာသူများ ခိုအောင်းနေနိုင်၍ အပြတ်ရှင်းမည်" ဟု ပြောခဲ့သည်။ ထိုအခါ ဦးကံသိန်းတို့လည်း မိသားစုနှင့် ခြေလွတ်လက်လွတ် ညတွင်းချင်းထွက်ခဲ့ရလေသည်။ မကြာမီ ဇူလိုင်လ (၈) ရက်နေ့ လင်းအားကြီးတွင် ကျောင်းသားထုပိုင်ဆိုင်သော ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်လေတော့သည်။

စိန်ခေါ်မှု

ထိုနေ့ည (၇)နာရီအချိန် မြန်မာ့အသံရေဒီယိုမှ အသံလွှင့်သောအခါ ဗိုလ်နေဝင်းက "၎င်း တိုင်းပြည်ကို တာဝန်ယူသည့်အချိန်တွင် တက္ကသိုလ်ကျောင်းသားများ၏ စည်းမဲ့ကမ်းမဲ့ဘဝကို ပြုပြင်ရမည့်တာဝန်ပါ ကျရောက်နေသောကြောင့် တပ်မတော်၏ အင်အားတစိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်သည်" ဟု ပြောကြားခဲ့သည်။ ထို့အပြင် "ယခုဖြစ်ပျက်သောကိစ္စသည် ကျောင်းသားကိစ္စတခုတည်းသာမက နိုင်ငံရေးအမှောင့်ပယောဂများ ဖမ်းစားသည်ကို ရိပ်စားမိကြောင်း၊ ၎င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင်လုပ်နေကြလျှင် ၎င်းအနေဖြင့် နောက်ထပ် မည်သည်ကိုမျှ ထပ်မပြောလိုကြောင်း၊ ဓါးကို ဓါးခြင်း လှံကို. လှံချင်း ရင်ဆိုင်ရန်သာ ရှိတော့ကြောင်း" ထပ်မံစိန်ခေါ်ခဲ့လေသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရမှ သတင်းထုတ်ပြန်ရာတွင်လည်း ကျောင်းသား(၁၇)ဦးသာ သေဆုံးကြောင်း ကြေညာခဲ့သည်။ အမှန်မှာ မန္တလေးဆောင်တခုထဲတွင်ပင် စာရင်းအရ (၁၇)ဦး သေဆုံးခဲ့သည်။ မြောင်းမြသား ကျောင်းသား ကိုကျော်ဝင်းမှ ၎င်း၏ခန္ဒာကိုယ်မှ သွေးနှင့် မန္တလေးဆောင်နံရံတွင် "၇-၇-၆၂ မမေ့ကြနဲ့" ဟုရေးသွားခဲ့သည်။

မှတ်ချက်

၁၉၆၃ ဇူလိုင်လ ကျောင်းများပြန်အဖွင့်တွင် သမဂ္ဂအဆောက်အဦးနေရာ၌ ယာယီတဲဖြင့် သမဂ္ဂကို ပြန်လည်တည်ထောင်ကြသည်။ ဗိုလ်အောင်ကျော်ကျောက်တိုင်နှင့်အတူ အလျား (၇၇)လက်မ၊ အနံ (၆၂)လက်မရှိ ကျောက်တိုင်တခု ပြုလုပ်၍ ၇၊ ၇၊ ၁၉၆၂ တွင် ကျဆုံးခဲ့သောကျောင်းသား ရာကျော်အတွက် ရည်စူးကာ "ရာကျော်ကျောက်တိုင်" ဟု အမည်တွင်စေခဲ့သည်။ ထို "ရာကျော်ကျောက်တိုင်" ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ "ဒီအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရပါဘူး" ဟု မိန့်ကြားခဲ့သည်။ သို့သော် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲများဖြစ်ပေါ်၍ ကျောင်းများပြန်ပိတ်သောအခါ ရာကျော်ကျောက်တိုင်နှင့်အတူ သမဂ္ဂယာယီတဲ အဆောက်အဦးလည်း ထပ်မံဖျက်ဆီးခံခဲ့ရသည်။

By .. M.O.Encyclopedia

photos credit to original uploader

▪️ဆဲဗင်းဇူလိုင် အရေးတော်ပုံနှင့်ပတ်သက်၍ (အပိုင်း ၂)---ထို့နောက် ၁၉၆၂ ဇူလိုင် (၈) ရက်နေ့  နံနက် ဝေလီဝေလင်းအချိန်ကို သမိုင...
03/07/2020

▪️ဆဲဗင်းဇူလိုင် အရေးတော်ပုံနှင့်ပတ်သက်၍ (အပိုင်း ၂)

---

ထို့နောက် ၁၉၆၂ ဇူလိုင် (၈) ရက်နေ့ နံနက် ဝေလီဝေလင်းအချိန်ကို သမိုင်းဝင်တကသ အဆောက်အဦးကို ဒိုင်းနမိုက်နှင့် ဖောက်ခွဲ ဖြိုချဖျက်ဆီးလိုက်ကြသည်။ ယင်းသို့ ပြုလုပ်ပြီးနောက် ကျောင်းသားများအား “ဓားကို ဓားနဲ့၊ လှံကို လှံနဲ့ ရင်ဆိုင်ဖို့ပဲရှိပါတယ်”လို့ (၈) ရက်နေ့ မနက်တွင် ဗိုလ်နေဝင်းသည် ကြေညာခဲ့သည်။ တကသအဆောက်အဦဖြိုချပြီးသည့်နောက် တကသအဆောက်အဦနှင့် ပတ်သက်၍ ဗိုလ်နေဝင်းက “ပုန်ကန်မှုလှုံ့ဆော်ရာ အဆောက်အဦ၊ အနုနည်းနှင့် ပုန်ကန်ရာဌာန၊ လျှို့ဝှက် ဆက်သွယ်ရေးစခန်း” စသည်ဖြင့် မဟုတ်တမ်းတရားစွပ်စွဲပြောဆိုခဲ့သည်။
၁၉၆၂ ဇူလိုင် (၈) ရက်နေ့တွင် မန္တလေးတက္ကသိုလ်တွင် ကျောင်းသား (၁၂) ဦးကို ဖမ်းဆီးလိုက်သည်။ မန္တလေးတက္ကသိုလ်တွင် လှုပ်ရှားမှုတစုံတရာမဖြစ်စေရန် ကြိုတင်ကာကွယ်သည့်သဘောဟု အကြောင်းပြသည်။ ကျောင်းသားများသည် အဖျက်လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် မန္တလေးတက္ကသိုလ်ကို ရက့်အကန့် အသတ်မရှိ ပိတ်ပစ်လိုက်ပြီဟူ၍ မန္တလေးတက္ကသိုလ်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။ တက္ကသိုလ်နှင့် ဥပစာကောလိပ်များကို ပညာရေးဌာနက နောက်ထပ်မကြေညာမချင်း ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ဇူလိုင် (၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ မန္တလေးတက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အဦကိုလည်း ဇူလိုင် (၁၉) ရက်နေ့တွင် ဖျက်ဆီးလိုက်သည်။ ထိုအဆောက်အဦကိုမူ သမဂ္ဂရန်ပုံငွေထဲမှ သုံး၍ ကပ်မိုးကာတင်နှင့် ဆောက်ထားခြင်းဖြစ်သည်။

သေဆုံးစာရင်းနှင့် ဒဏ်ရာရရှိသူစာရင်း
ဇူလိုင် (၇) အရေးအခင်းနှင့် ပတ်သက်၍ သေဆုံးဒဏ်ရာရစာရင်းကို ယခုချိန်ထိ အတိအကျ စာရင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ရန်ကုန်ဆေးရုံကြီးသို့ သေဆုံးဒဏ်ရာရ (၈၆) ယောက် ရောက်လာပြီး (၁၇) ယောက်သေဆုံး၍ ကျန်လူများသည် ဒဏ်ရာများရရှိခဲ့သည်ဟု ဇူလိုင် (၉) ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် ဆေးရုံအုပ်ကြီးက ပြောကြားခဲ့သည်။ စစ်ဆေးရုံးသို့ သေဆုံးဒဏ်ရာရ (၆၈) ယောက် ရောက်ရှိသည်ဟု စစ်သူနာပြုအမျိုးသမီး၏ ပြောကြားချက်အရ သိရသည်ဟု ဆိုသည်။ မြန်မာ့အသံ၏ ကြေညာချက်အရ သေဆုံးသူ(၁၀)ယောက်ရှိပြီး ဒဏ်ရာရသူ (၃၇) ယောက်ရှိသည်ဟု ဆိုထားသည်။ ကျောင်းသားများဘက်မှ သေဆုံးသူရာကျော်သည်ဟု ဆိုကြသည်။ ဒေါက်တာခင်မောင်ဝင်း(ဗိုလ်နေဝင်းခေတ် - ပညာရေးဝန်ကြီးတဦး)၏ ပြောဆိုချက်အရ မန္တလေးဆောင်တဆောင်တည်းမှာပင် သေဆုံးသူ (၁၆) ယောက် ဖြစ်သည်ဟု ဆိုထားသည်။ အဲ့ဒီအခါက ကျောင်းဆောင်ဌာန၏ ကျောင်းဆောင်နေခွင့် ထုတ်ပြန်ချက်မူအရ သေဆုံးသွားသည့် ကျောင်းသားစာရင်း အမှန်ကို ဖုံးဖိထားနိုင်သည်ဟု ဆိုသည်။

ဇူလိုင် (၇) အရေးအခင်းနောက်ပိုင်း
ဇူလိုင် (၇) အရေးတော်ပုံပြီးနောက် တနှစ်နီးပါးကာလတွင် ကျောင်းသားအခွင့်အရေး ကာကွယ်မှုကော်မတီက တာဝန်ခံဆောက်ရွက်ခဲ့သည်။ ၁၉၆၂ ဒီဇင်ဘာ (၂၀)ရက်နေ့ ဗိုလ်အောင်ကျော်နေ့တွင် ခြင်္သေ့တံခါးမကြီးကို ပိတ်ပစ်လိုက်ပြီး ဗိုလ်အောင်ကျော် ရုပ်ပုံကို တံခါးဝထိပ်တွင် ချိတ်ဆွဲထားလိုက်ကြသည်။ (၁၉၆၃ ဧပြီ ၁ ရက်နေ့တွင် ကျောင်းတွင် နောက်ဆုံးကျန်ရစ်သည့် ဦးဆောင်ကျောင်းသားများက ခြင်္သေ့တံခါးမကြီးကို ပြန်ဖွင့်ပေးခဲ့သည်။) အရေးတော်ပုံ (၇) လပြည့် ၁၉၆၃ ဇန်နဝါရီ ၇ ရက်နေ့တွင် သံဃာတော်များပင့်ဖိတ်ဆွမ်းကျွေး၍ ရေစက်ချအမျှဝေခဲ့ကြသည်။ ၁၉၆၃ ဇန်နဝါရီ ၁၄ ရက်နေ့တွင် “ရာကျော်ကျောက်တိုင်”ကို စိုက်ထူခဲ့ကြသည်။ စက်မှုကျောင်းသားများက တာဝန်ခံပြီး အပြီးဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။ အောက်ခြေပတ်လည် ၆၂ လက်မ၊ အမြင့် ၇ ပေ ၇ လက်မရှိသည်။ မမေ့အပ်သော ၇.၇.၆၂ ကို အမှတ်အသားပြုထားခြင်းဖြစ်သည်။ “ရာကျော်ကျောက်တိုင်”တွင် “ကျောင်းသားရာကျော်ကို စတေး၍ ရပ်တည်ခဲ့ရသည်။ အရေးတော်ပုံကျောက်တိုင် ကမ္ဘာတည်သရွေ့ တည်စေသော်”ဟု စာသားရေးထိုးထားသည်။ ၁၉၆၃ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ရာကျော်ကျောက်တိုင်ဖွင့်ပွဲနှင့် ဖက်ဆစ်အလောင်းကောင်မီးရှို့ပွဲကို ကျောင်းသားအခွင့်အရေးကော်မတီက ဦးဆောင်ကျင်းပခဲ့သည်။ ၁၉၆၃ မတ်လ ၁၀ ရက်နေ့တွင် ဦးဆောင်သူကျောင်းသားများက ဇူလိုင် (၇) အရေးတော်ပုံနှင့်ပတ်သက်၍ ဗိုလ်နေဝင်း စစ်အစိုးရ၏ ရက်စက်ယုတ်မာမှုများကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆီသွားရောက်၍ ရှိခိုးတင်ပြကြသည်။ ဆရာကြီးက “သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး”ဟု ပြန်ပြောခဲ့သည်။ သမဂ္ဂကြီး (၃) ခု (ဗကသ၊ ရကသ၊ တကသ) တို့က တနှစ်ပြည့်ဓာတ်ပုံပြပွဲအမီ ယာယီသမဂ္ဂအဆောက်အဦတခုကို အမြန်ဆုံးတည်ဆောက်ခဲ့ကြသည်။ အလျား ပေ ၂၀၀၊ အနံ ပေ ၂၀ ရှိ၍ ဝါးဓနိများဖြင့် ဆောက်လုပ်ခဲ့ကြသည်။ ၁၉၆၃ နိုဝင်ဘာ ၁၄ ရက်နေ့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သည်။ တနိုင်ငံလုံးရှိ နိုင်ငံရေးသမား ၃၀၀၀ ခန့် ဖမ်းဆီးခံရသည်။ ကျောင်းသားသမဂ္ဂခေါင်းဆောင်များလည်း ဖမ်းဆီးခံရသည်။ ၁၉၆၈ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများအား ဒုတိယအကြိမ် ကိုးကိုးကျွန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုအထဲတွင် ကျောင်းသားခေါင်းဆောင် (၄၁) ယောက် ပါဝင်သည်။ နိုဝင်ဘာ ၁၄ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားသွားပြီးနောက် ရာကျော်ကျောက်တိုင်နှင့် ထပ်မံတည်ဆောက်လိုက်သည့် သမဂ္ဂအဆောက်အဦတို့ ဖျက်ဆီးခံလိုက်ရသည်။ ဇူလိုင် (၇) ရက်နေ့ အရေးတော်ပုံနှင့် ပတ်သက်၍ ဗိုလ်နေဝင်းနှင့် ၎င်း၏ အပေါင်းအပါများသည် ဟိုလူ့အပြစ်ရှိသည်၊ ဒီလူ့အပြစ်ရှိသည်ဆိုပြီး တဦးကို တဦးလွဲချကြသည်။ မည်သို့ပင်ဆိုစေကာမူ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် အုပ်စုက ကျူးလွန်ခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းတို့ အားလုံးသည် ကျောင်းသားရာကျော်သတ်ဖြတ်မှုနှင့် သမဂ္ဂအဆောက်အဦဖျက်ဆီးမှုတို့ကို ကျူးလွန်ခဲ့ကြသည်။

မပြီးပြတ်သေးတဲ့ 7 July တိုက်ပွဲ
ဇူလိုင် (၇) ရက်နေ့ အရေးတော်ပုံသည် စစ်အာဏာသိမ်းပြီး (၄) လ အကြာတွင် စစ်အာဏာရှင်အစိုးရ၏ မျက်နှာဖုံးကို ခွာချပစ်လိုက်သည့် အရေးတော်ပုံကြီးဖြစ်သည်။ ပထမဆုံးသော စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ကျောင်းသားတိုက်ပွဲဖြစ်သည်။ ယခုတိုင် ယင်းတိုက်ပွဲသည် မပြီးဆုံးသေးပေ။ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးတိုက်ပွဲသည် ပြီးဆုံးခြင်းမရှိသေးသည်ကို အထူးပြောစရာလိုအပ်မည်ဟု မထင်ပါ။ စစ်အာဏာသိမ်းပြီးခါစမှသည် ယနေ့အချိန်ထိ စစ်တပ်၏ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများကို အထူးပြောစရာ လိုအပ်မည်ဟု မထင်ပါ။ စစ်အာဏာရှင်စနစ်သည် ယနေ့အချိန်ထိ အားကောင်းမောင်းသန် တည်ရှိနေတုန်း ပင်ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရဦးမည်သာ ဖြစ်ပါကြောင်း။

ကိုးကား
-7th July အရေးတော်ပုံမှတ်တမ်း (ယဉ်ထွန်း)
-ဥဒါန်းမကြေ (အောင်စောဦး)
-အမှောင်ကြားက ဗမာပြည် (ဝင်းတင့်ထွန်း)
-မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ထွန်း)

ကျော်ဝန

(အပိုင်း ၁) - https://www.facebook.com/104024000958151/posts/292847548742461/?d=n

Ref: University of Yangon Student's Union

▪️ဆဲဗင်းဇူလိုင်အရေးတော်ပုံနှင့် ပတ်သက်၍…---ရင်ပြင်နီ အဓိပတိလမ်းသို့ ဝင်ဝင်ချင်း ညာဘက်တွင် သစ်ပင်များအစီအရီစိုက်ထားသော မြ...
03/07/2020

▪️ဆဲဗင်းဇူလိုင်အရေးတော်ပုံနှင့် ပတ်သက်၍…
---
ရင်ပြင်နီ
အဓိပတိလမ်းသို့ ဝင်ဝင်ချင်း ညာဘက်တွင် သစ်ပင်များအစီအရီစိုက်ထားသော မြေကွက်တခုကို တွေ့ရသည်။ ထိုထဲတွင် အဓိပတိလမ်းကို မျက်နှာမူထားသည့် ကျောက်တိုင်တတိုင်စိုက်ထူထားသည်။ ထိုကျောက်တိုင်သည် ဗိုလ်အောင်ကျော်ကျောက်တိုင်ဖြစ်သည်။ နယ်ချဲ့ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်အား ရည်စူး၍ စိုက်ထူထားသည့် ကျောက်တိုင်ဖြစ်သည်။ ထိုမြေကွက်ကို သာမန်ကြည့်လိုက်လျှင်မူ ဗိုလ်အောင်ကျော်ကျောက်တိုင်နှင့် သစ်ပင်များအစီအရီစိုက်ထားသည်ကိုသာ တွေ့ရသည်။ စင်စစ်မှာတော့ ထိုမြေကွက်တွင် ၎င်းအချင်းအရာများသာ ရှိသည် မဟုတ်ပါ။ ထိုမြေကွက်ကို အသေအချာကြည့်လိုက်လျှင်မူ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း၊ လွတ်လပ်ရေးသမိုင်း၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမိုင်းများအပြည့်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။ ဗမာ့ လွတ်လပ်ရေးအတွက် အကြံ့ခိုင်ဆုံးနိုင်ငံရေးမျိုးဆက်တဆက်ကို မွေးထုတ်ပေးခဲ့သည့်၊ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့်ဒီမိုကရေစီရေးတို့အတွက် နိုင်ငံရေးမျိုးဆက်များကို မွေးထုတ်ပေးခဲ့သည့် သမဂ္ဂအဆောက်အဦ သည်လည်း ၁၉၆၂ ဇူလိုင် ၈ ရက်နေ့မနက် မတိုင်ခင်အထိ ရှိနေခဲ့သည်။ ယခုတော့ သမဂ္ဂအဆောက်အဦ မရှိတော့ပေ။ သမဂ္ဂအဆောက်အဦမရှိတော့သည့်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်သည် သမဂ္ဂ ကျောင်းသားတို့တွင် ဆက်လက်ရှိနေပေသေးသည်။ ထိုမြေကွက်ကို သာမန်အကြည့်နှင့် ကြည့်လျှင်တော့ ထိုအချင်းအရာများကိုသာမက တရားနှင့်ဖြေသော် မကြေသည့်သမိုင်းတခုကိုလည်း တွေ့မြင်နိုင်မည် မဟုတ်။

တရားနှင့်ဖြေသော် မကြေသည့် သမိုင်း (သို့) 7th July
၁၉၆၂ မတ် ၂ ရက်နေ့တွင် “ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုး များကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း” ဗိုလ်နေဝင်းက ကြေညာလိုက်သည်။ မေလ ၉ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေနှင့် မန္တလေးတက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေများကို ပြဌာန်းလိုက်သည်။ ဗိုလ်နေဝင်းသည် တက္ကသိုလ်ကောင်စီဝင်လူကြီးများကို ခေါ်တွေ့၍ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောကြားသည်။ ၎င်း၏ အကြောင်းပြချက်မှာ ‘ဆရာလောက၊ ကျောင်းသားလောကပါ နိုင်ငံရေးပယောဂတွေ ဝင်နေပြီ’ ဟူ၍ ဖြစ်သည်။ တက္ကသိုလ် ကောင်စီအဖွဲ့တွင် ပါဝင်သော ကျောင်းသားကိုယ်စားလှယ်နှစ်ယောက်ကိုလည်း ထုတ်ပယ်ပစ်လိုက်သည်။ ၁၉၆၂ မေလ ၁၇ ရက်နေ့တွင် စစ်ဗိုလ်လေးဦးနှင့် ပါမောက္ခချုပ်ဦးကာတို့ပါဝင်သော တက္ကသိုလ်ကောင်စီကို စစ်အာဏာရှင်တို့အလိုကျ ပြန်လည်ဖွဲ့စည်းလိုက်သည်။ (မေလ ၁၁ ရက်နေ့တွင် ပါမောက္ခချုပ်ဒေါက်တာသာလှ နုတ်ထွက်သွားသည်။ ၎င်း၏နေရာတွင် ဗိုလ်နေဝင်း၏ ဆရာအရင်းဖြစ်သော ဦးကာကို ခန့်အပ်လိုက်သည်။)
၁၉၆၂ မေ ၂၆ တွင် စာမေးပွဲမေးခွန်းပေါက်ကြားမှုကို အကြောင်းပြ၍ ရန်ကုန်မြို့ရှိ အလွတ်ပညာသင် ကျောင်း (၅) ကျောင်းကို ပိတ်ပစ်ခဲ့သည်။ ဇွန် ၁၈ ရက်နေ့တွင် မတရားအဆောင်စည်းကမ်း(၂၂)ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုစည်းကမ်းများသည် အကျဉ်းထောင်နှင့် မခြား။ ည (၈) နာရီထိုးလျှင် အဆောင် တံခါးပိတ်၊ အပြင်လုံးဝမထွက်ရ၊ ကိုယ့်အခန်းတွင် ထိုင်၍ စာကြည့်နေရမည်။ မတွေ့လျှင် အခန်းတွင် မရှိဟု ယူဆပြီး အရေးယူမည်။ ထမင်းစားချိန်ကို မနက် ၇ နာရီခွဲမှ ၁၀ နာရီအထိ၊ ညစာကို ညနေ ၆ နာရီမှ ကျွေးမည်။ သက်သက်လွတ်စားလျှင် တရက်နှစ်ရက်မစားရ၊ တနှစ်ပတ်လုံး သက်သက်လွတ် စားရမည် စသည်တို့အပြင် စည်းကမ်းတပိုဒ်ဆုံးတိုင်း စည်းကမ်းဖောက်ဖျက်လျှင် ကျောင်းမှ ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။
၁၉၆၂ ဇူလိုင် ၃ ရက်နေ့တွင် ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂက ကြီးမှူး၍ ဆန္ဒပြပွဲတရပ်ကို တက္ကသိုလ်အတွင်း ကျင်းပခဲ့သည်။ တန်းမြင့်ကျောင်းထွက်စာမေးပွဲဖျက်သိမ်းမှုကို ကန့်ကွက်ပြီး စာမေးပွဲ အောင်စာရင်းများ ထုတ်ပေးရန်၊ မေးခွန်းပေါက်ကြားမှုအတွက် သက်ဆိုင်သည့်အရာရှိများကို အရေးယူပေးရန်၊ ကမောက်ကမပညာရေးစနစ်ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြသည်။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်ကိုလည်း တောင်းဆိုခဲ့ကြသည်။ ထို့နောက် ဆန္ဒပြပွဲကို သမဂ္ဂအဆောက်အုံရှေ့တွင် ရုပ်သိမ်းခဲ့ကြသည်။
ဇူလိုင် ၆ ရက်နေ့ ညတွင် ရွှေဘိုဆောင်စာဖတ်အသင်းအစည်းအဝေးအပြီးတွင် အဆောင်စည်းကမ်းသစ် များအား မခံမရပ်နိုင်သူတွေက စတင်၍ အော်ဟစ်ပြောဆိုလာကြသည်။ ကြွေးကြော်သံများ တိုင်ကြသည်။ အဆောင်မှူးများက တံခါးဖွင့်ခွင့် မပေးသော အခါ လူအားနှင့် အဆောင်တံခါးများကို တွန်းဖွင့်ကြသည်။ သမဂ္ဂခေါင်းဆောင်များသည် အခြေအနေကို ထိန်းသိမ်းလျှက် ဇူလိုင် ၇ ရက်နေ့တွင် တင်သွင်းဆုံးဖြတ်မည့် အဆို ကြွေးကြော်သံများ တိုင်ပေးလိုက်သည်။ တက္ကသိုလ်အပြင်သို့ မထွက်ဘဲ ကျောင်းထဲ၌ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဇူလိုင် ၇ ရက်နေ့ နေ့လည်တွင် တကသက ကြီးမှူး၍ ကျောင်းသားထုအစည်းအဝေးခေါ်ယူခဲ့သည်။ ကျောင်းသူကျောင်းသား နှစ်ထောင်ခန့်တက်ရောက်ကြသည်။ တကသဥက္ကဌ ကိုဗဆွေလေးနှင့် ကျောင်းသား ခေါင်းဆောင်များ တယောက်ပြီးတယောက် စကားပြောကြသည်။ ထိုအစည်းအဝေးတွင် ကျောင်းဆောင် စည်းကမ်းများကို ဖျက်သိမ်းရန်၊ ကျောင်းဆောင်ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်ပေးရန်၊ ကျောင်းဆောင်လိုသူတိုင်း ကျောင်းဆောင်ရရေးအတွက် ကျောင်းဆောင်သစ်များ ဆောင်လုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ တက္ကသိုလ်ဝင်းအတွင်း စီတန်းလှည့်လည်ဆန္ဒပြရာတွင်
- မတရားစည်းကမ်းတွေ အလိုမရှိ
- မတရားချုပ်ချယ်မှုတွေ အလိုမရှိ
- ကျောင်းဆောင်တွေကို အကျဉ်းထောင်မလုပ်နဲ့
- ချုပ်ချယ်မှုတွေ အလိုမရှိ
- ကျောင်းသားထု ညီညွတ်ကြ စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။ မန္တလေးဆောင်၊ တောင်ငူ၊ ဒဂုံ၊
ရွှေဘိုဆောင်၊ အဓိပတိလမ်းအတိုင်း စီတန်းလှည့်လည်ကြပြီး တကသအဆောက်အဦရှေ့တွင် ပြန်စုသည်။ ဗကသ ဥက္ကဌကိုသက်က မိန့်ခွန်းပြောပြီး ဆန္ဒပြပွဲကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲ ၂ နာရီတွင် ကားသုံးစီးသည် သမဂ္ဂအဆောက်အအုံရှေ့ထိုးရပ်၍ ကျောင်းသားများကို လိုက်လံ ဖမ်းဆီးသည်။ အင်အား ၂၀၀ ခန့်သည် သမဂ္ဂခေါင်းဆောင်များကို သမဂ္ဂအဆောက်အဦထဲထိ လက်ရဲဇက်ရဲ ဝင်ရောက်ဖမ်းဆီးကြသည်။ စော်ကားမော်ကားဝင်ရောက်ဖမ်းဆီးခြင်းကြောင့် ကျောင်းသားများသည် မခံမရပ်နိုင် ဖြစ်လာကြသည်။ သမဂ္ဂခေါင်းဆောင်များကို ပြန်လည်လုယူကြသည်။ ရဲများကို ခဲများဖြင့် ပေါက်၍ ပြန်လည် ခုခံခဲ့ကြသည်။ ခဲပေါက်မှုများလာသောကြောင့် ရဲ(ပုလိပ်)က တက္ကသိုလ်ဝင်းထဲမှ ဆုတ်ခွာသွားကြသည်။ ထို့နောက် ကျောင်းသားများသည် အဓိပတိလမ်းခြင်္သေ့တံခါးကို ပိတ်လိုက်ကြသည်။
ညနေ(၄)နာရီခန့်တွင် သီးသန့်ရဲသား (၁၀၀)ခန့်ပါဝင်သည့် အဓိကရုဏ်းနှိမ်နှင်းရေးကား(၂)စီး နှင့် သေနတ်ကိုင်ထားသော စစ်သားများပါသည့် စစ်ကား(၅) စီးတို့ ရောက်လာသည်။ ထိုစစ်သားများသည် တပ်ရင်း(၄)မှ ဖြစ်သည်။ တပ်ရင်း(၄) ဆိုသည်မှာ ဗိုလ်နေဝင်း၏ ကိုယ်ရံတော်အထူးတပ်ရင်းဖြစ်သည်။ ညနေ (၄) လောက်တွင် သီးသန့်ရဲများက မျက်ရည်ယိုဗုံး (၇) လုံး ပစ်ဖေါက်သည်။ (၄) နာရီ (၄၅) မိနစ် လောက်တွင် မျက်ရည်ယို (၄) လုံး ထပ်ပစ်သည်။ ဆန္ဒပြမှုများနှင့်ခဲပေါက်မှုများ ဆက်ဖြစ်နေသည့်အတွက် နောက်ထပ် (၆) လုံးထပ်ပစ်သည်။ ညနေ (၅) နာရီ (၁၅) မိနစ် တွင် ရဲများကို ရုပ်သိမ်းလိုက်ပြီး စစ်တပ်ကို အစောင့်ချ ထားလိုက်သည်။ ကျောင်းသားများသည် အဓိပတိလမ်းဖက်သို့ ပေ(၂၀)ခန့် ဆုတ်သွားပြီး ပါမောက္ခချုပ်ဦးကာ၏ စကိုဒါကား စ/၆၅၉ နှင့် ကျောင်းရုံးပိုင် ဘောက်စ်ဝက်ဂွန်ကား စ/၆၂၀၃ကို လမ်းမပေါ်သို့ တွန်းလာပြီး မီးရှို့လိုက်ကြသည်။
ထို့နောက် ညနေ (၅) နာရီ (၄၀) မိနစ်ခန့်တွင် တပ်ရင်း(၄)သည် တက္ကသိုလ်ပရဝုဏ်ကို ဝိုင်းဝန်းနေရာယူထားလိုက်ကြသည်။ ၎င်းတို့သည် အသစ်စက်စက် ထုတ်လုပ်ပြီးကာစ ဂျီ(၃)၊ ဂျီ(၄) အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ်များကို ကိုင်ဆောင်ထားကြသည်။ ညနေ ၆ နာရီခန့်တွင် ကျောင်းသားများ လူစုကွဲသွားကြသည်။ သမဂ္ဂအဆောက်အဦးနှင့် မန္တလေးဆောင်ဝန်းကျင်တွင် အများဆုံး စုရုံးနေကြသည်။ အဆောင်ဝရံတာရှေ့ထွက်ပြီး ကြည့်သူက ကြည့်၊ သမဂ္ဂမြက်ခင်းပြင်တွင် ထိုင်သူက ထိုင်လျှက်ရှိကြသည်။ တပ်ရင်းမှူးက လက်ကိုဝိုင်းပြီး သုံးကြိမ်ဝှေ့ရမ်းပြပြီးတဲ့နောက်တွင် အသင့်အနေအထားယူထားသော စစ်သား များသည် ကျောင်းသားများအား စတင်ပစ်ခတ်ကြတော့သည်။ ပစ်မိန့်သည် “သုံးမိနစ်ပစ်.. နှစ်မိနစ်နား.. သုံးမိနစ်ပစ်”ဟူ၍ ဖြစ်သည်။ မောင်းပြန်သေနတ်သံများနှင့်အတူ ဒဏ်ရာရကျောင်းသားများ၏ အော်ဟစ်သံ များသည် ရောထွေးသွားတော့သည်။ စစ်သားများသည် မဲမဲမြင်ရာ အကုန်ပစ်ကြသည်။ အဓိပတိလမ်း တလျှောက်သာမက၊ တကသမြက်ခင်းပြင်နှင့် အဆောင်များအထိပါ သွေးကွက်များ ချင်းချင်းနီသွားတော့သည်။ မြောင်းမြသား ကိုကျော်ဝင်းက သေနတ်ထိမှန်ဒဏ်ရာမှထွက်သော သွေးနှင့် အဆောင်နံရံပေါ်တွင် “၇ ဇူလိုင် ၆၂ မမေ့ကြနဲ့” ဟူသော စာတမ်းကို မော်ကွန်းတင်သွားခဲ့သည်။ ကမာရွတ်အဝိုင်းကြီးနယ်မြေကို ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်သည်။ ပစ်ခက်မှု ရပ်စဲလိုက်သည်နှင့် တပြိုင်နက် ဗိုလ်နေဝင်း၏ ကိုယ်ရံတော်တပ် အထူးတပ်ရင်းဖြစ်သော တပ်ရင်း(၄)ကို ရုတ်သိမ်းလိုက်သည်။ တပ်ရင်း(၄) နေရာတွင် တပ်ရင်း (၁၀၅) ကို အစားထိုးလိုက်သည်။ တက္ကသိုလ်နယ်မြေတခုလုံးကို မီးဖြတ်၍ အမှောင်ချလိုက်သည်။ အမှောင်ထဲတွင် ကျောင်းသားအလောင်းကို စစ်တပ်က လိုက်လံကောက်ယူသည်။ လက်စဖျောက်ပစ်ရန်ဖြစ်သည်။ ကျောင်းသား ရာကျော်ကို တက္ကသိုလ်နယ်မြေထဲတွင် ရက်ရက်စက်စက်သတ်ဖြတ်လိုက်သည်။

ဆက်ရန်...

(အပိုင်း ၂) - https://www.facebook.com/104024000958151/posts/293292165364666/?d=n

Ref: University of Yangon Student's Union

Address

Pakokku/Myaing Road
Pakokku
246800

Telephone

09259833774

Website

Alerts

Be the first to know and let us send you an email when The Student's Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The Student's Voice:

Share