06/10/2023
ပထမဆုံးလှူဒါန်းမှုအဖြစ် ဆန်တစ်ပြည် ကြက်ဥ(၅) လုံးစီ ၄၈ အိမ်ထောင်စာ ၄၈ အိတ်ကို မြစ်သားမြို့အုဋ်ကျောင်းအရှေ့ဖက်ရှိလူနေအိမ်များနှင့် ပိုတဲ့အထုပ်များကိုတော့ လမ်းမှာတွေ့တဲ့လိုအပ်နေသူတွေကို MTHA Fix Rider အဖွဲ့ကညီငယ်များ အကူအညီနှင့်ဝေမျှခဲ့ပါတယ်၊
အခုလိုအခက်အခဲများစွာနှင့်ကြုံတွေ့နေရသည့်ကာလတွင် ကျွန်ုပ်တို့၏ ကူညီမှုသည် အဆင်မပြေသူများအတွက် အနည်းငယ်မျှ အကူအညီ ဖြစ်ရသည်ကိုပင် ကျေနပ်ဝမ်းသာပါတယ်ခင်ဗျာ ၊
ဆက်လက်ပြီးတော့လည်း ယခုကဲ့သို့ကူညီမှုများကိုလုပ်ဆောင်နိုင်အောင် ကြိုးစားသွားပါမယ်လို့ ပြောကြားလိုပါတယ်၊
ယနေ့ ၆/၇/၂၀၂၃ တွင် ကူညီပေးခဲ့သည့်ပုံရိပ်အချို့ကို ကြည်နူးစေလိုခြင်းငှါ မျှဝေပေးလိုက်ရပါတယ်