ILCDA Organization

ILCDA Organization Community Social Organization

23/08/2026

#နည်းပညာတက္ကသိုလ်(တောင်ကြီး) မောင်မယ်သစ်လွင် ကြိုဆိုပွဲ နှုတ်ဆက်ပွဲ ကျောင်းသား/သူ အင်းဆားရိုးရာအက

 #ဦးတင်ဧ(ရှမ်းပြည်)အထိမ်းအမှတ် အင်းသားတိုင်းရင်းသားပညာရေးဖောင်ဒေးရှင်း လျှောက်လွှာခေါ်ယူခြင်းဒသမအကြိမ် ဦးတင်ဧ(ရှမ်းပြည်)...
15/08/2026

#ဦးတင်ဧ(ရှမ်းပြည်)အထိမ်းအမှတ် အင်းသားတိုင်းရင်းသားပညာရေးဖောင်ဒေးရှင်း လျှောက်လွှာခေါ်ယူခြင်း

ဒသမအကြိမ် ဦးတင်ဧ(ရှမ်းပြည်)အထိမ်းအမှတ် အင်းသားတိုင်းရင်းသားပညာရေးဖောင်ဒေးရှင်း ပညာသင်ထောက်ပံ့ကြေးများကို နှစ်အလိုက် အစီအစဉ်များအရ နှစ်စဉ်ထောက်ပံ့ပေးလျှက်ရှိပါသည်။
ယခုနှစ်တွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံအထက်တန်းအောင်မြင်ပြီး အောက်ပါအသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၌ ပထမနှစ်တွင်တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား/သူများမှ ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်ပါရန် ကြေညာအပ်ပါသည်။

#‌အောက်ဖော်ပြပါတက္ကသိုလ်များတွင် တက်ရောက်၍ ဤပညာသင်ထောက်ပံ့ကြေးရရှိခဲ့ဖူးသော ကျောင်းသား/သူ ဟောင်းများ (ဒုတိယနှစ် မှ နောက်ဆုံးနှစ်များ) ပြန်လည် လျှောက်ထားရမည်။

#လျှောက်ထားနိုင်ရန် တက္ကသိုလ်များမှာ
၁။ဆေးတက္ကသိုလ်
၂။သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်
၃။ဆေးဝါးတက္ကသိုလ်
၄။ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်
၅။ သူနာပြုတက္ကသိုလ်
၆။ အခြေခံကျန်းမာရေးတက္ကသိုလ်
၇။ တိုင်းရင်းဆေးတက္ကသိုလ်
၈။ နည်းပညာတက္ကသိုလ်
၉။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
၁၀။မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်
၁၁။မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
၁၂။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
၁၃။ မွေးမြူးရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)
၁၄။ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း)
၁၅။ ကွန်ပျူတာတက္ကသိုလ်
၁၆။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်
၁၇။ နိုင်ငံခြားဘာသာတက္ကသိုလ်
၁၈။ပညာရေးတက္ကသိုလ်
၁၉။ စီးပွားရေးတက္ကသိုလ်
၂၀။ Polytechnic University
လျှောက်လွှာနှင့်အတူ
#လျှောက်ထားသူသည် အင်းသားအနွယ်ဝင်ဖြစ်ရမည်။
၁။Passport (2)ပုံ
၂။ ကျောင်းထောက်ခံစာ/ကျောင်းပြေစာ/ကျောင်းသားကဒ်
၃။ မှတ်ပုံတင်မိတ္တူ

#လျှောက်လွှာမျာကို (၁၇.၈.၂၀၂၆) နေ့ရက်မှစ၍
အင်းသားစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပြီး
#(၂၈.၈ .၂၀၂၆ )နောက်ဆုံးထားပြီ လာရောက်လျှောက်ထားနိုင်ပါသည်။
သတ်မှတ်ရက်အတွင်း ‌မရောက်ရှိလာသော လျှောက်လွှာများနှင့် မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

#မှတ်ချက် (ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များနှင့် ကောလိပ် သိပ္ပံ ကျောင်းများ လျှောက်ထားရန် မလိုပါ )
၂၀၂၆ တက္ကသိုလ်ဝင်တန်း အောင်မြင့်သူများ
လျှောက်ထားရန်မလိုသေးပါ)

18/05/2026

ရှမ်းပြည်နယ်တိုင်ရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင် (၁၅-၆-၂၀၂၆)
ရက်နေ့မှ (၁၄-၇-၂၀၂၆) ရက်နေ့အထိ
1.မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း(သင်တန်းကာလ ၁ လ)
2. တိုင်းရင်းသားရိုးရာစက်ချုပ် သင်တန်း(သင်တန်းကာလ ၁ လ )

သင်တန်းများအား နေစရိတ်/စားစရိတ် အခမဲ့ဖြင့် ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ပါသဖြင့် တက်ရောက်လိုသော သင်တန်းသားအနေဖြင့် အင်းသားစာပေယဥ်ကျေးမှုနှင့်‌ဒေသဖွံ့ဖြိုးရေးအသင်းရုံး
တာဝန်ခံများအား လည်းကောင်း/ အောက်ဖော်ပြပါ သင်တန်းတာဝန်ခံအားလည်းကောင်း
သင်တန်းတက်ရောက်ရန်လျှောက်ထားနိုင်ပါသည်။

1.လျှောက်ထားလိုသည့်သင်တန်းအမည်

2.လျှောက်ထားသူအမည်

3.အဘအမည်

4.အသက်

5.လူမျိုး

6.ပညာအရည်အချင်း

7.မှတ်ပုံတင်အမှတ်

8.နေရပ်လိပ်စာ ဖုန်းနံပါတ်

9.သင်တန်းပြီးပါက ပြန်လည်အသုံးချလိုသည့်ရည်ရွယ်ချက်

များအား ၈.၆.၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့လျှောက်ထားနိုင်ပါသည်.
ဒေါ်မေမြတ်နွယ်
လက်ထောက်ညွှန်ကြားရေးမှူး
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ
၀၉၄၂၁၅၇၈၈၄၃

အင်းသားလူငယ် သုတေသနလူငယ်များအဖွဲ့နှင့် အင်းသားစာပေယဥ်ကျေးမှုနှင့်ဒေသဖွံံဖြိုးရေးအသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်ချက...
16/05/2026

အင်းသားလူငယ် သုတေသနလူငယ်များအဖွဲ့နှင့် အင်းသားစာပေယဥ်ကျေးမှုနှင့်ဒေသဖွံံဖြိုးရေးအသင်း
အမှုဆောင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

လံစည်အကြောင်း
14/05/2026

လံစည်အကြောင်း

09/05/2026

တိုင်းရင်းသားအခွင့်အရေးများ
ကာကွယ်‌စောင့်ရှောက်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင်

၂၆.၅.၂၀၂၆ ရက်နေ့မှ ၄.၆.၂၀၂၆ ရက်နေ့ထိ
မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
ပို့ချပေးမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တက်ရောက်လိုသည့် သင်တန်းသား/သူများ အမည်စာရင်း နှင့်ကိုယ်ရေးအချက်အလက်များအား ၂၁.၅.၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍

ဒေါ်သန္တာစိုး(ဗဟိုအလုပ်မှုဆောင်)09-5215495
ဦးကျော်မင်းထွေး(ဗဟိုအလုပ်မှုဆောင်)09264101937
(အင်းသားစာပေယဉ်ကျေးမှုနှင့်ဒေသဖွံဖြိုးရေးအသင်း)
သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

13/04/2026

အင်းပျိုမေတို့ရဲ့ ရေပေါ်သင်္ကြန်
တေးဆို - အယ်သားငယ်
အက - အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း (ဗဟို)

‎အနုပညာဝါသနာပါကြတော့‎အင်းသား၊အင်းလေးသူ များနှင့်ညီနောင်တိုင်းရင်းသား ညီငယ်ညီမငယ်များအတွက်‎‎ရန်ကုန်မြို့ နှင့် မန္တလေးမြိ...
08/04/2026

‎အနုပညာဝါသနာပါကြတော့
‎အင်းသား၊အင်းလေးသူ များနှင့်ညီနောင်တိုင်းရင်းသား ညီငယ်ညီမငယ်များအတွက်

‎ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ရှိ အနုပညာအထက်တန်းကျောင်းမှ စာပေနှင့်အနုပညာ(ဂီတ/သဘင်/ပန်းချီ/ပန်းပု)(၃) နှစ်သင်တန်း ပထမနှစ်အတွက် လျှောက်လွှာများခေါ်ယူနေပါကြောင်း အသိပေးအပ်ပါသည်။

‎အသေးစိတ် အချက်လက်များကို
‎အင်းသားစာပေယဥ်ကျေးမှုနှင့်ဒေသဖွံဖြိုးရေးအသင်း (ရုံးချိန်) အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

အခြေခံ(အင်းဗန်) သင်တန်းဆင်းပွဲ အခမ်းအနား
15/03/2026

အခြေခံ(အင်းဗန်) သင်တန်းဆင်းပွဲ အခမ်းအနား

Address

Nyaungshwe
LOCALCOMMUNITY

Telephone

09449927733

Website

Alerts

Be the first to know and let us send you an email when ILCDA Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share