30/09/2024
22.Sep.2024 ရက်နေ့
အောက်ဖော်ပြပါရွာသို့ သွားရောက်လှူဒါန်းလိုသော
အလှူရှင်၏ နှင့် ရေဘေးသင့် အခက်အခဲဖြစ်နေသော
အလှူခံရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းရန်၌
ကျွန်တော်တို့ အဖြူရောင်လူငယ်ပရဟိတအဖွဲ့ မှ
လုပ်အားဒါန နှင့် သွားလာရေးအတွက် မော်တော်စက်လှေများပါဝင်အားဖြည့် ကုသိုလ်ပါဝင်ခွင့် ရသည့်အတွက် အထူးပင်ကျေးဇူးတင်အပ်ပါသည်
အလှူရှင်စေတနာရှင်များ အားလုံး
ကျန်းမာကြပါစေ
ချမ်းသာကြပါစေ
ဘေးဘယာဝေးပါစေ
လိုရာဆန္ဒပြည့်ဝကြပါစေ လို့
ဆုတောင်းမေတ္တာပို့သအပ်ပါသည်
🙏🙏🙏
👇👇👇
အင်းလေးဒေသအတွင်းရှိ
- မင်းရွာ ရှိရေမြုပ်သွားသောမိသားစု - ၆၀ စု
- မြေပေါင်ရွာ ဘုန်းကြီးကျောင်းတွင်ခိုလှံူနေကြသောမိသားစု - ၁၂၇ စု
- ဘုရားဖြူရွာရှိ မိသားစု - ၂၇ စု တို့အား
WHAT WINN EATS Winn Thu Aung လှူဒါန်းပေးသော
- ဆန် (၂၃ အိတ်) ၊ ငါးသေတ္တာ ( ၅၀၀) ၊ ဂေါ်ရခါးသီး ( ၆၀၀ လုံး)၊ ကြာဆံ( ၃၀၀) ၊ ကုလားပဲ ( ၃၀၀)၊ အမျိုးသမီးလစဉ်သုံး ၊ ဖယောင်းတိုင် ၊ မီးခြစ်၊ မိုးကုတ်သူလက်ဖက် ၊ ရေသန့် (၂၀၀ ကဒ်)၊ ခြင်ဆေးခွေ ၊ Telenor sim ( 50 ) ၊ Sara ဆေး ၊ အိုးတိုက်ဖတ် (၁ အိတ်)
စသည်တို့နှင့်အတူ
ကျွန်တော်နှင့်မိတ်ဆွေများအလှူအဖြစ်
- ဆန် ၊ ကြက်သွန်နီ ( ၁၀ အိတ်)၊ စားအုံးဆီ (၁၈၀ ဗူး)၊ ဒီဇယ်(၁၀ ဂါလံ)၊ ပုန်းရည်ကြီး၊ ကြက်ဥ ( ၁၀၈၀လုံး)၊ မုန့်များ
အား သွားရောက်လှူဒါန်းခဲ့ပါသည်
ကုသိုလ်များအားလုံးအားမျှပေးဝေပါသည်
- ကူညီလှူဒါန်းပေးပါသော အလှူရှင်အပေါင်း ၊ ပစ္စည်းများစုစည်းပေးပါသော ဟွာလီမှအစ်မ 🙏
လိုက်ပါကူညီပေးပါသော အယ်ကွေးနှင့်သူငယ်ချင်းများ ၊
နန်းပန်( ပေါက်ပါး ) အဖြူရောင်ပရဟိတအသင်းမှ ညီလေးညီမလေးများ အားလုံးကိုကျေးဇူးအထူးတင်ပါသည်ခင်ဗျာ
🙏🙏🙏
PS - အဆိုပါရွာများသည်အလှူရှင်၂ဖွဲ့လောက်သာရောက်ရှိသေးပြီးအကူအညီလိုအပ်ချက်ကြီးမားလျက်ရှိပါသည်