Hti Khoe Youth Network

Hti Khoe Youth Network ထီခိုးလိုꩻယွဲးအာႏရဲင်ꩻစွိုꩻ

29/01/2025
အခေႏအနေႏယိုစားနဝ်ꩻ အခါႏကိုကအဝ်ႏဒါႏ နီသွဥ်းသီးဒုံနဝ်ꩻတဲးတဲ့ အလွိုးကုဲင်ပြင်ꩻထိုꩻဒါႏဖူးဝေးထီခိုးသားဖုံႏကားကအဝ်ႏ အုံအဝႏသတိတ...
28/01/2025

အခေႏအနေႏယိုစားနဝ်ꩻ အခါႏကိုကအဝ်ႏဒါႏ နီသွဥ်းသီးဒုံနဝ်ꩻတဲးတဲ့ အလွိုးကုဲင်ပြင်ꩻထိုꩻဒါႏ

ဖူးဝေးထီခိုးသားဖုံႏကားကအဝ်ႏ အုံအဝႏသတိတိသွော့နော

ဝွေꩻသီးနဝ်ꩻ ထီႏလိုꩻနဝ်ꩻအာတမတ်တဝ်းဒွုမ်လိုꩻနဝ်ꩻမꩻ လဲ့သျှောင်ႏညာꩻမဥ်ႏလꩻနဝ်ꩻ သျှောင်ႏညာꩻသွော့နော

ထီရီးရွာတွင် စစ်ကောင်စီ အင်အားဖြည့်တင်းလာသည့်အတွက် တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်.......................................

ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၈၊ ၂၀၂၅

https://www.facebook.com/share/p/1BF19vLfc8/

ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာတွင် စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းလာသည့်အတွက် တိုက်ပွဲထပ်မံဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ဇန်နဝါရီလ(၂၈)ရက်‌နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု၊ ထီရီးရွာထဲတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် အင်အားဖြည့်တင်းလာသည့်အတွက်ကြောင့် ဒေသခံများက တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

“ထီရီးရွာဘက်မှာက (၂၄/၂၅)ရက်နေ့လောက်ဖြစ်မယ်ထင်တယ် ဗမာစစ်သား(စစ်ကောင်စီ)တွေအများကြီး ရောက်လာတယ် ကားကြီးနဲ့ (၅)စီးတောင် ကားပေါ်မှာလည်း စစ်သားတွေအပြည့်ပဲ တိုက်ပွဲထပ်ဖြစ်လာမှာကိုလည်းစိုးရိမ်ရတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံများသည် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်နေကြသဖြင့် အချို့သောလူများက တိမ်းရှောင်ရန် ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်နေကြပြီဖြစ်ကြောင်းသိရသည်။

“ဟိုရက်ကဆို နမ်းဗွန်မှာရှိတဲ့ စစ်သားတွေက လက်နက်ကြီးနဲ့ထီခိုးဘက်ကိုပစ်သွားတာ ရွာသားတွေကလန့်တော့ ရှောင်မလို့လုပ်တာ သူတို့ကပေးမရှောင်ဘူး၊ ဒီလိုဖြစ်ရင်ကြိုရှောင်တာကဟုတ်တယ် ရွာစွန်မှာရှိတဲ့အိမ်တွေက သူများတွေဝင်နေမှာလည်း ကြောက်ရတယ်လေနော်”ဟု ၎င်းကဆက်ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးက “ဒီမှာကအခြေနေတော့ သိပ်မကောင်းဘူး စစ်သားတွေကအများကြီးရောက်လာတော့ တိုက်ပွဲကထပ်ဖြစ်မလားမသိ ရှောင်ရတော့မလိုလို ဆက်နေရအုန်းမလိုလိုပဲ” ဟုပြောသည်။

ထီရီးကျေးရွာတွင်ယခုချိန်ထိ စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များက တပ်စွဲနေရာယူထားဆဲပြီး ပြီးခဲ့သည့် (၂၀၂၂)ခုနှစ် မေလအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရကြောင်း သိရသည်။


ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#ထီရီးကျေးရွာ
#အင်အားအများအပြားဖြည့်
#တိုက်ပွဲထပ်မံဖြစ်မည်ကိုစိုးရိမ်နေကြ
"မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal - https://signal.me/ /b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

Address

Nyaungshwe

Alerts

Be the first to know and let us send you an email when Hti Khoe Youth Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Hti Khoe Youth Network:

Share