Loyalty mobile team for karenni

Loyalty mobile team for karenni This page is set up to raise funds for healthcare volunteers in karenni state...
(1)

မိုးတွင်းကာလမှာ စစ်ရှောင်စခန်းတွေဆီသွားရတဲ့အခါကားလမ်းမပေါက်တော့တဲ့ နေရာတွေရှိတဲ့အတွက် လမ်းဆင်းလျောက်ရတဲ့အခါတွေ ရှိပါတယ်။...
16/06/2026

မိုးတွင်းကာလမှာ စစ်ရှောင်စခန်းတွေဆီသွားရတဲ့အခါ
ကားလမ်းမပေါက်တော့တဲ့ နေရာတွေရှိတဲ့အတွက် လမ်းဆင်းလျောက်ရတဲ့အခါတွေ ရှိပါတယ်။

ရွံ့နွံတွေနဲ့ ချော်လှတဲ့တောင်တက်လမ်းတွေဟာ တကယ်ကိုမောဟိုက်စေပါတယ်။

ဒါပေမယ့် လိုရာစခန်းကိုရောက်လို့ မျှော်နေကြတဲ့ လူနာတွေကို ကုသပေးပြီးတဲ့အခါ ရလာတဲ့ပီတိကြောင့် အမောပြေရပါတယ်။

လိုအပ်တဲ့ဆေးဝါးတွေ ပြည့်ပြည့်စုံစုံနဲ့ သွားနိုင်တဲ့ အခေါက်မျိုးဆို ပိုပြီးကျေနပ်အားရ ဖြစ်ရပါတယ်။

အခုနောက်ပိုင်းမှတော့ အလှူရှင်အင်အားက သိသိသာသာနည်းပါးလာနေတာကြောင့် တချို့ဆေးဝါးတွေကို လုံလုံလောက်လောက်ဖြည့်တင်းဖို့ အခက်တွေ့စေပါတယ်။

ဒါကြောင့်ရတဲ့ စိတ်ရဲ့မောဟိုက်ခြင်းတွေက ဗွက်တောထဲဖြတ်ရတဲ့ တောင်တက်ခရီးထက် ပိုပြီးမောဟိုက်စေတည အမှန်ပါ။

ဒါပေမယ့် နောက်ဆုံးပါရာစီတမောတစ်လုံးကျန်တဲ့အထိ ကျွန်တော်တို့ ဆက်လျှောက်နေပါဦးမယ်။

ကျွန်တော်တို့အဖွဲ့လေးကို ဆေးဝါးများထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်။

ကျွန်တော်တို့ရဲ့ တစ်နေ့စာ ဆေးကုသစရိတ်အတွက် ခြောက်သိန်းဝန်းကျင် ကုန်ကျပါတယ်။

အဲ့ဒီတစ်နေ့စာလေးကို တစ်ယောက်တည်းကနေဖြစ်ဖြစ်၊ လူ လေး ငါး ယောက်စုပြီးတော့ ဖြစ်ဖြစ်၊ မွေးနေ့ ဒါမှမဟုတ် တစ်ခုခုအတွက် အမှတ်တရ သဘောမျိုးပဲဖြစ်ဖြစ် ကူညီနိုင်ပါတယ်။

တစ်နေ့စာ ဆေးအလှူရှင်များ ရှိလာခဲ့ရင်လည်း ကျွန်တော်တို့ စစ်ရှောင်စခန်းတွေဆီကို သွားရောက်ကုသပေးတဲ့အခါကျရင် အလှူရှင်နာမည်လေးကို ဆိုင်းပုဒ်လေးမှာရေးပြီး ပီတိဖြစ်စေရပါမယ်ဗျာ။

"တစ်နေ့စာ ဆေးအလှူရှင်" အဖြစ် ဇီဝိတဒါန ကုသိုလ်ယူလိုပါက ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်။

တစ်နေ့စာဖိုးမလှူနိုင်ခဲ့ရင်လည်း တတ်နိုင်သလောက်လေး တစ်ရာ၊ တစ်ထောင်ကစလို့ ပါဝင်ကူညီနိုင်ပါတယ်ခင်ဗျာ။
Loyalty Mobile Team
16/6/2026

မိုးရာသီရောက်လာပြီဆိုတာနဲ့ စစ်ရှောင်ပြည်သူတွေအတွက် နောက်ထပ် အခက်အခဲအသစ်တွေကို ရင်ဆိုင်ရတဲ့ ကာလတစ်ခုလည်း ဖြစ်လာပါတယ်။ အိမ...
13/06/2026

မိုးရာသီရောက်လာပြီဆိုတာနဲ့ စစ်ရှောင်ပြည်သူတွေအတွက် နောက်ထပ် အခက်အခဲအသစ်တွေကို ရင်ဆိုင်ရတဲ့ ကာလတစ်ခုလည်း ဖြစ်လာပါတယ်။ အိမ်ကိုစွန့်ခွာပြီး ယာယီတဲများ၊ စခန်းများမှာ နေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် မိုးရာသီဟာ သာမန်လူတွေအတွက်လို အေးချမ်းတဲ့ရာသီမဟုတ်ဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းတဲ့အခါ ယာယီတဲအိမ်တွေ ယိုစိမ့်တာ၊ လေပြင်းတိုက်ခတ်လို့ တဲတွေ ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ တချို့စစ်ရှောင်တွေဆိုရင် ညဘက်အိပ်နေရင်း မိုးရေစိုပြီး အိပ်စရာနေရာတောင် မရှိတော့တဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်ရပါတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်တော့ ဒီလိုအခြေအနေတွေက ပိုပြီး ခက်ခဲပါတယ်။

မိုးရာသီမှာ လမ်းတွေရွှံ့နွံဖြစ်သွားတာကြောင့် အစားအစာ၊ သောက်ရေနဲ့ ဆေးဝါးတွေ သယ်ယူပို့ဆောင်ဖို့လည်း အခက်အခဲတွေ ကြုံရပါတယ်။ တချို့ဒေသတွေမှာ လမ်းပိတ်တာ၊ ချောင်းရေကြီးတာတွေကြောင့် အကူအညီတွေ အချိန်မီ မရောက်နိုင်တဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးပြဿနာတွေကလည်း မိုးရာသီမှာ ပိုများလာပါတယ်။ မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနိုင်သလို ခြင်ပေါက်ဖွားမှုများလာတာကြောင့် သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါလို ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဆေးဝါးမလုံလောက်တဲ့ စစ်ရှောင်စခန်းတွေမှာတော့ ဒီလိုရောဂါတွေဟာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မိုးရာသီဟာ စစ်ရှောင်ပြည်သူတွေအတွက် ပိုမိုခက်ခဲတဲ့ ကာလတစ်ခုဖြစ်ပြီး အမိုးအကာ၊ အစားအစာ၊ ဆေးဝါးနဲ့ အခြားအခြေခံလိုအပ်ချက်တွေကို ပိုမိုလိုအပ်လာတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အကူအညီပေးနိုင်မယ်ဆိုရင် အဲ့ဒီအကူအညီလေးက သူတို့အတွက် မိုးရေထဲက အားကိုးရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

မိုးရွာတဲ့အသံကို ကိုယ်တို့က အေးချမ်းတယ်လို့ ခံစားနိုင်ပေမယ့် စစ်ရှောင်ပြည်သူတွေအတွက်တော့ မိုးတစ်စက်ချင်းစီက စိုးရိမ်မှုနဲ့ အခက်အခဲတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီအတွင်း သူတို့ရဲ့ အခြေအနေတွေကို ပိုမိုနားလည်ပြီး လိုအပ်တဲ့အကူအညီတွေကို ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ လိုအပ်ပါတယ်။

Loyalty Mobile Team
13/6/2026

စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာလာရတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းအရေးကြီးပါတယ်...
12/06/2026

စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာလာရတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းအရေးကြီးပါတယ်။

စစ်ရှောင်စခန်းတွေမှာ ဆေးရုံ၊ ဆေးခန်းတွေ လက်လှမ်းမမီတဲ့နေရာတွေရှိတဲ့ အတွက် Mobile Team တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါပါတယ်။
အထူးသဖြင့် မိုးရာသီမှာဆိုရင် ရောဂါတွေလည်း ပိုများလာပါတယ်။ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်တဲ့အတွက် အချိန်မီ ဆေးကုသမှုရဖို့ လိုအပ်ပါတယ်။

Mobile Teamဆိုတာဆေးဝါးကုသပေးရုံသာမက ကျန်းမာရေးအသိပညာတွေကိုလည်း မျှဝေပေးကြတယ်။ ဒါကြောင့် ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ အထောက်အကူဖြစ်စေတယ်။

ဒါပေမယ့် အခက်အခဲတွေကြားထဲမှာလူသားချင်းစာနာမှုနဲ့ ကူညီပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စေတနာက မျှော်လင့်ချက်အလင်းရောင်တစ်ခုလို ဖြစ်နေပါတယ်။

ဒီလိုမျိုး လုပ်နိုင်တယ်ဆိုတာလည်း အများပြည်သူရဲ့ ကူညီထောက်ပံ့မှုကြောင့်ပါ။ ဒါကြောင်မို့ ရှေ့ဆက်ဖို့ရာ နိုင်တဲ့ဘက်က ကူညီပေးကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။

Loyalty Mobile Team
12/6/2026

တကယ်လိုအပ်နေတာမို့ ဒီအကြောင်းကိုပဲ ထပ်ခါတလဲလဲ ပြောနေရပါတယ်။စစ်ဘေးရှောင်စခန်းတွေမှာ ရောဂါဝေဒနာနဲ့ ရုန်းကန်နေရတဲ့ မိဘပြည်သ...
09/06/2026

တကယ်လိုအပ်နေတာမို့ ဒီအကြောင်းကိုပဲ ထပ်ခါတလဲလဲ ပြောနေရပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ ရောဂါဝေဒနာနဲ့ ရုန်းကန်နေရတဲ့ မိဘပြည်သူတွေအတွက် ဆေးဝါးက အသက်ထက်တောင် တန်ဖိုးရှိနေပါတယ်။
ကျွန်တော်တို့ရဲ့ ရွေ့လျားဆေးအဖွဲ့ဟာ သူတို့ဆီကို အရောက်သွားပြီး ကုသမှုတွေ ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် လက်ရှိမှာ လမ်းစရိတ်၊ ဆေးဝါးဖိုးနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေအတွက် အခက်အခဲကြီးစွာ ကြုံတွေ့နေရပါတယ်။

ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေ မရပ်တန့်သွားစေဖို့၊ အသက်တွေ မဆုံးရှုံးသွားစေဖို့အတွက် အလှူရှင်များအနေဖြင့် ပါဝင်ကူညီပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါတယ်။

"သင်လှူလိုက်တဲ့ တစ်ကျပ်၊ တစ်ဒေါ်လာဟာ သူတို့အတွက်တော့ ရှင်သန်ခြင်းကို တဖန်ပြန်ပေးလိုက်တာနဲ့ အတူတူပါပဲ။"
Loyalty Mobile Team
9/6/2026

တောတောင်ရေ​မြေအခြေအနေအရ ကရင်နီဟာ အခုလိုမိုးရာသီမှာ ခြင်အန္တရာယ်အလွန်ရှိပါတယ်။ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေးစတဲ့ရောဂါတွေဟာ...
07/06/2026

တောတောင်ရေ​မြေအခြေအနေအရ ကရင်နီဟာ အခုလိုမိုးရာသီမှာ ခြင်အန္တရာယ်အလွန်ရှိပါတယ်။

ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေးစတဲ့ရောဂါတွေဟာ တောအရပ်ကစစ်ရှောင်တွေအတွက် နေ့ညမပြတ်နှိပ်စက်လာနေတဲ့ ကာလဖြစ်ပါတယ်။

ဒါကြောင့် ကိန္နရာဆေးရုံရဲ့လတ်တလောမှာ အရေးတကြီးလိုအပ်တဲ့

- ဆေးစိမ်ခြင်ထောင်များ
- ခြင်ဖြန်းဆေးဘူးများ
- ခြင်ဆေးခွေများ နဲ့
-တခြားလို​​အပ်တဲ့ အခြေခံဆေးဝါးများ ကို ပစ္စည်းအနေနဲ့ဖြစ်စေ၊ ငွေသားအနေနဲ့ ဖြစ်​စေ အောက်ဖော်ပြပါ ကိန္နရာဆေးရုံ၏ facebook Pageသို့ တိုက်ရိုက်ဆက်သွယ် ကူညီပေးနိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/share/1D73q243Ab/

အားလုံးရဲ့ အကူအညီ လိုအပ်နေပါတယ်ရှင် 🙇🏻‍♀️

မိုးတွင်းရောက်ပြီဆိုတာနဲ့ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးကလည်း တဖက်က လာတော့တာပါပဲ။ အခု ကိန္နရာဆေးရုံမှာလည်း လူနာတွေ တိုးလာတဲ့အပြင်၊ နေ့ညမပြတ် ပြုစုပေးနေတဲ့ ဆရာ/ဆရာမတွေ၊ ဆေးအဖွဲ့ဝင်တွေနဲ့ လူနာစောင့်တွေပါ တစ်ယောက်ပြီးတစ်ယောက် ဖျားနာနေကြလို့ လုပ်ငန်းခွင်မှာ အတော်လေး ရုန်းကန်နေရပါတယ်။
လူနာတွေကို ပြုစုရင်းနဲ့ပဲ ကိုယ်တိုင်ပါ ဖျားနေကြရတဲ့အခြေအနေမို့ အားလုံးရဲ့ အကူအညီလေး အများကြီး လိုအပ်နေပါတယ်။

အခုလက်ရှိ အရေးတကြီး လိုအပ်နေတာလေးတွေကတော့ -
ဆေးစိမ်ခြင်ထောင်များ
ခြင်ဖြန်းဆေးဘူးများ
ခြင်ဆေးခွေများ
လိုအပ်တဲ့ အခြေခံဆေးဝါးများ ဖြစ်ပါတယ်။

အလှူရှင်တွေအနေနဲ့ ဆေးဝါးများ လှူဒါန်းပေးနိုင်သလို ဆေးဝါးအနေနဲ့ မဟုတ်ဘဲ ငွေသားဖြင့် လှူဒါန်းလိုပါကလည်း ယခု Page မှာ ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
အနည်းငယ်ပဲဖြစ်ဖြစ်၊ တစ်ဖက်တစ်လမ်းကနေ ကူညီပေးကြပါဦးလို့ တောင်းဆိုပါရစေရှင် 🙏🏻



#ဆေးအလှူ

နွေရောက်ရင်ပူမယ်၊ဆောင်းဆိုချမ်းမယ် ၊မိုးဆိုစိုမယ်။ ဒါတွေက ကရင်နီမှာ နှစ်စဉ်ကြုံနေရတဲ့ ရာသီတွေပါပဲ။လောလောဆယ် မိုးဆိုတော့ ...
06/06/2026

နွေရောက်ရင်ပူမယ်၊ဆောင်းဆိုချမ်းမယ် ၊မိုးဆို
စိုမယ်။ ဒါတွေက ကရင်နီမှာ နှစ်စဉ်ကြုံနေရတဲ့
ရာသီတွေပါပဲ။

လောလောဆယ် မိုးဆိုတော့ စိုရုံသာမက ၊ လမ်းတွေလမ်းပျက် ၊ ရိက္ခာတွေလည်းခက် ရတာပေါ့။
ဒါတွေသာမက သက်တမ်းကြာလာတဲ့ မိုးကာ အမိုးအကာတွေလည်း ဆွေးမြေ့ ပေါက်ပြဲကုန်ကြပါပြီ။

မိုးရာသီမှာ အဖြစ်များတဲ့ ဖျားနာ၊ချောင်းဆိုး၊တုတ်ကွေး စတာတွေလည်း တိုးသည်ထက်တိုးလှပေါ့။

အနာရှိရင်ဆေးရှိတယ်ဆိုပေမယ့်လည်း
လက်တွေ့မှာတော့ မလွယ်ကူလှပါဘူး။
မြင့်မားလာတဲ့ ကုန်စျေးနှုန်းတွေ၊လမ်းခရီး အခက်ခဲတွေ စတာတွေကြောင့် ခေါင်းခဲရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲတွေအားလုံးကို ကျော်ဖြတ်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်ကြစို့ဗျာ။

Loyalty Mobile Team
6/6/2026

ရန်သူကသေစေချင်လို့ လိုက်သတ်နေချိန်မှာ ကျွန်တော်တို့ကတော့ ရှင်အောင်ကုပေးနေပါတယ်။အပြစ်မဲ့တဲ့ လူ့အသက်တစ်ချောင်းကိုသတ်ဖို့ စ...
05/06/2026

ရန်သူကသေစေချင်လို့ လိုက်သတ်နေချိန်မှာ ကျွန်တော်တို့ကတော့ ရှင်အောင်ကုပေးနေပါတယ်။

အပြစ်မဲ့တဲ့ လူ့အသက်တစ်ချောင်းကိုသတ်ဖို့ စက္ကန့်ပိုင်းလောက်ပဲ ကြာပေမယ့် လူတစ်ယောက်အသက်ကို ကယ်တင်နိူင်ဖို့ ကျွန်တော်တို့ တစ်ဘဝလုံးကြိုးစားခဲ့ရတာပါ။

လက်ချည်းသက်သက်တော့လည်း မရဘူးပေါ့ဗျာ။
ဆေးဝါးနဲ့ဆေးပစ္စည်းတွေ လိုပါတယ်။

ဒါတွေသာ ကျွန်တော်တို့လက်ထဲမှာ ပြည့်ပြည့်စုံစုံထည့်ပေးပါ။
ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ်။

သေစေချင်နေတဲ့လူ့အတ္တတွေလက်ကနေ ရှင်သန်နိုင်ဖို့ အစွမ်းကုန်ကုသပေးပါမယ်။

နောက်က ထောက်ပို့အားတွေလိုပါတယ်။
နိုင်တာလေးတွေရှိရင် ကူညီပေးကြပါဦးဗျ။

Loyalty Mobile Team
5/6/2026

"ကျန်းမာရေးမကောင်းတဲ့အခါ ကိုယ်တိုင်ခံစားရတဲ့ ဝေဒနာထက် ပိုဆိုးတာက ကုသစရိတ်မတတ်နိုင်လို့ မကုသလိုက်ရမှာကို ကြောက်ရတဲ့ စိတ်မ...
02/06/2026

"ကျန်းမာရေးမကောင်းတဲ့အခါ ကိုယ်တိုင်ခံစားရတဲ့ ဝေဒနာထက် ပိုဆိုးတာက ကုသစရိတ်မတတ်နိုင်လို့ မကုသလိုက်ရမှာကို ကြောက်ရတဲ့ စိတ်မျိုးပါ။"

ဝေဒနာရှင် လူနာတွေရှိတယ်၊ ကုသပေးမယ့် ဆရာဝန်တွေရှိတယ်။ဒါပေမယ့် ဆေးဝါးမရှိရင် ပြဿနာရှိပါတယ်။

ခက်ခဲနေတဲ့ ကရင်နီက ဝေဒနာရှင် ပြည်သူတွေအတွက် ဆေးဝါးအလှုခံပါတယ်ခင်ဗျာ။

နည်းများမဆို ကူညီပေးလို့ရပါတယ်။
တစ်နေ့စာဆေးဖိုး လှူမယ်ဆိုရင် ခြောက်သိန်းကျပ် ကျသင့်ပါမယ် ခင်ဗျာ။

Loyalty Mobile Team
2/6/2026

"ဒါကြောင့် ဆေးလှူပါ""အာယု ဗလ ဓီရ ဝဏ္ဏ ယသ သုခ အနုပဒ္ဒဝေါ အနီတိ အပစိတ ပိယဝိယောဂ" ဆိုတဲ့ ဆေးလှူရခြင်း အကျိုးဆယ်ပါးရှိပါတယ်။...
31/05/2026

"ဒါကြောင့် ဆေးလှူပါ"

"အာယု ဗလ ဓီရ ဝဏ္ဏ ယသ သုခ အနုပဒ္ဒဝေါ အနီတိ အပစိတ ပိယဝိယောဂ" ဆိုတဲ့ ဆေးလှူရခြင်း အကျိုးဆယ်ပါးရှိပါတယ်။

အင်တာနက်ခေတ်ဖြစ်တာကြောင့် စိတ်ဝင်စားသူများရှာဖတ်ပါ။ အနက်ကိုတော့ စာရှည်မှာစိုးတာကြောင့် အသေးစိတ်မရှင်းပြတော့ပါဘူး။

ဆေးလှူတယ်ဆိုတာ အကျိုးများလှတဲ့ ဇီဝိတဒါနလည်းဖြစ်ပါတယ်။ဒါကြောင့် တည့်တည့်ကြီးတိုက်တွန်းရရင် " ဆေးလှူပါ " လို့ပြောရစေ။

အခုလိုကာလမှာ တောထဲရောက် ဆရာဝန်တွေအနေနဲ့ခက်ခဲနေတဲ့လူနာတွေကို ကုသပေးဖို့ ဆေးဝါးလိုပါတယ်။ဒီတော့ ပညာရှိရုံနဲ့မပြီး၊ ဆေးရှိဖို့ကလည်း အရေးကြီးလာပါတယ်။

အလှူခံရပါတယ်။တနည်းအားဖြင့် ငွေရှာရပါတော့တယ်။အဖက်ဖက်ကလိုအပ်ချက်အရ မဖြစ်မနေကို ရှာရပါတယ်။

စေတနာ နဲ့ ဝါသနာရှိပေမယ့်၊ ဆေးဝါး နဲ့ ဆေးပစ္စည်းတွေမပြည့်စုံရင် အပ်ကိုင်ပြီးတော်လှန်မယ့် မာန်ကို ခဏပြန်ချထားရဖို့ပဲ ရှိပါတယ်။
ဒါကြောင့် ဆေးလှူပါ။

ဒီကာလမှာ ဆေးလှူတာဟာလည်း တော်လှန်တာပါပဲ။
ပိတ်ဆို့ခံထားရတဲ့ လမ်းကြောင်းတွေ၊ တနေ့တခြားမြင့်တက်လာနေတဲ့ ဆေးစျေးနှုန်းတွေ နောက်ကို တောရောက် ဆရာဝန်ပေါက်စ၊ အကြီးအငယ်အားလုံးဟာ အပြေးအလွှားလိုက်ကြရပါတယ်။

ဒီတော်လှန်ဆရာဝန်၊ဆရာမတွေဟာ လက်ထဲမှာ အနည်းငယ်ဖမ်းမိတဲ့ဆေးဝါးလေးတွေနဲ့ လူနာတွေရဲ့အသက်ကို ကြိုးစားဆက်ပေးနေကြရပါတယ်။

ဒါတွေကိုတွေးမိရင် ကျွန်တော်တို့ကို" ဆေးလှူပါ"

ဆေးဆိုတာမျိုးက မြေတူး ရေလောင်းပေးရင် အပင်ပေါက်အသီးပြန်သီးလာတာမျိုးမဟုတ်ပါဘူး။ဘဏ်ထဲအပ်ထားရင်လည်း အတိုးရသလို မပွားလာပါဘူး။သောက်လိုက်ရင် ကုန်ပါတယ်။ထိုးလိုက်ရင် ပြန်မထွက်လာတော့ပါဘူး။

ဒါပေမယ့် ရလဒ်ကတော့ လူနာတွေဝေဒနာ သက်သာပျောက်ကင်းကြပါတယ်။ဝေဒနာဟာ ခန္ဓာရှိနေသရွေ့တော့ လူကိုအမြဲဒုက္ခပေးနေမှာပါ။ဝေဒနာကို တိုက်ထုတ်ဖို့ သမားတော်တွေကို လိုပါတယ်။

သမားတွေကျပြန်တော့ လက်ချည်းသပ်သပ်နဲ့ "ရော့အင့် ပျောက်စေ" လုပ်လို့မရပါဘူး။ရောဂါနဲ့ကိုက်ညီတဲ့ ဆေးဝါးတွေ လိုအပ်ပါတယ်။ဒါမှသာ ပျောက်သင့်တာပျောက်၊ သက်သာသင့်တာ သက်သာအောင် ကုသပေးနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဆေးလှူပါ။

ကျွန်တော်တို့ ရွေ့လျားဆေးအဖွဲ့ကျပြန်တော့ ဆေးအပြင် ဆီပါလိုပါတယ်။လိုရာခရီးရောက်ဖို့နဲ့ ဆေးကုပေးဖို့ဖြစ်ပါတယ်။

ဒါကြောင့် အရိုးရှင်းဆုံးအနေနဲ့ "တစ်နေ့တာ ဆေးကုသဖို့ ဆေးဝါးနဲ့လောင်စာဆီဖိုး" အလှူခံကြည့်ချင်ပါတယ်။

ကျွန်တော်တို့ ရွေ့လျားဆေးအဖွဲ့အနေနဲ့ ကရင်နီက စစ်ရှောင်ပြည်သူတွေရှိတဲ့ စခန်းတွေနဲ့ ကျေးရွာတွေဆီကို အရောက်သွားပြီး ဆေးကုသပေးနိုင်ဖို့ တစ်ရက်တာ ကုန်ကျစရိတ်အနေနဲ့ လက်ရှိဆီစျေးအရ ၆သိန်းကျပ်လောက် ရှိပါတယ်။

အဲ့ဒီတစ်နေ့စာလေးကို တစ်ယောက်တည်းကနေဖြစ်ဖြစ်၊ လူ လေး ငါး ယောက်စုပြီးတော့ ဖြစ်ဖြစ်၊ မွေးနေ့ ဒါမှမဟုတ် တစ်ခုခုအတွက်အမှတ်တရ သဘောမျိုးပဲဖြစ်ဖြစ် ကူညီနိုင်ပါတယ်။

အဲ့ဒီလို "တစ်နေ့စာ ဆေးအလှူရှင်"လေးတွေ ပေါ်ပေါက်လာခဲ့ရင် ကျွန်တော်တို့ အတွက် ရှေ့ဆက်သွားဖို့ အားတွေ ဖြစ်ရမှာ ဖြစ်သလို၊ လိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်တွေအတွက်လည်း အကျိုးများစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် "တစ်နေ့စာ ဆေးအလှူရှင်များ" ကို လေးလေးစားစား နဲ့ မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။

တစ်နေ့စာ ဆေးအလှူရှင်များ ရှိလာခဲ့ရင်လည်း ကျွန်တော်တို့ စစ်ရှောင်စခန်းတွေဆီကို သွားရောက်ကုသပေးတဲ့အခါကျရင် အလှူရှင်နာမည်လေးကို အောက်ကပုံထဲကလို ဆိုင်းပုဒ်လေးမှာရေးပြီး ပီတိဖြစ်စေရပါမယ်ဗျာ။

အလှူရှင်တွေအနေနဲ့လည်း ကိုယ်လှူလိုက်တဲ့ ဆေးဖိုးလေးပါလားဆိုပြီး ကြည့်ကာ ဝမ်းသာစေချင်လို့ပါ ခင်ဗျာ။
ဒါကြောင့်"ဆေးလှူပါ"
PS :Photo - AI

Loyalty Mobile Team
31/5/2026

စက်ဝိုင်းတစ်ခုလို လည်ပတ်နေတဲ့ ရုံးပိတ်ရက်တွေ၊ လကုန်ရက်တွေနဲ့အတူ တချို့တွေက လစာထုတ်လို့၊ ဒါမှမဟုတ် လုပ်ငန်းခွင်ကနေ ကိုယ်ပ...
30/05/2026

စက်ဝိုင်းတစ်ခုလို လည်ပတ်နေတဲ့ ရုံးပိတ်ရက်တွေ၊ လကုန်ရက်တွေနဲ့အတူ တချို့တွေက လစာထုတ်လို့၊ ဒါမှမဟုတ် လုပ်ငန်းခွင်ကနေ ကိုယ်ပိုင်ဝင်ငွေလေးတွေရလို့ စိတ်အပန်းဖြေဖို့ ပြင်ဆင်နေကြတဲ့ အချိန်...

တစ်ချိန်တည်း၊ တစ်ကမ္ဘာတည်းအောက်မှာပဲ ရာသီဥတုဆိုးရွားမှုဒဏ်၊ စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေကို အမိုးအကာမပြည့်စုံတဲ့ တောတောင်တွေထဲမှာ ရင်ဆိုင်နေရတဲ့ ကရင်နီက စစ်ဘေးရှောင် မိဘပြည်သူတွေ ရှိနေပါတယ်။ သူတို့အတွက်တော့ လကုန်ရက်ဆိုတာ အလှည့်အပြောင်းတစ်ခု မဟုတ်သလို၊ မနက်ဖြန်ဆိုတာလည်း ဝေဝေဝါးဝါးပါပဲ။

အခုလို မိုးဦးကျကာလမှာ တောထဲတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ဖျားနာမှု ၊ တုပ်ကွေး နဲ့ ခြင်ကြောင့်ဖြစ်ရတဲ့ရောဂါတွေကို အလူးအလဲ ခံစားနေကြရပါတယ်။ ရိက္ခာပြတ်လပ်မှုထက် ပိုဆိုးတာက နေမကောင်းဖြစ်ချိန်မှာ သောက်စရာ ဆေးမရှိတာ ပါပဲ။ အခြေခံ အဖျားပျောက်ဆေးကအစ၊ အရေးပေါ်ခွဲစိတ်ကုသဖို့ ဆေးဝါးပစ္စည်းတွေအဆုံး တကယ်ကို အသက်လုပြီး လိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။

မိတ်ဆွေတို့ဆီက ကော်ဖီတစ်ခွက်ဖိုး၊ မုန့်ဖိုး ဒါမှမဟုတ် လကုန်ရက် သူငယ်ချင်းတွေနဲ့ ဆုံရင် သုံးလိုက်မယ့် ငွေကြေးပမာဏအနည်းငယ်ဟာ... ဒီမှာတော့ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အဖျားကို ကျစေနိုင်သလို၊ အသက်ဘေးကနေပါ ကယ်တင်ပေးနိုင်တဲ့ ဆေးတစ်ခွက် ဖြစ်သွားနိုင်ပါတယ်။

အလှူငွေ ပမာဏထက် စာနာစိတ်နဲ့ ဝိုင်းဝန်းကြတဲ့ လက်ကမ်းမှုတွေကသာ အဓိကပါ

မိမိတို့ တတ်နိုင်သလောက် ၅,၀၀၀၊ ၁၀,၀၀၀ ကစလို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းပေးခြင်းဖြင့် ကရင်နီစစ်ဘေးရှောင်ပြည်သူတွေရဲ့ အသက်ရှူသံတွေကို ဆက်ပြီး အားဖြည့်ပေးကြပါဦးလို့ လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

တစ်စက်ချင်းစီ စုမိရင် ကန်ကြီးတစ်ကန်တောင် ပြည့်လာသလို၊ အားလုံးရဲ့ စေတနာတွေ စုစည်းပြီး သူတို့ရဲ့ ဝေဒနာတွေကို အတူတူ သက်သာခွင့်ပေးကြရအောင်ဗျာ။

Loyalty Mobile Team
30/5/2026

Address

Ngwedaung

Website

Alerts

Be the first to know and let us send you an email when Loyalty mobile team for karenni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share