05/07/2026
ယနေ့ (၅၊၇၊၂၀၂၆) ရက်နေ့တွင်
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း(နေပြည်တော်ရုံးခွဲ)
တိုင်းအလုပ်အမှုဆောင်များနှင့်မြို့နယ်အလုပ်အမှုဆောင်များ တက်ရောက်၍
နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်ပွဲ အခမ်းအနား ဖြစ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၆)အား
အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
အစည်းအဝေးတွင် အသင်းသားစုံညီ အစည်းအဝေး နှင့် အလုပ်အမှုဆောင် ရွေးချယ်ပွဲ လုပ်ငန်းစဥ်များ၊တက္ကသိုလ်ဝင်တန်းအောင်မြင်သော အသင်းဝင်များ၏ သားသမီးများ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးနှင့် အသင်းဖွံ့ဖြိုးတိုးတက်ရေးများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
MRPDA-Naypyitaw