01/06/2026
“စိမ်းလန်းသော အာရက္ခပြည် ( Green Arakkha) စီမံကိန်းအတွက် အာရက္ခပြည်သူ့လှုပ်ရှားမှု ကိုအေနိစတင်ကတ်ပါမယ်”
အာရက္ခပြည် စိမ်းလန်းသာယာဖို့အတွက်၊ နီဖို့ကောင်းရေ နီရာတခုဖြစ်ဖို့အတွက် ငါရို့အတူတူဖန်တီး တည်ဆောက်ဖို့လိုအပ်ပါရေ။ အေပြည်သူ့လှုပ်ရှားမှုအတွက် တစ်ဦးတစ်ယောက်ချင်းစီ တာဝန်ယူကတ်ပါမယ်။ ပထမအဆင့်အနီနန့် ကိုယ့်အိမ်နားမှာ ကိုယ့်ခြံထဲကိုယ့်မိသားစုက စိုက်ကတ်ပါမယ်။ ဒုတိယအဆင့်က ကိုယ့်ရပ်ရွာမှာစည်းစည်းလုံးလုံးနန့် လူငယ်တိကဦးဆောင်ပြီးကေ စိုက်ကတ်ပါမယ်။ တတိယအဆင့် ပါတီ၊ အစိုးရနန့် ဌာနဆိုင်ရာအားလုံး ပူးပေါင်းပြီးကေ စိုက်ကတ်ပါမယ်။ စိုက်ထားပြီးအပင်တိကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်ပြီးကေ ပြုစုစောင့်ရှောက်ကတ်ပါမယ်။ ကိုယ့်တိုင်းကိုယ့်ပြည်အတွက် ကရို့သည်သာ ဖန်တီးရှင်တိဖြစ်ပါရေ။
Original: https://www.facebook.com/share/p/1D6CVcWKjm/?mibextid=wwXIfr