Eco-Warriors Nyaung Shwe

Eco-Warriors Nyaung Shwe We collect trash, clean roads, conduct environmental awarness and plant trees in NS.

Eco-Warriors Nyaung Shwe, A Project by Hand to Hand Charity Myanmar, led by Sue, is an environmental project which consists of over 150 eco-warriors, kids and youths.

World Environment Day🌍🌿​The Earth is sending signals. It’s time to send a solution back.  ​  ​ ​
05/06/2026

World Environment Day🌍🌿

​The Earth is sending signals. It’s time to send a solution back.


​

​
​

သင် တကယ်ကော ပလတ်စတစ်ကို လိုအပ်ရဲ့လား? ကျွန်မတို့ လူသားတွေက ခေတ်နဲ့အညီ နေ့စဉ်တိုးတက်လာတာနဲ့အမျှ ပိုမိုလွယ်ကူရိုးရှင်းပြီး...
09/05/2026

သင် တကယ်ကော ပလတ်စတစ်ကို လိုအပ်ရဲ့လား?

ကျွန်မတို့ လူသားတွေက ခေတ်နဲ့အညီ နေ့စဉ်တိုးတက်လာတာနဲ့အမျှ ပိုမိုလွယ်ကူရိုးရှင်းပြီး သက်သောင့်သက်သာရှိတဲ့အရာတွေကို ဖန်တီးလာကြပါတယ်။ အဲဒီလို ဖန်တီးမှုတွေထဲမှာ တစ်ခါသုံး ပလတ်စတစ် (Single-use Plastic) တွေက အချိန်ကုန်သက်သာပြီး လွယ်ကူစေတဲ့ပစ္စည်းတွေအဖြစ် နေရာယူထားခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ကြာခဲ့ပါပြီ။

ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အရမ်းကို ရင်းနှီးနေပေမဲ့ ကမ္ဘာကြီးကို တိတ်တိတ်လေး ဒုက္ခပေးနေတဲ့ "ပလတ်စတစ်" အကြောင်းလေးကို ပြောချင်ပါတယ်။ ကျွန်မတို့ နေ့စဉ်သုံးနေတဲ့ ပလတ်စတစ်အိတ်တွေ၊ ပိုက်တွေ၊ ရေသန့်ဘူးတွေက တကယ်ပဲ ကျွန်မတို့ဘဝအတွက် မရှိမဖြစ် လိုအပ်နေတာလား?

ကျွန်မတို့ ဝယ်လိုက်တဲ့ ဖျော်ရည်တစ်ခွက်မှာ ပါလာတဲ့ ပလတ်စတစ်ပိုက်လေးကို မိနစ်အနည်းငယ်ပဲ သုံးလိုက်ပေမဲ့၊ အဲဒီပိုက်လေးက သဘာဝပတ်ဝန်းကျင်ထဲမှာ နှစ်ပေါင်းရာချီပြီး ကျန်ရှိနေခဲ့တာပါ။ ဒါဟာ ကျွန်မတို့အတွက် တကယ်ပဲ လိုအပ်ချက်လား? ဒါမှမဟုတ် အကျင့်တစ်ခု ဖြစ်နေတာလား? ဒါမှမဟုတ် ကျွန်မတို့ Style ထုတ်ချင်ရုံနဲ့ ကမ္ဘာကြီးကို ထိခိုက်စေတဲ့အလုပ်ကို လုပ်နေမိတာလား?

ကျွန်မတို့ ဘာတွေလုပ်နိုင်မလဲ? (Small Steps, Big Change) 🌱

ပလတ်စတစ် လုံးဝမသုံးနဲ့လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အလွယ်တကူ ရှောင်လွှဲလို့ရတဲ့ နေရာလေးတွေကနေ စတင်ကြည့်လို့ ရပါတယ်။

Eco-friendly Bags: ဈေးဝယ်သွားရင် ကိုယ်ပိုင်အိတ် (Tote bag) ယူသွားပါ။ ဟင်းသီးဟင်းရွက်တွေကို ပလတ်စတစ်အိတ်တွေ တစ်အိတ်ပြီးတစ်အိတ် သုံးနေတာထက်စာရင် ကိုယ်ပိုင်အိတ်ထဲမှာ ထည့်သယ်တာက ပိုပြီးလွယ်ကူသလို သပ်ရပ်ပါတယ်။

Tiffin Carriers: အလုပ်သွား၊ ကျောင်းသွားရင် ပလတ်စတစ်အိတ်တွေနဲ့ ထုပ်ပိုးမယ့်အစား ချိုင့်လေးတွေ သုံးစွဲတာဟာ ပတ်ဝန်းကျင်ကို ကာကွယ်ရာရောက်ပါတယ်။ ဟင်းဝယ်ရင်လည်း ချိုင့်နဲ့ဝယ်တာက ကျန်းမာရေးအတွက် ပိုပြီးစိတ်ချရပါတယ်။

Reusable Container Boxes: အပြင်ကနေ အစားအသောက် ဝယ်တဲ့အခါ ကိုယ်ပိုင် Container Boxes လေးတွေ ယူသွားပါ။ ဈေးထဲမှာ အသား၊ ငါး ဝယ်ရင်လည်း ဘူးလေးတွေနဲ့ ဝယ်တာက ပိုပြီးလွယ်ကူသလို ဖိတ်စင်မှုလည်း မရှိပါဘူး။

Say No to Disposable Utensils: အစားအသောက် ဝယ်ယူတဲ့အခါ တစ်ခါသုံးတူတွေ၊ ပလတ်စတစ် ဇွန်းနဲ့ ခရင်းတွေကို ငြင်းပယ်တတ်တဲ့ အလေ့အကျင့်လေး လုပ်ကြည့်ပါ။ အဲဒီအစား ကိုယ်ပိုင် ဇွန်း၊ ခရင်း ဒါမှမဟုတ် ပြန်သုံးလို့ရတဲ့ တူလေးတွေကို ဆောင်ထားတာက ပိုပြီး သန့်ရှင်းသလို အမှိုက်တွေကိုလည်း အများကြီး လျှော့ချပေးနိုင်ပါတယ်။

Say No to Straws: ပိုက် အသုံးမပြုဘဲ သောက်ကြည့်ပါ။ ပိုက်နဲ့သောက်တာနဲ့ ခွက်နဲ့သောက်တာဟာ အရသာပြောင်းလဲမှု မရှိပါဘူး။ ကိုယ်က ပိုက်နဲ့သောက်မှ အဆင်ပြေတယ်ဆိုရင်လည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ကိုယ်ပိုင် Stainless Steel ပိုက် ဒါမှမဟုတ် ဝါးပိုက်လေးတွေကို သုံးစွဲနိုင်ပါတယ်။

Use Refillable Water Bottle: ရေသန့်ဘူးအသစ် ခဏခဏ ဝယ်မယ့်အစား ကိုယ်ပိုင်ရေဘူးလေး ဆောင်ထားပါ။ ဒါဆိုရင် ကိုယ့်ရဲ့ အသုံးစရိတ်ကို ချွေတာရာရောက်သလို၊ တစ်ခါသုံး ပလတ်စတစ်ဘူးတွေမှာ ပါဝင်နိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်း (Microplastics) တွေရဲ့ ဘေးကနေလည်း ကင်းဝေးစေပါတယ်။

တိုးတက်လာတဲ့ ဒီခေတ်ကြီးထဲမှာ ကျွန်မတို့ ရှင်သန်နေထိုင်ဖို့အတွက် ပလတ်စတစ်ကို တကယ်ပဲ လိုအပ်နေတာလား? ဒါမှမဟုတ် ကျွန်မတို့ရဲ့ "သက်သာရင်ပြီးရော" ဆိုတဲ့ အကျင့်တွေကိုပဲ မပြင်နိုင်သေးတာလား?

ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုတာ ကြီးကြီးမားမားတွေ လုပ်ဖို့ထက် မိမိရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့တင် လုံလောက်ပါတယ်။ ဒီနေ့ကစပြီး တစ်ခါသုံးပလတ်စတစ်တွေကို ငြင်းပယ်ပြီး ပြန်လည်အသုံးပြုလို့ရတဲ့ ချိုင့်၊ ဘူး၊ ဇွန်း၊ ခရင်းနှင့် ပိုက်တို့ကို အသုံးပြုပေးဖို့ တိုက်တွန်းချင်ပါတယ်။

သေးငယ်တဲ့ ဆုံးဖြတ်ချက်လေးကနေ စတင်ပြီးတော့ ကျွန်မတို့နှင့်အတူ ကမ္ဘာကြီးကို အတူကာကွယ်ဖို့၊ တစ်ခါသုံး ပလတ်စတစ် (Single-use Plastic) တွေကို ဝိုင်းဝန်းလျှော့ချဖို့အတွက် ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။ 💚

English below....

Do You Really Need Plastic?

As humans, we have continuously evolved to create things that make our lives easier, simpler, and more comfortable. Among these innovations, single-use plastics have occupied a major place for over a century, serving as the "perfect" convenience that saves us time and effort.

Today, I want to talk about something that feels very familiar in our daily lives but is silently harming our planet: plastic. Are the plastic bags, straws, and water bottles we use every day truly essential for our survival?

Think about it—we use a plastic straw for just a few minutes while drinking juice, yet that same straw stays in our environment for hundreds of years. Is this a real necessity? Or is it just a habit? Are we compromising our planet just to keep up with a certain lifestyle or convenience?

What Can We Do? (Small Steps, Big Change) 🌱

It’s not about never using plastic again, but about starting where we can easily make a change. Here are a few simple ways to begin:

Eco-friendly Bags: Take your own tote bag when you go shopping. Carrying vegetables in your own bag is much more organized and easier than using multiple plastic bags that end up as clutter.

Tiffin Carriers: Instead of using plastic wrap or bags for school or work, use a tiffin carrier. It’s a great way to protect the environment! Bringing your own container for takeout is also much safer for your health.

Reusable Container Boxes: When buying food from outside, bring your own container boxes. Even when buying meat or fish at the market, using your own containers makes the process cleaner and prevents messy leaks.

Say No to Disposable Utensils: Try to get into the habit of refusing disposable chopsticks and plastic spoons/forks. Carrying your own set of utensils is more hygienic and significantly reduces waste.

Say No to Straws: Try drinking directly from the cup. There’s no difference in the taste! If you prefer using a straw, consider carrying your own stainless steel or bamboo straw to avoid harming marine life.

Use Refillable Water Bottles: Instead of buying a new plastic water bottle every time, carry your own reusable bottle. It saves you money and protects you from harmful chemicals (microplastics) often found in single-use bottles.

In this modern age, do we really need plastic to survive? Or are we simply stuck in the habit of "convenience at any cost"?

Saving the world doesn't always require massive actions; sometimes, simply changing our daily habits is enough. Starting today, I encourage you to say "no" to single-use plastics and embrace reusable alternatives like tiffin carriers, boxes, and utensils.

Let’s start with one small decision to protect our world together. We invite you all to join us in reducing single-use plastics for a greener future. 💚

♻
02/05/2026

♻

နေ့စဉ်စွန့်ပစ်လိုက်တဲ့ အမှိုက်တွေဟာ အမှိုက်ပုံးထဲ ရောက်သွားရုံနဲ့တင် တာဝန်ကျေသွားပြီလို့ ထင်ပါသလား?😖
တကယ်တော့ အမှိုက်တွေကို စနစ်တကျ မခွဲခြားဘဲ ရောနှောစွန့်ပစ်လိုက်တဲ့အခါ ပြန်လည်အသုံးပြုလို့ရတဲ့ (Recycle) ပစ္စည်းတွေပါ အညစ်အကြေးတွေနဲ့ ရောနှောပြီး အမှိုက်ပုံကြီးထဲမှာ အသုံးမဝင်တော့ဘဲ ပုပ်သိုးသွားတတ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ကမ္ဘာမြေကြီးကို ပိုမိုညစ်ညမ်းစေတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်...🌍😞

အမှိုက်တွေကို မရောနှောဘဲ...
ပလတ်စတစ်အမှိုက်များ - ပြန်လည်အသုံးပြုလို့ရတဲ့ ပလတ်စတစ်ဘူးခွံများ၊ အိတ်များ
အမှိုက်များအစိုများ - စားကြွင်းစားကျန်၊ သစ်သီးခွံများ
အမှိုက်အခြောက်များ - စက္ကူဟောင်း၊ ကတ်ထူဘူးခွံနဲ့ အဝတ်စဟောင်းများ
အန္တရာယ်ရှိသောအမှိုက်များ - ပိုးမွှားအန္တရာယ်ရှိသော ဆေးရုံဆေးခန်းသုံးအမှိုက်များ၊ ဓာတ်ခဲ၊ ဘက်ထရီ အဟောင်းများ၊ ဖန်၊ သတ္တုအစများ... စသည်ဖြင့် ခွဲခြားစွန့်ပစ်သင့်ပါတယ်နော်။🗑️

အမှိုက်တွေ ရောနှောသွားရင်ကော ဘာဖြစ်မလဲ? အမှိုက်တွေ အားလုံး ရောနှောသွားတဲ့အခါ Recycle လုပ်ဖို့ ခက်ခဲသွားပြီး အမှိုက်ပုံကြီးတွေပဲ ပိုကြီးလာပါလိမ့်မယ်။ ဒါကြောင့် အမှိုက်တွေကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းအားဖြင့် ကမ္ဘာကြီးကို အတူတူ ကယ်တင်ကြစို့နော်...🌍🌱

V.Rohto အနေနဲ့လည်း သင့်ရဲ့ မျက်စဉ်းဘူးခွံဟောင်းလေးတွေကို စနစ်တကျ ပြန်လည်အသုံးပြုဖို့ Zero Trash Campaign မှာ စောင့်ကြိုနေပါတယ်။💚

🌳‎Gratitude tree for Earth🌳‎‎ကျွန်မတို့ မှီခိုနေထိုင်နေတဲ့ ဒီကမ္ဘာ​မြေကြီးအပေါ် ကျွန်မတို့ကဘယ်လိုမျိုးအကျိုးပြုပေးနေပြီလ...
23/04/2026

🌳‎Gratitude tree for Earth🌳
‎
‎ကျွန်မတို့ မှီခိုနေထိုင်နေတဲ့ ဒီကမ္ဘာ​မြေကြီးအပေါ် ကျွန်မတို့ကဘယ်လိုမျိုးအကျိုးပြုပေးနေပြီလဲ။

ကျွန်မတို့ တစ်တွေ တတ်နိုင်တဲ့ဖက်မှ ကမ္ဘာမြေကြီးအပေါ် အများကြီးမပြုလုပ်ပေးနိုင်ရင်တောင် ကျေးဇူးတင်ခြင်းဖြင့် ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးနေထိုင်သွား​ကြပါစို့လား ။ ဒီနေ့မှာကျွန်မတို့ Eco-warriors တွေက Gratitude Tree တစ်ခုဖန်တီးခဲ့ ပြီး ကိုယ်အသက်ရှင်ရပ်တည်လာတဲ့တစ်လျှောက် ကမ္ဘာမြေကြီးအတွက် ကျေးဇူးတင်တဲ့စကားသံတွေကို စာလေးတွေနဲ့ Gratitude Treeပေါ်မှာရေးသား ​တာ၊အသိအမှတ်ပြုတာတွေပြုလုပ်ခဲ့ပါတယ်။
‎
‎Gratitude Tree ပြုလုပ်ရတဲ့အကြောင်းအရင်းက သစ်ပင်များကို ကိုယ်စားပြုပြီး ဒီသစ်ပင်တွေကြောင့် ကျွန်မတို့ သဘာဝဘေးအန္တရာယ်များစွာမှကင်းလွတ်နေနိုင်တာဖြစ်ပါတယ်။ ဒီ​​နေရာ မှာဘယ်လိုသက်ဆိုင်လဲဆိုတာအနည်းအကျဥ်းရှင်းပြချင်ပါတယ်။ဥပမာ ယခုမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ရာသီဥတုဖောက်ပြန်တာ၊ ရေကြီးရေလျှံတာတွေက သစ်ပင်များကိုစည်းကမ်းမဲ့ ခုတ်ထစ်နေတာကြောင့်ဖြစ်ပါတယ်။သစ်ပင်များက မိုးသည်းထန်စွာရွာသွန်းချိန်တွေမှာ ရေကိုအပင်ရဲ့အမြစ်တွေကစုပ်ယူပေးထားတာဖြစ်တာကြောင့် ရေကြီးရေလျှံဖြစ်မှုတွေကို ထိန်းထားပေးတာဖြစ်တယ်။ဒါကြောင့်သစ်ပင် ပုံဖန်တီးပြီး appreciation စာလေးတွေ ကပ်ပြီးသစ်ပင်နဲ့ကမ္ဘာမြေကြီးအပေါ် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
‎
ကျေးဇူးတင်စာရေးလိုက်ခြင်းက ဘဝတစ်လျှောက်နေထိုင်လာတဲ့ ကမ္ဘာမြေကြီးအပေါ်ကျေးဇူးတင်တတ်တဲ့အလေ့တစ်ခုမွေးမြူပေးပြီးသားဖြစ်သလို ကမ္ဘာမြေအ​ပေါ် သိတတ်မှုတွေရှိလာစေပါတယ်။ဒီလိုသိတတ်လာခြင်းကလည်း သဘာဝပတ်ဝန်းကျင်အပေါ်တာဝန်ယူစိတ်များကိုတိုးလာစေပြီး ကိုယ့်ဖက်မှ ကမ္ဘာမြေကြီးအတွက် ပိုမို​ ကောင်းမွန်သွားအောင်ဘာ​တွေ လုပ်ပေးနိုင်မလဲဆိုတာကို ရင်ထဲစွဲမြဲသွားစေပါတယ်။
‎
‎ဒီအစီအစဥ်လုပ်ပေးခြင်းကြောင့် လူငယ်တွေရဲ့ ကျေးဇူးစကားတွေနဲ့ အရင်ကဒီလိုတွေ Activities တွေ မလုပ်ဖူးသေးတာကြောင့် အတွေ့အကြုံတွေနဲ့ ဆန်းသစ်တဲ့ idea တွေ ထွက်ပေါ်လာစေတဲ့ အစီအစဥ်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ဆုံး ကျွန်မတို့ Eco-warriors တွေကပြောချင်တာတစ်ခုက ကျွန်မတို့တစ်တွေ ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကိုသည်းခံ ပြီး ဆက်လက်ရှင်သန်ပေးနေတဲ့ ကမ္ဘာမြေကြီးကို ကျေးဇူးတင်ပါတယ်။
‎
English below...

🌳 Gratitude Tree for Earth🌳

How are we contributing to the Earth we depend on for our lives?

Even if we cannot do much for the Earth, let us at least live out the rest of our lives with gratitude. Today, our Eco-warriors created a Gratitude Tree, writing and acknowledging their words of thanks to the Earth on small notes and placing them on the tree.

The reason for making the Gratitude Tree is to represent trees, because thanks to them, we are protected from many natural disasters. I would like to briefly explain how this relates. For example, the climate change and flooding currently happening in Myanmar are caused by the indiscriminate cutting down of trees. During heavy rainfall, tree roots absorb water, helping to regulate and reduce floods. That is why we created a tree-shaped display and posted appreciation notes to express our gratitude to trees and the Earth.

Writing gratitude notes fosters a habit of being thankful to the Earth we have lived on all our lives, and also increases our awareness of the planet. This growing awareness, in turn, strengthens our sense of responsibility toward the environment and leaves a lasting impression on our hearts about what we can do to help make the Earth a better place.

This activity allowed the young participants to express their gratitude, and since they had never done such activities before, it brought about new experiences and innovative ideas. Finally, our Eco-warriors want to say: We are grateful to the Earth, which continues to sustain us despite our selfishness.

"Earth Day အတွက် Eco-warriors တို့ရဲ့လက်ဆောင်"ယနေ့ 22.4.2026 နေ့ဟာဆိုရင် Earth Day နေ့ရဲ့ 56 နှစ်မြောက် နေ့ဖြစ်ပါတယ်။ Ea...
22/04/2026

"Earth Day အတွက် Eco-warriors တို့ရဲ့လက်ဆောင်"

ယနေ့ 22.4.2026 နေ့ဟာဆိုရင် Earth Day နေ့ရဲ့ 56 နှစ်မြောက် နေ့ဖြစ်ပါတယ်။ Earth Day အကြောင်းလေးကိုအကျဥ်းချုပ်ပြောရရင် ရေနံဖိတ်စင်ရာမှစတင်ပြီး ဒိအရာကို တားဆီးနိုင်ဖို့ကြိုးစားရာမှ Earth Dayဆိုတဲ့နေ့တစ်နေ့ဖြစ်လာခဲ့ပါတယ်။ကျွန်မတို့နေထိုင်နေတဲ့ ကမ္ဘာမြေကြီးမှာဘယ်လိုတွေ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေရလဲဆိုတာ အားလုံးအသိပဲ ဖြစ်တာကြောင့် ကျွန်မတို့တွေက ဂေဟစနစ်အတွက် ဘယ်လိုပြုလုပ်ပေးနိုင်လဲ။ လုပ်ပေးနိုင်တာတွေအများကြီးရှိပါတယ်။ ကျွန်မတို့ အမူအကျင့်သေးသေးလေးတွေကနေ စပြီး တဖြည်းဖြည်းနဲ့ ဂေဟစနစ်ပျက်စီးမှုတွေကိုကယ်တင်လာနိုင်ပါလိမ့်မယ်။

ဒါကြောင့်ဒီနေ့မှာ ကျွန်မတို့ Eco-warriors တွေက Earth Dayနေ့မှာ Activities တွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်မတို့လူငယ်တွေက စပြီးကိုယ်ကိုယ်တိုင်ပြောင်းလဲ ကြပြီးကမ္ဘာကြီးကိုတတ်နိုင်သမျှ အကျိုးပြုသွားမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မနက်ပိုင်းအစီအစဥ်တွေမှာ Ice Breaking Games လေးနဲ့စတင်လိုက်ပြီး အချင်းချင်းပိုရင်းနှီးအောင် ပိုပြီး ပါဝင်လာအောင်ပြုလုပ်ပေးခဲ့ပါတယ်။ပြီးတော့ Junior Youth Leaders များက ဦးဆောင်ပြီး Earth Dayနေ့ ဖြစ်ပေါ်လာရပုံတွေကို awarenessပေးတဲ့ sessions ပြုလုပ်ခဲ့ပါတယ်။ Awareness sessions မှာလဲ မေးခွန်းတွေမေးပြီး အပြန်အလှန်မေးပုံ နဲ့ Earth Dayနဲ့ပတ်သက်ပြီး ဘယ်လောက်ထိသိလဲ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့်ရှာဖွေနိုင်လဲ ဆိုတာမြင်တွေ့ရပါတယ်။ ပြီးတော့ဒီနေ့တစ်နေ့တာလုံးကို Zero waste challenge လေးခေါ်ခဲ့ပါတယ်။

Zero Waste Challenge မှာက ကျွန်မတို့တတွေ တစ်နေ့တာမှာ ပလတ်စတစ်မသုံးမိအောင် နေတာ ဥပမာမုန့်တွေမစားတာ ပလတ်စတစ်နဲ့ပတ်သက်တာတွေကိုငြင်းဆိုတာတွေပြုလုပ်ခဲ့ပါတယ်။အပေါ်မှာပြောသွားသလို ကမ္ဘာမြေကြီးကို တစ်နေ့တာလောက်ပဲ ဖြစ်ဖြစ် အကျိုးပြုတဲ့အရာတွေ ပြုလုပ်သွားနိုင်အောင်ပဲ ဖြစ်ပါတယ်။အမြဲတမ်းမဟုတ်တောင် ဒီလိုနေ့ထူးနေ့မြတ်တွေမှာ ကျွန်မတို့နေထိုင်နေတဲ့ ကမ္ဘာမြေကြီးကို အကျိုးပြုလေ့ရှိပါတယ်။ နောက်ထပ် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ Games တွေဆော့ခဲ့ကြပါတယ်။ Games ကအပင်တွေနဲ့သူတို့ရဲ့ပေါက်ရောက်နိုင်တဲ့နေရာ ဥပမာ သဲကန္တာရ၊ရေ၊သစ်တော စတဲ့နေရာတွေ မှာဘယ်လိုအပင်တွေကရှင်သန်နိုင်လဲဆိုတာခွဲ ခြားရတာကြောင့်လူငယ်တွေကိုအပင်တွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားလာစေတာ ဗဟုသုတပိုမိုရရှိစေတာစတဲ့ အကျိုးကျေးဇူးတွေအများကြီးရရှိစေပါတယ်။

နေ့လည်တစ်နာရီမှာတော့ "Plastic တွေကိုနေ့စဥ်ဘဝကနေဖယ်ရှားဖို့ဖြစ်နိုင်လား" ဆိုတဲ့ခေါင်းစဥ်နဲ့ Dabate sessionsကိုပါထပ်ဆောင်းပြီးထည့်သွင်းခဲ့ပါတယ်။ Dabate sessionမှာဆိုရင် သူတို့ရဲ့အမြင်ရှူထောင့်စတဲ့အရာတွေကို မြင်နိုင်ပြီး critical thinking စကေးကိုပိုမိုမြင့်မားစေပါတယ်။ နောက်ထပ် Creat Handicraft sessionအနေနဲ့ ရေသန့်ဘူးတွေကိုအသုံးချပြီး ladder planter တွေကိုအဖွဲ့လိုက် ပြုလုပ်စေပြီး အပင်ကိုရှင်သန်အောင် ဘယ်အဖွဲ့ကအကောင်းဆုံး ဂရုစိုက်နိုင်လဲဆိုတဲ့ Challenge တွေကိုထည့်သွင်းပေးထားတာကြောင့် နောက်တစ်လ နေပြီးရင် အဖွဲ့လိုက်ရဲ့ Recycleလုပ်ထားတဲ့ ပန်းအိုးတွေနဲ့အပင်တွေကို ပြန်လည် တင်ပြသွားပါမယ်။

နောက်ဆုံးအနေနဲ့ Thank you sessionဖြစ်ပြီး ကျွန်မတို့တစ်တွေ နေထိုင်နေတဲ့ကမ္ဘာမြေကြီး ကိုဘယ်နှစ်ကြိမ်လောက် ကျေးဇူးတင်စကားပြောပြီးပြီလဲ ဘယ်နှစ်ကြိမ်လောက်ကျေးဇူးတင်မိဖူးပါသလဲ။ဒါကြောင့်ဒီနေ့လေးမှာ ကျွန်မတို့လိုအပ်သမျှ ရေ၊လေ၊မြေ၊နေရောင်ခြည် အစရှိတဲ့အရာတွေပေးနေတဲ့ကမ္ဘာမြေကြီးကိုကျေးဇူးတင်ကြရအောင်။ဒါကြောင့် ကျွန်မတို့တွေ ကမ္ဘာမြေကြီးကိုကျေးဇူးတင်တဲ့sessionတစ်ခုပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးစကားလက်ဆောင်ပါးချင်တာက ကျွန်မတို့နေထိုင်နေတဲ့ကမ္ဘာမြေကြီးဟာပျော်ရွှင်နေလားဆိုတာပါပဲ ကျွန်မတို့မှီခိုနေထိုင်နေရတဲ့ ဒီမြေကြီးကမပျော်တော့ဘူးဆိုရင်ကျွန်မတို့မှာ တာဝန်ရှိသွားပြီးဖြစ်တာကြောင့် မိမိက တတ်နိုင်သမျှအကျိုးရှိစေမယ့်အရာတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုတွေလုပ်ဖို့ကအရမ်းမခက်ခဲတာကြောင့် အများကြီးမဟုတ်တောင် အနည်းအကျဥ်းတော့ ကမ္ဘာမြေကြီး အပေါ်အကျိုးပြုကြပြီးအပြန်အလှန် အကျိုးပြုနေထိုင်သွားပြီး မိမိလက်ကျန်ဘဝမှာ ကမ္ဘာမြေကြီးကိုအလှဆင်နိုင်ရင်နောင်လာမယ့်မျိုးဆက်တွေအတွက် လှပတဲ့ကမ္ဘာလေးကိုချန်ထားခဲ့လို့ရပါတယ်။

" ကမ္ဘာမြေကြီးနေ့မှာ မိခင်သဘာဝကြီးကို တစ်ခုခုတော့ပြန်ပေးကြရအောင်နော်။"

English below...

"Eco-warriors' Gift for Earth Day"

Today, 22.4.2026, marks the 56th Earth Day. To briefly explain Earth Day: it started with an oil spill, and from efforts to prevent such disasters, Earth Day was born. We are all aware of the environmental disasters our planet is facing, so the question is what can we do for the ecosystem? There is so much we can do. Starting with our small daily habits, we can gradually help reverse the damage to our ecosystem.

That's why today, our Eco-warriors carried out various activities for Earth Day. We young people will begin by changing ourselves and do our best to benefit the Earth.

First, our morning program started with ice-breaking games to help everyone bond and participate more actively. Then, the Junior Youth Leaders led awareness sessions about how Earth Day came to be. During these sessions, there were interactive Q&As to see how much everyone knew about Earth Day and how widely they could explore the topic. We also introduced a "Zero Waste Challenge" for the entire day.

In the Zero Waste Challenge, we tried to avoid using plastic for a whole day for example, not eating packaged snacks and refusing anything made of plastic. As mentioned earlier, the goal is to do something beneficial for the Earth, even if just for one day. Even if not every day, we make it a point to give back to our planet on special days like this.

We also played environmental-themed games. One game involved matching plants with their natural habitats such as deserts, water, forests learning which plants can survive where. This helped the youth become more interested in plants and gain useful knowledge.

At 1:00 PM, we added a debate session on the topic: "Is it possible to eliminate plastic from our daily lives?" The debate allowed participants to share different perspectives and strengthened their critical thinking skills.

Next, in the Creative Handicraft session, we worked in teams to make ladder planters using recycled water bottles. We also added a challenge to see which team could best care for their plants. One month from now, each team will present their recycled planters along with the plants they've nurtured.

Finally, we had a "Thank You" session. How many times have we expressed gratitude to the Earth we live on? How often have we truly said thank you? So today, let us thank the Earth for providing us with everything we need water, air, land, sunlight, and more. We held a special session to give thanks to our planet.

The last thing I want to leave you with is this: Is the Earth we live on happy? If this land that sustains us is no longer happy, then we have a responsibility. Each of us should do whatever we can to benefit the Earth. It's not difficult at all. Even if we can't do a lot, let's at least do something positive for our planet. By living in a way that gives back, and by beautifying the Earth in our own lifetimes, we can leave behind a beautiful world for future generations.

"On Earth Day, let's give something back to Mother Nature."

(Earth day အထိမ်းအမှတ် content)Only Home We Haveစကြဝဠာကြီးက ကျယ်ပြန့်လှပေမယ့် ကျွန်မတို့ နေထိုင်လို့ရတဲ့ နေရာဆိုလို့ ဒီအ...
22/04/2026

(Earth day အထိမ်းအမှတ် content)

Only Home We Have

စကြဝဠာကြီးက ကျယ်ပြန့်လှပေမယ့် ကျွန်မတို့ နေထိုင်လို့ရတဲ့ နေရာဆိုလို့ ဒီအပြာရောင် ဂြိုဟ်လေး တစ်ခုဘဲရှိတယ်ဆိုတာကိုမမေ့လိုက်ပါနဲ့
စကြာဝဠာကြီးရဲ့ အဆုံးမရှိတဲ့ဟင်းလင်းပြင်ကြီးထဲမှာကျွန်မတို့ရဲ့ကမ္ဘာမြေကြီးက အပြာရောင်၊အစိမ်းရောင်စတဲ့ အေးချမ်းမှုကိုပြတဲ့အရောင်းအသွေးအနေနဲ့တည်ရှိနေတဲ့ ကျောက်မြတ်ရတနာကြီးလိုမျိုးတောက်ပနေပါတယ်

မြင့်မားလှတဲ့တောင်တန်းတွေ၊စိမ်းစိုအေချမ်းနေတဲ့ကျွန်မတို့ရဲ့သစ်တောတွေ၊ကြည်လင်သာယာနေတဲ့မြစ်ချောင်း အင်းအိုင်တွေနဲ့အဆုံးမရှိလှပနေတဲ့သမုဒ္ဒရာ ပင်လယ်တွေက သဘာဝတရားကပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့လက်ဆောင်တွေပါ

ဒါပေမဲ့ အဲ့ဒီအဖိုးမဖြတ်နိုင်တဲ့လက်ဆောင်တွေကအခုချိန်မှာဆိုရင် အရောင်းတွေမှိန်ဖျော့လာနေပါပြီ
လူသာတွေရဲ့ အတ္တနဲ့လောဘတွေကြောင့် သစ်တောတွေပြုန်းတီးလာနေပြီး တောရိုင်းတိရစ္ဆာန်တွေ မျိုးတုန်းပြီးခိုလှုံစရာ အရပ်တွေပျောက်ကွယ်လာပါပြီ
ဒါ့အပြင် ရာသီဥတုဖောက်ပြန်ခြင်းဆိုတဲ့ ဝေသနာတွေကိုလဲ ခံစားလာရပါပြီ။

"ကမ္ဘာကြီးကအဖျားတက်နေပြီး" ဆိုတာကိုသိကြပါရဲ့လား။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ ကျွန်မတို့သိသိသာသာ ခံစားလာရတဲ့ အပူချိန်ပြင်းထန်လာမှာဆိုတာကတော့ ကမ္ဘာမြေကြီးပူနွေးလာခြင်းကြောင့်ဖြစ်ပေါ်လာတာပါ။ရာသီဥတု ဖောက်ပြန်တယ်၊မိုးခေါင်းသင့်တဲ့အချိန် မိုးရွာတယ်၊ပူရမယ့်အချိန်မှာ အဆမတန် ပူပြင်လာပါပြီး။ဒါတွေဟာ သဘာဝတရားကြီးက ကျွန်မတို့ကိုပေးနေတဲ့ အချက်ပေးသံတွေဖြစ်ပါတယ်။

ကမ္ဘာကြီးညစ်ညမ်းမှူအနေနဲ့ ပလတ်စတစ်အမှိုက်များနဲ့ ဓာတုပစ္စည်း အခိုအငွေ့ တွေကလဲပါဝင်နေပါတယ်။ ပလက်စတစ်အမှိုက်တွေနဲ့စက်ရုံအလုပ်ရုံတွေက ထွက်တဲ့ ဓာတုပစ္စည်းတွေဟာဆိုရင် ကျွန်မတို့အသုံးပြု သောက်သုံးနေတဲ့ရေနဲ့အသက်ရှင်ရန်မရှိမဖြစ်လိုအပ်တဲ့ရှုရှိုက်ရသောလေ ကိုအဆိပ်အတောက်ဖြစ်စေတာဟာ အမှန်ပါဘဲ။

ထို့အပြင်သက်ရှိသတ္တဝါတွေနဲ့အပင်တွေဟာဆိုရင် မျိုးတုန်းပျောက်ကွယ်မှု ဆိုတဲ့အခက်အခဲနဲ့ရင်ဆိုင်နေရတာဘဲဖြစ်ပါတယ်။ သဘာဝဂေဟစနစ်ပျက်စီးမှာတွေကြောင့် ရှားပါးတိရစ္ဆာန်များနဲ့အပင်မျိုးစိတ်များစွားက ကျွန်မတို့ရဲ့ မျက်စိရှေ့မှာတင် တစ်စတစ်စ မျိုးတုန်းပျောက်ကွယ်သွားနေကြပါပြီ။
လူသာတွေရဲ့စီပွားရေအမြင်များနှင့် လောဘစိတ်တွေကြောင့်လဲ ကမ္ဘာကြီးကိုများစွာဒုက္ခရောက်စေပါတယ်။

"သဘာဝတရားကြီးက လူသာတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပေမယ့်
လူသားတွေရဲ့လောဘတရားကိုတော့ ဘယ်တော့မှဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး"

ကျွန်မတို့နေထိုင်နေတဲ့ ကမ္ဘာမြေကြီးက
(planet B) ဆိုပြီးနောက်တစ်ခုမရှိပါဘူး။
ဒါကြောင့်မလို့ကမ္ဘာကြီးကိုကာကွယ်ကြရပါမယ်
အခုအချိန်မှာကာကွယ်ရင်လဲနောက်မကျသေးပါဘူး
နောက်မကျသေးခင်မှာကျွန်မတို့ ကျွန်မတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ကမ္ဘာမြေကြီးကို အစွမ်းကုန်ကာကွယ်လိုက်ကြရအောင်

ကမ္ဘာမြေကြီးကိုဘယ်လိုကာကွယ်ကြမလဲ?
နည်းလမ်းကတော့လွယ်"လေးပါ

1.သစ်ပင်စိုက်ပါ

သစ်ပင်တစ်ပင်က ကမ္ဘာမြေအတွက်အဆုတ်တစ်
ခုနဲ့အတူတူပါဘဲ။ သစ်တောတွေကိုထိန်သိမ်းပြီး
သစ်ပင်တွေကိုပြန်လည်စိုက်ပျိုးမယ်မယ်ဆိုရင်
လေထုကိုသန့်စင်ပေးရာရောက်ပါတယ်။

2.ပလတ်စတစ်ကိုလျှော့ချပါ

တစ်ခါသုံးပလတ်စတစ်တွေကိုရှောင်ကြဥ်းပြီး တော့ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကိုအစားထိုသုံးစွဲပါ

3.စွမ်းအင်ကိုချွေတာပါ

မလိုအပ်ဘဲမီးမဖွင့်ပါနဲ့၊ရေကိုအကျိုးရှိရှိ သုံးစွဲပါပြီးတော့ ပြည့်ဖြိုးမြဲသယံဇာတဖြစ်တဲ့ စွမ်းအင်(နေရောင်ခြည်စွမ်းအင်)ကို အာပေးတာ တွေကကမ္ဘာမြေကြီးကို
အသက်ရှုချောင်စေပါတယ်

4.အမှိုက်မပြစ်ပါနဲ့

အမှိုက်တွေကိုစည်းကမ်းတကျစွန့်ပြစ်ပါ
အမှိုက်ပုံတွေခွဲပြီးစွန့်ပြစ်ပါ

5.အသိပညာ မျှဝေပါ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကို မိမိ ကိုယ်တိုင်ကနေစပြီး မိသာစု၊ပတ်ဝန်းကျင်နဲ့ နောင်လာနောက်သား လူငယ်တွေကို ဘက်ဆင့်ကမ်း အသိပညာပေးပါ

စတဲ့အချက် 5 ချက်လေနဲ့အတူကျွန်မတို့ကမ္ဘာကြီးကိုကာကွယ်ကြပါမယ်

ခရီးသွားတဲ့အခါဖြစ်ဖြစ်၊ အပန်းဖြေတဲ့အခါဖြစ်ဖြစ် "ခြေရာကလွဲလို့ ဘာမှမချန်ခဲ့ပါနဲ့၊ ဓာတ်ပုံကလွဲလို့ ဘာမှမယူခဲ့ပါနဲ့" ဆိုတဲ့အတိုင်း ကိုယ့်ကြောင့် သဘာဝအလှတရားတွေ မပျက်စီးပါစေနဲ့။ အမှိုက်မပစ်ပါနဲ့။

ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုရင် သူရဲကောင်းတစ်ယောက်တည်းလုပ်ရမဲ့ အလုပ်မဟုတ်ပါဘူး။
ကျွန်မတို့ တစ်ဦးချင်းစီးရဲ့သေးငယ်တဲ့ လုပ်ရပ်တွေ စုပေါင်းလိုက်ရင်ကြီးမားတဲ့ အင်အားဖြစ်လာနိုင်မှာပါ။ကျွန်မတို့ရဲ့ သားသမီးတွေ၊ နောက်မျိုးတက်တွေအတွက် စိမ်းလန်းစိုပြည်ပြီးနေချင်စဖွယ် ကမ္ဘာကြီးကို လက်ဆင့်ကမ်းနိုင်ဖို့ ဒီနေ့ကစပြီးတာဝန်ယူစိတ်နဲ့
အတူတူ ကြိုးစားကြရအောင်ပါနော်။ ။

"ကျွန်မတို့ရဲ့ လုပ်ရပ်တိုင်းက ကမ္ဘာမြေအတွက်
ဆေးတစ်ခွက် သို့မဟုတ် အဆိတ်တစ်စက် ဖြစ်နိုင်ပါတယ်။ စိမ်းလန်းစိုပြည်ပြီး သာယာလှပတဲ့ ကမ္ဘာမြေကို ကျွန်မတို့အတူတကွ ပုံဖော်ကြပါမယ်"

22.4.2026( Earth day)

မဂျူးဂျူးရှင်းသန့်
Youth Leader

English below....

Here is the English translation of the provided Earth Day content:

---

(Earth Day Commemorative Content)

Only Home We Have

Don't forget that even though the universe is vast, the only place we can live is this little blue planet.

Amidst the endless expanse of the universe, our Earth shines like a precious gem, radiating the calming colors of blue and green.

The towering mountains, the lush green forests, the crystal-clear rivers and lakes, and the endless beautiful oceans these are priceless gifts from nature.

But those priceless gifts are now losing their luster.

Because of human greed and selfishness, forests are being destroyed, wildlife is going extinct, and their shelters are disappearing. Furthermore, we are suffering from the calamity of climate change.

Do we realize that "the Earth has a fever"? The extreme heat we have clearly felt just in the last few years is caused by global warming. The climate is erratic: it rains during droughts, and when it should be hot, it becomes unbearably hotter. These are the warning signals that nature is sending us.

Environmental pollution also includes plastic waste and chemical fumes. Plastic waste and industrial chemicals are indeed poisoning the water we drink and the air we breathe essential for our survival.

Moreover, living creatures and plants are facing the challenge of extinction. Due to the destruction of natural ecosystems, many rare animals and plant species are gradually disappearing before our eyes. Human economic ambitions and greed are causing great harm to the Earth as well.

"Nature can meet human needs, but it can never satisfy human greed."

There is no "Planet B" for us to live on.

Therefore, we must protect our Earth. It is not too late to start protecting it now. Before it's too late, let us do our utmost to protect our invaluable planet.

How can we protect the Earth?

The methods are simple:

1. Plant Trees A single tree is like a lung for the Earth. If we preserve forests and reforest, it helps purify the air.
2. Reduce Plastic Avoid single-use plastics and switch to reusable items.
3. Save Energy Turn off unnecessary lights, use water wisely, and support renewable energy sources (like solar energy). These help the Earth breathe easier.
4. Dispose of Waste Properly Throw away trash in an orderly manner. Practice waste separation.
5. Share Knowledge Start with yourself in protecting the environment, and spread awareness to your family, community, and future generations.

Along with these five points, let us protect our Earth.

Whether traveling or relaxing, follow the principle: "Leave nothing but footprints, take nothing but photos." Don't let nature's beauty be destroyed because of you. Don't litter.

Saving the Earth is not a job for just one hero. The small actions of each of us, when combined, can become a great force. For our children and future generations, let us take responsibility starting today and work together to pass on a green, lush, and livable Earth.

"Every action we take can be either a dose of medicine or a drop of poison for the Earth. Together, we will shape a green, flourishing, and beautiful planet."

22 April 2026 (Earth Day)

Ma Ju Ju Shin Thant
Youth Leader

(Earth day အထိမ်းအမှတ် content)"နောက်ထပ် နှစ်ပေါင်း ၅၀ ကြာတဲ့အခါ ငါတို့ရဲ့ သားသမီးတွေ ဘယ်လိုကမ္ဘာကြီးမှာ ရှင်သန်ရမလဲ?" 🌍...
22/04/2026

(Earth day အထိမ်းအမှတ် content)

"နောက်ထပ် နှစ်ပေါင်း ၅၀ ကြာတဲ့အခါ ငါတို့ရဲ့ သားသမီးတွေ ဘယ်လိုကမ္ဘာကြီးမှာ ရှင်သန်ရမလဲ?" 🌍💔

အခု ကျွန်တော်တို့ ခံစားနေရတဲ့ အဆမတန်ပူပြင်းတဲ့ အပူချိန်တွေ၊ ပုံမှန်မဟုတ်တော့တဲ့ ရာသီဥတုတွေဟာ ကမ္ဘာကြီးက ပေးနေတဲ့ "သတိပေးခေါင်းလောင်းသံတွေ" ပါပဲ။ 🔔

ကျွန်တော်တို့ အဆင်မပြေရင် အိမ်ပြောင်းလို့ ရပေမဲ့... ကမ္ဘာကြီး ပျက်စီးသွားရင်တော့ ပြေးစရာ မြေမရှိတော့ပါဘူး။ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ သားသမီးတွေက "အဖေတို့၊ အမေတို့ လက်ထက်က ဘာလို့ ကမ္ဘာကြီးကို မကာကွယ်ခဲ့ကြတာလဲ?" လို့ မေးလာခဲ့ရင် ကျွန်တော်တို့ ဘာပြန်ဖြေကြမလဲ?

တကယ်တော့... ကမ္ဘာမြေကို ကယ်တင်ဖို့ စူပါဟီးရိုးတစ်ယောက် ဖြစ်နေဖို့ မလိုပါဘူး။

ဒီနေ့ ဧပြီလ ၂၂ ရက်၊ Earth Day မှာ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံလေးတွေကို နည်းနည်းလေး ပြောင်းလဲကြည့်ရအောင်။ 🌱✨

ဒီအချက်လေးတွေကနေ တူတူစတင်ကြစို့။🌎🌿

၁။ "No Plastic, Please" - ဈေးဝယ်သွားရင် အဝတ်အိတ်လေး ယူသွားပါ။ တစ်ခါသုံး ပလတ်စတစ်အိတ်တွေကို ငြင်းဆန်ပါ။

၂။ "Switch Off" - မလိုအပ်ဘဲ လင်းနေတဲ့ မီးလုံးတစ်လုံးကို ပိတ်လိုက်ခြင်းက ကမ္ဘာကြီးကို အသက်ရှူချောင်စေပါတယ်။

၃။ "Save Water" - သွားတိုက်နေစဉ် ဒါမှမဟုတ် ဆပ်ပြာတိုက်နေစဉ်မှာ ရေပိုက်ကို ပိတ်ထားပါ။

၄။ "Plant Hope" - သစ်ပင်တစ်ပင် စိုက်တာဟာ အနာဂတ်အတွက် အောက်ဆီဂျင်ဘူး တစ်ဘူး စုဆောင်းပေးလိုက်တာနဲ့ အတူတူပါဘဲ။

၅။ Mindful Consumption - အလွန်အကျွံ ဝယ်ယူခြင်းကို လျှော့ချပါ။ ရှိပြီးသား ပစ္စည်းကို ပြုပြင်သုံးစွဲပြီး "တစ်ခါသုံး" စကားလုံးကို စွန့်လွှတ်လိုက်ပါ။

နောက်ဆုံးအနေနဲ့... "ကျွန်တော်တို့အားလုံးရဲ့ လက်ထဲမှာပဲ ကမ္ဘာကြီးရဲ့ အနာဂတ် ရှိနေပါတယ်" ဆိုတာလေးကို မမေ့ပါနဲ့။ 🌏🤝

သင်ရော... ဒီနေ့ ကမ္ဘာမြေအတွက် ဘယ်လို အပြောင်းအလဲလေးတွေ စလုပ်ဖို့ ဆုံးဖြတ်ထားလဲ?

မစံရတီမင်း
Youth leader

English below....

(Earth Day Commemorative Content)

"What kind of world will our children have to live in, another 50 years from now?"

The extreme heat and abnormal weather we are experiencing right now are the "warning bells" that the Earth is ringing.

If we don't like our house, we can move. But if the Earth is destroyed, there will be no ground left to run to. In the future, when our children ask us, "Dad, Mom, why didn't you protect the Earth back in your day?" what will we answer?

The truth is... you don't need to be a superhero to save the Earth.

This April 22nd, on Earth Day, let's try making small changes in our daily habits.

Let's start together with these simple steps.

1. "No Plastic, Please" When you go shopping, bring a cloth bag. Say no to single-use plastic bags.
2. "Switch Off" Turning off a single unnecessary light bulb helps the Earth breathe easier.
3. "Save Water" While brushing your teeth or lathering up with soap, turn off the tap.
4. "Plant Hope" Planting one tree is like saving an oxygen cylinder for the future.
5. Mindful Consumption Reduce excessive buying. Repair and reuse what you already have, and give up the word "single-use."

Finally... let's not forget: "The future of our planet lies in all of our hands."

So... what small changes have you decided to start making for the Earth today?

Ma San Yati Min
Youth Leader

အစိမ်းရောင်ခြေလှမ်းများနဲ့ ဖြတ်သန်းလာတဲ့ Earth Day ခရီးစဉ်🌿🌿 အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်လာဖို့ဆိုတာ ၎င်းရဲ့ နောက်ခံသမိုင်း...
21/04/2026

အစိမ်းရောင်ခြေလှမ်းများနဲ့ ဖြတ်သန်းလာတဲ့ Earth Day ခရီးစဉ်🌿🌿

အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်လာဖို့ဆိုတာ ၎င်းရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ လုပ်ဆောင်မှုတွေအပေါ် များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။

အထိမ်းအမှတ်နေ့များစွာထဲက ဒီနေ့မှာ ကျရောက်တဲ့ Earth Day ဆိုတာက ကမ္ဘာမြေကြီးကို ကာကွယ်ဖို့ ကျွန်မတို့တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိကြောင်းကို ပြောပြလိုခြင်းဖြစ်ပါတယ်။

ကျွန်မတို့ Eco-warriors များက Earth Day ဖြစ်ပေါ်လာရဲ့ အကြောင်းနဲ့ သမိုင်းကြောင်းတွေကို မျှဝေချင်ပါတယ်။

၁၉၆၉ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အကြီးအကျယ် ရေနံဖိတ်စင်မှု ဖြစ်ပွားခဲ့ပါတယ်။ ရေနံဖိတ်စင်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို လူထုက စိုးရိမ်လာကြပါတယ်။ ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုအဖြစ် Teach-in ဝင်ပြီး ပညာရေးဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

Earth Day ကို 22.4.1970 မှာ စတင်ပေါ်ပေါက်လာရတဲ့ အကြောင်းအရင်းကတော့ ဧပြီလမှာ တက္ကသိုလ်ကျောင်းသားတွေရဲ့ နွေဦးကျောင်းပိတ်ရက်နဲ့ စာမေးပွဲကာလဖြစ်တာကြောင့် ကျောင်းသားလှုပ်ရှားမှုကို အားထားရတာပါ။ ဒါကြောင့် အဲဒီရက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

22.4.1970 ကစပြီး Earth Day ပေါ်ပေါက်လာတာ ယနေ့ဆိုရင် ၅၆ နှစ် ရှိသွားပါပြီ။

Earth Day ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "Our Power, Our Planet" ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မစောင့်ဘဲ ပြည်သူတွေ ပူးပေါင်းပြီး လူထုရဲ့ စုပေါင်းလုပ်ဆောင်မှုကို အဓိက ဖော်ပြထားတာဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအနေနဲ့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံကျော်က ပါဝင်ပြီး "Our Power, Our Planet" ဆောင်ပုဒ်အောက်မှာ အများပြည်သူဆိုင်ရာ လှုပ်ရှားမှု၊ သဘာဝပတ်ဝန်းကျင် ပြန်လည်ပျိုးထောင်မှုစတဲ့ ကမ္ဘာမြေကြီးအတွက် လုပ်ဆောင်ခဲ့ကြပါတယ်။

ကျွန်မတို့ Eco-warriors များကလည်း Earth Day မှာ အရင်နှစ်တွေကတည်းက သီချင်းဆိုတာ၊ အကလေးတွေ၊ သရုပ်ဖော်ဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး ဒီနေ့မှာလည်း ထူးခြားတဲ့ လှုပ်ရှားမှုလေးတွေ ပြုလုပ်ဖို့ ရှိနေပါသေးတယ်။

ကမ္ဘာမြေကြီးဟာ ကျွန်မတို့လူသားတွေရဲ့ တစ်ခုတည်းသော အိမ်ဖြစ်တာကြောင့် ပျက်စီးခြင်းမှ ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ မျိုးဆက်သစ်များအတွက်ရော၊ လက်ရှိ ကျွန်မတို့လူသားတွေရဲ့ လိုအပ်ချက်မှန်သမျှကို ပေးကမ်းနေတဲ့ ကမ္ဘာမြေကြီးကိုပါ ကာကွယ်ဖို့ အရေးကြီးပါတယ်။

Eco-warrior တစ်ယောက်အနေနဲ့ ဒီလို ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်နေ့တွေ ရောက်လာတဲ့အခါ ကိုယ့်ဘက်က ဘယ်လို ပြောင်းလဲ ကာကွယ်ပေးနိုင်မလဲ၊ ကိုယ့်အနီးမှာရှိတဲ့လူတွေကိုပါ ဘယ်လို ဆွဲခေါ်မလဲဆိုတာနဲ့ တစ်နေ့တာလေးပဲဖြစ်စေ ကမ္ဘာမြေကြီးအပေါ် အကျိုးရှိတဲ့အရာလေးတွေ လုပ်ချင်တဲ့အတွက် စိတ်ဝင်စားပျော်ရွှင်မိပါတယ်။ 😊

ကမ္ဘာမြေကြီးသာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာပါက ကျွန်မတို့အပေါ် အကျိုးသက်ရောက်မှု ရှိလာမှာဖြစ်တာကြောင့် မိမိရဲ့ အပြုအမူလေးတစ်ခုကြောင့် ကျွန်မတို့ နေထိုင်နေတဲ့ မိခင်မြေကြီးကို ဒုက္ခမပေးမိပါစေနဲ့။ 🙏

တတ်နိုင်သမျှ ကမ္ဘာမြေကြီးကို ဆိုးရွားစေမယ့် အရာတွေကို ရှောင်ရှားပြီး တစ်ယောက်ချင်းစီက အစပြောင်းလဲကာ ကမ္ဘာမြေကြီးကို ပြန်လည် နေကောင်းလာအောင် ပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

English Below....

The Earth Day journey through green steps

For a commemorative day to come into being, its historical background and the actions taken have a great impact on its significance. Among the many observance days, Earth Day, which falls today, aims to remind us that every single one of us has a responsibility to protect our planet.

We, the Eco-warriors, would like to share the origins and history of Earth Day. In 1969, a massive oil spill occurred in California. Due to the oil spill, the public became concerned about the subsequent environmental damage. As a result, student movements organized "teach-ins" and educational seminars. Earth Day emerged on April 22, 1970. The reason for choosing April was that it coincided with university students' spring break and exam period, so the organizers relied on student participation. Thus, Earth Day has been observed since April 22, 1970, and as of today, 56 years have passed.

The theme of Earth Day, "Our Power, Our Planet," emphasizes collective public action rather than waiting for government decisions on environmental protection. Globally, over 193 countries participate, and under the theme "Our Power, Our Planet," they have carried out public activities, environmental restoration efforts, and other actions for the benefit of the Earth.

We, the Eco-warriors, have also celebrated Earth Day in previous years with singing, dancing, and performances. And today, we have more unique activities planned. Because the Earth is the only home for us humans, it is crucial to protect it from degradationfor future generations and for the present, as the Earth continues to provide everything we need.

As an Eco-warrior, when such Earth-related observance days arrive, I feel excited and interested in doing small beneficial things for the planetthinking about how I can change and protect it from my end, and how I can inspire those around me, even if just for one day.

If the Earth gradually becomes more degraded, it will affect us all. So, let us not harm our Mother Earth through our actions. Let us avoid things that harm the planet as much as possible, and let each one of us start making changes to help restore the Earth to health.

Address

Phaung Daw Pyan Road, Nandawunn 6th Quarter
Nyaungshwe
06081

Alerts

Be the first to know and let us send you an email when Eco-Warriors Nyaung Shwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Eco-Warriors Nyaung Shwe:

Share