GSEC ဖောင်ဒေးရှင်း

GSEC ဖောင်ဒေးရှင်း GSECကျောင်းသား/သူဟောင်းများ

12/04/2024

GSEC. Foundation အစည်းအဝေးဖိတ်ကြားခြင််
အထက်အကြောင်းအရာနှင့်ပတ်သတ်၍ GSEC အသင်းသူ/အသင်းသားများ
၁။အစည်းအဝေးစဥ်ဆက်မပြတ်ဖြစ်မြောက်ရန်
၂။စာရင်းရှင်းတမ်းပြုလုပ်ရန်
၃။Fundငွေအားပြန်လည် လည်ပတ်နိုင်ရန်
၄။အလှူအတန်းကိစ္စ ဆွေးနွေးတိုင်ပင်ရန်
၅။ အစည်းအဝေးမှတ်တမ်းပြုလုပ်ရန်
အကြောင်းတို့ကြောင့်13.4.24(စနေနေ့ညနေ)5:00နာရီတွင်GSEC Foundationတည်နေရာစာသင်ဇရပ်၌ နှစ်အလိုက်အသင်းသူအသင်းသားများမပျက်မကွက်တက်ရောက်ပေးကြပါရန် လေးစားစွာအသိပေးလိုက်ပါတယ်

GSEC

07/04/2024

မင်္ဂလာပါ GSEC မောင်မယ်တို့ရေ......
နှစ်စဉ် ပုံမှန် အစည်းအဝေးရက် (4.4.2024)အချိန် ကျော်လွန်သွားပြီ ဖြစ်သောကြောင့် အသိပေးနိုးဆော်လိုက်ခြင်းဖြစ်ပါတယ်။ အခြေနေ အရပ်ရပ်ကြောင့် သတိပေးနိုးဆော်ချက် နောက်ကျသွားခြင်းကိုလဲ နားလည်ပေးပါလို့ ပြောပါရစေ.......နှစ်စဉ် အ‌စည်းဝေးရက်ကိုလဲ အဝေးရောက်နေသူထက် ရှိတဲ့သူကလဲ ငါနဲ့မဆိုင်လုပ်မနေကြဘဲ ဦးဆောင်စေလိုပါတယ် ။GSEC ဆိုတာ တစ်ဦးတစ်ယောက်တည်းအတွက် ဖွဲ့ထားတဲ့အဖွဲ့စည်းမဟုတ်သလို အားလုံးနဲ့ဆိုင်တဲ့အတွက် စိတ်ပါဝင်စားစေလိုပါတယ်။ အားလုံးမအားဘူးဆိုတာ သိပေမဲ့ ဒါလေးအတွက် အချိန်ခဏပေးရတာ ဘယ်သူ့အတွက်မှ အပန်မကြီးဘူးလို့ ထင်ပါတယ်။ ကိုယ့်ရပ်ရွာ လိုအပ်ချက်ကို အားလုံးမဟုတ်တောင် တစ်စိတ်တစ်ဒေသက ပါဝင်နိုင်ရင်ကို မဆိုးဘူးလို့ ထင်ပါတယ်။GSEC စတင်ကတည်းက အဖွဲ့အလိုက် ခေါင်းဆောင်တွေရှိပါတယ်။ တစ်ယောက်တည်းက အားလုံးကို လိုက်ပြောဖို့ဆိုတာ မလွယ်ကူပါဘူး။ အဖွဲ့အလိုက်ခေါင်းဆောင်တွေက တာဝန်ယူလိုက်ရင် ရေရှည်ရပ်တည်ဖို့လဲ ဖြစ်နိုင်သလို အားလုံးလဲ စုစုစည်းစည်း ပျော်ပျော်ရွှင်ရွှင် ဖြစ်မယ် ထင်ပါတယ်။အားလုံးပါဝင်မှသာ ဆုံးဖြတ်ချက်တွေက အသက်ဝင်မှာပါ။ မပါဝင်သ၍ ကျန်တဲ့သူတွေလဲ ဘာဆက်လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲပါတယ်။ကြားကာ အခက်အခဲများကြောင့် ဘာမှ မလုပ်ဆောင်နိုင်ဘဲ fund ငွေများမှာ လည်ပတ်စီးဆင်းနေရခြင်းဖြစ်သည်ကိုလဲ နားလည်ပေးစေလိုပါတယ်။ မတတ်ရောက်နိုင်သူများ သိရှိစေရန်လဲ GSEC Page မှာ တင်ပြထားပါတယ်။အဖွဲ့အစည်းမှ မောင်မယ်များ အားလုံး စည်းလုံးညီညွှတ်မှသာ အောင်မြင်တဲ့အဖွဲ့အစည်းဖြစ်မှဖြစ်သည့်အတွက် အားလုံး စိတ်ဝင်စားစွာ လုပ်ဆောင်နိုင်ရန် တိုက်တွန်းပြောဆိုပါရစေ။မောင်/မယ်ဆိုသည်မှာ GSEC မှ ပညာရည်နို့သောက်ဖူးခဲ့သော ကျောင်းသား၊ ကျောင်းသူ အားလုံးနဲ့ သက်ဆိုင်ပါသည်။
***အလှူရှင်များကိုလဲ GSEC ဖောင်ဒေးရှင်း‌ကို ဆက်လက်လှူဒါန်းပေးဖို့ တိုက်တွန်း အသိပေးနိုးဆော်ပါရစေ*
အစည်းအဝေးရက်ကို (4.4.2024) အစား (13.4.2024) သင်္ကြန်အကြိုနေ့သို့ ပြောင်းရွေ့လိုက်ပါတယ်
လုပ်ဆောင်ချင်သော အကြောင်းအရာများနှင့် လိုအပ်ချက်များကို ဆွေးနွေးတိုင်ပင်လို့ရပါတယ်။အားလုံးတက်ရောက်ပေးဖို့လဲ တောင်းဆိုပါရစေ။အားလုံးကို ကျေးဇူးတင်ပါတယ်။

02/02/2024

ဘာလိုလိုနဲ့ February လရောက်လာပြီနော် GSEC အဖွဲ့ဝင်များအနေဖြင့်လဲ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ကုသိုလ်လေးတွေ လုပ်ကြမယ်နော် လုပ်ချင်တဲ့အရာလေးတွေကိုလဲ တိုင်ပင်ပြီ page messagerမှာ ပြောထားလို့ ရတယ်နော် သင်္ကြန်ပိတ်ရက် မရောက်ခင်လေးမှာ အစည်းဝေးခေါ်ပြီ ဆုံးဖြတ်ကြမယ်နော် အစည်းဝေးဆုံးဖြတ်ချက်အတိုင်း funds ငွေလေးတွေလဲ သက်မှတ်ရက်မှာ ပြန်လဲကောက်ခံသွားမယ်နော်

26/11/2023

🙋GSEC ဖောင်ဒေး‌ရှင်းရဲ့ အဓိက ရည်ရွယ်ချက်က GSECမှ တပည့်အားလုံး လူထုအကျိုးပြုလုပ်ငန်းများ၊ အလှူအတန်းများကို senior ၊ junior မခွဲခြားဘဲ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ပြုလုပ်ရန်ဖြစ်ပါတယ်။
အခြေနေအရပ်ရပ်ကြောင့် ဖောင်ဒေးရှင်းရဲ့ funds ငွေကိုဘဲ လည်ပတ်နေခဲ့ရတာဖြစ်ပါတယ်။ နှစ်ကုန်ဖို့လဲနီးနေသလို မကြာမှီ အလှူအတန်းကိစ္စရပ်များလဲ ပြုလုပ်ဖို့ရာတွေ ရှိလာမှာဖြစ်လို့ အားလုံး စိတ်ဝင်တစားနဲ့ ပြုလုပ်ချင်သောအရာများကို အဖွဲ့အလိုက် တိုင်ပင်ပြီ အားလုံးပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ အကြီးတွေနဲ့ဘဲဆိုင်တယ် အငယ်တွေနဲ့မဆိုင်ဘူး အငယ်တွေနဲ့ဘဲဆိုင်တယ် အကြီးတွေနဲ့မဆိုင်ဘူး အဲလိုပုံစံတွေ မဟုတ်ဘဲ အားလုံးတပြေးညီ မခွဲခြားဘဲ ပါဝင်ဖို့က အဓိကပါ။ ဖောင်ဒေးရှင်း ရေရှည်တည်တံ့နိုင်ဖို့ဆိုတာ အားလုံးစည်းလုံးနေမှဖြစ်မှာမလို့ GSECမှတပည့်‌တွေ ဘယ်လောက်စည်းလုံးကြောင်း ပြကြရအောင်နော်..အသဲတို့ရေ ....💪❣️

17/10/2023

G.S.E.C ဖောင်ဒေးရှင်းမှ 30.5.2020 ရက်နေ့တွင် လှူဒါန်းထားသော ရေသန့်စက် ပျက်ယွင်းနေပါသဖြင့် ပြန်လည်ပြုပြင်ရာတွင်

မောင်မျိုးလှိုင်ဝင်း+မမာလာမြင့် =20000
မောင်မိုးမြင့်ဦး=130000
မောင်သက်ပိုင်ဦး=50000
မောင်ဟိန်းသူအောင်=50000
မောင်အောင်ကိုကို=50000
မောင်‌‌သက်ဖြိုးဝေ=50000
မနှင်းသဇင်းမိုး=100000
မောင်မျိုးမြင့်ဦးမှ လိုအပ်သေးသော ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

2023ခုနှစ်အတွက် အသင်းရန်ပုံငွေ ရှင်းတမ်းနှင့် ချေးငွေစာရင်း
13/05/2023

2023ခုနှစ်အတွက် အသင်းရန်ပုံငွေ ရှင်းတမ်းနှင့် ချေးငွေစာရင်း

2023ခုနှစ်အတွက် အလှူငွေစာရင်း
13/05/2023

2023ခုနှစ်အတွက် အလှူငွေစာရင်း

13/05/2023

အခြေအနေအမျိုးမျိုးကြောင့် fundsငွေကိစ္စများ မဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် ပြန်လည်ကောက်ခံခဲ့ပါသည်။
ပြန်လည်ကောက်ခံပြီ အစည်းဝေးဆုံးဖြတ်ချက်တွင် အသင်းသားမစုံသဖြင့် ဒီနှစ်အတွက် အလှူအတန်းကိစ္စ ပြုလုပ်ရန် အဆင်မပြေသောကြောင့် အသင်းရေရှည်ရပ်တည်နိုင်ရန် ရရှိသောfundsငွေများအား ပြန်လည် runနေရန် ဆုံးဖြတ်ခဲ့ပါသည်။

31/03/2023

GSEC. Foundation အစည်းအဝေးဖိတ်ကြားခြင််
အထက်အကြောင်းအရာနှင့်ပတ်သတ်၍
၁။အစည်းအဝေးစဥ်ဆက်မပြတ်ဖြစ်မြောက်ရန်
၂။စာရင်းရှင်းတမ်းပြုလုပ်ရန်
၃။Fundငွေအားပြန်လည် လည်ပတ်နိုင်ရန်
၄။ အစည်းအဝေးမှတ်တမ်းပြုလုပ်ရန်
အကြောင်းတို့ကြောင့်၄.၄.၂၃(အင်္ဂါနေ့ည)6:00နာရီတွင်GSEC Foundationတည်နေရာစာသင်ဇရပ်၌ နှစ်အလိုက်အသင်းသူအသင်းသားများမပျက်မကွက်တက်ရောက်ပေးကြပါရန် လေးစားစွာအသိပေးလိုက်ပါတယ်

GSEC

Address

Myingyan

Telephone

+959791125232

Website

Alerts

Be the first to know and let us send you an email when GSEC ဖောင်ဒေးရှင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to GSEC ဖောင်ဒေးရှင်း:

Share