MEPS

MEPS Myanmar Environmental Protection & Sustainability

"ဂွမြို့နယ်၊ ရေမျက်တောင်အနီးက ပင်လယ်ပြင်ရဲ့ အစောင့်အရှောက်လေးများဖြစ်တဲ့ ဒီရေတောအပင်ပုလေးများ" 🌿🌊ရခိုင်ကမ်းရိုးတန်းရဲ့ အ...
25/03/2026

"ဂွမြို့နယ်၊ ရေမျက်တောင်အနီးက ပင်လယ်ပြင်ရဲ့ အစောင့်အရှောက်လေးများဖြစ်တဲ့ ဒီရေတောအပင်ပုလေးများ"

🌿🌊ရခိုင်ကမ်းရိုးတန်းရဲ့ အလှဆုံးနေရာတစ်ခုဖြစ်တဲ့ ဂွမြို့နယ်၊ ကမ်းသာယာအနီးက "ရေမျက်တောင်" ဆိုတာကို အားလုံးသိကြမှာပါ။ ဒါပေမဲ့ အဲဒီနားမှာ ထူးခြားတဲ့ သဘာဝအလှတရားတစ်ခု ရှိနေတာကို သတိထားမိကြရဲ့လား? အဲဒါကတော့ ရေမျက်တောင်အနီးမှာ ပေါက်ရောက်နေတဲ့ "ဒီရေတောအပင်ပုလေးများ" ပဲ ဖြစ်ပါတယ်။

ဒီအပင်လေးတွေဟာ ကျောက်ဆောင်တွေပေါ်မှာ သဘာဝအလျောက် ပေါက်ရောက်နေကြတာဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း အပင်ကြီးထွားမလာဘဲ သဘာဝဘွန်ဇိုင်း (Bonsai) ပုံစံလေးတွေအတိုင်း ရှိနေတာကြောင့် ထူးခြားလှပတဲ့ ဒေသအမှတ်အသားတစ်ခု ဖြစ်ပါတယ်။

✨ စိတ်ဝင်စားဖွယ် အချက်အလက်များ -
၁။ သဘာဝရဲ့ တံတိုင်းကြီးများဖြစ်တဲ့ ဒီအပင်ပုလေးတွေဟာ ကြည့်လိုက်ရင် သေးငယ်ပေမယ့် ပင်လယ်လှိုင်းဒဏ်နဲ့ ကမ်းပြိုဘေးဒဏ်ကို အကောင်းဆုံး ကာကွယ်ပေးထားတဲ့ "သဘာဝတံတိုင်းကြီး" တွေ ဖြစ်ပါတယ်။
၂။ ဇီဝမျိုးစုံမျိုးကွဲများရဲ့ ခိုလှုံရာ: ဒီရေတောလေးတွေဟာ ငါး၊ ပုစွန်နဲ့ ကဏန်းလေးတွေရဲ့ သားဖောက်ရာနေရာဖြစ်သလို၊ သူတို့လေးတွေ ဘေးကင်းစွာ ကြီးပြင်းနိုင်တဲ့ "သဘာဝကျောင်းတော်ကြီး" လည်း ဖြစ်ပါတယ်။
၃။ လေထုကို သန့်စင်ပေးသူ: ဒီရေတောပင်တွေဟာ တခြားအပင်တွေထက် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမိုစုပ်ယူပေးနိုင်တာကြောင့် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို အေးမြစေဖို့ အများကြီး အထောက်အကူပြုပါတယ်။

⚠️ ဘာကြောင့် ထိန်းသိမ်းစောင့်ရှောက်သင့်သလဲ?
ဒီရေတောတွေ ပျက်စီးသွားရင် ကမ်းခြေအလှတရားတွေ ပျောက်ကွယ်သွားရုံတင်မကဘဲ ရေနေသတ္တဝါတွေရဲ့ နေရပ်တွေ ပျက်စီးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ်းရိုးတန်းဒေသတွေဟာ သဘာဝဘေးအန္တရာယ်တွေရဲ့ဒဏ်ကို ပိုမိုခံစားရနိုင်ပါတယ်။

🤝 ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ?
ဒီရေတောအနီးမှာ အမှိုက်မပစ်ပါနဲ့။ အပင်ပုလေးတွေကို မဖျက်ဆီးပါနဲ့။ ဒီရေတောရဲ့ အရေးပါပုံကို မိသားစုနဲ့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးပါ။ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြမှသာ နောင်လာနောက်သားတွေလက်ထက်မှာလည်း ဒီလိုလှပတဲ့ သဘာဝအလှတရားတွေကို ဆက်လက်မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ 💚


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်တွင် ပြဌာန်းထားသေ...
24/03/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်တွင် ပြဌာန်းထားသော ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို အသုံးပြု၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ “သမီးလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ကို “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ စတင်၍ အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၆) ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းသတ်မှတ်ချက်အရ မူလဘေးမဲ့တော ဧရိယာ (၂၁၇.၆) ဧကကို ရေပြင်ဧရိယာ (၁၁,၈၉၇) ဧက တိုးချဲ့သတ်မှတ်ခဲ့ပြီး စုစုပေါင်း ဧရိယာ (၁၂,၁၁၄.၆၀) ဧကအထိ ကျယ်ပြန့်လာခဲ့သည်။ ယင်းကဲ့သို့ ပြောင်းလဲသတ်မှတ်ခြင်းသည် ဒေသရှိ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ၊ သယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်တည်တံ့စေရန်နှင့် ပိုမိုပေါကြွယ်ဝလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

သမီးလှကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့နယ်ခွဲတွင် တည်ရှိပြီး မော်တင်စွန်းဘုရားမှ ရေမိုင် (၆) မိုင်အကွာတွင် ရှိကာ ဘင်္ဂလားပင်လယ်အော်နှင့် အက်ဒမန်ပင်လယ်တို့ ဆုံရာအနီး ငဝန်မြစ်ဝတွင် တည်ရှိသည်။ ကျွန်း၏ မြေမျက်နှာသွင်ပြင်မှာ ပြန့်ပြူးပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၈) ပေမှ (၁၁) ပေ အတွင်းတွင် တည်ရှိသည်။ သမိုင်းတစ်လျှောက်တွင် ကျွန်း၏ ပုံသဏ္ဍာန်နှင့် သဲသောင်များ၏ တောက်ပမှုကြောင့် “စိန်ကျွန်း (Diamond Island)” ဟုခေါ်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ပင်လယ်လိပ်များကို ထိန်းသိမ်းမွေးမြူခဲ့သဖြင့် “လိပ်ကျွန်း” ဟုလည်း လူသိများလာခဲ့သည်။

ထို့အပြင် သမီးလှကျွန်းကို (၁၂-၁၀-၁၉၇၀) ရက်နေ့တွင် “တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ရှားပါးပင်လယ်လိပ်များနှင့် ၎င်းတို့၏ ဥချသားပေါက်ရာဒေသများကို ဥပဒေအရ ထိန်းသိမ်းကာကွယ်ခဲ့သည်။ ယနေ့တွင်လည်း ယင်းကျွန်းသည် မြန်မာနိုင်ငံအတွင်း ပင်လယ်လိပ်များ တစ်နှစ်ပတ်လုံး လာရောက် ဥချသော ထူးခြားသည့်နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။

ကျွန်းအတွင်းတွင် ရွက်ပြတ်တော၊ ရောနှောတော၊ အမြဲစိမ်းတောနှင့် ဒီရေတောဂေဟစနစ်များ တွေ့ရှိရပြီး ဗြူးအုပ်ဆောင်း၊ သင်ပေါင်း၊ ကနစို၊ ခယာ၊ ဓနိနှင့် ပင်လယ်အုန်းကဲ့သို့သော သစ်ပင်များ ပေါက်ရောက်နေသည်။ တောရိုင်းတိရစ္ဆာန်များအနေဖြင့် ကမ္ဘာ့ရှားပါးပင်လယ်လိပ်မျိုးများဖြစ်သည့် ပြင်သာလိပ်၊ လိပ်စိမ်း၊ လိပ်လှောင်း၊ လိပ်ခွေးနှင့် လိပ်ခေါင်တန်းတို့အတွက် အရေးပါသော ဥချသားပေါက်ရာဒေသဖြစ်သကဲ့သို့ လင်းပိုင်၊ ရေဝက်၊ ပုစွန်၊ ဂဏန်းနှင့် ငါးမျိုးစိတ်များလည်း အများအပြား နေထိုင်ကျက်စားလျက်ရှိသည်။ ထို့အပြင် ဒရယ်၊ လင်းဆွဲနှင့် ငှက်မျိုးစုံတို့အတွက်လည်း နားခိုကျက်စားရာနေရာတစ်ခုဖြစ်သည်။

ယခုကဲ့သို့ “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲသတ်မှတ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး ဒေသရှိ အဏ္ဏဝါနှင့် ကမ်းရိုးတန်းဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သည်။ ထို့ပြင် သန္တာကျောက်တန်းများနှင့် အဏ္ဏဝါမျိုးစိတ်များ၏ ရှင်သန်ပေါက်ဖွားရာနေရာများကို ကာကွယ်နိုင်မည်ဖြစ်သကဲ့သို့ သုတေသနလုပ်ငန်းများနှင့် သဘာဝအခြေပြုခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူဖြစ်စေမည်ဟု ခန့်မှန်းထားသည်။

ဒီရေတော စိုက်ပျိုးဖို့ မြေနေရာဘယ်လိုပြင်ဆင်သလဲဒီရေတောစိုက်ပျိုးခြင်း၊ ပြန်လည်ထူထောင်ခြင်းတွေအတွက် အလိုအပ်ဆုံးတစ်ခုကတော့ ...
02/12/2025

ဒီရေတော စိုက်ပျိုးဖို့ မြေနေရာဘယ်လိုပြင်ဆင်သလဲ

ဒီရေတောစိုက်ပျိုးခြင်း၊ ပြန်လည်ထူထောင်ခြင်းတွေအတွက် အလိုအပ်ဆုံးတစ်ခုကတော့ မြေနေရာပြင်ဆင်ခြင်းပဲဖြစ်ပါတယ်။ နေရာဒေသအပေါ်လိုက်ပြီး ပေါက်ရောက်လေ့ရှိတဲ့ ဒီရေတောမျိုး စိတ်တွေ ပြန်လည်ရှင်သန်နိုင်ဖို့ မလိုအပ်တဲ့ ပေါင်းပင်တွေကို ခြောက်သွေ့ရာသီမှာရှင်းလင်း ဆောင်ရွက်ရပါတယ်။

ပေါင်းပင်ရှင်းလင်းတယ်ဆိုရာမှာ ဒီရေတောစိုက်ပျိုးမြေဧရိယာအတွင်းမှာရှိတဲ့ ပေါင်းပင်အားလုံးကို ရှင်းလင်းတာမျိုးမဟုတ်ဘဲ မလိုအပ်တဲ့နွယ်ပင်တွေကိုပဲရွေးချယ်ရှင်းလင်းတာဖြစ်ပါတယ်။ ဒီရေတောပေါက်ရောက်ရာနေရာတွေမှာ ဟုမ်းနွယ် (Derris trifoliata) နဲ့ ဗြိုက်ဆူး (Dalbergia pinnata) အစရှိတဲ့ အပင်တွေ အလွယ်တကူပေါက်ရောက်တတ်လို့ အဲဒီနွယ်ပင်တွေကို ရှင်းလင်းရတာဖြစ်ပါတယ်။ အဲဒီလိုရှင်းလင်းပေးမှသာ ဒီရေတောပျိုးပင်နဲ့အသီးတောင့်တွေက နွယ်ပင်တွေရဲ့ လွှမ်းမိုးမှုကိုမခံရတော့ဘဲ ရှင်သန်နိုင်မှုနှုန်းများပြားမှာဖြစ်ပါတယ်။

ရှင်းလင်းထားတဲ့ အမှိုက်သရိုက်တွေကို သင့်တော်တဲ့နေရာမှာ စုပုံထားခြင်းဟာ မြေဆွေးအနေနဲ့ ပြန်လည်ရရှိစေပါတယ်။ ဒီရေတောမျိုးစိတ်အပင်ငယ်ကလေးတွေ ရှင်သန်ကြီးထွားဖို့အတွက် ဓါတ်မြေဩဇာကို အသုံးပြုစရာမလိုပါဘူး၊ အသုံးလည်းမပြုသင့်ပါဘူး။ သဘာဝအတိုင်းပြုစု စောင့်ရှောက်ရတာဖြစ်ပြီး အပင်တွေရဲ့ ဘေးနားပတ်ဝန်းကျင်ကိုရောက်လာတဲ့ ပလတ်စတစ်နဲ့ ပင်လယ်ကနေပါလာတဲ့အမှိုက်တွေကိုဖယ်ရှားရှင်းလင်းပေးရပါတယ်။ ဒီရေတောစိုက်ပျိုးခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းအတွက် အသင့်တော်ဆုံးသောမျိုးစိတ်တွေကတော့ ဗြူးခြေထောက်အမ၊ ဗြူးခြေထောက်အဖို၊ မဒမ (မျော)၊ ဗြူးအုပ်ဆောင်း၊ ဗြူးကြက်တက်၊ ဗြူးရွှေဝါ နဲ့ သမဲ့ကြီးတို့ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်စိုက်ပျိုးမယ့်ဧရိယာအတွင်းမှာအရင်တုန်းက ပေါက်ရောက်ခဲ့တဲ့ မျိုးစိတ်တွေဟာ အစိုက်ပျိုးသင့်ဆုံးသောမျိုးစိတ်တွေပဲဖြစ်ပါတယ်။ ဓါတ်ပုံ - စိုးထက်ကို

🐒 မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ စကိုင်းဝေါ့ကာတွေအတွက် ကံကောင်းတဲ့အချက်ကတော့ ဒေသခံ လီဆူးလူမျိုးများပါပဲ။ ==============...
01/12/2025

🐒 မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ စကိုင်းဝေါ့ကာတွေအတွက် ကံကောင်းတဲ့အချက်ကတော့ ဒေသခံ လီဆူးလူမျိုးများပါပဲ။
==================

ဂေဟစနစ်ရှင်သန်ရေး၊ ဇီဝမျိုးကွဲစုံလင်မှုစတာတွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ မရေးဖြစ်ခဲ့တာ အတော်ကြာသွားပါတယ်။ အခုတော့ China Daily မှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ဖတ်ရတဲ့ Agroforest vital for rare small apes ဆိုတဲ့ စိတ်ဝင်စားစရာ သတင်းဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရင်း မိတ်ဆွေဖတ်သူများထံ မဖြစ်မနေမျှဝေသင့်တယ်လို့ ယူဆမိတာမို့ ဒီဆောင်းပါးလေးကို ရေးသားတင်ပြလိုက်ရပါတယ်။

ဇန်နဝါရီလ ၅ ရက်က ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့မှာရှိတဲ့ ဆွန်ယက်ဆင်တက္ကသိုလ် (Sun Yat-sen University) က ကျောင်းသားလေးတချို့ဟာ ယူနန်ပြည်နယ်၊ ပေါင်ရှန်းခရိုင်မှာရှိတဲ့ ဒေသခံတွေ စုပေါင်းတည်ထောင်ထားတဲ့ သီးနှံသစ်တောရောနှောစိုက်ခင်း (Agroforest) ထဲမှာ မျောက်လွှဲကျော် မျိုးစိတ်တစ်ခုဖြစ်တဲ့ စကိုင်းဝေါ့ကာမျောက်လွှဲကျော် [Skywalker hoolock gibbons (သိပ္ပံအမည် - Hoolock tianxing)] တွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီသီးနှံသစ်တောရောနှောစိုက်ခင်းဟာ သီးနှံအတွက် တရုတ်ဖာလာစေ့ (Chinese black cardamom)တွေ အဓိကစိုက်ပျိုးထားတာပါ။

စကိုင်းဝေါ့ကာမျောက်လွှဲကျော်တွေဟာ အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်း ရေးအဖွဲ့ရဲ့ IUCN Red list မှာ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် (Endangered-EN) အဆင့် သတ်မှတ်ထားတဲ့ ရှားပါးမျိုးစိတ်တွေပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ပေါင်ရှန်း(Baoshan) မှာရှိတဲ့ ကောင်းလီကုန်ရှန်း အမျိုးသားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥယျာဉ် (Gaoligongshan National Nature Reserve) နဲ့ ယင်ကျန်း (Yingjiang) နဲ့ ထန်ချုံး (Tengchong) ခရိုင်တွေမှာ စကိုင်းဝေါ့ကာမျောက်လွှဲကျော်ကောင်ရေ ၂၀၀ ခန့်ကို ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင် ခဲ့တာ ဖြစ်ပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

ဆက်စပ်ပြီး လေ့လာကြည့်တဲ့အခါ အဲဒီရှားပါးမျိုးစိတ်စကိုင်းဝေါ့ကာ မျောက်လွှဲကျော်တွေဟာ မြန်မာနိုင်ငံမှာလည်း ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိ ရပါတယ်။ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ - မြန်မာ [Fauna & Flora International (FFI) - Myanmar Program] က သုတေသနပညာရှင်တွေဟာ ကချင်ပြည်နယ်က နေရာ ခြောက်ခုနဲ့ ရှမ်းပြည်နယ်က နေရာသုံးခုမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ကနေ ၂၀၂၃ ခုနှစ် မတ်လအတွင်း ကွင်းဆင်းလေ့လာစူးစမ်းမှုတွေ ဆောင်ရွက်ခဲ့ပြီးတဲ့နောက် “မြန်မာနိုင်ငံမှာ စကိုင်းဝေါ့ကာ မျောက်လွှဲကျော် အုပ်စုသစ် ၄၄ စု နေထိုင်ကျက်စားလျက်ရှိတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ အကောင်အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

တကယ်တော့ အရှေ့တောင်အာရှဒေသမှာရှိတဲ့ တောင်တန်းတွေပေါ်က စိမ်းလန်းတဲ့ အပူပိုင်းသစ်တောတွေဟာ မျောက်လွှဲကျော်မျိုးစိတ်တွေ အမြောက်အများ နေထိုင်ကျက်စားကြပါတယ်။ မျောက်လွှဲကျော်တွေဟာ လူဝံ (apes) အုပ်စုဝင် လူတူသတ္တဝါတွေပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မျောက်လွှဲကျော် မျိုးစိတ်ပေါင်း ၂၀ ကျော် ရှိတယ်လို့ မှတ်သားရပါတယ်။

မျောက်လွှဲကျော်တွေဟာ သစ်သီးသစ်ဥတွေ၊ သစ်ရွက်နုတွေနဲ့ အင်းဆက်ပိုးကောင်တွေကို စားသောက်ကြတဲ့ အစုံစားသတ္တဝါတွေ ဖြစ်ပါတယ်။ သူတို့စားသုံးလိုက်ပြီးနောက် အညစ်အကြေးအဖြစ် ပြန်လည်စွန့်ထုတ်တဲ့ထဲမှာ အသီးစေ့တွေ ပြန်ပါလာတာမို့ အပင်မျိုးစိတ်တွေ ပြန့်ပွားဖို့ အထောက်အကူပြုပါတယ်။ အမြဲစိမ်းသစ်တောတွေ ထိန်းသိမ်းရာမှာ မျောက်လွှဲကျော်တွေဟာ ဥယျာဉ်မှူးတွေပါပဲ။

မျောက်လွှဲကျော်တွေဟာ ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုအပေါ် အင်မတန်တုံ့ပြန်မှုအားကြီးတဲ့ ထိလွယ်ရှလွယ်မျိုးစိတ်တွေဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဝန်းကျင်ပြောင်းလဲမှုကို လေ့လာရာမှာ အဲဒီမျောက်လွှဲကျော်တွေ အကောင်ရေနဲ့ မျိုးစိတ်တွေ လျော့သွားတာ၊ တိုးလာတာ၊ စတဲ့အချက်တွေ ကို ကြည့်ပြီး သုံးသပ်ကြရပါတယ်။ သူတို့အပြောင်းအလဲက သဘာဝဝန်းကျင်ရဲ့ အပြောင်းအလဲကို ဖော်ပြနေတာမို့ သူတို့ကို indicator species တွေလို့ သတ်မှတ်ထားကြပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

ဒါပေမယ့် တစ်ဖက်မှာတော့ အဲဒီမျောက်လွှဲကျော်မျိုးစိတ်အားလုံးနီးပါးဟာ လူတွေကြောင့် သူတို့ ရဲ့ နေထိုင်ကျက်စားရာနေရာတွေ လျော့ပါးပျောက်ဆုံးလာပြီး အကောင်ရေ လျော့နည်းလာပါတယ်။ အခြားတစ်ဖက်မှာလည်း မျောက်လွှဲကျော်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆတွေကြောင့် လူတွေရဲ့ မဆင်မခြင် ဖမ်းဆီးသတ်ဖြတ်မှုတွေကိုလည်း ခံနေကြရပြန်ပါတယ်။ ဒါ ကြောင့် မျိုးစိတ်အတော်များများဟာ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် (Endangered - EN) ဒါမှမဟုတ် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသောမျိုးစိတ် (Critically Endangered – CR) တွေအဖြစ် သတ်မှတ် ထားခြင်း ခံနေရတာပါ။

မျောက်လွှဲကျော်မျိုးစိတ် ၂၀ ကျော်ထဲက စကိုင်းဝေါ့ကာမျောက်လွှဲကျော်ဆိုတဲ့ အမည်ကတော့ တရုတ်နိုင်ငံကစပြီး ပေးခဲ့တာလို့ ဆိုရပါမယ်။ မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ စကိုင်းဝေါ့ကာတွေအတွက် ကံကောင်းတဲ့အချက်ကတော့ ဒေသခံ လီဆူးလူမျိုးများပါပဲ။ ယူနန်ပြည်နယ်ထဲက လီဆူးလူမျိုးတွေဟာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုအရ မျောက်လွှဲကျော်တွေကို ကာကွယ်ထိန်းသိမ်းကြတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ရှိတဲ့ စကိုင်းဝေါ့ကာမျောက်လွှဲကျော် အကောင်ရေ စုစုပေါင်းရဲ့ ထက်ဝက်လောက်ဟာ ယင်ကျန်း နဲ့ ထန်ချုံး ခရိုင်ထဲက လီဆူးရွာအတွေအနီးမှာရှိတဲ့ စုပေါင်းသစ်တောစိုက်ခင်းတွေထဲမှာ နေထိုင်ကျက်စားနေကြတာပဲ ဖြစ်ပါတယ်။

ကောင်းလီကုန်ရှန်း အမျိုးသားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥယျာဉ်ကနေ ၄၅ ကီလိုမီတာလောက် အကွာအဝေးမှာရှိတဲ့ လီဆူး ဒေသခံတွေ စုပေါင်းစိုက်ပျိုးထားတဲ့ သီးနှံသစ်တောရောနှောစိုက်ခင်းတွေဟာလည်း အခုဆိုရင် စကိုင်းဝေါ့ကာတွေ ကျင်လည်ကျက်စားရာ ဖြစ်လို့ လာနေပါပြီ။ ဒါဟာ ဘာကို ညွှန်ပြနေသလဲဆိုရင် သီးနှံသစ်တောရောနှောစိုက်ပျိုးထားတဲ့ Agroforest စုပေါင်းသစ်တောတွေဟာ မျောက်လွှဲကျော်တွေအတွက် နေထိုင်ကျက်စားရာကို ဖန်တီးပေးခြင်းအားဖြင့် ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်ပေးနိုင်ပြီး ဂေဟစနစ်ကို ပြန်လည်ရှင်သန်စေနိုင်တယ်ဆိုတယ်ဆိုတဲ့ အချက်ပါပဲ။

တစ်ချိန်တည်းမှာ အဲဒီသီးနှံသစ်တောရောနှောစိုက်ခင်းတွေဟာ ဒေသခံ ရွာသူရွာသားတွေရဲ့ ဝင်ငွေစီးကြောင်းကြီး ဖြစ်လို့နေပါတယ်။ အဲဒီ သစ်တောစိုက်ခင်းတွေထဲမှာ ချောင်းကော် (Caoguo) လို့ခေါ်တဲ့ တရုတ်ဖာလာစေ့ Chinese black cardamom (Amomum tsaoko) တွေကို ရောနှောစိုက်ပျိုးထားတာပါ။ ဒီအပင်တွေဟာ အရိပ်ကောင်းကောင်း လိုအပ်တဲ့ အပင်တွေဖြစ်တာမို့ အပင်ကြီးတွေအုံ့ဆိုင်းနေ တဲ့ သစ်တောအုပ်ထဲမှာ ပိုပြီး ဖြစ်ထွန်းနိုင်ပါတယ်။ သစ်ပင်ကြီးတွေက စီးပွားဖြစ်သီးနှံဖြစ်တဲ့ တရုတ် ဖာလာစေ့ပင် အတွက် အရိပ်ကောင်းပေးနိုင်သလို၊ ဇီဝမျိုးကွဲဖြစ်တဲ့ စကိုင်းဝေါ့ကာမျောက်လွှဲကျော်တွေအတွက် နေစရာ၊ ကျင်လည်ကျက်စားစရာ၊ အစာတွေကို ပေးပါတယ်။ ဒါကြောင့် ဒီနည်းလမ်းဟာ ဂေဟစနစ်ကို အကျိုးဖြစ်ထွန်းစေပြီး ဇီဝမျိုးကွဲစုံလင်မှုကို အထောက်အကူပြုသလို၊ ဒေသခံတွေအတွက် ဝင်ငွေ အခွင့်အလမ်းကို တိုးလာစေပါတယ်။

၂၀၁၈ ခုနှစ်က ကမ္ဘာပေါ်မှာ ဖာလာစေ့ စိုက်ပျိုးဧရိယာ ဟက်တာပေါင်း ၃ သိန်းခန့်ရှိခဲ့ပြီး အဲဒီထဲ က ၇၈ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အများစုက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာပါ။ ဖာလာစေ့ တစ်ကီလိုဂရမ် (၆၂ ကျပ်သားဝန်းကျင်) ဟာ လက်လီဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၂၄.၆၂ ကနေ ၃၂.၃၅ အထိ ပေါက်ဈေးရှိတယ်လို့ လေ့လာသိရှိရပါတယ်။ လက်ကားဈေးကွက်မှာတော့ တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁၇.၂၄ ကနေ ၂၂.၆၄ အထိ ပေါက်ဈေးရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒေသခံတွေအတွက် စီးပွားရေးအရ သေချာပေါက် အကျိုးရှိနိုင်စေတဲ့ အခြေအနေပါ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လီဆူးတိုင်းရင်းသားများရဲ့ အတွေ့အကြုံကနေ သစ်တောရဲ့ အရေးပါပုံ၊ ဇီဝမျိုးကွဲစုံလင်မှုရဲ့ အရေးကြီးပုံ၊ ဂေဟစနစ်ပြန်လည်ရှင်သန်ရေးလုပ်ငန်းတွေကို စီးပွားဖြစ်စိုက် ပျိုးရေးနဲ့ တွဲဖက်လုပ်ကိုင်နိုင်ပုံတွေကို ဆက်လက်တွေးတောကြည့်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရင်း ဝေမျှလိုက်ရပါတယ်။

ရေးသားသူ - Khaing Kyi Thit
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#လီဆူး
#မျောက်လွှဲကျော်
#ဂေဟစနစ်
#အစိမ်းရောင်လမ်း

🐦 အသိုက်တစ်ခု ဆောက်ပြီး ငှက်မတစ်ကောင်ရရုံနဲ့ မပြီးပါဘူး။​ နောက်ထပ် အသိုက်တွေထပ်ဆောက်ပြီး မယားပြိုင်ထားတတ်ကြပါတယ်။=======...
24/11/2025

🐦 အသိုက်တစ်ခု ဆောက်ပြီး ငှက်မတစ်ကောင်ရရုံနဲ့ မပြီးပါဘူး။​ နောက်ထပ် အသိုက်တွေထပ်ဆောက်ပြီး မယားပြိုင်ထားတတ်ကြပါတယ်။
==========================
မိုးရာသီကာလတလျှောက် အပင်လေးတွေပေါ်မှာ အထူးသဖြင့် အုန်းပင်၊ ထန်းပင်တွေမှာ မြင်တွေ့ရတတ်တာက စီရရီနဲ့ ရှိနေကြတဲ့ ဗူးထောင်းငယ်လေးတွေပဲ ဖြစ်ပါတယ်။ လေတိုက်လိုက်တိုင်း ရမ်းခါသွားတတ်တဲ့ တွဲလောင်း တွဲလောင်း ဗူးတောင်းငယ်လေးတွေက မိုးရာသီကို အလှပိုစေတယ်လို့ ပြောမယ်ဆိုရင် ဘယ်သူမှ ငြင်းကြမယ် မထင်ပါဘူး။ ဒီလိုချစ်စရာကောင်းတဲ့ ဗူးတောင်းလေးတွေရဲ့ လက်ရာရှင်ကတော့ စာဗူးတောင်းငှက်(Baya Weavers)လေးတွေပဲ ဖြစ်ပါတယ်။​

ဗူးတောင်းပုံအသိုက်ကို အစွဲပြုပြီး စာဗူးတောင်းငှက်လို့ ခေါ်ကြတဲ့ ဒီကောင်လေးတွေကို အိန္ဒိယကျွန်းဆွယ်နဲ့ အရှေ့တောင်အာရှ တစ်ဝိုက်မှာ တွေ့ရပါတယ်။ ကိုင်းတောတွေ၊ စိုက်ပျိုးမြေတွေနဲ့ လူနေအိမ်ဧရိယာတွေနားမှာ ကျက်စားတတ်ကြပြီးတော့ ရေနဲ့နီးတဲ့ နေရာမျိုးမှာ အသိုက်ဆောက်လေ့ရှိကြပါတယ်။​ မျိုးစိတ်ခွဲ ၅ခု ရှိပြီး မြန်မာနိုင်ငံမှာ တွေ့ရများတာကတော့ (P. p. Burmanicus မျိုးစိတ်) ခေါင်းဝါဝါနဲ့ ကောင်လေးတွေပဲ ဖြစ်ပါတယ်။ မိတ်လိုက်ရာသီမဟုတ်တဲ့အချိန်မှာ အထီးနဲ့ အမ ပုံစံတူလေးတွေဖြစ်ပြီးတော့​ အရောင်အသွေးက စာကလေးလိုမျိုး တောင်ပံ၊ ကျောနဲ့ ခေါင်းတွေက အညိုရင့်နဲ့ အညိုဖျော့ အရောင်ဖောက်ထားသလိုပါ။​ ဝမ်းဗိုက်ပိုင်းကတော့ ဖြူဖျော့ဖျော့ပြင်ပဲ ဖြစ်ပါတယ်။ ။ မိတ်လိုက်ရာသီရောက်တဲ့အခါမှာ အမတွေက ဒီပုံစံတိုင်း ဆက်ရှိပြီးတော့ အထီးတွေက ခေါင်းနဲ့ ရင်အုံပိုင်းမှာ အဝါရောင်ဖြစ်လာပြီး အရောင်အသွေး ပိုလှလာပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

🐦 ဗူးတောင်းငှက်လေးတွေမှာ အသိုက်ဆောက်ကြတာက အထီးကောင်လေးတွေပဲ ဖြစ်ပါတယ်။​ အဓိက ရည်ရွယ်ချက်ကတော့ အမတွေကို ဆွဲဆောင်ဖို့ပါ။​ မိတ်လိုက်ရာသီရောက်တာနဲ့ ဗူးတောင်းငှက်ထီးလေးတွေက အုပ်စုဖွဲ့ပြီး အသိုက်ဆောက်ဖို့ နေရာရှာကြပါတယ်။ နေရာတွေ့ပြီဆိုတာနဲ့ အပြိုင်အဆိုင် အသိုက်ဆောက်ကြတော့တာပါ။ ဗူးတောင်းငှက်မလေးတွေက အသိုက်ပေါ်ကိုကြည့်ပြီးတော့ အထီးကောင်လေးတွေရဲ့ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်လေ့ရှိပါတယ်။​

ဒီအသိုက်တွေက သူတို့ရဲ့ နောက်မျိုးဆက်ဖြစ်လာမဲ့ ဥတွေနဲ့ အကောင်ပေါက်လေးတွေအတွက် အကာအကွယ်ဖြစ်လာမှာပါ။

ဗူးတောင်းငှက်ထီးလေးတွေ အကြောင်းပြန်ဆက်ရရင် ဒီကောင်လေးတွေက ငရှုပ်လေးတွေပါ။​ အသိုက်တစ်ခု ဆောက်ပြီး ငှက်မတစ်ကောင်ရရုံနဲ့ မပြီးပါဘူး။​ နောက်ထပ် အသိုက်တွေထပ်ဆောက်ပြီး မယားပြိုင်ထားတတ်ကြပါတယ်။​ တရာသီမှာ အသိုက်လေးလုံးလောက်ထိ ဆောက်တတ်ကြတယ်လို့ ဆိုပါတယ်။​ ဒီဘရုတ်ကျတဲ့ကောင်လေးတွေက အသိုက်ဆောက်နေစဉ်မှာလဲ ကောင်းကောင်းမနေပါဘူး။ တခြားအကောင်ရဲ့အသိုက်က မြက်ခြောက်တွေကို အလစ်မှာ ဖြုတ်ခိုးတတ်သေးတာပါ။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

🐦 ဗူးတောင်းငှက်ထီးလေးတွေ အသိုက်ဆောက်ကြပုံကို အဆင့်ခွဲရရင် ၄ဆင့် ရှိပါတယ်။ ပထမဆုံးအဆင့်တော့ အုတ်မြစ်ချတဲ့အဆင့် (Wad Stage) ဖြစ်ပါတယ်။​ ဒီအဆင့်မှာ သစ်ပင်က ကိုင်းလေးလေးတွေမှာ မြက် ဒါမှမဟုတ် ကောက်ရိုးမျှင်လေးတွေနဲ့ ပူးချည်ပါတယ်။ ဒုတိယအဆင့်ကတော့ တိုင်ထူတဲ့အဆင့် (Ring Stage) ပဲဖြစ်ပါတယ်။ အသိုက်ရဲ့ အဓိက ကျောရိုးဖြစ်လာမဲ့ ကွင်းပုံစံလေးကို စပြီး တည်ဆောက်ပါတယ်။ တတိယအဆင့်ကတော့ အုံအဆင့်(Helmet Stage) ပါ။ ဒီအဆင့်မှာတော့ ဦးထုပ်ပုံစံအုံလေး တည်ဆောက်ပါတယ်။​ တတိယအဆင့်ပြီးတဲ့အချိန်မှာ ငှက်မလေးတွေကို ခေါ်ပြပါတယ်။ အကယ်၍ ငှက်မလေးက လက်ခံတယ်၊ သဘောကျတယ်ဆိုရင် စတုတ္ထဆင့်ဖြစ်တဲ့ ဝင်ပေါက်က်ို ဆောက်လုပ်ပြီး အသိုက်ကို အပြီးသတ်ပါတယ်။ အကယ်၍ ငြင်းခံရရင်တော့ အဲ့ဒီဆောက်လက်စ ဗူးတောင်းကို ဖြုတ်ချလိုက်ပါတယ်။​ (ဆိုတော့ ပြုတ်ကျနေတဲ့ စာဗူးတောင်းလေးထဲမှာ ခေါင်းဝါလေးရဲ့ ကွဲကြေနေတဲ့ နှလုံးသားတစ်စုံပါပါသည်ပေါ့ - ဤကား စကားချပ်)။

ဒါပေမဲ့ အငြင်းခံရတဲ့ ကောင်လေးတွေက လောကကြီးကို အရှုံးမပေးသွားကြပါဘူး။ ပိုကောင်း ပိုသန့်တဲ့ နောက်ထပ် အသိုက်အသစ်ထပ်ဆောက်ပြီး နောက်ထပ်အမတွေကို ဆွဲဆောင်ပါတယ်။​

အသိုက်ဆောက်တဲ့ ဖြစ်စဉ်က ယေဘုယျအားဖြင့် ပထမအဆင့်မှာ ၂ရက်၊ ဒုတိယအဆင့်မှာ ၅ရက်၊ တတိယအဆင့်မှာ ၈-၁၀ ရက်ကြာပြီး အသိုက်တစ်ခုလုံး အပြီးသတ်ဖို့ကတော့ ၁၈ ရက်ခန့် ကြာတတ်ပါတယ်။​

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

🐦 ဆိုတော့ ဗူးတောင်းငှက်မလေးတွေကရော အသိုက်ကို ဘယ်လိုရွေးချယ်ကြလဲ?

​ ဒီနေရာမှာ ဒီငှက်မလေးတွေ အသိုက်ကို ကြည့်ပုံက လက်တွေ့ဆန်ပါတယ်။ လက်ရာမြောက်ပြီး လှပတာထက် နေရာအနေအထားကို ပိုကြည့်ပါတယ်။ အပင်ရဲ့ အမြင့်ဆုံးနဲ့ အစွန်ဆုံးကျတဲ့ကိုင်းတွေမှာ ဆောက်ထားတဲ့ ဗူးတောင်းတွေက ရွေးချယ်ခံရနိုင်ခြေပိုများပါတယ်။​ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သဘာဝရန်သူတွေဖြစ်တဲ့ မြွေနဲ့ တခြားအကောင်တွေ လာရောက်ဖို့ မလွယ်ကူနိုင်လို့ပါ။ နောက်တခုက အဲ့ဒီ အသိုက်ဆောက်ထားတဲ့ အပင်မှာ ရှိနေတဲ့ တခြားသော ဗူးတောင်း အရေအတွက်ပါ။ ဘာကြောင့်လဲဆိုတော့ တခြားသော ငှက်တွေနဲ့ စည်းစည်းလုံးလုံး အုပ်စုဖွဲ့နေခြင်းအားဖြင့် သဘာဝရန်သူတွေကို ပူးပေါင်းကာကွယ်နိုင်ကြမှာမို့ပါ။ ဆိုတော့ အုပ်စုနဲ့ ခွဲထွက်ပြီး တစ်လုံးစ နှစ်လုံးစရှိနေတဲ့ ဗူးတောင်းမျိုးဆိုရင်တော့ ဒီငှက်မလေးတွေက လျစ်လျူရှုလိုက်မှာပဲ ဖြစ်ပါတယ်။

ဆိုတော့ ဂေဟစနစ်အတွက်ကော ဒီကောင်တွေက ဘယ်လို အကျိုးပြုနေသလဲ?

မြင်သာတဲ့ အကျိုးပြုမှုတစ်ခုကို ပြောရရင် ပိုးမွှားတွေကို ထိန်းချုပ်ပေးတာပါ။​ ဒီကောင်လေးတွေရဲ့ အဓိက အစာက အစေ့အဆန်တွေ ဖြစ်ပေမဲ့ မိုးရာသီကာလ မိတ်လိုက်သားပွားချိန်မှာတော့ သူတို့ရဲ့မျိုးဆက် အကောင်ပေါက်လေးတွေ လိုအပ်တဲ့ အသားဓါတ်အတွက် ပိုးကောင်နဲ့ ဘောက်ဖတ်ကောင်လေးတွေကို ရှာဖွေကျွေးမွေးပါတယ်။​ ဒါက စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါတဲ့ အကျိုးပြုမှုပဲ ဖြစ်ပါတယ်။​ တဖန် အစာကွန်ယက်မှာလဲ သူတို့ရဲ့ ဥတွေ သားပေါက်လေးတွေက သားရဲကောင်တွေဖြစ်တဲ့ မြွေနဲ့ စွန်လိုမျိုးကောင်တွေအတွက် အစာပဲ ဖြစ်ပါတယ်။​ ဒါတွေအပြင် သဘာဝပတ်ဝန်းကျင်ကို တိုင်းတာတဲ့ နေရမှာလဲ ဒီကောင်လေးတွေကို ကြည့်နိုင်ပါတယ်။​ စာဗူးတောင်းငှက်လေးတွေ အများအပြားရှိနေရင် အဲ့ဒီနေရာက ရေအရင်းမြစ် ရှိတယ်၊​ စိုက်ပျိုးမြေကောင်းမွန်တယ်၊ ငှက်ကလေးတွေ နားခိုဖို့ အပင်တွေရှိနေတယ် စသည်ဖြင့် ကျန်းမာတဲ့ သဘာဝပတ်ဝန်းကျင်အဖြစ် သတ်မှတ်နိုင်ပါတယ်။​

ဗူးတောင်းငှက်လေးတွေအကြောင်းကတော့ ဒီလောက်ပါပဲ။ အားလုံးပဲ ဘေးရန်ကင်းကြပါစေ ခင်ဗျာ။

ရေးသားသူ - Thu Ra Nyi Nyi
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#စာဗူးတောင်
#ငှက်
#စိုက်ပျိုးနည်း
#မွေးမြူရေး
#အစိမ်းရောင်လမ်း

#ဂေဟစနစ်

စိုက်ပျိုးရေး နှင့်စက်မှုလုပ်ငန်းတွေ ကနေ ထွက်လာတဲ့  ဓာတုဗေဒစွန့်ပစ်ပစ္စည်းတွေကြောင့် ဧရာဝတီတိုင်းမှာ အာဆင်းနစ်ဓာတ်တွေအမျ...
22/11/2025

စိုက်ပျိုးရေး နှင့်စက်မှုလုပ်ငန်းတွေ ကနေ ထွက်လာတဲ့ ဓာတုဗေဒစွန့်ပစ်ပစ္စည်းတွေကြောင့် ဧရာဝတီတိုင်းမှာ အာဆင်းနစ်ဓာတ်တွေအများအပြားတွေ့လာရတယ်လို့ ဆိုပါတယ် ။ ပညာရှင်များ လက်တွေ့ကွင်းဆင်းလေ့လာပြီး root cause တွေကို ရှာဖွေဖော်ထုတ် တားဆီးပေးကြပါလို့ ပန်ကြားအပ်ပါတယ် ။

လက်ရှိမြန်မာနိုင်ငံရဲ့ သတ္ထုနဲ့စက်မှုလုပ်ငန်းတွေ များပြားတဲ့ဒေသတွေ၊ စိုက်ပျိုးရေးကိုအဓိကအားထားကြတဲ့ ဒေသတွမှာ မြေအပေါ်ယံလွှာအာဆင်းနစ်ဓာတ် ပျော်ဝင်နေမှုဟာ သတ်မှတ်စံနှုန်းထက် များပြားနေခဲ့တာကြာပြီ။ ဘူမိဗေဒဖြစ်စဉ်အရ အာဆင်းနစ်ဟာ သဘာဝအတိုင်းရှိတဲ့ ကျောက်တောင်တွေမှာတောင် ပါဝင်နေတတ်တယ်။ ဒါပေမဲ့ ရေနဲ့လေတိုက်စားမှု၊ မိုင်းခွဲမှု၊ တူးဖော်မှုမလုပ်ဘဲ အများအပြားမစိမ့်ထွက်နိုင်ဘူး။ ဒီအချက်တွေလုပ်ခြင်းကနေသာ ပိုစိမ့်ထွက်လာပြီး မြစ်ချောင်းအင်းအိုင်နဲ့ မြေသားကတဆင့် မြေအောက်ရေအလွှာထဲကို စိမ့်ဝင်ရင်း ပျော်ဝင်သွားတတ်တယ်။ ဒီကနေမှ ဒီရေအရင်းအမြစ်ကို သုံးစွဲသူတွေဟာ အာဆင်းနစ်ဓာတ်သင့်မှုကို ခံစားကြရတယ်။ ဒီဖြစ်စဥ်ကို Reductive Dissolution လို့လည်းခေါ်ကြတယ်။ ဒါပေမဲ့ မြေနိမ့်ပိုင်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာတော့ တောင်နည်းလို့ တခြားအကြောင်းအရင်းကြောင့် အာဆင်းနစ်ဒဏ်သင့်ကြရတယ်။ အဲဒီအကြောင်းအရင်းကတော့ Sulfide Oxidation ကြွယ်ဝတဲ့ဓာတ်တွေ မြေအောက်ရေအထိ ပျော်ဝင်လာမှုပါ။ ဒီဖြစ်စဥ်ဟာ သတ္တုတူးဖော်ရေးများတဲ့ ဒေသတွေ၊ စိုက်ပျိုးရေးမှာ ပိုးသတ်ဆေး ပေါင်းသတ်ဆေးအလွန်အကျွံသုံးတဲ့ ဒေသတွေမှာ မြင်လေ့ရှိရတယ်။

ဒီတော့ လက်ရှိကြေငြာလာတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို လေ့လာကြည့်ရင် တောင်တန်းဒေသမဟုတ်သလို ပင်လယ်ရေမျက်နှာပြင် အမြင့်ပိုင်းဒေသလည်းမဟုတ်ဘူး။ နောက်တစ်ချက်က သတ္ထူတွင်းတွေပေါတဲ့ ဒေသလည်းဖြစ်မနေဘူး။ ဒါကြောင့်အခုလိုအာဆင်းနစ်ဓာတ်လှုံ့ဆော်မှု လွန်ကျွံလာရခြင်းအကြောင်းအရင်းဟာ စက်မှုဇုန်တွေနဲ့ စိုက်ပျိုးမြေတွေကြောင့်ပဲလို့ သုံးသပ်လို့ရတယ်။ စက်ရုံတချို့ဟာ သတ္တုတူးဖော်လာမှာ အထူးသဖြင့် ဘော်ကျောက်၊ ရွှေ၊ ကြေးနီနဲ့ ခဲတူးဖော်ရေးလုပ်ငန်းတွေမှာလိုပဲ အာဆင်းနစ်ပါရှိတဲ့ ဓာတုပစ္စည်းတချို့ကို စွန့်ပစ်တတ်ကြတယ်။ ဒီကနေ ချောင်းမြောင်းထဲကို စွန့်ပစ်ရာကတဆင့် အာဆင်းနစ်ပျော်ဝင်မှုကို မြင့်မားလာစေပြီး ဒေသရဲ့မြေအောက်ရေအရင်းအမြစ်နဲ့ တွင်းထွက်ရေအရင်းအမြစ်ကို မြန်မြန်ဆန်ဆန်ပဲ စိမ့်ဝင်ဓာတ်တိုးလာစေတယ်။ ဒါက ကျောက်မီးသွေးစက်ရုံတွေ၊ သတ္ထုတူးဖော်ရေး သန့်စင်ရေးစက်ရုံတွေမှာမှ ဖြစ်တတ်တာမဟုတ်ဘူး။ ဖန်ထည်ထုတ်လုပ်ရေးစက်ရုံတွေ၊ အိမ်ဆောက်ပစ္စည်းထုတ်လုပ်ရေးတွေ၊ ရာဘာအချောချက်စက်ရုံတွေနဲ့ စွန့်ပစ်ပစ္စည်းများတဲ့ တခြားစက်မှုလုပ်ငန်းတွေမှာပါ ဖြစ်တတ်လေ့ရှိတယ်။ စက်ရုံတွေကနေထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျမစွန့်ပစ်တဲ့ကိစ္စမှာတင် ဒေသရဲ့ မြေသားနဲ့ ရေအရင်းအမြစ်ကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းဖြစ်တယ်။ ဒီလိုဖြစ်တဲ့ အာဆင်းနစ်ပျော်ဝင်မှုဟာ Cyanide- Contamination နဲ့ပဲ သက်ဆိုင်တယ်။

နောက်တစ်ချက်က စိုက်ပျိုးရေး။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဟာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိကအားထားပြီး စားဝတ်နေရေးဖြေရှင်းကြရတဲ့ ဒေသပါ။ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးအရောင်းရဆုံးဒေသပေါ့။ ဘယ်လိုအထွက်တိုးဖို့ ဘယ်လိုပိုးသတ်ဖို့ဆိုပြီး ဓာတ်မြေသြစာကြော်ငြာတွေ ပရမ်းပတာကြေညာတိုင်း အဟုတ်မှတ်ကြတယ်။ မြန်မာမှာ ဘာ Research ဘာ Awareness မှမပေးဘဲ တတိုင်းပြည်လုံးကို ဒုက္ခပေးပြီးမှ သန်းချီချမ်းသာတဲ့ထုတ်ကုန်ထဲလည်း ဓာတ်မြေသြဇာက ထိပ်ဆုံးပါ။ ကြေငြာပေးတဲ့ မင်းသားမင်းသမီးတချို့ကအစ ကိုယ်ကြေငြာရတဲ့ Productကို Analysis လုပ်နိုင်လောက်တဲ့အထိ ပညာမတတ်ကြတော့ ပိုဆိုးတာပေါ့။ ဒီနေရာမှာ ကြုံကြိုက်လို့ လောလောလတ်လတ်ကိစ္စတစ်ခုကို ထည့်ပြောရရင် ပြီးခဲ့တဲ့လပိုင်းက မြန်မာကနေ တရုတ်ကို တင်ပို့တဲ့ ပဲတီစိမ်းတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ပမာဏထက်ကျော် လွန်တွေ့တဲ့အတွက် တန်ချိန် ၁ သောင်း ပြန်ပို့ခံရတဲ့အပြင် ကုမ္ပဏီ ၂၂ ခု ပါ ပဲတင်ပို့ခွင့် ရပ်ဆိုင်းခံရတယ်။ ဘယ်လောက်အရှက်ကွဲလိုက်တဲ့ ကိစ္စလဲ။ ဒီသတင်းကို Social Media မှာ ဘယ်သူမှ မပြောကြဘူး။ ဒီလိုအရှက်ခွဲခံရလို့ အဲဒီပြန်ပို့တဲ့ပဲတွေ ဘယ်ရောက်သွားလဲဆိုရင် မြန်မာပြည်သူတွေကိုပဲ ပြန်ရောင်းလိုက်တယ်။ အခုပဲတီစိမ်းစျေးအရမ်းပေါနေတာကို အကောင်းမှန်နေသူတွေရှိသေး။ နောက်ပြီး မြန်မာကထွက်တဲ့ ပဲရဲ့သုံးပုံနှစ်ပုံကို တရုတ်ကဒိုင်ခံယူနေတာဖြစ်လို့ နောက်နှစ်တွေမှာ ပဲစိုက်တောင်သူတွေ တခြားအလုပ်ပြောင်းရှာရလိမ့်မယ်။ ဓာတ်မြေသြဇာ ၊ပေါင်းသတ်ဆေးတွေအပြင် ပိုးသတ်ဆေး (Thiamethoxam) နဲ့ မှိုသတ်ဆေးတွေဖြစ်တဲ့ (Hexaconazole) ကနေဖြစ်တတ်တဲ့ မှိုအဆိပ် (Aflatoxin) ဟာ ထွက်လာတဲ့အသီးအနှံမှာဖြစ်ပြီး အစိုက်ခံရတဲ့မြေလွှာမှာတော့ အာဆင်းနစ်ကိုအခြေခံတဲ့ ဒြပ်ပေါင်းများစွာ ထည့်သွင်းခံရသလို မြေဆီလွှာကို ပိုအာနိသင်အပြမြန်ဖို့ ပိုးအမြန်သေဖို့ ဆတိုးနဲ့ကို Arsenic-Based Compound တွေ ရောစပ်ရတယ်။ ဒီကနေ စိုက်ပျိုးမြေရဲ့ မြေဆီလွှာကို အရင်ထိခိုက်လာပြီး မြေဆီလွှာကတဆင့် မြေအောက်ရေကြောကို ထိခိုက်လာတယ်။ မိုးရာသီတွေမှာ ဒီဖြစ်စဥ်ဟာ ပိုမြန်လေ့ရှိတယ်။ ဒီလိုနဲ့ ရေရှည်အသုံးပြုလာတဲ့အခါ စိုက်မျိုးမြေဆီလွှာထဲမှာ အာဆင်းနစ်ပျော်ဝင်မှုက မြင့်လာပြီး မြေဆီလွှာကိုယ်တိုင်က အာဆင်းနစ်အဆိပ်သင့်လာတယ်။ ဒီကနေ မြစ်အောက်ရေအပြင် မိုးရေကနေဖြစ်တည်လာတဲ့ မြစ်ချောင်းအင်းအိုင်တွေကိုပါ သက်ရောက်လာပြီး ရေတွင်းတွေအထိပါ အာဆင်းနစ်ဓာတ်သင့်လာစေတယ်။ ရေသွင်းစိုက်ပျိုးနည်းမှာလည်း ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးများလာရင်း ထိုနည်းတူစွာပဲ။

အခုလည်းဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကမြို့တွေဟာ မြေအောက်ရေကိုအခြေခံအသုံးပြုနေတဲ့ ရေတွင်းတွေမှာတင်မကဘဲ မြစ်ချောင်းတွေမှာပါ အာဆင်းနစ်ဓာတ်ဟာ ကျယ်ကျယ်ပြန့်ပြန့် မြင့်တက်လာနေတယ်လို့ သုတေသနတွေအရ ဖော်ပြလာကြတယ်။ WHO က သတ်မှတ်ထားတဲ့ ရေဘေးကင်းလုံခြုံရေးစံနှုန်းထက်ကို ငါးဆလောက်မြင့်လာတယ်။ အခုလည်း ဒီဒေသတွေမှာ လေ့လာချက်အရ Iron Oxyhydroxides အရမ်းမြင့်လာနေတယ်။ စိတ်ဝင်စားလို့ Servey တွေကို လိုက်လေ့လာကြည့်တဲ့အခါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အာဆင်းနစ်ပျော်ဝင်မှုဟာ မြေအောက်ရေရဲ့ မီတာ၁၀၀အထက်မှာတောင် တွေ့နေရတယ်။ အာဆင်းနစ်ဟာ ထုံးဓာတ်လို သိသာမှုမရှိတာကြောင့် သောက်ရေပဲသုံးသုံး သုံးရေပဲသုံးသုံး ချက်ချင်းလက်ငင်း သတိထားမိကြမှာမဟုတ်ဘူး။ ခန္တာကိုယ်ထဲ နည်းနည်းချင်းပဲ စုစည်းလာနိုင်တာမျိုး။ အခုလည်း ရေအရင်းအမြစ်ရဲ့ 71% အထိပါဝင်နေတယ်ဆိုတော့ ပမာဏမသေးလှဘူး။ Arsenicosis Effect ဟာ ချက်ချင်းထဖြစ်တာမျိုးမဟုတ်ဘဲ ငါးနှစ်ကနေ နှစ်နှစ်ဆယ်အတွင်းမှ ဖြစ်လာတတ်တယ်။ အသက်ကြီးသူတွေကတော့ အာနိသင်ကပိုမြန်နိုင်တယ်။ Arsenicosis Effect ရဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေက ထင်ထားတာထက်ဆိုးပါတယ်။ အာဆင်းနစ်ပမာဏများတဲ့ရေကို သောက်သုံးတဲ့ပမာဏ များလာတဲ့အခါ နှစ်ကြာလာရင် အရေပြားဒဏ်ရာတွေ၊ melanosis လက္ခကာနဲ့ အဆုတ်၊ ဆီးအိမ်၊ ကျောက်ကပ်နဲ့ အရေပြားကင်ဆာ အပါအဝင် ကင်ဆာရောဂါအများအပြားကို ဖြစ်နိုင်ခြေတိုးစေတယ်။ နှလုံးသွေးကြောဆိုင်ရာနဲ့အာရုံကြောဆိုင်ရာပြဿနာတွေကို နှစ်တိုတိုအတွင်းဖြစ်နိုင်တယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့အာရုံကြောဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်တယ်။ အရေပြားရောဂါတွေအပြင် အရေပြားရောဂါထဲမှာမှ Hyperkeratosis လို့ခေါ်တဲ့ လက်ဖဝါးနဲ့ ခြေဖဝါအရေပြားတွေ တင်းမာလာတာမျိုးတွေဖြစ်စေတယ်။ လက်ရှိ ရှမ်းပြည်နယ်က မြို့တချို့ရဲ့ဒေသခံတွေမှာ ဆိုရင် ဒီလိုအာဆင်းနစ်ဓာတ်သင့်လက္ခာတွေ အဖြစ်များလာကြပြီ။ အဆုတ်၊ ဆီးအိမ်၊ ကျောက်ကပ်၊ အသည်း၊ သွေးတိုး၊ ဆီးချိုအပြင် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို အချိန်ကြာလာတာနဲ့အမျှ ဓာတ်စုစည်းလာရင်း ခံစားရနိုင်တယ်။ ကလေးပေါက်စလေးတွေမှာဆိုရင် ခန္တာကိုယ်ခုခံအားအရ အချိန်ပိုမြန်နိုင်သလို ကိုယ်ဝန်ဆောင်တွေမှာ စုစည်းလာရင်လည်း မွေးလာမယ့် သန္ဓေသားကိုပါထိခိုက်လာစေနိုင်တယ်။ မွေးလာတဲ့ကလေးက ဥာဏ်ရည်ချို့ယွင်းမှုနဲ့ ဖွံ့ဖြိုးမှုချို့ယွင်းမှုမျိုးတွေ ဖြစ်စေနိုင်တယ်။

ဒီတော့ လိုရင်းပြောရရင် ဒါဟာအခုမှထဖြစ်တာမဟုတ်ဘဲ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ သတ္ထုတူးဖော်ရေး၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးတွေမှာ အဆင်အခြင်မဲ့လုပ်ခဲ့မှုတွေကြောင့် တရိပ်ရိပ်ပုံဆောင်လာခြင်းပဲ။ အာဆင်းနစ်ဓာတ်ဟာ ရာသီဥတုဒဏ်ကြောင့် သဘာဝဒဏ်ထဲကနေ ဖြစ်ပေါ်လာတယ်လို့ဆိုနိုင်ပေမယ့် သဘာဝဘေးဒဏ်တွေကိုပြန်ကြည့်ရက်လည်း အပေါ်ကအပြုအမူတွေနဲ့လည်း မကင်းနေဘူး။ အခုမှနောင်တရလည်း အပိုပဲမို့ ဒေသတဝန်းလုံးကလူထုက ပြန်လည်ပြုပြင်ပြောင်းလဲမှသာ သက်သာလာလိမ့်မယ်။ တဘို့တည်းသမားတွေ၊ စီးပွားရေးသမားတွေဖောက်သမျှ လမ်းနောက်ကိုလိုက်နေရင်တော့ ခံလာရမှာက ကိုယ့်ရဲ့နောက်မျိုးဆက်ပါပဲ။ ဒီဒေသဟာ မြန်မာရဲ့လူဦးရေငါးပုံတစ်ပုံ နေထိုင်နေတဲ့ဒေသဖြစ်လို့ ပေါ့သေးသေးဖြစ်မနေဘူး။ ဒါကြောင့်အစစအရာရာဆင်ခြင်ကြဖို့လိုတယ်။ သောက်သုံးရေကို ရေတိမ်တွင်းတွေ၊ စက်တွင်းတွေပဲအားကိုးနေရရင်တောင်ကြိုချက်သောက်တာမျိုး၊ အစားအစာကို ဂရုစိုက်တာမျိုးလောက်ပဲ လုပ်လို့ရမယ်။ သတ္ခုတူးဖော်ရေး၊ စက်မှုလုပ်ငန်းအရေး၊ ပတ်ဝန်းပျင်ကို မထိခိုက်စေမှုအရေးနဲ့ စိုက်ပျိုးရေးစနစ်ကိုပြုပြင်ပြောင်းလဲပါပြောရင်လည်း ရမှာမဟုတ်လို့ ဒေသလူထုတွေက အချင်းချင်းပြုပြင်မှသာ ကိုယ့်ရဲ့မျိုးဆက်အပေါ်သက်ရောက်မှုက ပြေပျောက်နိုင်မှာပါ။ နောက်ပြီးဒါဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မြို့တွေလောက်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့အရေးပါ။ အကြောင်းက ဒီဒေသဟာ မြန်မာရဲ့ဘယ်နေရာနဲ့မှမကင်းတဲ့ အဓိကဒေသကြီးပါ။ ဒါက သတင်းတွေ့မိတာနဲ့ အရင်အခေါက်ကလည်းသံလွင်မြစ် Arsenicosis Effectအကြောင်းရေးဖူးလို့ ဧရာဝတီအတွက် အတိုချုံးရေးရခြင်းပါ။

✍️ ထက်ဝဏ္ဏ

မူရင်းပို့စ် - ဆရာဝင်းမျိုးသူ
https://www.facebook.com/share/1FdRUNQsnF/

ဆက်စပ်ပို့စ်

သံလွင်မြစ်ထဲမှာလည်း အာဆင်းနစ်ဓာတ်တွေ အလွန်အကျွံများပြားနေတာတွေ့ရပါတယ်။

https://www.facebook.com/share/p/1D6JkwDJN4/

အဖိုးမဖြတ်နိုင်သောဂေဟစနစ် သို့မဟုတ် ဒီရေတောကမ္ဘာပေါ်ရှိ တန်ဖိုးမဖြတ်နိုင်သော ဂေဟစနစ်များထဲတွင် ဒီရေတောများသည်လည်းတစ်ခုအပ...
18/11/2025

အဖိုးမဖြတ်နိုင်သောဂေဟစနစ် သို့မဟုတ် ဒီရေတော

ကမ္ဘာပေါ်ရှိ တန်ဖိုးမဖြတ်နိုင်သော ဂေဟစနစ်များထဲတွင် ဒီရေတောများသည်လည်းတစ်ခုအပါအဝင်ဖြစ် သည်။ ဒီရေတောများသည် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းပေးခြင်း၊ ကမ်းရိုးတန်းဒေသအားကာကွယ်ခြင်း နှင့် ကာဗွန်စုဆောင်းခြင်းအစရှိသည့် တာဝန်များကို ထမ်းဆောင်ပေးနေလေသည်။

ဒီရေတောအပင်များသည် ကာဗွန်ပမာဏအမြောက်အမြားကို သိုလှောင်ပေးနိုင်ခြင်းမှတစ်ဆင့် ရာသီဉတု ပြောင်းလဲ လာခြင်းကိုကာကွယ်တိုက်ဖျက်ရာတွင် အရေးပါသောနေရာမှ ပါဝင်နေလေသည်။ ထိုအပြင် ဒီရေတောများသည် ကမ္ဘာကြီးအတွက်ရေရှည်တည်တံ့သောဖွံဖြိုးတိုးတက်မှုကိုဆောင်ကြဉ်းပေးနေပြီး အစားအသောက်၊ သစ်နှင့် ဆေးဖက်ဝင်အပင်များ၊ ကမ်းရိုးတန်းဒေသအတွက် အရေးကြီးသောအရင်းအ မြစ်များကို ပံ့ပိုးလျက်ရှိပါသည်။

ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များသည် ကုန်းနေဂေဟစနစ်များထက် ကာဗွန်ကို ပိုမိုသိုလှောင်နိုင် စွမ်းရှိကြသည်။ အထူးသဖြင့် ဒီရေတောများ နှင့် ပင်လယ်မြက်များပင်ဖြစ်လေသည်။ အဆိုပါ ဂေဟ စနစ်များသည် လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက်အများအပြားကိုစုပ်ယူသိုလှောင်နိုင် သည့် အခြေခံ ကုန်ထုတ်စွမ်းအားမြင့်မားသည့် သဘာဝရှိသည်။ စုပ်ယူထားသောကာဗွန်များကို အပင်၏ ဇီဝဒြပ်ထုနှင့် ၎င်းတို့အောက်ရှိ အနည်များတွင် သိမ်းဆည်းသည်။

သစ်ပင်များသည် ကမ္ဘာကြီးစိမ်းလန်းခြင်း၊ ကမ္ဘာကြီးပူနွေးမှုကိုအကာအကွယ်ပေးခြင်းအစရှိသည့် အကျိုုး ကျေးဇူးများကိုပေးနေရာ ဒီရေတောများအနေဖြင့် ကုန်းပေါ်တွင်ပေါက်ရောက်သောသစ်ပင်များထက် ကာဗွန်ပမာဏ ငါးဆအထိစုဆောင်းနိုင်စွမ်းရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီရေတောများသည် ၎င်းတို့၏ အမြစ်များနှင့် မြေဆီလွှာများတွင် ကာဗွန်စုဆောင်းမှုနှုန်း အလွန်မြင့်မားသောကြောင့်ဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာကြာအောင် ကာဗွန်ကို သိုလှောင်ထားနိုင်သောကြောင့် ဖြစ်သည်။ ပင်လယ်မြက် များသည်လည်း ထိုနည်းလည်းကောင်းပင် ၎င်းတို့၏မြေဆီလွှာတွင် ကာဗွန်ကို နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်ပေါင်းများစွာကြာအောင် သိုလှောင်ထားနိုင်သည့် အရေးကြီးသော ကာဗွန်စုပ်ခွက်များ ဖြစ်သည်။

ထိုကဲ့သို့အရေးပါသောအခန်းကဏ္ဌမှပါဝင်နေသော်လည်း ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များသည် ကမ္ဘာပေါ်တွင် ခြိမ်းခြောက်မှုအရှိဆုံးဂေဟစနစ်များထဲမှတစ်ခုဖြစ်ပါသည်။ ပညာရှင်များ၏ ခန့်မှန်းချက် အရ တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းခန့်တိုက်စားခံရနေပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) တန်ချိန် (၁၀၂) ဘီလီယံ ထုတ်လွှတ်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းကြသည်။
ဒီရေတောသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးကြီးသော မဟာဗျူဟာများ ဖြစ်သည်။

အဆိုပါဆောင်ရွက်ချက်များဖြင့် လိုအပ်နေသောဂေဟစနစ်ကိုပြုပြင်ထိန်းကျောင်းနိုင်မည်ဖြစ်သည်။ ဒီရေတောသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဟုဆိုရာတွင် ပျက်စီးယိုယွင်းသွား သော၊ ပျက်စီးနေသော ဒီရေတောများ၌ ဒီရေတောပျိုးပင်ငယ်များကို ပြန်လည်စိုက်ပျိုးခြင်းလည်းပါဝင်ပါသည်။

ဒီရေတောများပြန်လည်စိမ်းလန်းလာခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဒေသတွင်းစီးပွားရေး လုပ်ငန်းများ၊ လူမှုဖွံ့ဖြိုးတိုးတက်မှုများအစရှိသော စီးပွားရေးဆိုင်ရာအကျိုးရလာဒ်များကိုလည်း ကောင်း စွာထောက်ပံ့ပေးနိုင်ပါသည်။ ထိုမျှပင်မကသေးပါ။ သဘာဝခရီးသွားလုပ်ငန်းကဏ္ဌကိုလည်းထောက်ပံ့ ပေးပြီး ဒေသခံများအတွက် စီးပွားရေးအသစ်များ၊ ဝင်ငွေအသစ်များကို ပိုမိုတိုးတက်လာစေမည်ဖြစ်ပါသည်။

ထို့ကြောင့် ဒီရေတောများပြန်လည်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းတို့သည် ဂေဟစနစ်နှင့် လူသားအသိုင်း အဝိုင်းနှစ်ခုစလုံး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများအကျိုးကျေးဇူးများကိုပေးစွမ်းနေပါ တော့သည်။ (ဓါတ်ပုံ - စိုးထက်ကို)

November 11 Popa Langur Dayနိုဝင်ဘာလ ၁၁ ရက်နေ့ပုပ္ပားမျောက်မြီးရှည်နေ့
13/11/2025

November 11
Popa Langur Day

နိုဝင်ဘာလ ၁၁ ရက်နေ့
ပုပ္ပားမျောက်မြီးရှည်နေ့

November 11
Popa Langur Day

နိုဝင်ဘာလ ၁၁ ရက်နေ့
ပုပ္ပားမျောက်မြီးရှည်နေ့

ယနေ့ကျရောက်တဲ့ ပုပ္ပားမျောက်မြီးရှည်နေ့မှာ မိမိတို့ဆီမှာရှိတဲ့ ပုပ္ပားမျောက်မြီးရှည်လေးနဲ့ပတ်သက်သော ပစ္စည်းလေးများရှိမယ်ဆိုရင် ပုံရိုက်ဖုန်ထခြင်းအားဖြင့် မျိုးသုဉ်းလုနီးပါအန္တရယ်ကျရောက်နေတဲ့ ပုပ္ပားမျောက်မြီးရှည်လေးတွေအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ ကူညီဖုန်ထပေးနိုင်ပါတယ်

မဟာဂီရိ ဆိုတဲ့နာမည်ကို ထည့်သွင်းဖော်ပြစရာမလိုပါ

ကျွန်တော်နဲ့ဆုံပြီး အာချောင်ချင်တယ်ဆိုရင် မြို့ထဲမှာ ရှိနေပါမယ်

မဟာဂီရိ
The ResponsibleTraveller
Ancient Volcano.
09-989 823 435

Address

No. 13/14, Hotel Zone, Dekhina Thiri Township
Naypyidaw
15011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

09263637776

Website

Alerts

Be the first to know and let us send you an email when MEPS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MEPS:

Share