Kachin Gender Star Group

Kachin Gender Star Group Campaign on "End Sexual Violence in Conflict" theme is "Time to end, System Impunity"

06/08/2026

🌻“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ VDC ဥက္ကဌ ဖြစ်လာသော ဆရာမ ဆိုင်းလု (အမည်လွှဲ)၏အကြောင်း”

#အမျိုးသမီးခေါင်းဆောင် #နမ်ကျင်ကျေးရွာ

06/08/2026
🌻Women Leadership TOT သင်တန်းပြီးနောက် ကျေးရွာဖွံ့ဖြိုးရေးအတွက် နှလုံးသားနဲ့ ဦးဆောင်နေသူ 🔸မြစ်ကြီးနားမြို့၊ နမ်ကျင် ကျေး...
03/08/2026

🌻Women Leadership TOT သင်တန်းပြီးနောက် ကျေးရွာဖွံ့ဖြိုးရေးအတွက် နှလုံးသားနဲ့ ဦးဆောင်နေသူ

🔸မြစ်ကြီးနားမြို့၊ နမ်ကျင် ကျေးရွာတွင် နေထိုင်လျက်ရှိသော ဆရာမ ဆိုင်းလု (အမည်လွှဲ) အသက် (၃၉)နှစ်၊ မိသားစုဝင် (၅)ဦးရှိသူသည် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လက်ရှိတွင် NGOs စေတနာ့ဝန်ထမ်းအပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ VDC (Village Development Committee) ဥက္ကဌအဖြစ် ကျေးရွာဖွံဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးများကို တက်ကြွစွာ ဦးဆောင်လှုပ်ရှားနေသူဖြစ်ပါသည်။ ဆရာမ ဆိုင်းလုသည် HTOI Gender မှ ၂၀၂၅ ခုနှစ်တွင်ပြုလုပ်သော အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း အစီအစဉ်၏ Women Leadership TOT အမျိုးသမီးခေါင်းဆောင်မှုနှင့် ဆရာဖြစ်သင်တန်း (၁၀) ရက်ကို တက်ရောက်သင်ယူခဲ့သူများမှ တစ်ဦးလည်းဖြစ်ပါသည်။

📚Women Leadership TOT

HTOI Gender ရဲ့ TOT သင်တန်းကို ရွေးချယ်တက်ဖြစ်ရခြင်းကို “အမျိုးသမီးစွမ်းဆောင်ရည်မြှင့်သင်တန်းပြုလုပ်ရန်ရှိနေကြောင်းနှင့် ကျွန်မတို့ နမ်ကျင်ကျေးရွာအုပ်စုမှ အမျိုးသမီးခေါင်းဆောင်တစ်ဦးပါဝင်ရန်လျှောက်ထားနိုင်ကြောင်း သိရတော့၊ စိတ်ဝင်စားပြီး သင်တန်းလျှောက်လွှာကိုလည်း ပြန်ကြည့်တော့ အမျိုးသမီးတိုင်း သိသင့်တဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာများ၊ လက်ရှိအဖြစ်များနေတဲ့ လူကုန်ကူးမှု၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့် ဥပ‌ဒေပိုင်းဆိုင်အကြောင်းအရာများ၊ ခေါင်းဆောင်မှုအသိပညာများကို သင်ကြားမည်ဆိုတော့ အမျိုးသမီးကော်မတီကို ကျွန်မသွားမယ်ဆိုပြီး တက်ရောက်နိုင်ခဲ့ကြောင်း”ဆရာမ ဆိုင်းလုမှပြောပါသည်။

🌱နောက်ပြီး “အဲအချိန်မှာ ကျွန်မက အဖွဲ့အစည်းတစ်ခုရဲ့ စေတနာ့ဝန်ထမ်းအဖြစ် လက်မှတ်ထိုးလုပ်ဆောင်ထားတာရှိသော်လည်း၊ ကျွန်မတကယ် စိတ်ဝင်စားပြီး၊ လက်တွေ့လိုအပ်‌နေသော ကျား၊မ အခြေပြုအကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေးနှင့် တားဆီးရေး၊ နှစ်နာသူအတွက် တရားမျှတမှုဖော်ဆောင်ရေး အသိပညာများ ရရှိမှာဖြစ်သောကြောင့် အဖွဲ့အစည်းနှင့်လည်း သေချာရှင်းပြ ညှိနှိုင်းပြီးမှ တက်ရောက်နိုင်ခဲ့တာဖြစ်ကြောင်း” သိရပါသည်။

🔄TOT သင်တန်းမတက်ခင် ဆရာမ ဆိုင်းလုမှာ ကျေးရွာဖွံဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးအခွင့်အရေးများလုပ်ဆောင်ရာတွင် မိမိရဲ့ အသံကို ထုတ်ဖော်ပြောဆိုဖို့ (သို့) ဆုံးဖြတ်ချက်ချဖို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရကြောင်းကို “ကျွန်မတို့ အမျိုးသမီးရေးရာ ကိစ္စရပ်များတွင် အမျိုးသမီးခေါင်ဆောင်နေရာယူထားသူများမှ မတူညီသောပြသာနာများစွာကို ဖြေရှင်းရခြင်း၊ လမ်းညွှန်ခြင်းများ လုပ်ဆောင်နိုင်ရန် လိုအပ်သော်လည်း မိမိကိုယ်တိုင် သက်ဆိုင်ရာအသိပညာနည်းပါးခြင်းကြောင့် ပံပိုးကူညီဖို့အခက်အခဲများရှိနေကြောင်းနှင့် မိမိလူမှု့အသိုင်းအဝန်းထဲမှလည်း ကျား၊မ အခြေပြုအကြမ်းဖက်မှုပြဿနာများဖြေရှင်းရာတွင် နှစ်နှာသူအမျိုးသမီးအား ပြစ်တင်ဝေဖန်ခြင်း အယူအဆများကြောင့် အမျိုးသမီးအခွင့်အရေးရရှိအောင်၊ တရားမျှတမှုရရှိအောင်လုပ်ဆောင်ဖို့ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါကြောင်း” ပြောပြပါသည်။

⭐သင်တန်းကပေးတဲ့ အသိပညာတွေထဲမှ အမျိုးသမီးအခွင့်အရေးဖြစ်‌သော CEDAW (အမျိုးသမီးများအား နည်းမျိုးစုံ ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်) ပါ အကြောင်းအရာများကို ဒေသ၊ ကျေးရွာများရှိ အမျိုးသမီးကို လက်ဆင့်ကမ်းပြောပြနိုင်ခဲ့ခြင်း၊ ကျေးရွာကော်မတီနှင့် ရပ်မိရပ်ဖများကို TOT ပြီးစီးမှုလက်မှတ်ပြသ၍ ဂျဲန်လ်ဒါနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှု တားဆီး၊ကာကွယ်ရေး အသိပညာများကို အားလုံးသိရှိရန်လိုအပ်ကြောင်းနှင့် ဆရာမ ဆိုင်းလုမှ သင်တန်းသေချာပေးနိုင်ကြောင်းပြောပြကာ အိမ်ထောင်သည် ကျား၊မ (၄၀) ဦး၊ ဆယ်ကျော်သက်လူငယ်များ ကျား (၃၀)၊ မ (၃၀) ခွဲပြီး သင်တန်းပြန်လည်ပို့ချ နိုင်ခဲ့ကြောင်းတွေ့ရပါသည်။

✅နောက်ပြီး သင်တန်းပို့ချရာတွင်လည်း ကြိုတင်ပြင်ဆင်လေ့လာခြင်း၊ သင်တန်းသားများစိတ်ဝင်စားအောင် အမေး၊ အဖြေပြုလုပ်ခြင်း၊ အုပ်စုခွဲပြီး မိမိရပ်ရွာအခြေအနေဖြစ်စဉ်ကို ဥပမာများထား၍ ဆွေးနွေးခြင်းနည်းလမ်းများဖြင့် သင်ကြားနိုင်ခဲ့ကြောင်း သိရပါသည်။

✅သင်တန်းသားများမှာလည်း စိတ်ဝင်စားမှုရှိကြောင်းကို ဆရာမ ဆိုင်းလုမှ “ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့်ပက်သက်၍ ဥပဒေပိုင်းဆိုင်ရာများကို ပိုမိုလေ့လာသင်ယူခြင်ကြောင်း (ဥပမာ-ဆယ်ကျော်သက်များက မိန်းကလေးတစ်ဦးဦးကို စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာထိခိုက်အရှက်ရအောင် ပြောဆိုမိပါက ဥပ‌ဒေ ပုဒ်မ ဘယ်လောက်ဖြင့် အ‌ရေးယူနိုင်ခြင်း) များကို သိချင်လာကြောင်းပြောပြလာကာ၊ မိမိမှာ HTOI Gender မှရှေ့နေ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ထပ်ဆင့်သင်တန်းကိုပေးဖို့လိုကြောင်း စဥ်စားမိ၍ လူငယ်ရေးရာသင်တန်းများရှိပါက ၎င်းခေါင်းစဥ်ကို ထည့်သွင်းသင်ကြားပေးမယ့်အကြောင်း ပြောဆိုထားပါသည်။”

💪နောက်ပြီးအခုလို သင်တန်းပေးပြီးနောက်ပိုင်း မိမိရဲ့အားနည်းလိုအပ်ချက် တချို့လည်းမြင်လာကြောင်းကို “TOT သင်တန်းက (၁၀)ရက် အတွင်းမှာ ခေါင်းစဥ်များသွားတော့ ထပ်ဆင့်ပိုမိုသိရှိအောင် မွန်းမံသင်ကြားရန်လိုကြောင်း မြင်လာပါတယ်၊ နောက်ပြီး သင်တန်းကတစ်ရက်ထဲဆိုတော့ အချိန်တော့သိပ်မလောက်ဘူး ဖြစ်သွားသလို တနေကုန်ဆိုတော့ အစားအသောက် တစ်ခုခုတော့ပြင်ဆင်ပေးဖို့ ငွေကြေးတော့အခက်အခဲတော့ဖြစ်သွားပါတယ်။

✅နောက်တစ်ခုက လူငယ်များကို သင်ကြားရာမှာ Power Point, Short Video များအသုံးပြု၍ သင်ကြားပေးနိုင်ပါက သူတို့ပိုစိတ်ဝင်စားနိုင်ကြောင်း လေ့လာသင်ယူမိ၍ HTOI Gender အနေဖြင့် အမျိုးသမီးစွမ်းဆောင်ရည်မြင့်သင်တန်းများ ပြုလုပ်ပါက Power Point ပြင်ဆင်ခြင်းများကို ထည့်သွင်းသင်ကြားပေးစေလိုပါသည်၊ အခြားအမျိုးသမီးခေါင်းဆောင်များမှလည်း ကျွန်မလို လိုအပ်သင်ယူခြင်မယ်လို့ မြင်မိပါကြောင်း” ဆရာမ ဆိုင်းလုမှ ပြောပါသည်။

💪 ပြောင်းလဲလာတဲ့ ခေါင်းဆောင်မှုပုံစံ

🌱 ဆရာမ ဆိုင်းလုရဲ့ (Identity Shift) ကိုလေ့လာကြည့်ရာ သူမ၏အောင်မြင်မှုဟာ တစ်ဦးတည်းမဟုတ်ဘဲ အသိုင်းအဝိုင်းလုံးကို သက်ရောက်မှုရှိလာတယ်ဆိုတာကို ခေါင်းဆောင်မှုပုံစံ (Leadership Style) ပြောင်းလဲသွားပုံများ၊ သူမရဲ့နေ့စဉ်ဘဝ တွေးခေါ်စဉ်းစား ဦးဆောင်ပုံများမှာ တွေ့ရပါသည်။ ဘာကြောင့်လဲဆိုရင် အရင်က အမျိုးသမီးနှင့် ရပ်ရွာအရေးတွေမှာ ဦးဆောင်ရန်၊ လိုအပ်မှုတွေကို ဆွေးနွေးထောက်ပြရန် မရဲမဝံဖြစ်နေသောသူမှာ အခုချိန်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌအဖြစ် ဦးဆောင်လာနိုင်ပြီဖြစ်‌ကြောင်းတွေ့ရပါသည်။

🏆 သင်တန်းကနေ မိမိကျေးရွာပြန်ရောက်တော့ ကျေးရွာအ‌ရေးဆောင်ရွက်ဖို့ဖွင့်လစ်ထားတဲ့ ကော်မတီ (Village Development Committee) ကို EEI အဖွဲ့အစည်း၏ ပံပိုးကူညီမှုဖြင့် (၃) ရက်တာအကြိတ်အနယ် ဆွေးနွေးညှိနှိုင်မှုပြုလုပ်ကြရာ၊ တကယ်ဘဲကျေးရွာဖွံဖြိုးတိုးတက်ဖို့ မည်ကဲ့သို့သောသူတွေပါဝင်သင့်ကြောင်း၊ ပါဝင်ဦးဆောင်သူများဟာ မည်ကဲ့သို့စိတ်ထားရှိသင့်ကြောင်း၊ စံသတ်မှတ်၍ ကော်မတီသစ်ကိုပြုပြင်ပြောင်းလဲနိုင်ခဲ့ကြပါသည်။

✅ကော်မတီအသစ်တွင်ပါဝင်မည့်သူများကိုလည်း သေချာစိစစ်၍ အဆင်ဆင့်ရွေးချယ်ခန့်အပ်ရာ အတွင်းရေးမှုးအဆင့်ထိခန့်အပ်ပြီးနောက် ဥက္ကဌနေရာကိုခန့်အပ်ဖို့ရွေးချယ်ကြရာ၊ မိမိကိုယ်တိုင်မှာ ဒီကော်မတီကို ပြုပြင်ပြောင်းလဲရန် အဓိကထောက်ပြ ခဲ့သောကြောင့် ဥက္ကဌနေရာကိုမိမိကိုယ်တိုင်လုပ်မယ်ဆိုပြီး၊ ပြောဆိုရန်ခက်နေသော်လည်း ကော်မတီဝင်များမှ လက်တွေ့ ကျေးရွာဖွံဖြိုးတိုးတက်ရေး အစစအရာရာမှာ ဆရာမ ဆိုင်းလုမှ တက်ကြွစွာလုပ်ဆောင်နေသောကြောင့် ဥက္ကဌနေရာကိုဦးဆောင်ဖို့ပြောလာကြရာ တွေဝေမှုမရှိဘဲလက်ခံရယူနိုင်ခဲ့ကြောင်းတွေ့ရပါသည်။

🔥” အရင်ကဆိုရင် ကျေးရွာကကြီးတော့ ကော်မတီထဲမှာ စာရင်းကိုင်၊ ဘဏ္ဌာထိန်းလောက်သာတာဝန်ယူရဲ့တဲ့ အခြေအနေဖြစ်သော်လည်း အခုတော့ ကျေးရွာဖွံဖြိုးတိုးတက်ဖို့ ဥက္ကဌနေရာကို ကျွန်မကိုယ်တိုင် ယုံကြည်မှုအပြည့်ဖြင့် ဦးဆောင်ဖို့နေရာယူနိုင်ခဲ့ပါပြီ” ဆရာမ ဆိုင်းလုမှ ပြောပြပါသည်။

✅ယခုလက်ရှိမှာ VDC ကော်မတီအနေဖြင့် ကျောင်းတက်ဖို့အခက်အခဲဖြစ်နေသည့် ကလေးများကိုဆက်လက်ပညာသင်ကြားနိုင်ရန်ချိတ်ဆက်ပံပိုးကူညီခြင်း၊ ၁၂ နှစ်အထက် ကလေးငယ်များ အိမ်ထောင်စောမပြုဖို့ အသိပညာပေးခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာအတတ်ပညာသင်ကြားပေးခြင်း အစီအစဉ်များကို အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများရှိနေပြီး၊ လိုအပ်သည့် အစီရင်ခံစာများကိုတော့ ဆရာမ ဆိုင်းလု ကိုယ်တိုင်ဦးဆောင်ရေးသား လုပ်ဆောင်လျက် ရှိနေကြောင်းတွေ့ရပါသည်။

⭐ သင်တန်းက ရရှိလာတဲ့ အသိပညာကြောင့် မိမိရဲ့ အလုပ်အတွင်း ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာ (Decision-Making Power) အကျိုးသက်ရောက်မှုရှိလာပုံကိုလည်း VDC ဥက္ကဌ ဆရာမ ဆိုင်းလုမှ “TOT သင်တန်းတက်ပြီး ရရှိတဲ့အသိပညာတွေက ကျွန်မအတွက်ဆိုရင် ဦးဆောင်ဆုံးဖြတ်ချက်ချရတဲ့နေရာမှာ ဘက်လိုက်မှုမရှိဘဲ ကျေးရွာအတွက်တကယ်ဘဲအကျိုးရှိမှာလား၊ ခွဲခြားမှုဖြစ်ပြီး ကျေးရွာအတွင်း မညီညွှတ်မှုဖြစ်လာမှာလား၊ လုပ်ဆောင်မှုတွေက ထပ်နေလား၊ လူမျိုးစုံ၊ ဘာသာစုံနှင့် ထိခိုက်လွယ်သောအုပ်စုများကိုထိရောက်မှုပြုမှာလားကို သေချာလေ့လာဆန်းစစ်ဆုံးဖြတ်ချက်ချခြင်း၊ စီမံခန့်ခွဲခြင်းများအပေါ် ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့ လုပ်ဆောင်လာနိုင်သောကြောင့် များစွာအကျိုးသက်ရောက်မှုရှိကြောင်း” ပြောပြပါသည်။

🔥 အများအကျိုးအတွက် ရဲရင့်စွာ ရပ်တည်ခဲ့ပုံ

၂၀၂၅ ခုနှစ် ဆောင်းတွင်းတွင် (၃) လကြာ နမ်ကျင်အမှိုက်ပုံး မီးလောင်ကျွမ်းမှုမှာ ရက်ရှည်ဖြစ်ပွားနေမှုကြောင့် ကျေးရွာအတွင်း မီးခိုးများအူလိုက်ဝင်လာကာ ကလေးများ၊ နာတာရှည်ရောဂါရှိ သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် အထူးစိုးရမ်းစရာဖြစ်လာချိန်မှာလည်း ကျေးရွာအတွက် ရှေ့တန်းထွက် မားမားမတ်မတ်ရပ်တည်၍ သက်ဆိုင်ရာများကို ဆရာမ ဆိုင်းလုမှ တိုက်တွန်းလှုပ်ဆော်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အမှိုက်ပုံမီးငြိမ်းသတ်နိုင်ခဲ့ကြောင်းတွေ့ရပါသည်။

💪“ကျွန်မကကျေးရွာလူကြီးကိုသွားပြောမယ်လုပ်တော့ တစ်ယောက်ထဲ့မသွားနဲ့ အသိသက်သေတစ်ယောက်တော့ခေါ်သွားဖို့ အကြံပေးကြတာတွေရှိတော့ အမတစ်ဦးကိုခေါ်၍ ကျွန်မတို့ရဲ့နယ်မြေမူးနှင့် အုပ်ချုပ်ရေးမူးဆီအရင်သွားတွေ့ပါသည်။ တွေ့ဆုံရာမှာ ကျေးရွာလူကြီးများကို အမှိုက်ပုံမီးလောင်ကျွမ်းမှုမငြိမ်းရာကနေ နံနက်နှင့် ညပိုင်းဆိုရင် မြူဖိအားနှင့်အတူ မီးခိုးများမှာကျေးရွာအထဲ အချိန်ကြာမြင့်စွာရှိနေသောကြောင့် ကလေးများနှင့် နာတာရှည်ရောဂါရှိ သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် အထူးစိုးရမ်းစရာဖြစ်နေသောကြောင့် သက်ဆိုင်ရာကိုအမြန်တင်ပြပြီး ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားမှုရှိခဲ့ရာ အုပ်ချုပ်ရေးမှုများမှလည်း မြို့နယ်မှုးထံတင်ပြမှုရှိခဲ့သော်လည်း အချိန်ကြာဖြေရှင်းဆောင်ရွက်ပေးမှုမရှိခဲ့သေးပါ။ ဆက်လက်ပြီး စည်ပင်မှုးထံတင်ပြခြင်း၊ နောက်ဆုံး စည်ပင်ဝန်ကြီးထံ အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုကြောင့် မီးငြိမ်းသတ်ပေးခြင်း၊ မီးခိုးမထွက်သောဆေးဖြန်းပေးခြင်းတွေ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါသည်။”

💪စိုးရိမ်စရာများရှိသော်လည်း ကျေးရွာအကျိုးအတွက် ကြိုးစားလုပ်‌ဆောင်ခဲ့ပုံကို “နမ့်ကျင်အမှိုက်ပုံး မီးလောင်ကျွမ်းမှုငြိမ်းသတ်ရေးလုပ်‌ဆောင်မှုကြောင့် ကျေးရွာရှိ အချို့လူများက မင်းအခုလို အရမ်းရဲ့တင်းလုပ်ဆောင်တာက မိသားစုပါထိခိုက်လာနိုင်ကြောင်း၊ ဖမ်းဆီးခံရပြီး ကလေးများသာရပ်တည်ရန်ခက်ခဲ့နိုင်ကြောင်း သတိပေးပြောဆိုမှုများရှိနေသော်လည်း ကျေးရွာအကျိုး၊ အများအကျိုးအတွက် လုပ်ဆောင်တာဖြစ်တဲ့အတွက် ဘုရားထံဆုတောင်းခွန်အားယူ၍ စိတ်ပင်ပန်း၊ လူပင်ပန်းသော်လည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း” ဆရာမ ဆိုင်းလုမှ ပြောပြပါသည်။

🤝 အခြားသူတွေကိုလည်း လက်တွဲမြှင့်တင်ပေးနေသူ

အခုလို ဦးဆောင်ဆုံးဖြတ်ချက်ချနိုင်သူ အမျိုးသမီးခေါင်းဆောင်တစ်ဦးအနေဖြင့် အခြားအမျိုးသမီးများကိုလည်း စွမ်းဆောင်ရည်မြှင့်တက်လာရန် လက်တွဲလမ်းဖွင့်ပေးနေခြင်းကို “VDC ကော်မတီဝင်တွေမှာ အမျိုးသမီးများတယ်၊ သူတို့ရဲ့ စွမ်းဆောင်ရည်မြှင့်တက်လာဖို့အတွက် ကျွန်မသိထားတဲ့အတွေ့အကြုံအသိပညာတွေကို မျှဝေပြောပြသလို၊ အဖွဲ့အစည်းတွေခေါ်တဲ့သင်တန်းတွေကိုလည်း တွန်းပို့လျက် လုပ်ဆောင်နေပါတယ်” နောက်ပြီး “ကျွန်မရဲ့သားသမီးတွေကိုတော့ ကျား၊မ တန်းတူညီမျှမှု ကို သင်ကြားပေးပြီး အိမ်မှုကိစ္စတွေကို တာဝန်ခွဲဝေလုပ်ဆောင်စေခြင်းများအပြင်၊ အမျိုးသမီးတွေဟာလည်း ကျေးရွာ၊ မြို့နယ်၊ နိုင်ငံအထိရှိ ကဏ္ဌတိုင်းတွင် ဦးဆောင်နိုင်ကြောင်း သွန်သင်လမ်းပြနေပါသည်” နမ်ကျင် VDC ဥက္ကဌ၊ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာမ ဆိုင်းလု မှ ပြောပါသည်။

#အမျိုးသမီးခေါင်းဆောင် #နမ်ကျင်ကျေးရွာ

ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံကိန်းနှင့် ယုံကြည်မှု၏ စမ်းသပ်ချက်++++++++++++++++++++++++++++++++"ရက် (၁၀၀) ငြိမ်းချမ်းရေးစ...
10/07/2026

ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံကိန်းနှင့် ယုံကြည်မှု၏ စမ်းသပ်ချက်

++++++++++++++++++++++++++++++++

"ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံကိန်း" ဟု ကြေညာထားသော်လည်း မြေပြင်အခြေအနေတွင် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းက ထိုအစီအစဉ်၏ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်စေပါသည်။

ယခင် NCA အပစ်အခတ်ရပ်စဲရေးကာလအတွင်းလည်း မြန်မာစစ်အာဏာရှင်များဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ချိုးဖောက်ကြကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသများတွင် သဘာဝသယံဇာတများကို မတရား ထုတ်ယူအသုံးချမှု၊ ဒေသခံများ၏ မြေယာ များအတင်းအဓမ္မ သိမ်းယူမှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြည်သူများကို ဖမ်းစီးနှိပ်စက် သတ်ဖြတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ကြောင်း အမျိုးသမီး အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက နှစ်ပေါင်းများစွာ မှတ်တမ်းတင်ထားသည်။

ထို့အပြင် မြစ်ဆုံရေကာတာစီမံကိန်းနှင့်ပတ်သက်၍လည်း ပြည်သူများကို ခြိမ်းခြောက်ဖိအားပေးခြင်း၊ စည်းရုံးရေးအစည်းအဝေးများ တက်ရောက်စေခြင်းများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ ထိုသို့သော အခြေအနေအောက်တွင် ပြည်သူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပြောဆိုရန် မရဲဝံ့ဘဲ တိတ်ဆိတ်စွာ နေခဲ့ရသည်။ သို့သော် ထိုတိတ်ဆိတ်မှုကို "ပြည်သူများက သဘောတူသည်" ဟု အဓိပ္ပာယ်ကောက်ယူခြင်းမှာ မသင့်လျော်ပေ။ ကန့်ကွက်သံ မထွက်လာခြင်းသည် သဘောတူညီမှုရှိသည်ဟု အလိုအလျောက် ဆိုလိုခြင်း မဟုတ်ပါ။

ထို့ကြောင့် ယုံကြည်မှုမတည်ဆောက်နိုင်သေးသော အခြေအနေတွင် ပြည်သူများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ "အပစ်အခတ်ရပ်စဲပါ၊ ငြိမ်းချမ်းရေးယူပါ" ဟု တစ်ဖက်သတ် တောင်းဆိုရန်မှာ မလွယ်ကူကြောင်း မြင်ပါသည်။

စစ်မှန်သော ငြိမ်းချမ်းရေးသည် ကြေညာချက်များဖြင့် ဖြစ်ပေါ်လာမည် မဟုတ်ဘဲ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ အမှန်တကယ် ရပ်တန့်ခြင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ သဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းနှင့် ဥပဒေရှေ့မှောက် တာဝန်ခံမှုရှိခြင်းတို့ဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်သည်။

ကြောက်ရွံ့မှုကြောင့် ထွက်မလာသော တိတ်ဆိတ်မှုကို ပြည်သူ့ဆန္ဒအဖြစ် အဓိပ္ပာယ်ကောက်ယူ၍ မရသကဲ့သို့၊ ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ထားသည့် အစီအစဉ်တစ်ခုကိုလည်း မြေပြင်ရှိ လက်တွေ့အခြေအနေများဖြင့်သာ အကဲဖြတ်သင့်ပါသည်။

🤔"Story of Helping" ဆိုတာဘာလဲ?🌟[Story of Helping] ဆိုတာ ဓာတ်ပုံစာအုပ်ရောင်းရငွေများမှတဆင့် ဒေသတွင်း လူသားချင်း စာနာထောက်...
02/07/2026

🤔"Story of Helping" ဆိုတာဘာလဲ?

🌟[Story of Helping] ဆိုတာ ဓာတ်ပုံစာအုပ်ရောင်းရငွေများမှတဆင့် ဒေသတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို ရန်ပုံငွေ ပံ့ပိုးပေးနေတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။

🫶ဝယ်ယူအားပေးထောက်ပံ့သူများ/အလှူရှင်များအနေနဲ့ အကန့်အသတ်ဖြင့်သာ ထုတ်ဝေသော (limited-edition) ပရောဂျက်တစ်ခုရဲ့ စာအုပ်ကို ကြိုတင်မှာယူပြီး မိမိ စိတ်အားထက်သန်သည့် ပရောဂျက်ကို ကူညီပေးနိုင်ပါတယ်။

🎯ကြိုတင်မှာယူသူ အရေအတွက် ပြည့်မီပါက ပရောဂျက်အတွက် ရန်ပုံငွေ ရရှိမည်ဖြစ်ပြီး လုပ်ငန်းများကို အမှန်တကယ် စတင် အကောင်အထည်ဖော်မည် ဖြစ်ပါတယ်။

💁🏻‍♀️စာအုပ်ဝယ်ယူသူများ/အလှူရှင်များသည် မိမိတို့၏ စာအုပ်ဝယ်ယူလှူဒါန်းငွေဖြင့် မည်သည့်အရာများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဆိုသည့် အချက်အလက်များကို လှပစွာ ရိုက်ကူးထားသည့် မှတ်တမ်းစာအုပ် (Photobook) ကို လက်ခံရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

✅တဆင့်ကြားခံတွေ မရှိသလို၊ ပြုပြင်မွမ်းမံထားသည့် အစီရင်ခံစာများလည်း မရှိပါ၊ ဒေသတွင်း အဖွဲ့အစည်းများကသာ ပရောဂျက်လုပ်ငန်းများကို ဦးဆောင်ပြီး ၎င်းတို့၏ ဖြစ်စဉ်ကို ကိုယ်တိုင် စာအုပ်များကတဆင့် ပြောပြနေကြခြင်း ဖြစ်ပါတယ်။

💟ကျွန်မတို့ [HTOI Gender and Development Foundation] ရဲ့စီမံကိန်းဟာဆိုရင် စတင်အသက်ဝင်နေပြီးဖြစ်ပြီး၊ ဒီလင့်ခ် [https://www.storyofhelping.com/product-page/restoring-dignity] ကနေတဆင့် ဝင်ရောက်ကြည့်ရှု စာအုပ်မှာယူအားပေးနိုင်ပါပြီ။

✅ဤမော်ဒယ်သည် အဘယ်ကြောင့် အရေးကြီးကြောင်း နားလည်လိုပါသလား။ 👉Stanford Social Innovation Review:https://ssir.org/articles/entry/usaid-collapse-infrastructure-gap တွင် ပိုမိုဖတ်ရှုနိုင်ပါသည်။

https://www.storyofhelping.com/story-store?

Browse live humanitarian projects from vetted local organizations in Myanmar and Southeast Asia. Pre-order your photobook and fund verified field work.

🍀[Story of Helping] ပလက်ဖောင်းပေါ်မှာ HTOI Gender and Development Foundation အဖွဲ့ ရဲ့ နောက်ထပ်ပရောဂျက်စီမံကိန်းတစ်ခုကို...
24/06/2026

🍀[Story of Helping] ပလက်ဖောင်းပေါ်မှာ HTOI Gender and Development Foundation အဖွဲ့ ရဲ့ နောက်ထပ်ပရောဂျက်စီမံကိန်းတစ်ခုကို ထပ်မံလွှင့်တင်ထားပါပြီ။ စီမံကိန်းအောင်မြင်လာဖို့အတွက် မိတ်ဆွေတို့လည်း ကျွန်မတို့အဖွဲ့ နဲ့အတူ ပူးပေါင်းပါဝင်နိုင်ပါတယ်။

🌻ကျွန်မတို့အဖွဲ့ရဲ့ [From Crisis to Capacity] စီမံကိန်းဟာ “ကချင်ပြည်နယ်၊ ပဋိပက္ခဇုန်များရှိ အထိခိုက်လွယ်ဆုံးအမျိုးသမီးနှင့်မိန်းကလေးငယ်များအတွက် ရပ်ရွာအခြေပြုကာကွယ်မှုယန္တရားများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ” ကိုအကောင်အထည်ဖော် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရန်ပုံငွေ ရရှိဖို့အတွက် ကျွန်မတို့အဖွဲ့ကို ထောက်ခံအားပေးသူများ/ စိတ်ဝင်စားသူမိတ်ဆွေများအနေနဲ့ အကြိမ် ရေအကန့်အသတ် (limited-edition) ထုတ်ဝေမယ့် မှတ်တမ်းဓာတ်ပုံစာအုပ်ကို ကြိုတင်မှာယူပေးရမှာ ဖြစ်ပါတယ်။

💟မိတ်ဆွေတို့ရဲ့ ၁၈၀ ဒေါ်လာတန် ဓာတ်ပုံစာအုပ်များကြိုတင်မှာယူမှုဟာ ဒီစီမံကိန်းအတွက် ရန်ပုံငွေ ဖြစ်လာမှာပါ။ လုပ်ငန်းတွေ ပြီးစီးသွားတဲ့အခါမှာတော့ စီမံကိန်း ပြင်ဆင်မှု၊ လုပ်ဆောင်ချက်တွေနဲ့ အကျိုးသက်ရောက်မှု အားလုံးကို ကျနော်/ကျမတို့ရဲ့ ကိုယ်ပိုင်စကားလုံးများဖြင့် မှတ်တမ်းတင်ထားပြီး ကျွမ်းကျင်စွာ ထုတ်ဝေထားတဲ့ စာမျက်နှာ ၁၂၀ ပါ စက္ကူထူမျက်နှာဖုံး ဓာတ်ပုံစာအုပ်ကို မိတ်ဆွေတို့ လက်ခံရရှိမှာ ဖြစ်ပါတယ်။

💁🏻‍♀️ဒါဟာ သာမန်အလှူငွေ ထည့်ဝင်ခြင်းမျိုး မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို ရန်ပုံငွေ ပံ့ပိုးပေးပြီး အဲဒီအကြောင်းအရာတွေကို လှပစွာ မှတ်တမ်းတင်ထားတဲ့ စာအုပ်တစ်အုပ်ကို ဝယ်ယူအားပေးတာ ဖြစ်ပါတယ်။

🔸ကျနော်/ကျမတို့အနေနဲ့ စာအုပ်မှာယူအားပေးသူ [၅၀၀ (သို့) ၁၀၀၀] ဦး လိုအပ်ပါတယ်၊ ဒီပို့စ်ကို share ပေးခြင်းကလည်း များစွာအထောက်အကူဖြစ်စေမှာပါ။

🔗 ဒီ [ https://www.storyofhelping.com/product-page/from-crisis-to-capacity] ကနေ ကြိုတင်မှာယူအားပေးလို့ရပါပြီ။

Project title: From Crisis to Capacity

Project Page Link: https://www.storyofhelping.com/product-page/from-crisis-to-capacity

"When the aid workers left, the women stayed. Now they're becoming the protection their communities need."

☘️ကျွန်မတို့အဖွဲ့ [HTOI Gender and Development Foundation] ရဲ့ ပရောဂျက်တစ်ခုကို [Story of Helping] ပလက်ဖောင်းမှာ လွှင့်တ...
24/06/2026

☘️ကျွန်မတို့အဖွဲ့ [HTOI Gender and Development Foundation] ရဲ့ ပရောဂျက်တစ်ခုကို [Story of Helping] ပလက်ဖောင်းမှာ လွှင့်တင်ထားပြီး ဖြစ်ပါတယ်။ ဒီပရောဂျက်စီမံကိန်း အောင်မြင်လာဖို့အတွက် မိတ်ဆွေတို့လည်း ကျွန်မတို့အဖွဲ့ နဲ့အတူ ပူးပေါင်းပါဝင်နိုင်ပါတယ်။

🔆ကျွန်မတို့အဖွဲ့ရဲ့ [Restoring Dignity] စီမံကိန်းဟာ ကချင်ပြည်နယ်၊ တရုတ်နယ်စပ်ဝန်းကျင်ရှိ စစ်ဘေးရှောင်အမျိုးသမီးနှင့် ကလေးငယ်များအတွက် ကျန်းမာရေးစောက်ရှောက်မှုအကူအညီများပေးအပ်သွားခြင်းကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရန်ပုံငွေ ရရှိဖို့အတွက် ကျွန်မတို့အဖွဲ့ကို ထောက်ခံအားပေးသူများ/ စိတ်ဝင်စားသူမိတ်ဆွေများအနေနဲ့ အကြိမ် ရေအကန့်အသတ် (limited-edition) ထုတ်ဝေမယ့် မှတ်တမ်းဓာတ်ပုံစာအုပ်ကို ကြိုတင်မှာယူပေးရမှာ ဖြစ်ပါတယ်။

💟မိတ်ဆွေတို့ရဲ့ ၁၈၀ ဒေါ်လာတန် ဓာတ်ပုံစာအုပ်များကြိုတင်မှာယူမှုဟာ ဒီစီမံကိန်းအတွက် ရန်ပုံငွေ ဖြစ်လာမှာပါ။ လုပ်ငန်းတွေ ပြီးစီးသွားတဲ့အခါမှာတော့ စီမံကိန်း ပြင်ဆင်မှု၊ လုပ်ဆောင်ချက်တွေနဲ့ အကျိုးသက်ရောက်မှု အားလုံးကို ကျနော်/ကျမတို့ရဲ့ ကိုယ်ပိုင်စကားလုံးများဖြင့် မှတ်တမ်းတင်ထားပြီး ကျွမ်းကျင်စွာ ထုတ်ဝေထားတဲ့ စာမျက်နှာ ၁၂၀ ပါ စက္ကူထူမျက်နှာဖုံး ဓာတ်ပုံစာအုပ်ကို မိတ်ဆွေတို့ လက်ခံရရှိမှာ ဖြစ်ပါတယ်။

💁🏻‍♀️ဒါဟာ သာမန်အလှူငွေ ထည့်ဝင်ခြင်းမျိုး မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို ရန်ပုံငွေ ပံ့ပိုးပေးပြီး အဲဒီအကြောင်းအရာတွေကို လှပစွာ မှတ်တမ်းတင်ထားတဲ့ စာအုပ်တစ်အုပ်ကို ဝယ်ယူအားပေးတာ ဖြစ်ပါတယ်။

🔸ကျနော်/ကျမတို့အနေနဲ့ စာအုပ်မှာယူအားပေးသူ [၅၀၀ (သို့) ၁၀၀၀] ဦး လိုအပ်ပါတယ်၊ ဒီပို့စ်ကို share ပေးခြင်းကလည်း များစွာအထောက်အကူဖြစ်စေမှာပါ။

🔗 ဒီ [ https://www.storyofhelping.com/product-page/restoring-dignity] ကနေ ကြိုတင်မှာယူအားပေးလို့ရပါပြီ။

Project title: Restoring Dignity

Project Page Link: https://www.storyofhelping.com/product-page/restoring-dignity

"The camp is closing in March. They say we can go home. But home is where the bombs are still falling." Nearly 5,000 women face forced return to conflict zones. They need support to survive what comes next.

19/06/2026

19 JUNE—International Day for the Elimination of Sexual Violence in Conflict

The Guiding Principles of Conflict-Related Sexual Violence Work

🔸Do No Harm
🔸Confidentiality
🔸Informed Consent
🔸 Gender Sensitivity
🔸Survivor-Centered Approach
🔸Best Interest Of The Child

Source: The Handbook for UN Field Mission on Preventing and Responding to Conflict-Related Sexual Violence


"ဇွန်လ (၁၉) ရက် – ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့"ဇွန်လ (၁၉) ရက်နေ့သည် ပဋိပက္...
19/06/2026

"ဇွန်လ (၁၉) ရက် – ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့"

ဇွန်လ (၁၉) ရက်နေ့သည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ (International Day for the Elimination of Sexual Violence in Conflict) ဖြစ်သည်။ ဤနေ့သည် စစ်ပွဲများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် အာဏာရှင်စနစ်များအတွင်း ကျူးလွန်ခံရသည့် Conflict-Related Sexual Violence (CRSV) ကို အသိအမှတ်ပြုကာ၊ ရှင်သန်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှုရှိစေရေး တောင်းဆိုသည့် နေ့တစ်နေ့ဖြစ်သည်။

CRSV သည် အမျိုးသမီးများနှင့် မိန်းကလေးများသာမက အမျိုးသားများနှင့် ကလေးသူငယ်များအပေါ်ပါ ကျူးလွန်နိုင်သော ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ် ဖြစ်သည်။ သမိုင်းတစ်လျှောက် စစ်ပွဲများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ရေးနည်းဗျူဟာ၊ ကြောက်ရွံ့စေရန်နည်းလမ်း၊ လူထုကို ထိန်းချုပ်သည့် ကိရိယာနှင့် လူမျိုးစုအသိုက်အဝန်းများကို ဖျက်ဆီးရန် အသုံးပြုခဲ့ကြသည်။

၁၉၉၀ ပြည့်နှစ်များအတွင်း Bosnian War နှင့် Rwandan Genocide တို့တွင် ဖြစ်ပွားခဲ့သော ကျယ်ပြန့်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဤပြဿနာကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် ပိုမိုအာရုံစိုက်လာခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက Resolution 1820 ကို အတည်ပြုခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ပွဲ၏ နည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုခြင်းအား နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် အရေးကြီးသော ပြဿနာအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ (၁၉) ရက်နေ့ကို International Day for the Elimination of Sexual Violence in Conflict အဖြစ် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း CRSV သည် ရေရှည်လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်နွယ်နေသည့် အရေးကြီးသော လူ့အခွင့်အရေးပြဿနာတစ်ခု ဖြစ်သည်။ အထူးသဖြင့် ကချင်ဒေသတွင် Kachin Independence Organization/Army (KIO/KIA) နှင့် မြန်မာစစ်တပ်အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ်များကို ဒေသခံအမျိုးသမီးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂယန္တရားများက နှစ်ပေါင်းများစွာ မှတ်တမ်းတင်ဖော်ပြခဲ့ကြသည်။

၂၀၁၁ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ကာ လူသိန်းနှင့်ချီ နေရပ်စွန့်ခွာခဲ့ရသည်။ ထိုကာလအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှု၊ လူကုန်ကူးမှုနှင့် အခြားသော ကျား-မအခြေပြုအကြမ်းဖက်မှုများကို ရင်ဆိုင်ခဲ့ကြရသည်။ သုတေသနများနှင့် မှတ်တမ်းများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ပွဲ၏ လက်နက်သဖွယ် အသုံးပြုခဲ့သည့် ပုံစံများအကြောင်း ထောက်ပြထားသည်။

HTOI Gender and Development Foundation ၏ “Women’s Access to Justice in Kachin” သုတေသနအရ ကချင်ပြည်နယ်ရှိ အမျိုးသမီးများသည် စစ်ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ မူးယစ်ဆေးဝါးပြဿနာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် လုံခြုံရေးကင်းမဲ့နေပြီး တရားမျှတမှုရရှိရန် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း တွေ့ရှိရသည်။ အသက်ရှင်ကျန်ရစ်သူများအတွက် ဥပဒေရေးရာအကူအညီ၊ စိတ်ပိုင်းဆိုင်ရာ ကုစားထောက်ပံ့မှုနှင့် လုံခြုံရေးကာကွယ်မှုများမှာလည်း အကန့်အသတ်များစွာ ရှိနေဆဲဖြစ်သည်။
ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာချိန်တွင် CRSV ဖြစ်ရပ်များကို HTOI Gender အပါအ၀င် အမျိုးသမီး အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ဆက်လက်မှတ်တမ်းတင်ထားကြသည်။ အထူးသဖြင့် မြန်မာစစ်တပ်၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အာဏာရှိသူများက ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဖြစ်ရပ်များတွင် လွတ်လပ်ပြီး ထိရောက်သော စုံစမ်းစစ်ဆေးမှုများ မရှိခြင်း၊ ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရန် အရေးယူဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) သည် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ထိုသို့သော ပြစ်ဒဏ်ကင်းလွတ်ခွင့်သည် CRSV ကို ထပ်မံဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံရှိ ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရသူများအတွက် တရားမျှတမှု၊ ပြန်လည်ထူထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်။ ထို့အပြင် ကျူးလွန်သူ မည်သူမဆို ဥပဒေအောက်တွင် တာဝန်ယူမှုရှိစေရန်နှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်စေရန်မှာ ရေရှည်ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။

ယနေ့ ဇွန်လ (၁၉) ရက်နေ့တွင် စစ်ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရသူများနှင့် ရှင်သန်ကျန်ရစ်သူများကို ဂုဏ်ပြုအမှတ်ရရင်း၊ အမှန်တရားဖော်ထုတ်ရေး၊ တာဝန်ခံမှုရှိစေရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် ဆက်လက်အသံထွက်တောင်းဆိုကြပါစို့။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် စစ်ပွဲ၏ မလွဲမရှောင်ဖြစ်ရပ် မဟုတ်ဘဲ ရာဇဝတ်မှုဖြစ်သည်။ အမျိုးသမီးများ၏ ခန္ဓာကိုယ်ကို စစ်လက်နက်အဖြစ် အသုံးမပြုသင့်ပါ။ ရှင်သန်ကျန်ရစ်သူများကို အပြစ်တင်ခြင်းမဟုတ်ဘဲ ကာကွယ်ပံ့ပိုးခြင်းနှင့် တရားမျှတမှုရရှိစေခြင်းသည် လူ့အဖွဲ့အစည်းအားလုံး၏ တာဝန်ဖြစ်သည်။



10/06/2026

"Bai Gaw Gap Ga Anhte Mare Buga"

Memory movement of “10th Anniversary of Resume War In Kachin Region” at Laiza

"ကချင်ဒေသ တကျော့ပြန်စစ်ပွဲ (၁၀) နှစ်တိတိပြည့်အချိန်က အထိမ်းအမှတ် ဖယောင်းတိုင်မီးထွန်းပွဲ"

YouTube Link 👉 https://youtu.be/mavMKvgmQqc

#လိုင်ဇာမြို့


Address

Myitkyina
01013

Alerts

Be the first to know and let us send you an email when Kachin Gender Star Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kachin Gender Star Group:

Shortcuts

Share