Justice Movement For Community -Innlay

Call Directions Website Contact the organization

Justice Movement For Community -Innlay .JMC-Innlay.comm

(11.8.2025)JMC-Innlay အဖွဲ့ရဲ့ဖွဲ့စည်းပုံကို edit ပြန်လုပ်တယ်လက်ရှိသွားနေတဲ့လမ်းကြောင်းကိုအခြေခံပြီးမဟာဗျူဟာမြောက်တဲ့လုပ...
15/08/2025

(11.8.2025)
JMC-Innlay အဖွဲ့ရဲ့ဖွဲ့စည်းပုံကို
edit ပြန်လုပ်တယ်
လက်ရှိသွားနေတဲ့လမ်းကြောင်းကိုအခြေခံပြီး
မဟာဗျူဟာမြောက်တဲ့လုပ်ငန်းစဥ်တွေ
ပေါ်ထွက်လာဖို့ ဝိုင်းဝန်းကြိုးစားခဲ့ကြတယ်


#နွေဦးမေတ္တာယုံကြည်ရာ

အစစ်အမှန်ရက်စက်မှုများနှင့် အတုအယောင်ငြိမ်းချမ်းရေး Real Atrocities vs Fake Peace Forum (Eng Version Below)Peace Forum 2...
30/06/2025

အစစ်အမှန်ရက်စက်မှုများနှင့် အတုအယောင်ငြိမ်းချမ်းရေး

Real Atrocities vs Fake Peace Forum
(Eng Version Below)

Peace Forum 2025 ခေါင်းစဉ်နဲ့ နေပြည်တော်မှာ အကြမ်းဖက် စစ်အုပ်စုက ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အဲဒီ့ပွဲမှာ အကြမ်းဖက်စစ်အုပ်စုနဲ့အတူ ပြည်သူလူထုကို စာနာထောက်ထားမှု၊ ငဲ့ညှာမှု လုံးဝမရှိကြတဲ့၊ ပြည်သူထောက်ခံမှု မရှိတဲ့ အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့နဲ့ လူပုဂ္ဂိုလ်အချို့ တက်ရောက်ခဲ့ကြပါတယ်။ သူတို့ဟာ အတုအယောင် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြောင်းအရာ မျိုးစုံ ဆွေးနွေးခဲ့ကြရုံသာမက ပြည်သူလူထု မလိုလားတဲ့၊ ပြည်သူလူထုထောက်ခံခြင်းမရှိတဲ့၊ တရားမျှတမှု ဘယ်လိုမှ မရှိနိုင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ပြည်သူ့အာဏာကို မတရားလုယူဖို့ စတင်ကြိုးစားခဲ့တဲ့အချိန်ကစလို့ အခုလက်ရှိအချိန်အထိ ပြည်သူလူထု ထောင်ချီ၊ သောင်းချီကို မတရား သတ်ဖြတ်ခဲ့သလို ဆက်လက် သတ်ဖြတ်နေတုန်းလဲဖြစ်ပါတယ်။ မြို့အစုံ ဒေသအစုံမှာ အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတွေအပါအဝင် ပြည်သူပေါင်းများစွာကိုလည်း ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာ စတဲ့ လုပ်ရပ်တွေကိုလည်း နေ့စဉ်နဲ့အမျှ ပြုလုပ်လျက်ရှိပါတယ်။ ဒါ့အပြင် မတရားစစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး လူငယ် လူရွယ်ပေါင်း များစွာကိုလည်း ၎င်းတို့ အာဏာ တည်မြဲရေးအတွက် ရှေ့တန်းစစ်မျက်နာပြင်ကို ပို့လွှတ်ကာ အသေခံခိုင်းလျက် ရှိနေပါတယ်။ စစ်လေယာဉ်တွေနဲ့ အများပြည်သူ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ လူစည်ကားရာနေရာတွေ အပါအဝင် နေရာအစုံကို ဗုံးကြဲ သတ်ဖြတ်ခြင်းလည်း မပြတ် လုပ်ဆောင်နေပါတယ်။ ကလေးသူငယ်ပေါင်းများစွာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်မှာ စာသင်ခွင့်သာမက အသက်ရှင်ခွင့် ပါ မရကြတဲ့ အခြေနေကို ရင်ဆိုင်နေကြရပါတယ်။ ပြည်သူလူထုဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ဒဏ်ကို နေ့စဉ်နဲ့အမျှ ခံစားနေကြရပါတယ်။

၎င်းတို့ ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးဟာ အတုအယောင်ဆိုပေမယ့် ၎င်းတို့ ကျူးလွန်းနေတဲ့ ရက်စက်မှုတွေကတော့ အစစ်အမှန်ဖြစ်ပါတယ်။
ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ ပင်မတရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကသာ ငြိမ်းချမ်းရေးအစစ်အမှန်ဖြစ်ပါတယ်။

ပြည်သူလူထုတရပ်လုံးရော နိုင်ငံတကာအဖွဲ့အစည်းတွေကိုရော အကြမ်းဖက် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအပါအဝင် အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ဒီလုပ်ငန်းစဉ်တွေမှာ ပါဝင်ကြသူတွေ အားလုံးကို တော်လှန်ဆန့်ကျင်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

စစ်အာဏာရှင်စနစ် တည်မြဲဖို့ လုပ်ဆောင်မှုမှန်သမျှ ပြည်သူ့အားဖြင့် ဆန့်ကျင်ကြ။

အရေးတော်ပုံ အောင်ရမည်။

Real Atrocities vs Fake Peace Forum

Under the title Peace Forum 2025, the terrorist military group held an event in Naypyidaw from June 25 to 27. Among the attendees were some organizations, some Political Parties and individuals that show no compassion or concern for the people and also not supported by the people , including the SAC (State Administration Council). These groups not only discussed various topics under the guise of promoting fake peace but also reportedly discussed holding a fake election that lacks public support, legitimacy, or any possibility of justice.

Since the day of the coup, the military has unlawfully killed thousands of civilians. Every day, people across towns and regions who oppose the military are being arrested, imprisoned, and tortured. Additionally, the junta has enforced an illegal conscription law, forcing countless young people to the frontlines to die for the sake of sustaining military power. Airstrikes continue to target residential areas, schools, and hospitals. Many children are now not only denied education but also denied the right to live under the SAC. The people are suffering daily from the military’s brutal violence.

The so-called peace they are trying to promote is fake, but the atrocities they commit are very real. The true Peace is the end of the military dictatorship, the main culprit behind these atrocities.

We urge the people of Myanmar and the international community to oppose the junta’s fake election and all other fake peace efforts. We also urge resistance against anyone participating in or supporting these schemes.

The people must resist all attempts to prolong military dictatorship.

The revolution must prevail.

 must ensure aid to Myanmar is transparent, independently monitored, and delivered via cross-border channels in coordina...
06/06/2025

must ensure aid to Myanmar is transparent, independently monitored, and delivered via cross-border channels in coordination with EROs & CSOs. Aid must reach people—not empower the junta.

ASEAN govts must stop direct support to the Myanmar Junta. No transparency risks on how humanitarian aid are used risks ...
06/06/2025

ASEAN govts must stop direct support to the Myanmar Junta. No transparency risks on how humanitarian aid are used risks manipulation, exploitation & more war crimes.
must act now!

Where did the Earthquake Relief Money Go?!                                                                              ...
04/06/2025

Where did the Earthquake Relief Money Go?!
According to the junta's statement released on April 24, more than USD $2.437 million in international aid has been received, along with 5 million Korean Won (approx. USD $3,580), 15 million Indian Rupees (approx. USD $175,160), 2 million Thai Baht (approx. USD $60,000), 3,150 Singapore Dollars (approx. USD $2,430), in total, over USD $2.678 million and 115.876 billion Myanmar Kyats have reportedly been received.

It was also announced that 2,635.92 tons of relief supplies and 1,197.12 tons of rescue equipment have been received.

According to the statements, the junta has reportedly provided 1.8 million MMK (1,800,000 MM kyats) per person to those who died due to the earthquake in Mandalay, totaling 3.873 billion kyats for 2,152 individuals. Additionally, it was stated that basic food supplies such as rice, oil, salt, beans, and fermented fish paste were provided for one month's consumption to the earthquake-affected people, amounting to a total value of 7.26 billion kyats.

For those who died in the Sagaing earthquake, 1 million MMK (1,000,000 MM kyat) was provided to each person, totaling 546 million kyats (0.546 billion kyats) for 546 individuals.

According to the junta’s statements, the total financial assistance provided in Mandalay and Sagaing amounted to only about 11.68 billion kyats.

This is only one-tenth of the Myanmar kyats received by the military junta, and the remaining over 100 billion Myanmar kyats and $2.678 million in foreign currency are still missing.

The relief items being distributed by the junta including tarpaulins, generators, water purifiers, household goods, and etc. to Naypyidaw and certain other regions are likely part of the over 2,000 tons of supplies received from the international community.

So, where is the remaining earthquake relief fund and humanitarian aid that have reached the junta but are still unaccounted for???





ငလျင်ကူညီကယ်ဆယ်ရေးငွေတွေ ဘယ်ရောက်နေလဲ ⁉️စစ်အုပ်စုရဲ့ ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတကာ အကူအညီအဖြင့် အမေရိကန်ဒေါ်...
03/06/2025

ငလျင်ကူညီကယ်ဆယ်ရေးငွေတွေ ဘယ်ရောက်နေလဲ ⁉️

စစ်အုပ်စုရဲ့ ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတကာ အကူအညီအဖြင့် အမေရိကန်ဒေါ်လာ ၂.၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ၅ သန်း (ဒေါ်လာ ၃,၅၈၀ ခန့်)၊ အိန္ဒိယရူပီး ၁၅ သန်း (ဒေါ်လာ ၁၇၅,၁၆၀ ခန့်)၊ ထိုင်းဘတ် ၂ သန်း (ဒေါ်လာ ၆၀,၀၀၀ ခန့်) နဲ့ စင်ကာပူဒေါ်လာ ၃,၁၅၀ (ဒေါ်လာ ၂,၄၃၀ ခန့်)၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂.၆၇၈ သန်းကျော်) နဲ့ မြန်မာကျပ်ငွေ (၁၁၅.၈၇၆ ဘီလီယံကျော်) လက်ခံရရှိထားတယ်လို့ တွေ့ရပါတယ်။

ပစ္စည်းတွေအနေနဲ့ ထောက်ပံ့ရေးပစ္စည်း ၂,၆၃၅.၉၂ တန်နဲ့ ကယ်ဆယ်ရေးပစ္စည်း ၁,၁၉၇.၁၂ တန် လက်ခံရရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တလက်စတည်း ထုတ်ပြန်ချက်တွေအရ စစ်အုပ်စုဟာ မန္တလေးက ငလျင်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် တဦးကို ၁၈ သိန်း ထောက်ပံ့ခဲ့ပြီး ၂,၁၅၂ ဦးစာ စုစုပေါင်း မြန်မာကျပ်ငွေ ၃.၈၇၃ ဘီလီယံနဲ့ ငလျင်ဘေးသင့်ပြည်သူတွေ တလစာ စားနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ စတာတွေကို မြန်မာကျပ်ငွေ ၇.၂၆ ဘီလီယံဖိုး ထောက်ပံ့ခဲ့တယ်လို့လည်း တွေ့ရပါတယ်။

စစ်ကိုင်းက ငလျင်ကြောင့် သေဆုံးခဲ့ရသူတွေကိုတော့ တဦးကို ၁၀ သိန်း ထောက်ပံ့ခဲ့ပြီးတော့ ၅၄၆ ဦးစာ စုစုပေါင်း မြန်မာကျပ်ငွေ ၅၄၆ သန်း (၀.၅၄၆ ဘီလီယံ) သာ ရှိခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေအရ မန္တလေးနဲ့ စစ်ကိုင်းမှာ ထောက်ပံ့ငွေ စုစုပေါင်း မြန်မာကျပ်ငွေ ၁၁.၆၈ ဘီလီယံခန့်သာ ရှိခဲ့ပါတယ်။

ဒါဟာ စစ်အုပ်စုလက်ခံရရှိထားတဲ့ မြန်မာကျပ်ငွေရဲ့ (၁၀ ပုံ ၁ ပုံ) သာဖြစ်ပြီးတော့ ကျန်တဲ့ မြန်မာကျပ်ငွေ ဘီလီယံ ၁၀၀ ကျော်နဲ့ နိုင်ငံခြားငွေ ဒေါ်လာ ၂.၆၇၈ သန်းကလည်း ပျောက်ဆုံးနေပါသေးတယ်။

စစ်အုပ်စုရဲ့ နေပြည်တော်အပါအဝင် တခြားဒေသတချို့ကို ထောက်ပံ့နေတဲ့ ထောက်ပံ့ရေးပစ္စည်း (မိုးကာ၊ မီးစက်၊ ရေသန့်စက်၊ အိမ်သုံးပစ္စည်း အစရှိသဖြင့်) ဆိုတာတွေကလည်း နိုင်ငံတကာကနေ တန်ချိန် ၂,၀၀၀ ကျော် ရရှိထားတဲ့ထဲက ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် စစ်အုပ်စုထဲ ရောက်ရှိပြီး ကျန်နေသေးတဲ့ ငလျင်ကူညီကယ်ဆယ်ရေး ငွေတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဘယ်တွေကို ရောက်နေပါသလဲ။





ညောင်ရွှေမြို့နယ်နန်းသဲကျေးရွာအုပ်စုအတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းအလှူပစ္စည်းများကို လက်ဝယ်ထားရှိပြီးအာဏာကို အလွဲသုံ...
13/05/2025

ညောင်ရွှေမြို့နယ်
နန်းသဲကျေးရွာအုပ်စု

အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း

အလှူပစ္စည်းများကို လက်ဝယ်ထားရှိပြီး
အာဏာကို အလွဲသုံးစားလုပ်နေခြင်း

(English version below)စစ်အုပ်စုလက်ထဲ ထည့်လိုက်သည့် လူသားချင်းစာနာမှုအကူအညီများ လိုအပ်သူများထံ မရောက်ရှိ။အကြမ်းဖက် စစ်အု...
13/05/2025

(English version below)
စစ်အုပ်စုလက်ထဲ ထည့်လိုက်သည့် လူသားချင်းစာနာမှုအကူအညီများ လိုအပ်သူများထံ မရောက်ရှိ။

အကြမ်းဖက် စစ်အုပ်စုသည် လူသားချင်းစာနာမှု အကူအညီများကို ပိတ်ပင်တားဆီးခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်း၊ စစ်ရေး ၊ နိုင်ငံရေး အတွက် လက်နက်အဖြစ် အသုံးချခြင်း စသည့် ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများရှိခဲ့သည်။ ထိုအထဲတွင် ဒေါ်လာ သန်း‌ပေါင်း ရာချီသော အရေးပေါ် ကယ်ဆယ်ကူညီရေး ရံပုံငွေများသာမကပဲ သဘာဝဘေး၊ စစ်ဘေးများနှင့် ရင်ဆိုင်နေရသော ပြည်သူများအတွက် ရည်ရွယ်သည့် အထောက်အပံ့ အကူအညီ ပစ္စည်းများနှင့် ငွေကြေးများစွာလည်း ပါဝင်သည်။

လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေကြေပျောက်ဆုံးခဲ့သည့် ၂၀၀၈ နာဂစ် (Nargis) မုန်တိုင်းအပြီးတွင် စစ်အုပ်စုသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (UN WFP) မှ ထောက်ပံ့သော အာဟာရမြင့် ဘီစကစ် ၃၈ တန် အပါအဝင် နိုင်ငံတကာ အကူအညီပစ္စည်းများကို ပိုင်စိုးပိုင်နင်းဖြင့် မတရား သိမ်းယူခဲ့သည်။ (ဖြစ်စဉ်များစွာမှ တခုကိုသာ ထုတ်နုတ်ရေးသားထားခြင်းဖြစ်သည်။) ထောက်ပံ့ပစ္စည်းများကို စစ်အုပ်စုမှ လှူဒါန်းမှုများအဖြစ် ပြန်လည်တံဆိပ်ကပ်ခဲ့ပြီး ပစ္စည်းအချို့များကိုလည်း စျေးကွက်များတွင် ရောင်းချခဲ့ကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။

လူပေါင်း ၇.၉ သန်းခန့် ထိခိုက်စေခဲ့သည့် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်း မိုခါ (Mocha) မုန်တိုင်း အပြီးတွင်လည်း စစ်အုပ်စုသည် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် အကူညီများ ပေးပို့ခြင်းကို အဟန့်အတားပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၂၀ နှင့် အိန္ဒိယမှ ၂၅ တန်တို့ကို လက်ခံရရှိခဲ့သော်လည်း မုန်တိုင်းတိုက်ပြီး ရက်သတ္တပတ်များအကြာအထိ နေရာအများအပြားက ဘာမှ မရရှိကြောင်း သိရသည်။

ယခုအခါ မတ်လ ၂၈ ရက်နေ့ ၇.၇ ပြင်းအား မြေငလျင် လှုပ်ခတ်ပြီးနောက် နိုင်ငံတကာ အလှူရှင်များက အစားအသောက်၊ ဆေးဝါးနှင့် အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကို လျင်မြန်စွာ ပေးပို့ခဲ့ကြသည်။ သို့သော်လည်း ယခင်နည်းတူ စစ်အုပ်စုသည် အထောက်ပံ့ပစ္စည်းများကို ပြည်သူများထံ ထိရောက်စွာ ဖြန့်ဝေခြင်းမရှိဘဲ နေပြည်တော်ရှိ ဂိုဒေါင်များတွင် သိမ်းဆည်းထားသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ လွတ်မြောက်နယ်မြေများတွင်လည်း စစ်အုပ်စုမှ ဝင်ရောက်ခွင့် ကန့်သတ်ထားသောကြောင့် အကူအညီ အနည်းငယ်သာ (သို့မဟုတ်) လုံးဝမရရှိကြောင်း သိရသည်။

ဤကိစ္စရပ်များကို ကြည့်ခြင်းအားဖြင့် စိုးရိမ်မှုများ ပေါ်ပေါက်လာရပြန်သည်။ နိုင်ငံတကာမှ ထောက်ပံ့သော လူသားချင်းစာနာမှု အကူအညီများ (ပစ္စည်းဖြစ်စေ၊ ငွေကြေးဖြစ်စေ) သည် စစ်အုပ်စု နှင့် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် လုပ်ဆောင်နေသော အဖွဲ့အစည်းများ လက်ထဲသို့ ထည့်လိုက်လျှင် အကူအညီလိုအပ်သူများထံ မရောက်ရှိနေခြင်းကို မြင်နေရသည်။

ထိုကြောင့် နိုင်ငံတကာအသိုက်အဝန်းသည် လူသားချင်းစာနာ အကူအညီများကို စစ်အုပ်စု မှ တဆင့်သာ ဆက်လက် ထောက်ပံ့ပါက အမှန်တကယ် အကူအညီလိုအပ်နေသူများထံ ထိထိရောက်ရောက် ကူညီပေးနိုင်မည်မဟုတ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (Blood Money Campaign) မှ စိုးရိမ်ကြီးစွာဖြင့် သတိပေးအပ်ပါသည်။

STOP Weaponization Of Humanitarian Aid

***************

Humanitarian Aid channeled through the junta fails to reach those in need.

The violent military junta has a long history of obstructing and misappropriating humanitarian aid and using it as a weapon for military and political ends. This includes not only millions of dollars in emergency relief funds but also a large amount of physical goods and money intended for people facing natural disasters and wars.

In the aftermath of Cyclone Nargis in 2008, which left over 140,000 people dead or missing, the junta illegally seized international aid supplies, including 38 tonnes of high-energy biscuits provided by the UN World Food Programme. (This is just one excerpt from many incidents.) Reports revealed that the aid was relabeled to appear as junta donations, while some supplies were sold in markets instead of reaching survivors.

After Cyclone Mocha struck in 2023, affecting approximately 7.9 million people, the junta also obstructed or delayed aid deliveries, especially in Rakhine State. Despite receiving 20 tonnes of relief supplies from Thailand and 25 tonnes from India, many areas reportedly received nothing for weeks after the storm.

Now, after the 7.7 magnitude earthquake in 2025, international donors have quickly delivered food, medicine, and emergency supplies. However, as in the past, the military regime has not effectively distributed the supplies to the people, and instead is reportedly storing them in warehouses in Nay Pyi Taw. The junta has also restricted access to liberated areas, meaning little or no aid is being delivered there.

These issues raise urgent concerns. If international humanitarian aid (both goods and money) is being funneled into the hands of the military junta and organizations operating under its control, we can see that it is not reaching those in need.

Therefore, the Blood Money Campaign warns with great concern that if the international community continues to channel humanitarian aid through the military junta, it will not be able to effectively help those really in need.

STOP Weaponization Of Humanitarian Aid

REF: HRW, Cyclone Nargis: Facts and Details, The Guardian,MSF, BNI, Royal Thai Embassy, NDTV: Cyclone Mocha - India, Financial Time, Indo Pacific Defense Forum, Progressive Voice





"လူသားချင်းစာနာမှု အကူအညီများသည် မည်သို့သောအခါတွင်မှ နိုင်ငံရေး နှင့် စစ်လက်နက် မဖြစ်စေရ။" WOA! လှုပ်ရှားမှုရဲ့ အရေးကြီး...
11/05/2025

"လူသားချင်းစာနာမှု အကူအညီများသည် မည်သို့သောအခါတွင်မှ နိုင်ငံရေး နှင့် စစ်လက်နက် မဖြစ်စေရ။"

WOA! လှုပ်ရှားမှုရဲ့ အရေးကြီးတဲ့ နောက်ခံသမိုင်းက ၂၀၀၈ နာဂစ်တုန်းကလို မဖြစ်စေဖို့ အချက် အပါအဝင် ဖြစ်ပါတယ်။ ကျွန်မတို့အားလုံး သိကြတဲ့ ၂၀၀၈ ခုနှစ် မေလ ၂-၃ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ် (မြန်မာ့သမိုင်းတလျှောက် ဆုံးရှုံးမှု အကြီးမားဆုံး သဘာဝဘေး) ဟာ အတိတ်ဆိုး အိပ်မက်သဖွယ်ဖြစ်ရပ်တခုအဖြစ် ယနေ့တိုင် ကျန်ရှိနေဆဲပါ။

လူ့အသက်ပေါင်း ၁ သိန်း ၄ သောင်းကျော် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ အာဏာရှင် သန်းရွှေ ဦးဆောင်တဲ့ စစ်အုပ်စုဟာ နာဂစ်အတွက် နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်းတွေကို အတားအဆီးတွေ ပြုလုပ်ခဲ့ပြီး ငွေ အကူအညီကိုပဲ လိုချင်ခဲ့ပါတယ်။ ပြည်တွင်း ကယ်ဆယ်ရေးသမားတွေကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူသိန်းချီသေဆုံးပြီး၊ သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်မဲ့နေချိန်မှာ နာဂစ်အပြီးတပတ် ရက်လည်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်းအဓမ္မ မဲပေးခိုင်းပြီး ထောက်ခံခဲ့သည်ဟုဆိုကာ စစ်အုပ်စုက ကြေညာခဲ့ပါတယ်။ ဒါဟာ ကျွန်မတို့ နိုင်ငံသမိုင်းမှာ ဘယ်သော အခါမှ မမေ့ပျောက်နိုင်တဲ့ သမိုင်းဆိုးတခုပါ။

ကိုယ်ထူကိုယ်ထ ကူညီကြတဲ့ ပြည်သူအချင်းချင်းကပေးတဲ့ အစားသောက်၊ ဆေးဝါး၊ ငွေကြေး စတဲ့ အကူအညီတွေကို နာဂစ်မုန်တိုင်းသင့် ကျန်ရစ်ခဲ့သူတွေဟာ စောင့်ဆိုင်းခဲ့ရပြီး ပြည်သူက ပြည်သူကို ကူညီခြင်း ဆိုတာတွေပဲ ရှိခဲ့တာပါ။ အခု မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ ပြင်းအား ၇.၇ မြေငလျင်မှာ ကြုံတွေခဲ့ရတဲ့ ဖြစ်စဉ်တွေနဲ့ တူတူပါပဲ။

ဒါ့အပြင် Tripartite Core Group (TCG) လို့ခေါ်တဲ့ UN, ASEAN နှင့် သန်းရွှေ ဉီးဆောင်တဲ့ စစ်အုပ်စု တို့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့မှတဆင့် စစ်အုပ်စုက နာဂစ်ဖြစ်ပြီး တနှစ်ပြည့်ချိန် (၂၀၀၉ မေလ) မှာ ၂၀၀၉, ၂၀၁၀, ၂၀၁၁ - (၃) နှစ်စာ ပြန်လည်ထူထောင်ရေးအတွက်ဟုဆိုကာ ကန်ဒေါ်လာ ၆၉၁ သန်း တောင်းခံခဲ့ပါတယ်။

တဖက်မှာတော့ ဒီဇင်ဘာ ၂၀၀၉ မှာ ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိ MiG-29 တိုက်လေယာဉ် ၂၀ စီး ဝယ်ယူရန် ရုရှားနဲ့ သဘောတူ စာချုပ်တခု ချုပ်ဆိုခဲ့ပါတယ်။ (Source : The Irrawaddy [Junta Buys 230 Military Aircraft in 21 Years, 26 Dec 2009)] More MiG-29s for Myanmar - CombatAircraft.com)

TCG နဲ့ နိုင်ငံတကာ အကူအညီတွေဟာ နာဂစ်ဘေးသင့်နေရာတွေအတွက် ပြန်လည်ထူထောင်ရေး အကူအညီငွေတွေကို စစ်အုပ်စုမှတဆင့် ပေးတဲ့အခါ စစ်အုပ်စုအတွက် အတိအကျ လက်နက်ထောက်ပံ့ရေးနဲ့ စစ်အသုံးစရိတ် ဖြစ်ခဲ့ပြီးပါပြီ။

အကြမ်းဖက် စစ်အုပ်စုဟာ ထိုကာလတွေမှာလည်း လူ့အသက်ထက် ၎င်းတို့ အာဏာတည်မြဲရေးကို အာရုံစိုက်ခဲ့ကြပြီး အုပ်ချုပ်ရေး၊ လုံခြုံရေး စိုးရိမ်မှုများ အကြောင်းပြကာ တားဆီးပိတ်ပင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၈ နာဂစ် နောက်ဆက်တွဲမှာ လူသန်းပေါင်းများစွာ အတိဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဤအကြောင်းအရာတွေဟာ ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးမထားဘဲ ၎င်းတို့ရဲ့ ဦးစားပေးမှုဟာ အာဏာဆက်လက်တည်မြဲရေးကို ထိန်းသိမ်းလိုခြင်းသာ ဖြစ်ကြောင်း သိသာစွာ မြင်တွေ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုအရေးယူရေးအဖွဲ့ (International Crisis Group) နှင့် ဒေသခံများ၏ ထုတ်ဖော်ပြောကြားချက်တွေအရ ထိုကယ်ဆယ်ရေး အကူအညီ အားလုံးနီးပါဟာ

၁။ စစ်အုပ်စု ထိန်းချုပ်ထားသည့် လမ်းကြောင်းများမှတဆင့် ဖြတ်သွားရပြီး မျှတစွာ ခွဲဝေဖြန့်ဖြူးမှု မရှိခြင်း။ (ထိခိုက်ခံစားရသူအားလုံးထံ မရောက်ရှိခြင်း။)
၂။ စစ်အုပ်စုတို့နှင့် မဟာမိတ် ခရိုနီများထံ လွှဲပြောင်းခြင်း။
၃။ ပြည်သူလူထုကို စစ်အုပ်စုတို့ ဖော်ပြလိုသည့်အတိုင်း သတင်းစာစောင်များမှတဆင့် ဖော်ပြပြီး
၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်ခြင်း။
၄။ စစ်အုပ်စုလက်အောက်ခံ စစ်သားများက နိုင်ငံတကာအကူအညီများကို နာမည်ပြောင်းတပ်ကာ ၎င်းတို့လှူသည်ဖြစ်ကြောင်း ဖော်ပြခြင်း။
၅။ စစ်အုပ်စုတို့နှင့် အဆက်အဆံမရှိသော ဒေသများထံ အကူအညီများ မရောက်ရှိခြင်း။
၆။ နာဂစ် အကူအညီများကို ၂၀၀၈ ဖွဲ့စည်းပုံ မဲဆွယ် စည်းရုံးသည့်နေရာတွင် အသုံးပြုခဲ့ခြင်း။
၇။ ၂၀၀၈ ဖွဲ့စည်းပုံကို မဲပေးမှ ထိုကယ်ဆယ်ရေး အကူအညီများကို ပေးမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း။

စတဲ့ အကြောင်းအရာများစွာနဲ့တကွ အမှန်တကယ် လိုအပ်ခဲ့တဲ့ သဘာဝဘေးသင့် နေရာ၊ ဒေသနဲ့ ပြည်သူများထံ မရောက်ခဲ့၊ ပြည်သူများ မရရှိခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ပြီးပါပြီ။

အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၀၈ နာဂစ်ဘေးအတွက် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီတွေကို လက်နက်အဖြစ် အသုံးပြုခဲ့ပါတယ်။ ယခု မတ်လ ၂၀၂၅ စစ်ကိုင်းမြေငလျင်ဘေးမှာလည်း ထိုကဲ့သို့ တူညီသည့် လူသားမဆန်သော ရွံရှာဖွယ်ရာ အပြုအမူကို ထပ်မံ လုပ်ဆောင်နေတာတွေအတွက် ထပ်ပြီး အခွင့်အရေး မရသင့်ပါ။

ကျွန်မတို့အားလုံးတွင် တွန်းလှန်ရမည့် တာဝန်ရှိပါတယ်။ ထို့အတွက်ကြောင့် များမကြာခင် လှုပ်ရှားမယ့် WOA (Weaponization Of Aid) ကမ်ပိန်းမှာ ပြည်သူတဦးချင်းမှ မိမိတတ်နိုင်သည့်အားဖြင့် ပါဝင် အသံထုတ်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။

"လူသားချင်းစာနာမှု အကူအညီများသည် မည်သို့သောအခါတွင်မှ နိုင်ငံရေး နှင့် စစ်လက်နက် မဖြစ်စေရ။"

Ref Source : Myanmar Now, Human Rights Watch Report (2009): “Burma: Aid Obstructed”, International Crisis Group: “Burma/Myanmar: After Nargis: Time to Normalise Aid Relations”, ReliefWeb: Myanmar: One year after Nargis - the Tripartite Core Group continues to support the affected people (2 May 2009), More MiG-29s for Myanmar-combatAircraft.com, Myanmar to buy 20 MiG-29 fighters for $570 mln - paper (23 Dec 2009, Sputnik International), [The Irrawaddy, Junta Buys 230 Military Aircraft in 21 Years, 26 Dec 2009]



ငလျင်ကယ်ဆယ်ရေးကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၈၀ ကျော် ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုက ...
09/05/2025

ငလျင်ကယ်ဆယ်ရေးကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၈၀ ကျော် ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု

လေကြောင်းတိုက်ခိုက်မှုက ယခု ငလျင်မလှုပ်ခင်တည်းက စစ်အုပ်စုတို့ အဓိကထား ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု အကြမ်းဖက်နည်း တမျိုးဖြစ်ကြောင်း ကျွန်မတို့အားလုံး အသိဖြစ်ပါတယ်။

ငလျင်လှုပ်တဲ့ ကာလအတွင်းမှာပင် စစ်အုပ်စုဘက်က လူမဆန်စွာ ရက်စက်၊ ဆိုးရွားလှတဲ့ ဒီလေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့တာက ငြင်းမရတဲ့ အမှန်တရားတခု ဖြစ်ပါတယ်။

စစ်အုပ်စုဘက်က အပစ်အခတ် ရပ်စဲမယ်ဆိုပြီး ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမဲ့ နာရီပိုင်း အတွင်းမှာပဲ ကချင် နဲ့ စစ်ကိုင်းမှာ ဗုံးကြဲခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထုံးစံ အပြောနဲ့လက်တွေ့ လုံး၀မကျတာက သွေးမြေကျပြီး အသက်ဆုံးရှုံးခဲ့တဲ့ ပြည်သူ/သားတွေက သက်သေပါဘဲ။

သဘာ၀ မြေငလျင်ဘေးဒဏ်ကြောင့် အသက်ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ အိုးမဲ့ အိမ်မဲ့ အပျက်အစီးများကြား ရှင်သန်ကျန်ရစ်သူတွေ အခက်တွေ့နေချိန်မှာပင် ရာဇဝတ်ဂိုဏ်း စစ်အုပ်စုသည် မတ်လ ၂၈ ရက် မှ မေလ ၂ ရက်နေ့ အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၈၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ ၂၇၆ ဦး သေဆုံးခဲ့ပြီး ၄၅၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါတယ်။
(Ref - Ministry of Human Rights, NUG)

ကျွန်မတို့ပြည်သူတွေရဲ့ အရှင်လတ်လတ် ငရဲထဲရောက်နေရတဲ့ ခံစားချက်တွေကို နည်းနည်းမှ ထောက်ရှုမှု မပြုတဲ့အပြင် ပိုပြီးဆိုးရွားလှတဲ့ အိပ်မက်ဆိုးတွေနဲ့ အတိတ်ဆိုးတွေဘဲ ပေးနေတဲ့ ဒီအကြမ်းဖက်စစ်အုပ်စုတသိုက်ကို အင်အားချိနဲ့ ပြိုလဲဖို့အတွက် တူညီတဲ့ သတင်းစကား မက်ဆေ့ချ်တွေနဲ့ လူထုပါဝါ အသံထုတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

လူသားချင်းစာနာ ထောက်ထားမှု အကူအညီ တွေဟာ လူထုထံ မရောက်ဘဲ စစ်အုပ်စုက လက်နက်အဖြစ် အသုံးပြုနေတာတွေနဲ့ လူထုထံ အမှန်တကယ် ရောက်မယ့် နည်းလမ်းတွေ၊ လမ်းကြောင်းတွေက တဆင့် ထောက်ပံ့ဖို့အတွက် မကြာခင်မှာ လှုပ်ရှားမယ့် Weaponization Of Aid Campaign မှာ ပူးပေါင်း ပါဝင်ကြဖို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထု တဦးချင်းစီကို တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။





Address

Nyaungshwe

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959428339544

Alerts

Be the first to know and let us send you an email when Justice Movement For Community -Innlay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Justice Movement For Community -Innlay:

Shortcuts

Share