22/08/2022
𝟖 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐑𝐮𝐥𝐞𝐬 𝐭𝐨 𝐑𝐞𝐦𝐞𝐦𝐛𝐞𝐫
မှတ်ထားသင့်ရေ အင်္ဂလိပ်သဒ္ဒါစည်းမျဥ်း ၈ ခု
━━━━━━━━━━━━━━━━━━━━━━━
▪ ဘာသာစကားအသစ်တစ်ခုကို သင်ယူရေအခါ အခက်ခဲဆုံးအရာတစ်ခုက Grammar (သဒ္ဒါ) စည်းမျဉ်းတိကို သင်ယူနီရစော်ဖြိုက်ပါရေ။ အင်္ဂလိပ်သဒ္ဒါစော် အခြား ဘာသာစကားတိနဲ့ နှိုင်းယှဉ်လိုက်ကေ လွယ်ရေပိုင်မြင်ရကေလေ့ တဖဲ့ချေမှားစော်နဲ့တောင် ကိုယ်ပြောချင်ရေ ဆိုလိုရင်း အဓိပ္ပါယ်ပြောင်းလားနိုင်ပါရေ။ ယင်းနဲ့ အင်္ဂလိပ်ပိုင်ပြောရေအခါ၊ ရေးရေအခါ မှတ်ထားသင့်ရေ အရေးကြီးရေ စည်းမျဉ်းတချို့ကို ဖော်ပြပီးလိုက်ပါရယ်။
1. Adjectives and adverbs
နာမဝိသေသနနဲ့ ကြိယာဝိသေသနတိ
❐ Adjective နဲ့ Adverb တိကို မှန်မှန်ကန်ကန်နဲ့ သေချာသုံးသင့်ပါရေ။ Adjective တိစော် လူ (သို့) အရာဝတ္ထုတိကို ဖော်ပြခြင်း၊ ခွဲခြားသတ်မှတ်ခြင်းနဲ့ အရေအတွက်တိကို တိုင်းတာရေအခါ အသုံးပြုကတ်ပါရေ။
❐ များသောအားဖြင့် Noun ရဲ့ အဟိမှာ ရှိတတ်ပါရယ်။ Noun စော် အများကိန်း (Plural) ဖြစ်နီကေ့လေ့ Adjective စော် ပြောင်းလဲမှု မရှိပါ။
❐ Adverb တိကျကေ Verb၊ Adjective တိနဲ့ အခြား Adverb တိကို ဝိသေသန (Modify) ပြုပီး ပီးကေ များသောအားဖြင့် Verb နောက်မှ လာတတ်ကတ်ပါရေ။
For example:
He’s a slow driver. (adjective)
သူစော် ကောင်းနှေးရေ ဒရိုင်ဘာ ၁ ယောက်။
He drives slowly. (adverb)
သူစော် ဖြေးဖြေးချေရာ မောင်းရေ။
❐ တော်တော်များများ Adverb တိစော် Adjective နောက်မှာ -ly ထည့်ပီးလိုက်ကေ ရပါရာ။ ယကေလေ့ တချို့ Adverb တိကျကေ Adjective နဲ့ စာလုံးပေါင်း အတူတူလေ့ဖြိုက်နိုင်ပိုင် လုံးဝလေ့စာလုံးပေါင်းပြောင်းလားနိုင်ပါရေ။
For example:
fast (adjective) – fast (adverb)
hard (adjective) – hard (adverb)
good (adjective) – well (adverb)
E.g. Your English is good. You speak English well.
မင်းအင်္ဂလိပ်စာကောင်းထော။ သေချာပြောတတ်တေ။
2. Pay attention to homophones
သံတူ အရေးကွဲ၊ အနက်ကွဲ စကားလုံးတိကို သတိထားပါ
❐ Homophone ဆိုစော် အသံထွက်တူပြီးကေ အရေးရော အဓိပ္ပါယ်ရော ကွဲရေ စာလုံးတိဖြိုက်ပါရေ။ သူရို့စော် နားလည်မှု လွဲဖို့လွယ်ကူပြီးကေ ယင်းပိုင်စကားလုံးတိတော်တော်များများ အင်္ဂလိပ်စာမှာ ရှိပါရယ်။
For example:
son (သား) – sun (နေ)
I (ငါ) – eye (မျက်စိ)
here (အေမှာ) – hear (ကြားရေ)
break (ချိုးပလိုက်ရေ) – brake (ဘရိတ်အုပ်ရေ)
flower (ပန်း) – flour (ဂျုံမှုန့်)
❐ ယင်းနဲ့ စာရေးရေအခါ မှန်ကန်ရေ စာလုံးပေါင်းကို ရွေးချယ်ဖို့ သတိထားရပါဖို့။ နားထောင်ရေအခါမှာလေ့ ကိုယ်နားလည်ရေလို့ထင်ရေ စကားလုံးတစ်လုံးစော် အခြားအဓိပ္ပါယ်တိ ရှိနိုင်စော်ကို သတိရပါနန်း။ အကြောင်းအရာထဲက ဆိုလိုရေအဓိပ္ပါယ်အမှန်ကို နားလည်အောင်ကြိုးစားပါ။
3. Use the correct conjugation of the verb
မှန်ကန်ရေ ကြိယာသဏ္ဌာန်ပုံစံကို အသုံးပြုပါ
❐ Conjugation စော် Verb ကို tense (present, past, future)၊ mood နဲ့ person စရေ နေရာတိနဲ့ လိုက်ပြီးကေ ပြောင်းလဲပီးရေ အရာဖြိုက်ပါရေ။
❐ Subject နဲ့ လိုက်ပြီးကေ Verb ကိုပြောင်းဖို့မမေ့ပါကေ့။ Verb ကိုပြောင်းရေအခါသတိထားရဖို့ Subject တိကတော့ he၊ she နဲ့ it ပဲဖြိုက်ပါရေ။ ဇာဖို့လို့လဲဆိုကေ သူရို့စော် တခြားစော်တိနဲ့ မတူရေ ဖွဲ့စည်းပုံရှိလို့ပါ။
For example:
She has two cats. (မှန်)
She have two cats. (မှား)
သူမာ ကြောင် ၂ ကောင်ရှိရေ။
❐ အေပိုင်စော်မျိုး တော်တော်များများ မှားတတ်ကတ်ပါရေ။ He doesn’t know ကို He don’t know လို့သုံးစော်မျိုး၊ Mg Mg eats အစား Mg Mg eat လို့ သုံးစော်မျိုး စစော်တိကို တွေ့ရပါရေ။
❐ အေချင့်စော် တစ်ခုလေ့မဟုတ်တေ အမှားတစ်ခုလို့ ထင်ရကေလေ့ သိသာထင်ရှားရေ အမှားတစ်ခုပါ။ အေချင့်ကိုရာသတိထားပြီးကေ ပြင်နိုင်ရေ ကိုယ့်အသုံးအနှုန်းတိ ဇာလောက် တိကျပြီးကေ ကွဲပြားခြားနားလားခလေဆိုစော် တွိ့ရဖို့ဖြိုက်ပါရေ။
❐ ‘There is/are’ ကို သုံးရေအခါလည်း သတိထားသင့်ပါရေ။ Verb စော် အဟိ့က ဖော်ပြရေ အရာဝတ္ထု အနည်းအများပေါ်မှာရာ မူတည်ပါရယ်။
For example:
There is a sofa, some chairs and a table. (အဟိ့မှာ ဆိုဖာ ၁ ခု ဖြိုက်လို့ is သုံး)
There are some chairs, a table and a sofa. (ထိုင်ခုံ အများဖြိုက်လို့ are သုံး)
4. Connect your ideas with conjunctions
စိတ်ကူး၊ ထင်မြင်ချက်တိကို စကားဆက်တိနဲ့ ချိတ်ဆက်ပါ
❐ အယူအဆ နှစ်ခု (သို့) စကားစုတိုတိကို ချိတ်ဆက်ချင်ကေ စကားဆက် တစ်ခုကို အသုံးပြုပြီးကေ ပြုလုပ်နိုင်ပါရယ်။
For example,
I’m studying English. English is important. ကို I’m studying English because it’s important. ဆိုပြီးကေ ချိတ်ဆက်ပြီးရေးသားနိုင်ပါရေ။
အင်္ဂလိပ်စာစော် အရေးကြီးရေအတွက်နဲ့ ငါသင်နေရေ။
အသုံးအများဆုံး စကားဆက်တိဆက်တိ:
and – ဖြည့်စွက်ချက်
because – အကြောင်းပြချက်ပေး
but – ဆန့်ကျင်ဘက်ဖော်ပြပေး
so – အကျိုးဆက်ကိုဖော်ပြ
or – အခြားရွေးချယ်စရာတစ်ခုကို ဖော်ပြ
အခြား ဥပမာတိ:
▫️He likes football and he plays in a team.
သူဘောလုံးကိုကြိုက်လို့ အဖွဲ့ထဲမှာဝင်ကျောက်နီရေ။
▫️We’re going out because we’re bored.
ငါရို့ပျင်းလို့ အပြင်ထွက်ဖို့လားဖို့။
▫️She wants to study more but she doesn’t have time.
သူအပိုထပ်သင်ချင်ကေလေ့ အချိန်မရလို့မသင်ရ။
▫️Su Su is coming round so I’m cleaning my flat.
စုစုလားဖို့ဖြိုက်တေအတွက်နဲ့ ငါတိုက်ခန်းကို ရှင်းနီရေ။
▫️Would you like tea or coffee?
ကော်ဖီလာ၊ လက်ဖက်ရည်လား။ ဇာသောက်ဖို့လဲ?
5. Sentence construction
ဝါကျတည်ဆောက်ပုံပုံ
❐ ပုံမှန်အားဖြင့် ဝါကျကို ကောင်းအရှည်ကြီး မရေးတတ်ကတ်ပါ။ ယင်းနဲ့ ရှုပ်ထွေးရေ စာကြောင်း အရှည်ကြီး ရေးရဖို့စော်ကို စိုးရိမ်ဖို့မလိုပါ။ ဝါကျကို clauses (subject + verb + object) တိနဲ့ရာ တည်ဆောက်ထားပြီးကေ အရှည်ရေးဖို့လိုအပ်ကေ အထက်မှာပိုင် Conjunction သုံးပြီးကေ ရေးနိုင်ပါရယ်။
❐ ဝါကျကို ပိုရှင်းချင်ရေ comma ထည့်နိုင်ပါသိမ့်ရယ်။ Comma တိစော် စာပိုဒ်တစ်ပိုဒ် အဆုံးသတ်နဲ့ နောက်တစ်ခုဇာနေရာမှာ စလေဆိုစော်ကို စာဖတ်ရေလူ ပိုနားလည်ဖို့ ကူညီပီးပါရယ်။
Comma ထည့်သင့်ရေ နေရာတိကတော့ -
Clauses နှစ်ခုကြား။
E.g. If the weather is nice tomorrow, we’re going to the park.
တကယ်လို့ နက်ဖန် ရာသီသာယာကေ ငါရို့ ပန်းခြံလားဖို့။
စာရင်းမှာရှိရေအရာတိကို ခွဲခြားရေအခါ။
E.g. Our kids like swimming, skiing, running and cycling.
ငါ့အချေတိစော် ရေကူးစော်၊ နှင်းလျှော်စီးစော်၊ ပြေးစော်နဲ့ စက်သီးစီးစော်ကို သဘောကျကတ်တေ။
တချို့ conjunctions တိပြီးရေအခါ။
E.g. Our holiday was great and the hotel was wonderful. However, the weather was awful.
ငါရို့ အားလပ်ရက်ကကောင်းရေဝါ။ ဟော်တယ်လေ့မိုက်တယ်။ ယကေလေ့ ရာသီဥတုကကောင်းဆိုးရေ။
ဝါကျအလယ်မှာ အပိုအချက်အလက်တိထည့်ရေအခါ။ (a non-defining clause).
E.g. My neighbor, who’s from Kyauktaw, is really good at cooking.
ငါ့ကျောက်တော်မြို့က အိမ်နီးချင်းက ကောင်းဟင်းချက်ဖို့ကျွမ်းရေ။
◾️ပြီးကေ ဝါကျတစ်ခုစတိုင်း capital letter (စာလုံးကြီး) နဲ့ ရေးဖို့မမေ့ပါကေ့နန်း။
6. Use the right past form of verbs
Past tense ကို မှန်မှန်ကန်ကန် သုံးပါ
❐ အတိတ်ကအကြောင်းတိကို အင်္ဂလိပ်ပိုင်ပြောဖို့က ကောင်းတော့မခက်ပါ။ Verb တော်တော်များများနောက်မှာ ed ထည့်လိုက်ကေရကေဆိုကေလေ့ စာလုံးလုံးဝပြောင်းလဲလားခစော်တိလေ့ရှိပါရေ။
❐ ယင်းပိုင်စော်ကို Irregular verb လို့ခေါ်ပါရေ။ -ed ထည့်ရုံနဲ့ရစော်က regular verb ပါ။ Irregular verb အားလုံးကို သိဖို့မလို့ကေလေ့ အသုံးများရေ စကားလုံး တချို့ကိုတော့ အလွတ်မှတ်ထားသင့်ပါရယ်။
For example,
Go – went
Have – had
Make – made
For example,
We went to the cinema last Saturday.
စနေနေ့က ရုပ်ရှင်ရုံလားခိရေ။
They had a party to celebrate Tom’s birthday.
ငါရို့တွမ် မွေးနေ့ပါတီကို ဆင်နွဲရဖို့သိ။
I made a cake this morning.
ငါမိုးထက်က ကိတ်မုန့်လုပ်ခရေ။
7. Get familiar with the main English verb tenses
English verb tenses တိနဲ့ ရင်းနှီးအောင်လုပ်ပါ
❐ အင်္ဂလိပ်စာကို အဂုမှစလေ့လာစော်ဆိုကေတော့ Tenses အားလုံးကို မသိနိုင်သိမ့်ပါ။ ယင်းနဲ့ ပထမဆုံးအနေနဲ့ အသုံးများရေ Tenses လေး၊ ငါးခုကို အကျွမ်းတဝင်ရှိအောင် အယင်အာရုံစိုက်ပါ။
အဓိကလေ့လာသင့်စော်တိ:
Present simple – အလေ့အကျင့်များနှင့် အမြဲတမ်းအခြေအနေတိကို ဖော်ပြရန်။
E.g. We live in New York.
ငါရို့ နယူးယော့ခ်မှာ နေကတ်တေ။
Present continuous – လက်ဟိ့အခြေအနေတိနဲ့ အနာဂတ်အစီအစဉ်တိကို ဖော်ပြရန်။
E.g. I’m meeting John later.
ဂျွန်ကိုနောက်မှ တွိ့ဖို့ရာ။
Past simple – ပြီးခရေ လုပ်ဆောင်ချက်တိကို ဖော်ပြရန်။
E.g. They arrived at 3 p.m.
သူရို့ ၃ နာရီခါရောက်တေ။
Present perfect –လက်ဟိ့ကာလနဲ့ဆက်စပ်နေရေ အတိတ်က လုပ်ဆောင်ချက်တိကို ဖော်ပြရန်။
E.g. We’ve finished the reports.
ငါရို့ အစီရင်ခံစာတင်စော် ပြီးခယာ။
Future – အနာဂတ်လုပ်ဆောင်ချက်တိကိုဖော်ပြရန်။
E.g. I’ll meet you in front of the conference center.
ငါမင်းကို ညီလာခံစင်တာအဟိ့မှာ တွိ့မေ။
8. Never use a double negative
အနှုတ်နှစ်ထပ်ကို လုံးဝ မသုံးပါကေ့
❐ အင်္ဂလိပ်စာမှာ အနှုတ်သဘောဆောင်ရေ ထင်မြင်ချက်ကို ဖော်ပြဖို့ နည်းလမ်းနှစ်မျိုးရှိပါရယ်။
တကယ်လို့ အခန်းထဲမှာ တစ်ခုလေ့မရှိလို့ ပြောချင်ကေ:
There is nothing in the room. (Or)
There isn’t anything in the room.
❐ ‘Nothing’ နဲ့ ‘anything’ ဆိုရေ စာလုံး ၂ လုံးစော် အဓိပ္ပါယ်တတူပါယာ။ ယကေလေ့ ‘nothing’ ကို အပေါင်းလက္ခဏာ (affirmative verb) ဆောင်ရေနေရာမှာ သုံးပြီးကေ ‘anything’ ကို အနှုတ်လက္ခဏာ (negative verb) ဆောင်ရေနေရာမှာသုံးပါရယ်။
ယင်းပိုင်ပြောင်းသုံးရေ အခြားစာလုံးတိ -
𝗔𝗳𝗳𝗶𝗿𝗺𝗮𝘁𝗶𝘃𝗲 – 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲
nothing – anything
nobody – anybody
none – any
never - ever
❐ အတွေ့အကြုံအကြောင်းပြောရေအခါ 'never' ဆိုရေ စကားလုံးကို သုံးနိုင်ပါရေ။
ဥပမာ -
He’s never been to the U.S. (or)
He hasn’t ever been to the U.S.
သူ U.S ကိုတစ်ခါလေ့မရောက်ဖူး။
❐ ယင်းစာကြောင်း ၂ ကြောင်း အဓိပ္ပါယ်က အတူတူပါ။ ယကေလေ့ ဒုတိယဝါကျမှာ ever စော် Positive ပုံစံဖြိုက်လို့ Verb ကို အနှုတ်လက္ခဏာပုံစံနဲ့ရေးထားစော်ဖြိုက်ပါရယ်။
━━━━━━━━━━━━━━━━━━━━━━━
¶ အဂုဖော်ပြခရေ grammar rule တိကို သင်ယူတတ်ကျွမ်းဖို့က အချိန်ပေးပီးကေ လေ့ကျင့်ရပါဖို့။ ယင်းနဲ့ စိတ်ရှည်ရှည်ထားပြီးကေ မသိနားမလည်စော်တိကို နားလည်ရေ ဆရာ၊ သူငယ်ချင်းတိကိုမေးပါ။
¶ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ဆက်ပြီးကေ လေ့လာလားပါ။ အေချင့်ကို အေမှာရပ်လိုက်ပါဖို့ရာနန်း။ ဖတ်ပီးစော် ကျေးဇူးတင်ပါရယ်။
Source: Wall Street English, Ginger, Grammar Monster