Myanmar AGTI Society - Naypyidaw Branch

Myanmar AGTI Society - Naypyidaw Branch 1. To pay homage the teachers over the age of 60 from various GTI every year.

2. Meet with MEngC to ensure that GTI alumni do not lose their engineering rights.

Donate for health care once every 3 months to teachers who are 70 years old and above.

3.

စုံ၊ မတွေကြား အခက်အခဲရှိနေကြမှာပါ၊ အဆင်ပြေတဲ့သူများလာ‌ရောက်နားထောင်ဆွေးနွေးနိုင်ပါသည်။
13/03/2026

စုံ၊ မတွေကြား အခက်အခဲရှိနေကြမှာပါ၊ အဆင်ပြေတဲ့သူများလာ‌ရောက်နားထောင်ဆွေးနွေးနိုင်ပါသည်။

၁။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဆောက်အအုံများတွင် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုများအား ကနဦးစစ်ဆေးရန် "အဆောက်အအုံပျက်စီ...
04/04/2025

၁။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဆောက်အအုံများတွင် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုများအား ကနဦးစစ်ဆေးရန် "အဆောက်အအုံပျက်စီးမှု အမြန်အကဲဖြတ်ခြင်း မြေပြင်လက်စွဲစာအုပ်-၂၀၁၉" (FIELD GUIDE: POST DISASTER RAPID BUILDING DAMAGE ASSESSMENT-2019) အား မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ UN HABITAT, နှင့် မြန်မာနိုင်ငံငလျင်ကော်မတီတို့ (အင်္ဂလိပ်+မြန်မာဘာသာဖြင့်) ပူ့းတွဲထုတ်ဝေခဲ့ပါသည်။
၂။ ထို့အပြင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ UN HABITAT, မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံငလျင်ကော်မတီတို့ပူ့းတွဲထုတ်ဝေသည့် "Guideline for Rapid Visual Screening of Buildings for Potential Seismic Hazards" စာအုပ်ကိုပူးတွဲထုတ်ဝေထားပါသည်။
၃။ ၂၈ မတ် ၂၀၂၅ တွင်စစ်ကိုင်းပြတ်ရွေ့ပေါ်၌ ပြင်းအား ၇.၇ ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဆောက်အအုံများတွင် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုများအတွက် အင်ဂျင်နီယာများအားလုံးလေ့လာလိုက်နာဆောင်ရွက်သင့်သည့်လက်စွဲစာအုပ်များဖြစ်ပါသည်။
၄။ အထူးသဖြင့် မြို့ပြအင်ဂျင်နီယာများလေ့လာဖတ်ရှုကြပါရန်တိုက်တွန်းအပ်ပါသည်။
၅။ .PDF File များအား Google Drive ဖြင့်ဖော်ပြထားပါသည်။
https://drive.google.com/file/d/1oyqQXol1IYkESd3kpCsfrWueZ9VfogYE/view?usp=sharing

https://drive.google.com/file/d/1uBctb8yb-vGz5BwmZDi2GLZ5CcZowEEf/view?usp=sharing

၂၀၂၄ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ (၂၇) ကြိမ်မြောက်ဂျီတီအိုင်ကျောင်းပေါင်းစုံမြတ်ဆရာပူဇော်ကန်တော့ပွဲ အလှူငွေစာရင်းရှင်းတမ...
15/11/2024

၂၀၂၄ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ (၂၇) ကြိမ်မြောက်ဂျီတီအိုင်ကျောင်းပေါင်းစုံမြတ်ဆရာပူဇော်ကန်တော့ပွဲ အလှူငွေစာရင်းရှင်းတမ်းကိုအောက်ပါ Link တွင်တင်ပြထားပါသည်။
အလှူရှင်ပေါင်း ၁၁၈၀ ဦး၏အမည်စာရင်းများအားလုံးကိုဖော်ပြထားပါသည်။
https://drive.google.com/file/d/1s6CemYlC7OGSlJyPeYcFbYa_f9ar5y-S/view?usp=sharing

ဂျီတီအိုင်ကျောင်းတော်သူ/သားဟောင်းအပေါင်းနှင့် ဂျီတီအိုင်ပညာရေးကိုသင်ကြားခဲ့ရတဲ့ကျောင်းဆွေတို့ခင်ဗျား(၂၈) ကြိမ်မြောက်ဂျီတ...
15/11/2024

ဂျီတီအိုင်ကျောင်းတော်သူ/သားဟောင်းအပေါင်းနှင့် ဂျီတီအိုင်ပညာရေးကိုသင်ကြားခဲ့ရတဲ့ကျောင်းဆွေတို့ခင်ဗျား
(၂၈) ကြိမ်မြောက်ဂျီတီအိုင်ကျောင်းပေါင်းစုံမြတ်ဆရာပူဇော်ကန်တော့ပွဲကို ၂၅-၀၁-၂၀၂၅ တွင်ကျင်းပပြုလုပ်ရန်စီစဉ်ထားပါကြောင်းနှင့် အလှူငွေများစတင်လှူဒါန်းနိုင်ကြပြီဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်ခင်ဗျား။
အဆင်ပြေသလိုလှူဒါန်းနိုင်ရန်အသုံးများသည့်ဘဏ်များမှအကောင့်များကိုဖော်ပြပေးထားပါသည်ခင်ဗျာ။

ဂျီတီအိုင်ကျောင်းသား‌ဟောင်းအပေါင်းတို့ခင်ဗျား********************************************🙏🙏🙏 ၂၆ ကြိမ်မြောက် ဂျီတီအိုင်ကျ...
16/01/2024

ဂျီတီအိုင်ကျောင်းသား‌ဟောင်းအပေါင်းတို့ခင်ဗျား
********************************************
🙏🙏🙏 ၂၆ ကြိမ်မြောက် ဂျီတီအိုင်ကျောင်းပေါင်းစုံမြတ်ဆရာပူ‌ဇော်ပွဲကို မြန်မာနိုင်ငံဂျီတီအိုင်ကျောင်းသားဟောင်းများအသင်းက ကမကထပြုလုပ်၍ ၂-၄-၂၀၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
🙏🙏🙏 ဂျီတီအိုင်ကျောင်းများမှ အသက် ၆၀ နှစ်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီး ၄၁၁ ဦးအား ကန်တော့ငွေစုစုပေါင်းကျပ်၉၀,၄၂၀,၀၀၀ိ/-(ကျပ်ကိုးရာ့လေးသိန်းနှစ်သောင်းတိတိ)ကိုလှူဒါန်းပူဇော်နိုင်ခဲ့ပါသည်။
💰💰💰 မြန်မာနိုင်ငံဂျီတီအိုင်ကျောင်းသားဟောင်းများ၏လှူဒါန်းငွေများဖြင့်ပူဇော်ကန်တော့နိုင်ခဲ့ခြင်းဖြစ်ပါသည်။
🔰🔰🔰 ၂၆ ကြိမ်မြောက် ဂျီတီအိုင်ကျောင်းပေါင်းစုံမြတ်ဆရာပူဇော်ပူ‌ဇော်ပွဲတွင်ကျောင်းသားဟောင်းများထံမှလှူဒါန်းရရှိငွေစာရင်း၊ မြတ်ဆရာပူဇော်ကန်တော့ငွေစာရင်းရှင်းတမ်းကို အောက်ပါ LINK တွင်ဖော်ပြထားပါသည်။
🔎❎✅ စစ်ဆေးဖတ်ရှုပြီးကွဲလွဲမှုများရှိပါကထောက်ပြဆွေးနွေးမေးမြန်းနိုင်ပါသည်ခင်ဗျား။
🙏🙏🙏 ၂၇ ကြိမ်မြောက် ဂျီတီအိုင်ကျောင်းပေါင်းစုံမြတ်ဆရာပူဇော်ပူ‌ဇော်ပွဲကို ၂၃-၃-၂၀၂၄ ရက်နေ့တွင်ကျင်းပပြုလုပ်ရန်စီစဉ်ထားရာ ကျောင်းတော်သူကျောင်းတော်သားအပေါင်းတို့ ကျေးဇူးရှင်မြတ်ဆရာများကိုရည်စူး၍ အလှူငွေများစတင်ထည့်ဝင်နိုင်ပြီဖြစ်ကြောင်း သတင်းစကားပါးအပ်ပါသည်။
📒📕📗 မြတ်ဆရာကန်တော့ပွဲအလှူငွေထည့်ဝင်နိုင်သည့် Account များကို ဤ Group ၏အပေါ်ဆုံး Featured Pin Post တွင်လည်းကောင်း၊ ဤ Post အောက်တွင်လည်းကောင်းဖော်ပြထားပါသည်။
🎉🎉🎉 တတ်အားသ၍ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်ခင်ဗျား။
https://drive.google.com/file/d/1bRnyWPrZzHh2G6rkNt-mHJ5x1xAkqT5r/view?usp=sharing

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲစာအုပ်ကိုမလေ့လာမီ Hydraulics နှင့် Hydrology အင်ဂျင်နီယာဘာသာရပ်ကို ကြိုတင်လေ့လာနားလည်ထာ...
05/12/2023

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲစာအုပ်ကိုမလေ့လာမီ Hydraulics နှင့် Hydrology အင်ဂျင်နီယာဘာသာရပ်ကို ကြိုတင်လေ့လာနားလည်ထားရန်လိုအပ်ပါသည်။
၁၉၆၇ ခုနှစ်တွင် ဦးဘလှီ (ရန်ကုန်တက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာပါမောက္ခနှင့် အင်ဂျင်နီယာ မဟာဌာနမှူး) ရေးသားပြုစု၍ တက္ကသိုလ်များစာအုပ်ပြုစုထုတ်ဝေရေးကော်မတီကထုတ်ဝေခဲ့သည့် ဟိုက်ဒြောလစ်စာအုပ်ကို Google Drive Link ဖြင့်ထပ်မံတင်ပြပါသည်။

https://drive.google.com/file/d/1iesyj1BID_yKIRzm3JoVjF1qZB05t9zx/view?usp=sharing

မြန်မာဘာသာဖြင့်ရေးသားထားသည့် Hydrology အင်ဂျင်နီယာဘာသာရပ်စာအုပ်ရရှိလျှင်ထပ်မံတင်ပြပေးပါမည်။

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲ၊ အပိုင်း(၃)===========================၁၉၇၅ ခုနှစ်တွင် ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့...
05/12/2023

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲ၊ အပိုင်း(၃)
===========================
၁၉၇၅ ခုနှစ်တွင် ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့်ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာအတတ်ပညာမြှင့်တင်ရေးအဖွဲ့ (Association of International Technical Promotion) ၏အကူအညီဖြင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲစာအုပ်ကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနက တာဝန်ပေး၍ ဦးစိန်ဝင်း (ကထိက၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ ရန်ကုန်စက်မှုတက္ကသိုလ်) မြန်မာဘာသာဖြင့်ပြုစုရေးသားထားသောစာအုပ်ဖြစ်ပါသည်။
ကနဦးစာမူကို ကြီးကြပ်ရေးသားသူမှာ Dr. Susumu Kuwahara ဖြစ်ပါသည်။
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲကို သုံးပိုင်းခွဲခြားဖော််ပြထားသည်။
ပထမပိုင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကိုအသားပေးဖော်ပြကာ ရေနွေးငွေ့နှင့် နျူကလီယားစွမ်းအားတို့မှ လျှပ်စစ်ထုတ်လုပ်ခြင်းမပါဝင်ပါ။
ဒုတိယပိုင်းတွင် ပို့လွှတ်လိုင်းများဖော်ပြထားပြီး ဖြန့်ဖြူးလိုင်းများမပါဝင်ပါ။
တတိယပိုင်းတွင် လျှပ်ရုံခွဲများဖော်ပြထားပါသည်။
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲဟု အမည်တပ်ထားသော်လည်း လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်နှင့် ပြီးပြည့်စုံအောင် ဖော်ပြထားခြင်းမရှိဘဲ ရေအားလျှပ်စစ်စွမ်းအားအဖွဲ့အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် လျှပ်ရုံခွဲများအဆင့်အထိသာပါရှိသည်။
ဤစာအုပ် အပိုင်းသုံးပိုင်းကို ယခင်က Dropbox Link ဖြင့်တင်ပြခဲ့ပြီးဖြစ်ပါသည်။ Dropbox Link ဖြင့် Download မရရှိသူများ၏တောင်းဆိုချက်အရ ယခုအကြိမ်တွင် Google Drive Link ဖြင့်ထပ်မံတင်ပြထားပါသည်။
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲ၊ အပိုင်း(၃)ကို အောက်ပါ Link မှရယူနိုင်ပါသည်။

https://drive.google.com/file/d/1TPHtdJ_wRLZTDL95q_qbcc4PX9bHNvw6/view?usp=sharing

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲ၊ အပိုင်း(၂)===========================၁၉၇၅ ခုနှစ်တွင် ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့...
05/12/2023

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲ၊ အပိုင်း(၂)
===========================
၁၉၇၅ ခုနှစ်တွင် ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့်ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာအတတ်ပညာမြှင့်တင်ရေးအဖွဲ့ (Association of International Technical Promotion) ၏အကူအညီဖြင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲစာအုပ်ကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနက တာဝန်ပေး၍ ဦးစိန်ဝင်း (ကထိက၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ ရန်ကုန်စက်မှုတက္ကသိုလ်) မြန်မာဘာသာဖြင့်ပြုစုရေးသားထားသောစာအုပ်ဖြစ်ပါသည်။
ကနဦးစာမူကို ကြီးကြပ်ရေးသားသူမှာ Dr. Susumu Kuwahara ဖြစ်ပါသည်။
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲကို သုံးပိုင်းခွဲခြားဖော််ပြထားသည်။
ပထမပိုင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကိုအသားပေးဖော်ပြကာ ရေနွေးငွေ့နှင့် နျူကလီယားစွမ်းအားတို့မှ လျှပ်စစ်ထုတ်လုပ်ခြင်းမပါဝင်ပါ။
ဒုတိယပိုင်းတွင် ပို့လွှတ်လိုင်းများဖော်ပြထားပြီး ဖြန့်ဖြူးလိုင်းများမပါဝင်ပါ။
တတိယပိုင်းတွင် လျှပ်ရုံခွဲများဖော်ပြထားပါသည်။
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲဟု အမည်တပ်ထားသော်လည်း လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်နှင့် ပြီးပြည့်စုံအောင် ဖော်ပြထားခြင်းမရှိဘဲ ရေအားလျှပ်စစ်စွမ်းအားအဖွဲ့အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် လျှပ်ရုံခွဲများအဆင့်အထိသာပါရှိသည်။
ဤစာအုပ် အပိုင်းသုံးပိုင်းကို ယခင်က Dropbox Link ဖြင့်တင်ပြခဲ့ပြီးဖြစ်ပါသည်။ Dropbox Link ဖြင့် Download မရရှိသူများ၏တောင်းဆိုချက်အရ ယခုအကြိမ်တွင် Google Drive Link ဖြင့်ထပ်မံတင်ပြထားပါသည်။
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲ၊ အပိုင်း(၂)ကို အောက်ပါ Link မှရယူနိုင်ပါသည်။

https://drive.google.com/file/d/1HdAEX-DylWsL28j6EMqZas22yD5ByBdS/view?usp=sharing

Address

ဥ-၆၇၊ မန္တလေးလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်၊ ၀၆၇-၃၄၁၇၇၂၁
Naypyidaw
15011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95673417721

Alerts

Be the first to know and let us send you an email when Myanmar AGTI Society - Naypyidaw Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share