Kachin Gender Star Group

Call Directions Website Contact the organization

Kachin Gender Star Group Campaign on "End Sexual Violence in Conflict" theme is "Time to end, System Impunity"

📣JOB VACANCY ANNOUNCEMENTJob Title: : Program Coordinator (one post) Office and Place: : Laiza, Kachin RegionGender: : F...
05/10/2026

📣JOB VACANCY ANNOUNCEMENT

Job Title: : Program Coordinator (one post)
Office and Place: : Laiza, Kachin Region
Gender: : Female
Program: : Women Empowerment Program
Report to: : Director
Duration: : 8 months including 3 months’ probation
Application closing Date: :15th Oct 2026, 5:00 PM (As much as possible)
https://go.fliplink.me/.../D9469D95-EFF0-4E88-85A0...

Job Title: : Project Assistant (one post)
Office and Place: : Laiza, Kachin Region
Gender: : Female/ Male
Program: : Women Empowerment program
Report to : Program Coordinator
Duration: : 8 months including 3 months’ probation
Application closing Date: : 15th Oct 2026, 5:00 PM (As much as possible)
https://go.fliplink.me/.../DFF41C4C-8CC0-4368-9301...

Job Title: : MEAL officer (one post)
Office and place: : Laiza, Kachin Region
Gender: : Female/Male
Program: : Women Empowerment program
Report to : Program Coordinator
Duration: : 8 months including 3 months’ probation
Application closing Date: : 15th Oct 2026, 5:00 PM (As much as possible)
https://go.fliplink.me/.../71D4E6D7-79CD-4B4D-9C15...

Method of Application

Interested and qualified candidate should send their CV’s qualifying statements, explaining why you interested are and why they are suitable for this position to [email protected] and another contact- Ph +86 18488503493, Signal number- +95 9779667243.

Note

• Curriculum Vitae
• Application Letter
• Contact details of 2 referees
• Applications received after the closing date will 15th Oct, 2026 not be considered.

Only shortlist candidates will be contact and set for the interview. HTOI Gender is an equal opportunity employer, and women are encouraged to apply. HTOI Gender is committed to the well-being of children and women together with Gender Equality and does not tolerate child abuse and sexual harassment. All staff of HTOI Gender are required to sign and adhere with HTOI Gender’s safeguarding policy at all times.

World Rivers Day ကို ဝိုင်းမော်ဖက်အခြမ်းဒေသခံများအပါအဝင် လူဦးရေ အယောက်(၁၀၀)ကျော် ဖြင့် ဧရာဝတီမြစ်ကမ်း တနေရာတွင် ဟောပြောပ...
28/09/2026

World Rivers Day ကို ဝိုင်းမော်ဖက်အခြမ်းဒေသခံများအပါအဝင် လူဦးရေ အယောက်(၁၀၀)ကျော် ဖြင့် ဧရာဝတီမြစ်ကမ်း တနေရာတွင် ဟောပြောပွဲ၊ဆုတောင်းဝတ်ပြုခြင်းနှင့် လူထုလှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့သည်။
Rivers Day
#ကမ္ဘာမြစ်ချောင်းများနေ့
the Irrawaddy flow freely
September,26,2026
#ဧရာဝတီမြစ်ကိုချစ်သည်
#ဧရာဝတီမြစ်ကိုကာကွယ်ကြစို့
#ပြည်သူ့အသံကိုနားထောင်ပေးပါ

11/09/2026

🚫လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွင် အိမ်ထောင်ဘက်အပေါ်အလိုမတူဘဲ လိင်ဆက်ဆံခြင်း၊ လက်တွဲဖော် မဟုတ်သူမှ အဓမ္မပြုကျင့်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း၊ မလိုလားအပ်သော လိင်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်ခြင်း၊ လက်တွဲဖော်မှ အနိုင်ကျင့် အကြမ်းဖက်ခြင်း၊ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခြင်းတို့အပါအဝင် အခြား ဆက်စပ်သော လိင်ပိုင်းဆိုင်ရာအပေါ် ထိခိုက်စေသည့် အကြမ်းဖက်မှု များလည်း အကျုံးဝင်ပါသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကို ခံခဲ့ရတဲ့သူ (သို့) ရှင်သန်ကျန်ရစ်သူ [Survivors] တွေမှာ

🔸ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု - ပွန်းပဲ့ရှနာဒဏ်ရာ၊ အညိုအမည်းစွဲခြင်း၊ သွေးထွက်ခြင်း၊ အရိုးကျိုးခြင်း၊

🔸လိင်ပိုင်းဆိုင်ရာ ထိခိုက်မှု - လိင်အင်္ဂါ/မျိုးပွားအင်္ဂါ ထိခိုက်ဒဏ်ရာရခြင်း၊ မလိုလားအပ်သော ကိုယ်ဝန်၊ STI/HIV ကူးစက်ခြင်း၊

🔸စိတ်ပိုင်းဆိုင်ရာထိခိုက်မှု - အမြဲလိုလို စိုးရိမ်ပူပန်နေတတ်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့လေးစားမှု ကျဆင်းခြင်း၊ ရှက်ရွံ့သိမ်ငယ်မှုများလာခြင်းတွေအပြင် မိမိကိုယ်ကို အဆုံးစီရင်ပစ်ချင်လောက်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ အနာတရ ဖြစ်ရခြင်း၊

🔸လူမှုအဝန်းအဝိုင်းဆိုင်ရာထိခိုက်မှု - ခွဲခြားဆက်ဆံခံရခြင်း၊ အပြစ်တင်ရှုံ့ချခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်း၊ အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ တခြားသော အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲဆက်ဆံခံရမှုများ စသည်တို့ကို ကြုံတွေ့ခံစားရနိုင်ပါသည်။

❗️“လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ရာဇဝတ်မှုဖြစ်သည့်အတွက် ကျူးလွန်သူအားလုံး ကင်းလွတ်ခွင့် လုံးဝမရှိသင့်ပါဘူး”

🚫 စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Emotional & Psychological Violence) ဆိုသည်မှာ လူတစ်ဦး၏ ကျား၊ မ ဖြစ်တည်မှုကို အခြေခံကာ စ...
10/09/2026

🚫 စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Emotional & Psychological Violence) ဆိုသည်မှာ လူတစ်ဦး၏ ကျား၊ မ ဖြစ်တည်မှုကို အခြေခံကာ စိတ်ဓာတ်ကျဆင်းစေရန်၊ အရှက်ကွဲစေရန်၊ စိုးရိမ်ပူပန်စေရန် စကားလုံး၊ အပြုအမူ သို့မဟုတ် ထိန်းချုပ်မှုတို့ဖြင့် တစ်ဖက်လူ၏ စိတ်နှလုံးနှင့် ခံစားချက်ကို ခြိမ်းခြောက်ခြင်း၊ ဆဲဆိုပုတ်ခတ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်နစ်နာစေမှု ပုံစံမျိုးစုံပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။

🪧စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပုံစံများ

• ခြိမ်းခြောက်ခြင်း နှင့် ဖိအားပေးခြင်း - လူအများရှေ့တွင် အရှက်ခွဲမည် ဟု ကြောက်ရွံ့အောင် ပြုလုပ်ခြင်း၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာဖြစ်စေ/ငွေကြေးဆိုင်ရာဖြစ်စေ ထိခိုက်စေမည်ဟု ကြောက်စိတ်ကြီးအောင် ခြိမ်းခြောက်ခြင်း၊ တစ်စုံတစ်ခုကို အတင်းအဓမ္မလုပ်ခိုင်းရန် ခြိမ်းခြောက်ပြီး စိတ်ဖိစီးမှုပေးခြင်း။

• ဆဲဆိုပုတ်ခတ်ခြင်း နှင့် ဝေဖန်နှိမ်ချခြင်း - လူအများရှေ့တွင်အော်ဟစ်ခြင်း၊ ဆဲဆိုခြင်း၊ လူမလေးစားဘဲ မကြားဝံ့မနာသာ ပြောဆိုခြင်း၊ ပိုင်ဆိုင်သည့်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ စွန့်ပစ်ခြင်း၊ အိမ်မှ မောင်းထုတ်ခြင်း၊ တန်ဖိုးမရှိသလို ခံစားရအောင် လုပ်ခြင်း။

• အတင်းအကျပ် ထိန်းချုပ်ကန့်သတ်ခြင်း - ဖိအားပေး၍ မိသားစုသူငယ်ချင်း လူမှုအသိုင်းအဝိုင်းကြားမှ သီးခြားခွဲ ထုတ်ထားခြင်း၊ ဖုန်းနှင့် ကိုယ်ရေးအချက်အလက်များကို စောင့်ကြည့်စစ်ဆေးခြင်း၊ ကလေးနှင့်ခွဲထားခြင်း၊ လုယူခြင်း။

• စော်ကားခြင်းနှင့် အပြစ်တင်ခြင်း - လူအများရှေ့တွင်ဖြစ်စေ၊ တစ်ကိုယ်တည်းဖြစ်စေ စိတ်ဓာတ်ကျစေရန် ဆဲဆိုခြင်း၊ အပြစ်တင်ခြင်းနှင့် တန်ဖိုးမထားဘဲ ပြောဆိုခြင်း။

• လျစ်လျူရှုခြင်း - အမှတ်တမဲ့ သို့မဟုတ် တမင်သက်သက် စကားမပြောဘဲ ပစ်ထားခြင်း၊ အရေးမစိုက်ဘဲ ခံစားချက်ကို နှိပ်ကွပ်ခြင်း။

❗️သက်ရောက်မှုများ

• သိမ်ငယ်စိတ်ဝင်ခြင်း - မိမိကိုယ်ကို ယုံကြည်မှု မရှိတော့ဘဲ အမြဲတမ်း အမှားလုပ်မိနေသည်ဟု ထင်မှတ်လာခြင်း။

• ကြောက်ရွံ့ထိတ်လန့်ခြင်း - အမြဲတမ်း စိုးရိမ်ပူပန်နေရပြီး လုံခြုံမှုမရှိဟု ခံစားရခြင်း။

• လူမှုဘဝ ထိခိုက်ခြင်း - သူတစ်ပါးနှင့် မဆက်ဆံရဲတော့ဘဲ လူတောမတိုးနိုင်သည်အထိ ဖြစ်လာခြင်း။

ℹ️"အကြမ်းဖက်မှုမှန်သမျှဟာ လက်ခံနိုင်စရာ မရှိပါဘူး။ သင်ကိုယ်တိုင်ဖြစ်စေ၊ သင့်မိတ်ဆွေဖြစ်စေ ဒီလိုအခြေအနေမျိုး ကြုံတွေ့နေရပြီး အကူအညီ လိုအပ်နေတယ်ဆိုရင် လျှို့ဝှက်စွာ တိုင်ပင်ဆွေးနွေးနိုင်ဖို့ ကျွန်မတို့ [Kachin Gender Star Group] ဆီကို GBV Hot line🤳- 09 7980 15870 ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။"

🚫ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုသည်မှာ လူတစ်ဦးကို နာကျင်ထိခိုက်စေရန်၊ ကြောက်ရွံ့စေရန် သို့မဟုတ် အတင်းအကျပ်ထိန်းချုပ်ရန...
09/09/2026

🚫ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုသည်မှာ လူတစ်ဦးကို နာကျင်ထိခိုက်စေရန်၊ ကြောက်ရွံ့စေရန် သို့မဟုတ် အတင်းအကျပ်ထိန်းချုပ်ရန် ရုပ်ပိုင်းဆိုင်ရာအင်အား အသုံးပြုခြင်း (သို့မဟုတ်) အသုံးပြုရန် ကြိုးပမ်းခြင်းများသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဖြစ် သတ်မှတ်နိုင်ပါသည်။
ထုရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊

• ကပ်ကြေး (သို့မဟုတ်) အရာဝတ္ထုတစ်ခုခုဖြင့် ထိုးခြင်း၊ ထိခိုက်ဒဏ်ရာရအောင် အန္တရာယ်ရှိတဲ့ ပစ္စည်းများ အသုံးပြုခြင်း၊

• ဆေးလိပ်မီးဖြင့်ထိုးခြင်း၊ အက်စစ်ဖြင့်ပက်ခြင်း၊ ဓာတ်ဆီလောင်းမီးရှို့ခြင်း၊

• အစားအသောက်/ဆေးဝါး/အိပ်စက်မှု စတဲ့ အခြေခံလိုအပ်ချက်တွေကို တမင်တကာ ပိတ်ပင်ခြင်း၊

• ခြိမ်းခြောက်ပြီး ကိုယ်ထိလက်ရောက်လုပ်ရန် ကြောက်ရွံ့စေခြင်း။

❗️အခြား ဆက်စပ်သော ရုပ်ပိုင်းဆိုင်ရာအပေါ် ထိခိုက်စေသည့် အကြမ်းဖက်မှုများအားလုံးကို သိရှိနားလည်ပြီး ဝိုင်းဝန်းကာကွယ် တားဆီးကြပါစို့။

06/08/2026

🌻“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ VDC ဥက္ကဌ ဖြစ်လာသော ဆရာမ ဆိုင်းလု (အမည်လွှဲ)၏အကြောင်း”

#အမျိုးသမီးခေါင်းဆောင် #နမ်ကျင်ကျေးရွာ

06/08/2026
🌻Women Leadership TOT သင်တန်းပြီးနောက် ကျေးရွာဖွံ့ဖြိုးရေးအတွက် နှလုံးသားနဲ့ ဦးဆောင်နေသူ 🔸မြစ်ကြီးနားမြို့၊ နမ်ကျင် ကျေး...
03/08/2026

🌻Women Leadership TOT သင်တန်းပြီးနောက် ကျေးရွာဖွံ့ဖြိုးရေးအတွက် နှလုံးသားနဲ့ ဦးဆောင်နေသူ

🔸မြစ်ကြီးနားမြို့၊ နမ်ကျင် ကျေးရွာတွင် နေထိုင်လျက်ရှိသော ဆရာမ ဆိုင်းလု (အမည်လွှဲ) အသက် (၃၉)နှစ်၊ မိသားစုဝင် (၅)ဦးရှိသူသည် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လက်ရှိတွင် NGOs စေတနာ့ဝန်ထမ်းအပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ VDC (Village Development Committee) ဥက္ကဌအဖြစ် ကျေးရွာဖွံဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးများကို တက်ကြွစွာ ဦးဆောင်လှုပ်ရှားနေသူဖြစ်ပါသည်။ ဆရာမ ဆိုင်းလုသည် HTOI Gender မှ ၂၀၂၅ ခုနှစ်တွင်ပြုလုပ်သော အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း အစီအစဉ်၏ Women Leadership TOT အမျိုးသမီးခေါင်းဆောင်မှုနှင့် ဆရာဖြစ်သင်တန်း (၁၀) ရက်ကို တက်ရောက်သင်ယူခဲ့သူများမှ တစ်ဦးလည်းဖြစ်ပါသည်။

📚Women Leadership TOT

HTOI Gender ရဲ့ TOT သင်တန်းကို ရွေးချယ်တက်ဖြစ်ရခြင်းကို “အမျိုးသမီးစွမ်းဆောင်ရည်မြှင့်သင်တန်းပြုလုပ်ရန်ရှိနေကြောင်းနှင့် ကျွန်မတို့ နမ်ကျင်ကျေးရွာအုပ်စုမှ အမျိုးသမီးခေါင်းဆောင်တစ်ဦးပါဝင်ရန်လျှောက်ထားနိုင်ကြောင်း သိရတော့၊ စိတ်ဝင်စားပြီး သင်တန်းလျှောက်လွှာကိုလည်း ပြန်ကြည့်တော့ အမျိုးသမီးတိုင်း သိသင့်တဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာများ၊ လက်ရှိအဖြစ်များနေတဲ့ လူကုန်ကူးမှု၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့် ဥပ‌ဒေပိုင်းဆိုင်အကြောင်းအရာများ၊ ခေါင်းဆောင်မှုအသိပညာများကို သင်ကြားမည်ဆိုတော့ အမျိုးသမီးကော်မတီကို ကျွန်မသွားမယ်ဆိုပြီး တက်ရောက်နိုင်ခဲ့ကြောင်း”ဆရာမ ဆိုင်းလုမှပြောပါသည်။

🌱နောက်ပြီး “အဲအချိန်မှာ ကျွန်မက အဖွဲ့အစည်းတစ်ခုရဲ့ စေတနာ့ဝန်ထမ်းအဖြစ် လက်မှတ်ထိုးလုပ်ဆောင်ထားတာရှိသော်လည်း၊ ကျွန်မတကယ် စိတ်ဝင်စားပြီး၊ လက်တွေ့လိုအပ်‌နေသော ကျား၊မ အခြေပြုအကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေးနှင့် တားဆီးရေး၊ နှစ်နာသူအတွက် တရားမျှတမှုဖော်ဆောင်ရေး အသိပညာများ ရရှိမှာဖြစ်သောကြောင့် အဖွဲ့အစည်းနှင့်လည်း သေချာရှင်းပြ ညှိနှိုင်းပြီးမှ တက်ရောက်နိုင်ခဲ့တာဖြစ်ကြောင်း” သိရပါသည်။

🔄TOT သင်တန်းမတက်ခင် ဆရာမ ဆိုင်းလုမှာ ကျေးရွာဖွံဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးအခွင့်အရေးများလုပ်ဆောင်ရာတွင် မိမိရဲ့ အသံကို ထုတ်ဖော်ပြောဆိုဖို့ (သို့) ဆုံးဖြတ်ချက်ချဖို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရကြောင်းကို “ကျွန်မတို့ အမျိုးသမီးရေးရာ ကိစ္စရပ်များတွင် အမျိုးသမီးခေါင်ဆောင်နေရာယူထားသူများမှ မတူညီသောပြသာနာများစွာကို ဖြေရှင်းရခြင်း၊ လမ်းညွှန်ခြင်းများ လုပ်ဆောင်နိုင်ရန် လိုအပ်သော်လည်း မိမိကိုယ်တိုင် သက်ဆိုင်ရာအသိပညာနည်းပါးခြင်းကြောင့် ပံပိုးကူညီဖို့အခက်အခဲများရှိနေကြောင်းနှင့် မိမိလူမှု့အသိုင်းအဝန်းထဲမှလည်း ကျား၊မ အခြေပြုအကြမ်းဖက်မှုပြဿနာများဖြေရှင်းရာတွင် နှစ်နှာသူအမျိုးသမီးအား ပြစ်တင်ဝေဖန်ခြင်း အယူအဆများကြောင့် အမျိုးသမီးအခွင့်အရေးရရှိအောင်၊ တရားမျှတမှုရရှိအောင်လုပ်ဆောင်ဖို့ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါကြောင်း” ပြောပြပါသည်။

⭐သင်တန်းကပေးတဲ့ အသိပညာတွေထဲမှ အမျိုးသမီးအခွင့်အရေးဖြစ်‌သော CEDAW (အမျိုးသမီးများအား နည်းမျိုးစုံ ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်) ပါ အကြောင်းအရာများကို ဒေသ၊ ကျေးရွာများရှိ အမျိုးသမီးကို လက်ဆင့်ကမ်းပြောပြနိုင်ခဲ့ခြင်း၊ ကျေးရွာကော်မတီနှင့် ရပ်မိရပ်ဖများကို TOT ပြီးစီးမှုလက်မှတ်ပြသ၍ ဂျဲန်လ်ဒါနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှု တားဆီး၊ကာကွယ်ရေး အသိပညာများကို အားလုံးသိရှိရန်လိုအပ်ကြောင်းနှင့် ဆရာမ ဆိုင်းလုမှ သင်တန်းသေချာပေးနိုင်ကြောင်းပြောပြကာ အိမ်ထောင်သည် ကျား၊မ (၄၀) ဦး၊ ဆယ်ကျော်သက်လူငယ်များ ကျား (၃၀)၊ မ (၃၀) ခွဲပြီး သင်တန်းပြန်လည်ပို့ချ နိုင်ခဲ့ကြောင်းတွေ့ရပါသည်။

✅နောက်ပြီး သင်တန်းပို့ချရာတွင်လည်း ကြိုတင်ပြင်ဆင်လေ့လာခြင်း၊ သင်တန်းသားများစိတ်ဝင်စားအောင် အမေး၊ အဖြေပြုလုပ်ခြင်း၊ အုပ်စုခွဲပြီး မိမိရပ်ရွာအခြေအနေဖြစ်စဉ်ကို ဥပမာများထား၍ ဆွေးနွေးခြင်းနည်းလမ်းများဖြင့် သင်ကြားနိုင်ခဲ့ကြောင်း သိရပါသည်။

✅သင်တန်းသားများမှာလည်း စိတ်ဝင်စားမှုရှိကြောင်းကို ဆရာမ ဆိုင်းလုမှ “ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့်ပက်သက်၍ ဥပဒေပိုင်းဆိုင်ရာများကို ပိုမိုလေ့လာသင်ယူခြင်ကြောင်း (ဥပမာ-ဆယ်ကျော်သက်များက မိန်းကလေးတစ်ဦးဦးကို စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာထိခိုက်အရှက်ရအောင် ပြောဆိုမိပါက ဥပ‌ဒေ ပုဒ်မ ဘယ်လောက်ဖြင့် အ‌ရေးယူနိုင်ခြင်း) များကို သိချင်လာကြောင်းပြောပြလာကာ၊ မိမိမှာ HTOI Gender မှရှေ့နေ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ထပ်ဆင့်သင်တန်းကိုပေးဖို့လိုကြောင်း စဥ်စားမိ၍ လူငယ်ရေးရာသင်တန်းများရှိပါက ၎င်းခေါင်းစဥ်ကို ထည့်သွင်းသင်ကြားပေးမယ့်အကြောင်း ပြောဆိုထားပါသည်။”

💪နောက်ပြီးအခုလို သင်တန်းပေးပြီးနောက်ပိုင်း မိမိရဲ့အားနည်းလိုအပ်ချက် တချို့လည်းမြင်လာကြောင်းကို “TOT သင်တန်းက (၁၀)ရက် အတွင်းမှာ ခေါင်းစဥ်များသွားတော့ ထပ်ဆင့်ပိုမိုသိရှိအောင် မွန်းမံသင်ကြားရန်လိုကြောင်း မြင်လာပါတယ်၊ နောက်ပြီး သင်တန်းကတစ်ရက်ထဲဆိုတော့ အချိန်တော့သိပ်မလောက်ဘူး ဖြစ်သွားသလို တနေကုန်ဆိုတော့ အစားအသောက် တစ်ခုခုတော့ပြင်ဆင်ပေးဖို့ ငွေကြေးတော့အခက်အခဲတော့ဖြစ်သွားပါတယ်။

✅နောက်တစ်ခုက လူငယ်များကို သင်ကြားရာမှာ Power Point, Short Video များအသုံးပြု၍ သင်ကြားပေးနိုင်ပါက သူတို့ပိုစိတ်ဝင်စားနိုင်ကြောင်း လေ့လာသင်ယူမိ၍ HTOI Gender အနေဖြင့် အမျိုးသမီးစွမ်းဆောင်ရည်မြင့်သင်တန်းများ ပြုလုပ်ပါက Power Point ပြင်ဆင်ခြင်းများကို ထည့်သွင်းသင်ကြားပေးစေလိုပါသည်၊ အခြားအမျိုးသမီးခေါင်းဆောင်များမှလည်း ကျွန်မလို လိုအပ်သင်ယူခြင်မယ်လို့ မြင်မိပါကြောင်း” ဆရာမ ဆိုင်းလုမှ ပြောပါသည်။

💪 ပြောင်းလဲလာတဲ့ ခေါင်းဆောင်မှုပုံစံ

🌱 ဆရာမ ဆိုင်းလုရဲ့ (Identity Shift) ကိုလေ့လာကြည့်ရာ သူမ၏အောင်မြင်မှုဟာ တစ်ဦးတည်းမဟုတ်ဘဲ အသိုင်းအဝိုင်းလုံးကို သက်ရောက်မှုရှိလာတယ်ဆိုတာကို ခေါင်းဆောင်မှုပုံစံ (Leadership Style) ပြောင်းလဲသွားပုံများ၊ သူမရဲ့နေ့စဉ်ဘဝ တွေးခေါ်စဉ်းစား ဦးဆောင်ပုံများမှာ တွေ့ရပါသည်။ ဘာကြောင့်လဲဆိုရင် အရင်က အမျိုးသမီးနှင့် ရပ်ရွာအရေးတွေမှာ ဦးဆောင်ရန်၊ လိုအပ်မှုတွေကို ဆွေးနွေးထောက်ပြရန် မရဲမဝံဖြစ်နေသောသူမှာ အခုချိန်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌအဖြစ် ဦးဆောင်လာနိုင်ပြီဖြစ်‌ကြောင်းတွေ့ရပါသည်။

🏆 သင်တန်းကနေ မိမိကျေးရွာပြန်ရောက်တော့ ကျေးရွာအ‌ရေးဆောင်ရွက်ဖို့ဖွင့်လစ်ထားတဲ့ ကော်မတီ (Village Development Committee) ကို EEI အဖွဲ့အစည်း၏ ပံပိုးကူညီမှုဖြင့် (၃) ရက်တာအကြိတ်အနယ် ဆွေးနွေးညှိနှိုင်မှုပြုလုပ်ကြရာ၊ တကယ်ဘဲကျေးရွာဖွံဖြိုးတိုးတက်ဖို့ မည်ကဲ့သို့သောသူတွေပါဝင်သင့်ကြောင်း၊ ပါဝင်ဦးဆောင်သူများဟာ မည်ကဲ့သို့စိတ်ထားရှိသင့်ကြောင်း၊ စံသတ်မှတ်၍ ကော်မတီသစ်ကိုပြုပြင်ပြောင်းလဲနိုင်ခဲ့ကြပါသည်။

✅ကော်မတီအသစ်တွင်ပါဝင်မည့်သူများကိုလည်း သေချာစိစစ်၍ အဆင်ဆင့်ရွေးချယ်ခန့်အပ်ရာ အတွင်းရေးမှုးအဆင့်ထိခန့်အပ်ပြီးနောက် ဥက္ကဌနေရာကိုခန့်အပ်ဖို့ရွေးချယ်ကြရာ၊ မိမိကိုယ်တိုင်မှာ ဒီကော်မတီကို ပြုပြင်ပြောင်းလဲရန် အဓိကထောက်ပြ ခဲ့သောကြောင့် ဥက္ကဌနေရာကိုမိမိကိုယ်တိုင်လုပ်မယ်ဆိုပြီး၊ ပြောဆိုရန်ခက်နေသော်လည်း ကော်မတီဝင်များမှ လက်တွေ့ ကျေးရွာဖွံဖြိုးတိုးတက်ရေး အစစအရာရာမှာ ဆရာမ ဆိုင်းလုမှ တက်ကြွစွာလုပ်ဆောင်နေသောကြောင့် ဥက္ကဌနေရာကိုဦးဆောင်ဖို့ပြောလာကြရာ တွေဝေမှုမရှိဘဲလက်ခံရယူနိုင်ခဲ့ကြောင်းတွေ့ရပါသည်။

🔥” အရင်ကဆိုရင် ကျေးရွာကကြီးတော့ ကော်မတီထဲမှာ စာရင်းကိုင်၊ ဘဏ္ဌာထိန်းလောက်သာတာဝန်ယူရဲ့တဲ့ အခြေအနေဖြစ်သော်လည်း အခုတော့ ကျေးရွာဖွံဖြိုးတိုးတက်ဖို့ ဥက္ကဌနေရာကို ကျွန်မကိုယ်တိုင် ယုံကြည်မှုအပြည့်ဖြင့် ဦးဆောင်ဖို့နေရာယူနိုင်ခဲ့ပါပြီ” ဆရာမ ဆိုင်းလုမှ ပြောပြပါသည်။

✅ယခုလက်ရှိမှာ VDC ကော်မတီအနေဖြင့် ကျောင်းတက်ဖို့အခက်အခဲဖြစ်နေသည့် ကလေးများကိုဆက်လက်ပညာသင်ကြားနိုင်ရန်ချိတ်ဆက်ပံပိုးကူညီခြင်း၊ ၁၂ နှစ်အထက် ကလေးငယ်များ အိမ်ထောင်စောမပြုဖို့ အသိပညာပေးခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာအတတ်ပညာသင်ကြားပေးခြင်း အစီအစဉ်များကို အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများရှိနေပြီး၊ လိုအပ်သည့် အစီရင်ခံစာများကိုတော့ ဆရာမ ဆိုင်းလု ကိုယ်တိုင်ဦးဆောင်ရေးသား လုပ်ဆောင်လျက် ရှိနေကြောင်းတွေ့ရပါသည်။

⭐ သင်တန်းက ရရှိလာတဲ့ အသိပညာကြောင့် မိမိရဲ့ အလုပ်အတွင်း ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာ (Decision-Making Power) အကျိုးသက်ရောက်မှုရှိလာပုံကိုလည်း VDC ဥက္ကဌ ဆရာမ ဆိုင်းလုမှ “TOT သင်တန်းတက်ပြီး ရရှိတဲ့အသိပညာတွေက ကျွန်မအတွက်ဆိုရင် ဦးဆောင်ဆုံးဖြတ်ချက်ချရတဲ့နေရာမှာ ဘက်လိုက်မှုမရှိဘဲ ကျေးရွာအတွက်တကယ်ဘဲအကျိုးရှိမှာလား၊ ခွဲခြားမှုဖြစ်ပြီး ကျေးရွာအတွင်း မညီညွှတ်မှုဖြစ်လာမှာလား၊ လုပ်ဆောင်မှုတွေက ထပ်နေလား၊ လူမျိုးစုံ၊ ဘာသာစုံနှင့် ထိခိုက်လွယ်သောအုပ်စုများကိုထိရောက်မှုပြုမှာလားကို သေချာလေ့လာဆန်းစစ်ဆုံးဖြတ်ချက်ချခြင်း၊ စီမံခန့်ခွဲခြင်းများအပေါ် ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့ လုပ်ဆောင်လာနိုင်သောကြောင့် များစွာအကျိုးသက်ရောက်မှုရှိကြောင်း” ပြောပြပါသည်။

🔥 အများအကျိုးအတွက် ရဲရင့်စွာ ရပ်တည်ခဲ့ပုံ

၂၀၂၅ ခုနှစ် ဆောင်းတွင်းတွင် (၃) လကြာ နမ်ကျင်အမှိုက်ပုံး မီးလောင်ကျွမ်းမှုမှာ ရက်ရှည်ဖြစ်ပွားနေမှုကြောင့် ကျေးရွာအတွင်း မီးခိုးများအူလိုက်ဝင်လာကာ ကလေးများ၊ နာတာရှည်ရောဂါရှိ သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် အထူးစိုးရမ်းစရာဖြစ်လာချိန်မှာလည်း ကျေးရွာအတွက် ရှေ့တန်းထွက် မားမားမတ်မတ်ရပ်တည်၍ သက်ဆိုင်ရာများကို ဆရာမ ဆိုင်းလုမှ တိုက်တွန်းလှုပ်ဆော်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အမှိုက်ပုံမီးငြိမ်းသတ်နိုင်ခဲ့ကြောင်းတွေ့ရပါသည်။

💪“ကျွန်မကကျေးရွာလူကြီးကိုသွားပြောမယ်လုပ်တော့ တစ်ယောက်ထဲ့မသွားနဲ့ အသိသက်သေတစ်ယောက်တော့ခေါ်သွားဖို့ အကြံပေးကြတာတွေရှိတော့ အမတစ်ဦးကိုခေါ်၍ ကျွန်မတို့ရဲ့နယ်မြေမူးနှင့် အုပ်ချုပ်ရေးမူးဆီအရင်သွားတွေ့ပါသည်။ တွေ့ဆုံရာမှာ ကျေးရွာလူကြီးများကို အမှိုက်ပုံမီးလောင်ကျွမ်းမှုမငြိမ်းရာကနေ နံနက်နှင့် ညပိုင်းဆိုရင် မြူဖိအားနှင့်အတူ မီးခိုးများမှာကျေးရွာအထဲ အချိန်ကြာမြင့်စွာရှိနေသောကြောင့် ကလေးများနှင့် နာတာရှည်ရောဂါရှိ သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် အထူးစိုးရမ်းစရာဖြစ်နေသောကြောင့် သက်ဆိုင်ရာကိုအမြန်တင်ပြပြီး ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားမှုရှိခဲ့ရာ အုပ်ချုပ်ရေးမှုများမှလည်း မြို့နယ်မှုးထံတင်ပြမှုရှိခဲ့သော်လည်း အချိန်ကြာဖြေရှင်းဆောင်ရွက်ပေးမှုမရှိခဲ့သေးပါ။ ဆက်လက်ပြီး စည်ပင်မှုးထံတင်ပြခြင်း၊ နောက်ဆုံး စည်ပင်ဝန်ကြီးထံ အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုကြောင့် မီးငြိမ်းသတ်ပေးခြင်း၊ မီးခိုးမထွက်သောဆေးဖြန်းပေးခြင်းတွေ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါသည်။”

💪စိုးရိမ်စရာများရှိသော်လည်း ကျေးရွာအကျိုးအတွက် ကြိုးစားလုပ်‌ဆောင်ခဲ့ပုံကို “နမ့်ကျင်အမှိုက်ပုံး မီးလောင်ကျွမ်းမှုငြိမ်းသတ်ရေးလုပ်‌ဆောင်မှုကြောင့် ကျေးရွာရှိ အချို့လူများက မင်းအခုလို အရမ်းရဲ့တင်းလုပ်ဆောင်တာက မိသားစုပါထိခိုက်လာနိုင်ကြောင်း၊ ဖမ်းဆီးခံရပြီး ကလေးများသာရပ်တည်ရန်ခက်ခဲ့နိုင်ကြောင်း သတိပေးပြောဆိုမှုများရှိနေသော်လည်း ကျေးရွာအကျိုး၊ အများအကျိုးအတွက် လုပ်ဆောင်တာဖြစ်တဲ့အတွက် ဘုရားထံဆုတောင်းခွန်အားယူ၍ စိတ်ပင်ပန်း၊ လူပင်ပန်းသော်လည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း” ဆရာမ ဆိုင်းလုမှ ပြောပြပါသည်။

🤝 အခြားသူတွေကိုလည်း လက်တွဲမြှင့်တင်ပေးနေသူ

အခုလို ဦးဆောင်ဆုံးဖြတ်ချက်ချနိုင်သူ အမျိုးသမီးခေါင်းဆောင်တစ်ဦးအနေဖြင့် အခြားအမျိုးသမီးများကိုလည်း စွမ်းဆောင်ရည်မြှင့်တက်လာရန် လက်တွဲလမ်းဖွင့်ပေးနေခြင်းကို “VDC ကော်မတီဝင်တွေမှာ အမျိုးသမီးများတယ်၊ သူတို့ရဲ့ စွမ်းဆောင်ရည်မြှင့်တက်လာဖို့အတွက် ကျွန်မသိထားတဲ့အတွေ့အကြုံအသိပညာတွေကို မျှဝေပြောပြသလို၊ အဖွဲ့အစည်းတွေခေါ်တဲ့သင်တန်းတွေကိုလည်း တွန်းပို့လျက် လုပ်ဆောင်နေပါတယ်” နောက်ပြီး “ကျွန်မရဲ့သားသမီးတွေကိုတော့ ကျား၊မ တန်းတူညီမျှမှု ကို သင်ကြားပေးပြီး အိမ်မှုကိစ္စတွေကို တာဝန်ခွဲဝေလုပ်ဆောင်စေခြင်းများအပြင်၊ အမျိုးသမီးတွေဟာလည်း ကျေးရွာ၊ မြို့နယ်၊ နိုင်ငံအထိရှိ ကဏ္ဌတိုင်းတွင် ဦးဆောင်နိုင်ကြောင်း သွန်သင်လမ်းပြနေပါသည်” နမ်ကျင် VDC ဥက္ကဌ၊ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာမ ဆိုင်းလု မှ ပြောပါသည်။

#အမျိုးသမီးခေါင်းဆောင် #နမ်ကျင်ကျေးရွာ

ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံကိန်းနှင့် ယုံကြည်မှု၏ စမ်းသပ်ချက်++++++++++++++++++++++++++++++++"ရက် (၁၀၀) ငြိမ်းချမ်းရေးစ...
10/07/2026

ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံကိန်းနှင့် ယုံကြည်မှု၏ စမ်းသပ်ချက်

++++++++++++++++++++++++++++++++

"ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံကိန်း" ဟု ကြေညာထားသော်လည်း မြေပြင်အခြေအနေတွင် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းက ထိုအစီအစဉ်၏ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်စေပါသည်။

ယခင် NCA အပစ်အခတ်ရပ်စဲရေးကာလအတွင်းလည်း မြန်မာစစ်အာဏာရှင်များဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ချိုးဖောက်ကြကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသများတွင် သဘာဝသယံဇာတများကို မတရား ထုတ်ယူအသုံးချမှု၊ ဒေသခံများ၏ မြေယာ များအတင်းအဓမ္မ သိမ်းယူမှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြည်သူများကို ဖမ်းစီးနှိပ်စက် သတ်ဖြတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ကြောင်း အမျိုးသမီး အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက နှစ်ပေါင်းများစွာ မှတ်တမ်းတင်ထားသည်။

ထို့အပြင် မြစ်ဆုံရေကာတာစီမံကိန်းနှင့်ပတ်သက်၍လည်း ပြည်သူများကို ခြိမ်းခြောက်ဖိအားပေးခြင်း၊ စည်းရုံးရေးအစည်းအဝေးများ တက်ရောက်စေခြင်းများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ ထိုသို့သော အခြေအနေအောက်တွင် ပြည်သူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပြောဆိုရန် မရဲဝံ့ဘဲ တိတ်ဆိတ်စွာ နေခဲ့ရသည်။ သို့သော် ထိုတိတ်ဆိတ်မှုကို "ပြည်သူများက သဘောတူသည်" ဟု အဓိပ္ပာယ်ကောက်ယူခြင်းမှာ မသင့်လျော်ပေ။ ကန့်ကွက်သံ မထွက်လာခြင်းသည် သဘောတူညီမှုရှိသည်ဟု အလိုအလျောက် ဆိုလိုခြင်း မဟုတ်ပါ။

ထို့ကြောင့် ယုံကြည်မှုမတည်ဆောက်နိုင်သေးသော အခြေအနေတွင် ပြည်သူများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ "အပစ်အခတ်ရပ်စဲပါ၊ ငြိမ်းချမ်းရေးယူပါ" ဟု တစ်ဖက်သတ် တောင်းဆိုရန်မှာ မလွယ်ကူကြောင်း မြင်ပါသည်။

စစ်မှန်သော ငြိမ်းချမ်းရေးသည် ကြေညာချက်များဖြင့် ဖြစ်ပေါ်လာမည် မဟုတ်ဘဲ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ အမှန်တကယ် ရပ်တန့်ခြင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ သဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းနှင့် ဥပဒေရှေ့မှောက် တာဝန်ခံမှုရှိခြင်းတို့ဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်သည်။

ကြောက်ရွံ့မှုကြောင့် ထွက်မလာသော တိတ်ဆိတ်မှုကို ပြည်သူ့ဆန္ဒအဖြစ် အဓိပ္ပာယ်ကောက်ယူ၍ မရသကဲ့သို့၊ ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ထားသည့် အစီအစဉ်တစ်ခုကိုလည်း မြေပြင်ရှိ လက်တွေ့အခြေအနေများဖြင့်သာ အကဲဖြတ်သင့်ပါသည်။

Address

Myitkyina
01013

Alerts

Be the first to know and let us send you an email when Kachin Gender Star Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kachin Gender Star Group:

Shortcuts

Share