05/04/2025
မြမေတ္တာ အောက်ဆီဂျင်စက်ရုံမှ ဂါလံ ၈၀၀ ဆံ့ရေကားဖြင့် တစ်အိမ် ဂါလံ ၅၀ နှုန်းဖြင့် ရေပေးဝေရန် စီစဉ်ထားပါတယ်ခင်ဗျာ။ မြမေတ္တာ အောက်ဆီဂျင်စက်ရုံ အနီးတစ်ဝိုက်မှစတင် ပေးဝေပါမည်ခင်ဗျာ။ မီးအား ရရှိမှုမလုံလောက်သည့်ကာလအတွင်း နေ့စဉ်ရေလှူဒါန်းသွားပါမည်ခင်ဗျာ။ ရေသယ်ယဉ် သွားရောက်နိုင်သော မည်သည့် ရပ်ကွပ်ကိုမဆို လာရောက်လှူဒါန်းပေးပါမည်ခင်ဗျာ။ လိုအပ်သူများ / ရပ်ကွပ်များ နေရာနှင့်တကွ ဆက်သွယ်ပေးကြပါရန်။