31/05/2026
[English Below]
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
If You Are Forcibly Recruited for Military Service (“Porter Recruitment”) or Forced Labor, You Can Report It
မေ ၃၁၊ ၂၀၂၆
May 31, 2026
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ ပေါ်တာဆွဲခံရခြင်း သို့မဟုတ် ထိုသို့ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရပါက
၁။ ကြိုတင်ကာကွယ်ခြင်း (အရေးအကြီးဆုံးအချက်)
အကောင်းဆုံးမှာ ဖမ်းဆီးခံရမည့်အခြေအနေမျိုးကို ရှောင်ရှားခြင်း ဖြစ်ပါတယ်။
ညဘက် သွားလာမှု လျှော့ချပါ - ဖြစ်နိုင်ပါက ညနေ/ညဘက်များတွင် အပြင်ထွက်ခြင်း၊ လမ်းသွားလမ်းလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
သတိရှိပါ - မိမိနေထိုင်ရာ ရပ်ကွက်၊ မြို့နယ်အတွင်း ပေါ်တာဆွဲခြင်းများ ဖြစ်ပွားနေပါက အမြဲသတိဝီရိယရှိပါ။ တစ်ဦးတည်းသွားလာခြင်းထက် လူစုလူဝေး သို့မဟုတ် ယုံကြည်ရသူများနှင့်သာ သွားလာပါ။
၂။ ဖမ်းဆီးခံရသည့်အခါ သတိပြုရမည့်အချက်များ
အကယ်၍ မမျှော်လင့်ဘဲ ပေါ်တာဆွဲခြင်း ခံလိုက်ရပါက -
အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်ပါတယ်။ ထိုအချိန်တွင် စစ်တပ်၏ လက်နက်ကိုင်ထားသည့် အခြေအနေဖြစ်သောကြောင့် မိမိ၏ ဘေးကင်းလုံခြုံရေးသည် အရေးကြီးဆုံးပါ။
အခြေအနေကို ဆန်းစစ်ပါ - အတင်းအဓမ္မခုခံခြင်းသည် အသက်အန္တရာယ်ကို ပိုမိုထိခိုက်စေနိုင်သည် (ဥပမာ- ရိုက်နှက်ခံရခြင်း၊ ပစ်ခတ်ခံရခြင်း)။ ထို့ကြောင့် မိမိ၏ လုံခြုံရေးကို ဦးစားပေး၍ အခြေအနေကို စောင့်ကြည့်ပါ။
အဆက်အသွယ်ရအောင် ကြိုးစားပါ - အကယ်၍ အခွင့်အရေးရပါက မိမိ၏ မိသားစု သို့မဟုတ် ယုံကြည်ရသူများထံ မိမိရောက်ရှိနေသည့် နေရာ သို့မဟုတ် အခြေအနေကို အမြန်ဆုံး အကြောင်းကြားပါ။
၃။ အကူအညီတောင်းခံခြင်း
မိသားစုဝင်များမှ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရဲ့ Hot Line နံပတ်တွေဖြစ်တဲ့ +၉၅ ၉ ၉၈၀၂၅၅ ၅၁၇ ၊ +၉၅ ၉ ၉၇၀ ၄၁၃ ၄၄၇ တို့ကို ဆက်သွယ် သတင်းပေး တိုင်ကြားနိုင်မှာဖြစ်ပါတယ်။
အထက်ပါ နံပတ်တွေကို Viber မှတဆင့်လည်း တိုင်ကြားလို့ရပါတယ်။
လူပုဂ္ဂိုလ်များအား ၎င်းတို့၏ ဆန္ဒမပါဘဲ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အလုပ်လုပ်ရန် သို့မဟုတ် စစ်မှုထမ်းရန်အတွက် အတင်းအကျပ်စေခိုင်းခြင်း၊ ငြင်းဆန်ပါက ဖမ်းဆီးခြင်း၊ ထောင်ချခြင်း သို့မဟုတ် အခြားသော အပြစ်ပေးမှုများဖြင့် ခြိမ်းခြောက်ခြင်းများ က အဓမ္မခိုင်းစေမှုဖြစ်ပါတယ်။
နိုင်ငံတကာသဘောတူစာချုပ်များ အရ ILO ၏ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက် (Convention No. 29) အရ အဓမ္မခိုင်းစေမှုအားလုံးကို ပပျောက်အောင် ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများတွင် တာဝန်ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ သတ်မှတ်ချက်နှင့် နိုင်ငံတကာဥပဒေစံနှုန်းများအရ "ပေါ်တာဆွဲခြင်း" သည် အဓမ္မခိုင်းစေမှု (Forced Labour) မြောက်ပါတယ်။
စစ်မှုထမ်းဥပဒေအရ တရားဝင်ခေါ်ယူခြင်းသည် ချွင်းချက်တစ်ခုအဖြစ် ပါဝင်သော်လည်း၊ ယင်းသည် ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်မှသာလျှင် ခွင့်ပြုနိုင်တာပါ။
လမ်းပေါ်တွင် လူငယ်များကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် အတင်းအဓမ္မစစ်ထဲသွင်းခြင်းတို့မှာ တရားဝင်သော စစ်မှုထမ်းဆင့်ခေါ်မှု လုပ်ငန်းစဉ်မဟုတ်ဘဲ အဓမ္မခိုင်းစေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသာ ဖြစ်ပါတယ်။
Given the current situation in Myanmar, if you are forcibly recruited for military service (“porter recruitment”) or encounter such an incident, the following guidance may be helpful:
1. Prevention (Most Important)
The best approach is to avoid situations where you may be detained or forcibly recruited.
Limit nighttime travel: If possible, avoid going out or traveling during the evening and nighttime hours.
Stay vigilant: If incidents of forced recruitment have been reported in your ward or township, remain alert at all times.
Avoid traveling alone: Whenever possible, travel in groups or with trusted individuals rather than by yourself.
2. If You Are Detained or Forcibly Recruited
If you unexpectedly become a victim of forced recruitment:
Prioritize your safety: Such situations can be extremely dangerous, especially when armed personnel are involved. Your personal safety should be your primary concern.
Assess the situation carefully: Physically resisting may increase the risk of harm, including assault or even lethal violence. Consider the circumstances carefully and focus on preserving your safety.
Try to establish communication: If an opportunity arises, inform your family members or trusted contacts of your location and circumstances as quickly as possible.
3. Seeking Assistance
Family members may report incidents and seek assistance by contacting the hotlines of the Myanmar Industries, Craft and Services Trade Unions Federation (MICS-TUsF):
+95 9 980255517
+95 9 970413447
Reports may also be submitted through Viber using the same contact numbers.
What Constitutes Forced Labor?
The following actions may constitute forced labor:
Detaining or taking individuals against their will.
Forcing individuals to work or perform military service.
Threatening arrest, imprisonment, or other penalties if they refuse.
Using coercion, intimidation, or punishment to compel labor or service.
International Legal Standards
Under the International Labour Organization’s International Labour Organization Forced Labour Convention, 1930 (Convention No. 29), member states have an obligation to suppress and eliminate all forms of forced labor.
According to the standards of the ILO and international law, the practice commonly referred to as “porter recruitment”—the forcible seizure of civilians for labor or military-related duties—constitutes forced labor.
While compulsory military service established through a country's laws may be treated as a limited exception under international standards, such recruitment must be carried out strictly in accordance with legal procedures and applicable laws.
The detention of young people on the streets, extortion, or forcing individuals into military service outside lawful recruitment procedures does not constitute legitimate conscription. Rather, such acts may amount to forced labor and violations of human rights under international standards.
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
မေ ၃၁၊ ၂၀၂၆
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ ပေါ်တာဆွဲခံရခြင်း သို့မဟုတ် ထိုသို့ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရပါက
၁။ ကြိုတင်ကာကွယ်ခြင်း (အရေးအကြီးဆုံးအချက်)
အကောင်းဆုံးမှာ ဖမ်းဆီးခံရမည့်အခြေအနေမျိုးကို ရှောင်ရှားခြင်း ဖြစ်ပါတယ်။
ညဘက် သွားလာမှု လျှော့ချပါ - ဖြစ်နိုင်ပါက ညနေ/ညဘက်များတွင် အပြင်ထွက်ခြင်း၊ လမ်းသွားလမ်းလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
သတိရှိပါ - မိမိနေထိုင်ရာ ရပ်ကွက်၊ မြို့နယ်အတွင်း ပေါ်တာဆွဲခြင်းများ ဖြစ်ပွားနေပါက အမြဲသတိဝီရိယရှိပါ။ တစ်ဦးတည်းသွားလာခြင်းထက် လူစုလူဝေး သို့မဟုတ် ယုံကြည်ရသူများနှင့်သာ သွားလာပါ။
၂။ ဖမ်းဆီးခံရသည့်အခါ သတိပြုရမည့်အချက်များ
အကယ်၍ မမျှော်လင့်ဘဲ ပေါ်တာဆွဲခြင်း ခံလိုက်ရပါက -
အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်ပါတယ်။ ထိုအချိန်တွင် စစ်တပ်၏ လက်နက်ကိုင်ထားသည့် အခြေအနေဖြစ်သောကြောင့် မိမိ၏ ဘေးကင်းလုံခြုံရေးသည် အရေးကြီးဆုံးပါ။
အခြေအနေကို ဆန်းစစ်ပါ - အတင်းအဓမ္မခုခံခြင်းသည် အသက်အန္တရာယ်ကို ပိုမိုထိခိုက်စေနိုင်သည် (ဥပမာ- ရိုက်နှက်ခံရခြင်း၊ ပစ်ခတ်ခံရခြင်း)။ ထို့ကြောင့် မိမိ၏ လုံခြုံရေးကို ဦးစားပေး၍ အခြေအနေကို စောင့်ကြည့်ပါ။
အဆက်အသွယ်ရအောင် ကြိုးစားပါ - အကယ်၍ အခွင့်အရေးရပါက မိမိ၏ မိသားစု သို့မဟုတ် ယုံကြည်ရသူများထံ မိမိရောက်ရှိနေသည့် နေရာ သို့မဟုတ် အခြေအနေကို အမြန်ဆုံး အကြောင်းကြားပါ။
၃။ အကူအညီတောင်းခံခြင်း
မိသားစုဝင်များမှ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရဲ့ Hot Line နံပတ်တွေဖြစ်တဲ့ +၉၅ ၉ ၉၈၀၂၅၅ ၅၁၇ ၊ +၉၅ ၉ ၇၆၅ ၈၇၇ ၅၅၉ တို့ကို ဆက်သွယ် သတင်းပေး တိုင်ကြားနိုင်မှာဖြစ်ပါတယ်။