20/02/2026
Hello Ayathakan is back with a new workshop for kids. Check info below
✨သားသားမီးမီးတို့ရဲ့ စိတ်ကူးအိပ်မက်ကမ္ဘာကို
ပန်းချီကားချပ်ပေါ်မှာ ဖန်တီးကြစို့✨
ပန်းချီဆရာ Zar Ni Tun(NUAC)နဲ့
Ayathakan - အရသာခံ Community တို့
ပူးပေါင်း ပြီးဖွင့်မဲ့ "ဟာမိုနီကာလာ"
နွေရာသီ(၃လ)အခြေခံ ပန်းချီသင်တန်းလေးက
🙏ကြိုဆိုပါတယ်ခင်ဗျ 🙏
🌻✨စာရေးတတ်တဲ့အရွယ် အသက်၅နှစ်မှ စ၍
တက်ရောက်နိုင်ပါတယ်✨
🌻✨အခြေခံအဆင့် သင်ချိန်ကာလအတွင်း
မည်သည့်ပစ္စည်းမှ ယူလာစရာမလိုပဲ
သင်တန်းမှပစ္စည်းများကိုသာ အသုံးပြုရမှာ
ဖြစ်ပါတယ်✨
🌻✨Painting - ဆေးရောင်စုံခြယ်ရန်အတွက်
ခရေရွန် (Crayons)၊ရောင်စုံခဲတံ(Coloured
Pencil)၊ ရေဆေး(Water Color)စတဲ့
ပစ္စည်းများကို အသုံးပြုပြီး အရောင်များရဲ့
သဘောသဘာဝ၊ ဆေးရောင်ရောစပ်ပုံ၊
ဆေးခြယ်နည်း တို့ကိုစနစ်တကျသင်ကြားပေးမှာ
ဖြစ်ပါတယ်✨
🌻✨ပန်းချီကို အခြေခံမှစ၍
🎨Drawing - အခြေခံမျဉ်းများလေ့ကျင့်ခန်းများ၊
ထုထည်တည်ဆောက်ပုံ၊
ထုထည်သဘောတရားများ
🎨Drawing Perspective - အရာဝထ္တုများရဲ့
အနီးအဝေး သဘောတရားများ
🎨Color Theory - အရောင်များအကြောင်း
🎨Color Perspective - အရောင်များရဲ့
အနီးဝေး သဘောတရားများတို့ကို
ကလေးများရဲ့ အသက်အရွယ်နဲ့အလိုက်
သင့်လျော်စွာ စနစ်တကျ လက်တွေ့
သင်ကြားပေးမှာဖြစ်ပါတယ်
🎨ပန်းချီအပြင် လက်မှုအနုပညာ(Creative Art
and Craft)စိတ်ကူးဉာဏ် တီထွင်ဖန်တီးမှု
စွမ်းရည်တွေအားကောင်းလာစေပြီး
လက်ချောင်းလေးများကိုလည်း ပိုမို
ဟန်ချက်ညီစေပါတယ်✨
🌻၂၀၂၆ ဖေဖော်ဝါရီလ (စနေ)၂၈ရက်နေ့
သင်တန်းစပါမယ်
🗒️နေ့ရက် - စနေ၊တနင်္ဂနွေ(တစ်ပတ်ကို နှစ်ရက်)
⏱️အချိန် - နံနက် ၉:၀၀ မှ ၁၁:၀၀
🪙သင်တန်းကြေး - ၅နှစ်မှ ၁၂နှစ်
(၁လကို ၇သောင်းကျပ်ပါ)
- ၁၃နှစ် နှင့်အထက်
(၁လကို ၁သိန်းကျပ်ပါ)
🏠နေရာ - အမှတ်(၃)၊အောင်မင်္ဂလာအိမ်ရာ၊
ဒဂုံသိရီလမ်း၊ကျောက်မြောင်း၊တာမွေ။
📞ဆက်သွယ်ရန်📞
09421018617~ Ayathakan community
(Host - myat noe khin)
09421757430~Artist(zar ni tun)
✨09421018617,09421757430ရဲ့ viberမှလည်း သင်တန်းအပ်လို့ရပါတယ်ခင်ဗျ
🌻✨ကြိုတင်စာရင်းပေးသွင်းနိုင်ပါပီနော်✨🌻
✨အမြဲတမ်းပုံမှန်သင်ကြားလိုသူများလည်း
ဆက်သွယ်စုံစမ်းနိုင်ပါတယ် ခင်ဗျ ✨