စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီ

  • Home
  • Myanmar
  • Monywa
  • စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီ

စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီ ရုံးဖုန်း ၊ 09797762021, 09256155576
ပြန်ကြားရေး ဖု?

စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မစကူးလ်ကော်မတီဥက္ကဌ မုံရွာမြို့၊ ရန်ကင်းပရိယတ္တိစာသင်တိုက်၊ ရွေတောင်ဦးတိပိဋကဓမ္မပါလမဟာဝိဟာရကျေ...
07/04/2026

စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မစကူးလ်ကော်မတီဥက္ကဌ မုံရွာမြို့၊ ရန်ကင်းပရိယတ္တိစာသင်တိုက်၊ ရွေတောင်ဦးတိပိဋကဓမ္မပါလမဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသ(ဒွိပိဋကဓရ-ဒွိပိဋကကောဝိဒ- အဂ္ဂမဟာဂန္ထဝါစက-အဂ္ဂမဟာပဏ္ဍိတ) ၏ လွန်တော်မူခြင်း (၁)နှစ်ပြည့်အခမ်းအနား

 #ဓမ္မစကူးလ်ဝတ်စုံ၏ထူးခြားချက်များ🌷🌷🌷🌷🌷🌷၁။ သန့်ရှင်းသပ်ရပ်မှုကို ဖော်ဆောင်သည်• အဖြူရောင် သည် သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်...
18/03/2026

#ဓမ္မစကူးလ်ဝတ်စုံ၏ထူးခြားချက်များ
🌷🌷🌷🌷🌷🌷

၁။ သန့်ရှင်းသပ်ရပ်မှုကို ဖော်ဆောင်သည်
• အဖြူရောင် သည် သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်း၊ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုသည်။
• အညိုရောင် သည် ရိုးရှင်းခြင်း၊ တည်ငြိမ်ခြင်း၊ ယဉ်ကျေးခြင်းကို ထင်ဟပ်စေသည်။
• ထို့ကြောင့် ဓမ္မစကူးလ်ဝတ်စုံသည် မြင်သူတိုင်းအား တည်ကြည်သန့်ရှင်းသော သာသနာ့အလှ ကို ခံစားစေသည်။
၂။ စည်းကမ်းနှင့် အညီညွတ်မှုကို ပြသသည်
• ဆရာ/မများနှင့် ကျောင်းသားအားလုံး ဝတ်စုံတူတူ ဝတ်ဆင်ခြင်းကြောင့်
စည်းကမ်းရှိမှု၊ အုပ်စုလိုက်ညီညွတ်မှု၊ စနစ်တကျရှိမှု ကို ဖော်ပြပေးသည်။
• “ငါ–သူ” မခွဲဘဲ တန်းတူညီမျှသော စိတ်ဓာတ် ကိုလည်း တိုးပွားစေသည်။
၃။ ဓမ္မကျောင်းသား၏ အမှတ်အသားဖြစ်သည်
• အဖြူအညိုဝတ်စုံကို မြင်ရုံနဲ့
“ဓမ္မစကူးလ် ဆရာ/မ/ ကျောင်းသား/ကျောင်းသူ” ဟု ချက်ချင်း သိသာစေသည်။
• ထိုအမှတ်အသားက ကလေးများကို
ကိုယ်တိုင်လည်း ဂုဏ်ယူစိတ် ဖြစ်စေပြီး၊ တာဝန်သိစိတ် ပိုမိုတိုးစေသည်။
၄။ ရိုးသားယဉ်ကျေးသော စိတ်ဓာတ်ကို မွေးမြူပေးသည်
• ဓမ္မစကူးလ်၏ ရည်ရွယ်ချက်မှာ ပညာပေးရုံမက
ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ သီလစောင့်ထိန်းမှု ကိုလည်း လေ့ကျင့်ပေးခြင်းဖြစ်သည်။
• အဖြူအညိုဝတ်စုံသည်
ဖက်ရှင်ပြိုင်မှု မရှိဘဲ ရိုးရိုးရှင်းရှင်းနေတတ်သော အလေ့အကျင့် ကို ပျိုးထောင်ပေးသည်။
၅။ သာသနာနှင့် နီးကပ်သော အမြင်ကို ပေးသည်
• ဗုဒ္ဓဘာသာယဉ်ကျေးမှုတွင်
ရိုးရှင်းမှု၊ လေးနက်မှု၊ သန့်ရှင်းမှု သည် အရေးကြီးသည်။
• အဖြူအညိုဝတ်စုံသည်
ဓမ္မဘက်ကို ဦးတည်သော စိတ်အခြေအနေ ကို ဖန်တီးပေးပြီး
ကလေးများကို ဘုရားတရားသံဃာအပေါ် လေးစားစိတ် ပိုမိုတိုးစေသည်။
၆။ မိဘနှင့် ဆရာများအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်သည်
• ကလေးများကို ဓမ္မစကူးလ်ဝတ်စုံဖြင့် မြင်ရသောအခါ
မိဘများအတွက် အားရဂုဏ်ယူဖွယ်,
ဆရာ/ဆရာမများအတွက် သာသနာ့အနာဂတ်ကို မြင်ရသကဲ့သို့ ဖြစ်စေသည်။
• ၎င်းသည် မိသားစုအတွင်း ဘာသာရေးတန်ဖိုးထားမှု ကိုလည်း တိုးစေသည်။
၇။ ဓမ္မသင်ယူရာတွင် စိတ်ကို စုစည်းစေသည်
• ပျော်ပွဲစားဝတ်စုံမဟုတ်ဘဲ ဓမ္မစကူးလ်ဝတ်စုံဝတ်လိုက်သည့်အခါ
ကလေးများအနေဖြင့်
“ဒီနေ့ ဓမ္မသင်မယ့်နေ့” ဟု စိတ်အတွင်း ပြင်ဆင်ထားနိုင်သည်။
• ထို့ကြောင့် အာရုံစိုက်မှု ပိုကောင်းလာပြီး၊ လေးစားမှုရှိသော သင်ယူပတ်ဝန်းကျင် ဖြစ်ပေါ်စေသည်။
________________________________________
အကျဉ်းချုပ် (လှလှပပ စာတို)
ဓမ္မစကူးလ်၏ အဖြူအညိုဝတ်စုံသည်
သန့်ရှင်းမှု၊ ရိုးရှင်းမှု၊ စည်းကမ်းရှိမှု၊ ညီညွတ်မှုတို့ကို ကိုယ်စားပြုသကဲ့သို့
ဓမ္မကျောင်းသား၏ ဂုဏ်သိက္ခာနှင့် သာသနာ့အမွေအနှစ်ကိုလည်း ဖော်ဆောင်ပေးသော
အဓိပ္ပါယ်ပြည့်ဝသည့် ဝတ်စုံတစ်ရပ်ဖြစ်ပါသည်။
________________________________________

ဓမ္မစကူးလ် အဖြူအညိုဝတ်စုံသည်
ရိုးရှင်းမှုကို မျက်နှာမူ၍
သန့်ရှင်းမှုကို ထင်ဟပ်ကာ
စည်းကမ်း၊ ညီညွတ်မှု၊ သာသနာ့ဂုဏ်သိက္ခာတို့ကို ဖော်ဆောင်ပေးသော
အဓိပ္ပါယ်ပြည့်ဝသည့် ဝတ်စုံလည်း ဖြစ်ပါသည်။

#ဓမ္မစကူးလ် အအရှင် ဇောတိ

ဓမ္မစကူးလ်ဖောင်ဒေးရှင်းတည်ထောငမခြင်း ဆယ့်လေးနှစ်ပြည့်အထိမ်းအမှတ်ပင့်လျှောက်လွှာ၁၃၈၇ ခု၊ တပေါင်းလပြည့်ကျော်(၁၂)ရက်{14-3-2...
26/02/2026

ဓမ္မစကူးလ်ဖောင်ဒေးရှင်းတည်ထောငမခြင်း ဆယ့်လေးနှစ်ပြည့်
အထိမ်းအမှတ်
ပင့်လျှောက်လွှာ
၁၃၈၇ ခု၊ တပေါင်းလပြည့်ကျော်(၁၂)ရက်
{14-3-2026} စနေနေ့
နေရာ-ဇမ္ဗူသီရိဓမ္မဗိမာန်၊ မရမ်းကုန်းမြို့နယ်

နှမြောတသ အထူး ဝမ်းနည်းကြေကွဲခြင်း-----------------------------------------------------စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့န...
25/01/2026

နှမြောတသ အထူး ဝမ်းနည်းကြေကွဲခြင်း
-----------------------------------------------------
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မုံကြိုင်းကျေးရွာ၊ #ပညာပါရမီဓမ္မစကူးလ် ၏ ဆရာမ
ဒေါ်ငယ်ငယ်ထက် အသက်(၃၃)နှစ်သည် ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း(၇)ရက်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်၊ စနေနေ့နေ့ ညနေအချိန်တွင်
တစ်ဘဝခန္ဓာချုပ်ငြိမ်း ကွယ်လွန်သွားကြောင်း ကြားသိရ၍ စစ်ကိုင်းတိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီ မိသားစုများအနေဖြင့် ကျန်ရစ်ကြသူ မိသားစုများနှင့် ထပ်တူထပ်မျှ အထူး ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း.......

------------စစ်ကိုင်းတိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီ------------

[["သူငါအားလုံး၊ ချုပ်ပျောက်သုံး၊
နောက်ဆုံးရောက်က သေရမည်။
မြတ်တရားသာ၊ အားကိုးရာ၊
ကောင်းရာသုဂတိ နိဗ္ဗာန်ပြည်။"

#ဓမ္မစကူးလ်

#ပညာပါရမီဓမ္မစကူးလ်
#စစ်ကိုင်းတိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီ

12/01/2026
ဦးကြီးသာလှ ရှာနေတဲ့ဓမ္မစကူးလ်-ဆရာမ ဒေါ်စီစီအေ*********************************👉 ဆရာမ ဒေါ်စီစီအေနဲ့ တွေ့ချင်လို့ပါ ဆိုပြီ...
09/01/2026

ဦးကြီးသာလှ ရှာနေတဲ့
ဓမ္မစကူးလ်-ဆရာမ ဒေါ်စီစီအေ
*********************************

👉 ဆရာမ ဒေါ်စီစီအေနဲ့ တွေ့ချင်လို့ပါ ဆိုပြီး
တွေ့ခွင့်တောင်းလာသူကတော့ ဓမ္မစကူးလ် စတုတ္တတန်းမှာ
စာသင်ကြားနေတဲ့ သမီးလေး-ပိုးဥရဲ့ အဖေဖြစ်သူ
ဦးကြီး-သာလှ ပဲ ဖြစ်ပါတယ်။

🙏 မင်္ဂလာပါ ဦးကြီးရေ..
ဒီကျောင်းမှာ ဆရာမဒေါ်စီစီအေ ဆိုတာ မရှိပါဘူးရှင့်။
ဦးကြီး နာမည်များ အမှတ်မှားလို့လားရှင် ဆိုပြီး
ရှင်းပြလိုက်သူကတော့ ဓမ္မစကူးလ်ဆရာမလေး မသီတာပါ။

🧓 ဦးကြီးသာလှ - ခုတစ်လော သမီးလေးရဲ့အတွေး
လေးတွေ ပြောင်းလဲလာတယ် ဆရာမ၊
လိမ္မာပြီး မိဘတွေအပေါ် ပိုသိတတ်လာတယ်။
မောင်နှမတွေအပေါ်လည်း အရင်ကထက်
ပိုကြင်နာလာတယ်။
ပြီးတော့ လူကြောက်တတ်တဲ့သမီးလေး ရဲရဲရင့်ရင့်နဲ့
ထက်ထက်မြက်မြက်လေး ဖြစ်လာတယ်။
သမီးလေးပြောတာတော့ သူတို့တွေကို
စီစီအေနဲ့ သင်ပေးလို့ တဲ့။
အဲဒါကြောင့် ဒေါ်စီစီအေကို ကျေးဇူးတင်ကြောင်း
လာပြောတာပါ ဆရာမ။

👩 ဆရာမသီတာ - စီစီအေဆိုတာ ဆရာမနာမည်
မဟုတ်ပါဘူး ဦးကြီးရေ။
သမားရိုးကျ ဆရာမှ တပည့်ကို စာသင်ကြားနည်း
မဟုတ်တော့ဘဲ ကလေးတွေကို ဗဟိုပြုပြီး သင်ကြားတဲ့
နည်းစနစ် CCA (Child Centered Approach) ကို
ပြောတာပါရှင်။

အဲ့ဒီထဲက သင်ကြားနည်းအချို့ကို ပြောရမယ် ဆိုရင်တော့ 👇
✔ ကလေးတွေ စိတ်ဝင်စားတဲ့ ရုပ်ပုံ၊ ပုံပြင်တွေနဲ့ သင်ကြားခြင်း (Story-Telling Method)
✔ ကလေးတွေကိုယ်တိုင် ပူးပေါင်းပါဝင်စေဖို့ သရုပ်ပြ သင်ကြားခြင်း (Role Playing Method)
✔ ပြဿနာတွေကို ဆွေးနွေး အဖြေရှာစေတဲ့နည်းနဲ့ သင်ကြားခြင်း (Problem Solving Method)
✔ ကိုယ့်အမြင် သူ့အမြင်ကို ယဉ်ကျေးစွာနဲ့ ဖော်ထုတ်နည်းနဲ့ သင်ကြားခြင်း (Debate Method)
✔ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်စေတဲ့နည်းနဲ့ သင်ကြားခြင်း (Teamwork Method)
✔ လက်ရှိ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး သင်ကြားခြင်း (Experiential Learning Method)
✔ တွေး-တွဲ-မျှဝေသင်နည်းဖြင့် သင်ကြားခြင်း (Think-Pair-Share Method )

မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို အဲဒီလို သင်ကြားနည်းတွေနဲ့
ပေါင်းစပ်ပြီး သင်ကြားပေးနေတာ ဆိုတော့ ဦးကြီးတို့ရဲ့
ကလေးတွေက လိမ္မာယဉ်ကျေးပြီး တွေးတောဆင်ခြင်
နိုင်စွမ်းတွေ တိုးတက်လာသလို ရဲရင့်တက်ကြွပြီး
နှလုံးလှတဲ့ ကလေးတွေ ဖြစ်လာရတာပါ။ 🙏

ဒါကြောင့် လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြက်တဲ့
လူတော်လူကောင်းလေးတွေ ဖြစ်စေချင်တယ် ဆိုရင်တော့
အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်နေတဲ့ မြတ်ဗုဒ္ဓရဲ့
အဆုံးအမတွေကို နိုင်ငံတကာသင်ကြားနည်းစနစ်
CCA နည်းပညာနဲ့ သင်ကြားပေးနေတဲ့ ဓမ္မစကူးလ်
ကျောင်းတော်ကို မိတ်ဆွေတို့ရဲ့ကလေးငယ်တွေကို
ပို့ပေးကြဖို့ တိုက်တွန်းပါရစေရှင်။

Credit to;

#ဓမ္မစကူးလ်

ပညာပြည့်ဝ နှလုံးလှဖို့
ဓမ္မအမွေ ဖြန့်ဝေစို့

 # ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟို ဥက္ကဋ္ဌ သမဏအာဇာနည်ဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ အား နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆ...
04/01/2026

# ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟို ဥက္ကဋ္ဌ သမဏအာဇာနည်ဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ အား နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရကြောင်း ကြားသိရ၍ ဓမ္မစကူးလ်းဖောင်ဒေးရှင်း ဗဟို မိသားစုများနှင့် နိုင်ငံတစ်ဝှမ်းရှိ ဓမ္မစကူးလ် မိသားစုအားလုံးက ~~~
ဂုဏ်ယူဝမ်းမြောက် ချီးမြှောက်ထောပနာ အစဉ်ပူဇော်ပါ၏ ဆရာတော် အရှင်သူမြတ်ဘုရား••••••

 # နှစ်ဦးမေတ္တာ ပိုသလွှာ*သမဏ အာဇာနည်-အရှင်သိရီကဥ္စနာဘိဝံသ---------------------------------------------------  ဓမ္မစကူးလ်...
02/01/2026

# နှစ်ဦးမေတ္တာ ပိုသလွှာ
*သမဏ အာဇာနည်-အရှင်သိရီကဥ္စနာဘိဝံသ
---------------------------------------------------
ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌသမဏ အာဇာနည် - အရှင်သိရီကဥ္စနာဘိဝံသ၏" နှစ်ဦး‌မေတ္တာ ပို့သလွှာ"

ဓမ္မစကူးလ်ဆရာမ တစ်‌ယောက်တွင် ရှိရမည့် အရည်အချင်း (၈) မျိုး****************************ဘာသာရေးဆရာတစ်ယောက် ပြည့်စုံရမည့်အခ...
29/12/2025

ဓမ္မစကူးလ်ဆရာမ တစ်‌ယောက်တွင် ရှိရမည့် အရည်အချင်း (၈) မျိုး
****************************

ဘာသာရေးဆရာတစ်ယောက် ပြည့်စုံရမည့်အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်...
________________________________________
၁။ ဘာသာရေးဗဟုသုတနှင့် အမြင်မှန်ကန်မှု
• ကိုယ်သင်ကြားမည့် ဘာသာရေး၏ အခြေခံသဘောတရားများကို မှန်ကန်စွာ နားလည်ထားခြင်း
• သာသနာ့စာပေ၊ သမိုင်း၊ အကျင့်ပညာတို့ကို သိရှိနားလည်ခြင်း
• အယူအဆအမှန်/ အမှားများကို ခွဲခြားနားလည်နိုင်ခြင်း
________________________________________
၂။ ကိုယ်ကျင့်တရားနှင့် စံပြဖြစ်နိုင်မှု
• ကိုယ်ပြုကိုယ်ပြော အကျင့်စာရိတ္တကောင်းမွန်ခြင်း
• သင်ကြားသော အကြောင်းအရာများကို ကိုယ်တိုင် လိုက်နာကျင့်သုံးနိုင်ခြင်း
• စကားနှင့်အလုပ် ညီညွတ်မှုရှိခြင်း
________________________________________
၃။ သင်ကြားရေးစွမ်းရည်
• နားလည်လွယ်ကူစွာ ရှင်းပြနိုင်ခြင်း
• အသက်အရွယ်၊ အတွေ့အကြုံအလိုက် သင်ကြားနည်း ပြောင်းလဲနိုင်ခြင်း
• ဥပမာများ၊ ပုံပြင်များ၊ အတွေ့အကြုံများဖြင့် စိတ်ဝင်စားအောင် သင်ကြားနိုင်ခြင်း
________________________________________
၄။ မေတ္တာနှင့် သည်းခံနိုင်မှု
• သင်ယူသူများအပေါ် မေတ္တာထားရှိခြင်း
• အမှားလုပ်ပါက ဒဏ်ခတ်မှုထက် နားလည်အောင် ဆုံးမပေးနိုင်ခြင်း
• သည်းခံနိုင်စွမ်း မြင့်မားခြင်း
________________________________________
၅။ စိတ်ပိုင်းဆိုင်ရာ နားလည်မှု
• သင်ယူသူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားကို နားလည်နိုင်ခြင်း
• စိတ်ဒုက္ခ၊ ပြဿနာများကို အကြံပေးလမ်းညွှန်နိုင်ခြင်း
________________________________________
၆။ ဘာသာရေးအပြန်အလှန်လေးစားမှု
• မတူညီသော ဘာသာရေးများကို လေးစားမှုရှိခြင်း
• အကြမ်းဖက်ခြင်းကိုရှောင်ကျဉ်ပြီး အမုန်းစိတ် မဖော်ထုတ်ဘဲ သာသနာ၏ သဘောထားမှန်ကို သင်ကြားနိုင်ခြင်း
________________________________________
၇။ တာဝန်ခံမှုနှင့် စေတနာ
• သင်ကြားရေးတာဝန်ကို စိတ်ပါဝင်စားစွာ ထမ်းဆောင်ခြင်း
• ကိုယ်ကျိုးထက် လူထုအကျိုးကို ဦးစားပေးစဉ်းစားခြင်း
________________________________________
၈။ ခေတ်နှင့်အညီ လိုက်လျောနိုင်မှု
• ခေတ်သစ်လူငယ်များ၏ အတွေးအမြင်ကို နားလည်နိုင်ခြင်း
• နည်းပညာနှင့် ခေတ်ပြောင်းလဲမှုများကို သာသနာ့အမြင်ဖြင့် လိုက်လျောအသုံးချနိုင်ခြင်း
________________________________________
နိဂုံးချုပ်
ဘာသာရေးဆရာကောင်းတစ်ယောက်ဆိုသည်မှာ
စာသင်ပေးသူသာမက အသက်တာကို လမ်းညွှန်ပေးသူ ဖြစ်ရပါသည်။
ဗဟုသုတ၊ အကျင့်စာရိတ္တ၊ မေတ္တာနှင့် တာဝန်ခံစိတ်တို့ ပြည့်စုံမှသာ သင်ယူသူများ၏ စိတ်နှလုံးကို ပြုပြင်ထိန်းသိမ်း ပေးနိုင်မည် ဖြစ်ပါသည်။ အရှင်ဇောတိ(နံ့သာနီ)

DhammaSchool APK🇲🇲🇲🇲🇲🇲ဓမ္မစာပေများ သင်ကြားရာတွင် လွယ်ကူရိုးရှင်း ထိရောက်စေရန်..အတွက် Dhamma School Foundation မှ အထူးဖန်...
24/12/2025

DhammaSchool APK
🇲🇲🇲🇲🇲🇲
ဓမ္မစာပေများ သင်ကြားရာတွင် လွယ်ကူရိုးရှင်း ထိရောက်စေရန်..အတွက် Dhamma School Foundation မှ အထူးဖန်တီး ထားသော Dhamma School APK အား မိမိတို့၏ ဖုန်းနှင့်ကိုက်ညီသော link များအားရွေးချယ်ကာ..
ဒေါင်းယူနိုင်ပါပြီ...

For iPhone
https://apps.apple.com/th/app/dhamma-school-songs/id1598784844

for Android
https://apkpure.net/dhamma-school-songs/com.prox.dsfsong/download/2.0.2

https://dhamma-school-songs.en.softonic.com/android

ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌဆရာတော်ဘဒ်ဒန်တသိရီကဉ်စနာဘိဝံသ (သမဏ အာဇာနညျ) ၏"သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့...
02/10/2025

ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌဆရာတော်
ဘဒ်ဒန်တသိရီကဉ်စနာဘိဝံသ (သမဏ အာဇာနညျ) ၏

"သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ နှင့်
အားလေးပါးစုံ၊ဘေး ၅ လုံ၊ ဂုဏ်ရည်ပြည့်ဝ
ဓမ္မစကူးလ်အလှ အမှတ်တရစကား"
------------------------------------------------------------

ဗုဒ္ဓမြတ်စွာက အင်္ဂုတ္တိုရ် နဝကနိပါတ်တွင် ဗလ ခေါ် စွမ်းအား၊ ခွန်အား အစွမ်းသတ္တိလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဘေးရန်ငါးမျိုး တို့ကို လွန်မြောက်သူဖြစ်ကြောင်း ဟောကြားထားပါသည်။

စွမ်းအားလေးရပ်ကား (၁) အသိအလိမ္မာ ပညာအား၊ (၂) အားထုတ်မှု ဝီရိယအား၊ (၃) အပြစ်ကင်းမှု အနဝဇ္ဇအား၊ (၄) ချီးမြှောက်မှု သင်္ဂဟအား တို့ ဖြစ်သည်။

၁။ ကုသိုလ် အကုသိုလ်၊ အပြစ်ရှိ မရှိ၊ မည်းညစ် ဖြူစင်၊ မှီဝဲအပ် မမှီဝဲအပ်သောတရားတို့ကို ပညာဖြင့် ကောင်းစွာမြင်သိသူသည် အသိအလိမ္မာ ပညာအားရှိသူ ဖြစ်ပါသည်။

၂။ ကုသိုလ် အကုသိုလ် စသောတရားတို့ရှိရာ အကုသိုလ်တို့ကို ပယ်ရန် အားထုတ်သူ၊ ကုသိုလ်တရားတို့ကို ရရန် အားထုတ်သူသည် ဝီရိယအားရှိသူ ဖြစ်ပါသည်။

၃။ အပြစ်ကင်းသော ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြည့်စုံသူသည် အနဝဇ္ဇအားရှိသူ ဖြစ်ပါသည်။

၄။ ပေးလှူမှု ဒါန၊ ချစ်ဖွယ်ပြောဆိုမှု ပေယျဝဇ္ဇ၊ အကျိုးစီးပွားကို ပြုကျင့်မှု အတ္ထစရိယ၊ ကိုယ်တူထားမှု သမာနတ္တတာ - ဤလေးပါးကို ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထုဟု ခေါ်ပါသည်။

ပေးလှူမှု ဒါနတို့တွင် တရားကို ပေးလှူမှု ဓမ္မဒါနသည် အမြတ်ဆုံး ဖြစ်သည်။ ချစ်ဖွယ်ပြောဆိုမှု ပေယျဝဇ္ဇတို့တွင် အလိုရှိ၍ နားထောင်သူအား ထပ်ကာ ထပ်ကာ တရားဟောမှုသည် အမြတ်ဆုံးတည်း။ အကျိုးစီးပွားကို ပြုကျင့်မှုတို့တွင် သဒ္ဓါတရား မရှိသူကို သဒ္ဓါတရားနှင့် ပြည့်စုံစေရန်၊ သီလမရှိသူကို သီလနှင့် ပြည့်စုံစေရန်၊ ဝန်တိုနှမြောသူကို စွန့်ကြဲမှု စာဂနှင့် ပြည့်စုံစေရန်၊ ပညာမရှိသူကို ပညာနှင့်ပြည့်စုံ စေရန် ဆောက်တည်စေမှုသည် အမြတ်ဆုံးတည်း။

ကိုယ်တူထားမှုတို့တွင် သောတာပန်အရိယာသည် သောတာပန် အရိယာအား၊ သကဒါဂါမ်သည် သကဒါဂါမ်အား၊ အနာဂါမ်သည် အနာဂါမ်အား၊ ရဟန္တာသည် ရဟန္တာအား ကိုယ်တူထားမှုသည် အမြတ်ဆုံးတည်း။ ထိုချီးမြှောက်မှုတို့နှင့် ပြည့်စုံသူကို သင်္ဂဟ အားရှိသူဟု ဆိုရပါသည်။

အထက်ပါ ပညာအား၊ ဝီရိယအား၊ အနဝဇ္ဇအား၊ သင်္ဂဟအား လေးရပ်တို့နှင့် ပြည့်စုံသူသည် ဘေးရန်ငါးမျိုးတို့ကို ကြောက်စရာ မလိုရုံမျှမက ဘေးရန်ငါးမျိုးတို့ကို လွန်မြောက်နိုင်ပါသည်။

ဘေးရန်ငါးမျိုးကား - အသက်မွေးမှုဘေး၊ ကျော်စောမဲ့ဘေး၊ ပရိသတ်ကြောက်ရွံ့မှုဘေး၊ သေဘေး၊ မကောင်းရာသို့ လာရောက်မှု ဘေးတို့တည်း။

ပညာမဲ့သူ၊ ပျင်းရိသူ၊ ကာယကံ ဝစီကံ မနောကံ အပြစ်ရှိသူ၊ ချီးမြှောက်မှုမရှိသူသည်သာ အဆိုပါ ဘေးငါးမျိုးတို့ကို ကြောက်ရမည်။ ပညာအား၊ ဝီရိယအား၊ အနဝဇ္ဇအား၊ သင်္ဂဟဝတ္ထုအားရှိသူတို့ကား အထက်ပါ ဘေးငါးမျိုးတို့ကို မကြောက်ပါ။ မကြောက်ရုံမျှမက ကောင်းစွာလွန်မြောက် အေးချမ်းကြပါသည်။

အထက်ပါ ဒေသနာ စကားကို ဓမ္မစကူးလ်ဖောင်ဒေးရှင်းမိသားစု တို့၏ သင်ရိုးညွှန်းတမ်း သင်ခန်းစာများ ဖွဲ့စည်းထားမှု၊ သင်ကြား သင်ယူမှု၊ လေ့ကျင့်ပေးမှုများနှင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ မူဝါဒ, ရည်မှန်းချက်, ရည်ရွယ်ချက်,အဓိကလုပ်ငန်း, ဆောင်ပုဒ်များနှင့် တိုက်ဆိုင်ကြည့်လိုက်သောအခါ ဓမ္မစကူးလ်ဖောင်ဒေးရှင်း မိသားစုကြီးသည် အားလေးပါးစုံ၊ ဘေး ၅ - ပါး လုံခြုံနေသည်ဖြစ်၍ ဂုဏ်ရည်ပြည့်ဝ ဓမ္မစကူးလ်အလှ ဟု ချီးကျူးဂုဏ်ပြုထိုက်နေကြောင်း ထင်ရှားစွာ တွေ့မြင်နေရပါသည်။

ယနေ့ကား သီတင်းကျွတ်လပြည့်နေ့တည်း။ ဗုဒ္ဓဒေသနာ အရ အဘိဓမ္မာအခါတော်နေ့၊ မဟာ ပဝါရဏာနေ့၊ မြတ်ဗုဒ္ဓ၏ မိဘကျေးဇူး အကျေဆပ်ပြသောနေ့၊ သားကောင်း(သမီးကောင်း) စံပြ ဖော်ညွှန်း ပြသောနေ့ စသည်ဖြင့် ဂုဏ်ယူချီးကျူးရသောနေ့ ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နှင့် သီတင်း ကျွတ်ကာလဆင်နွှဲ ရိုးရာဓလေ့ ကုသိုလ်ယူပွဲများနှင့်စပ်ပြီး ဓမ္မစကူးလ်သင်ရိုး ပထမတန်း၌ သင်ခန်းစာ (၄၀) တွင် သီတင်းကျွတ်လပြည့်နေ့၊ တတိယတန်း၌ သင်ခန်းစာ (၄၀) တွင် ဆယ့်နှစ်လရာသီပွဲ တော်များ၊ ပဉ္စမတန်း သင်ခန်းစာ (၃၉) အဘိဓမ္မာအခါတော်နေ့ ဟု သင်ခန်းစာများ ပြဋ္ဌာန်းပြီး ကျောင်းသား/သူ၊ ဆရာ/မများအားလုံး သိကျင့်လိုက်နာနိုင်အောင် စီမံပေးထားပါ သည်။ ဆဋ္ဌမတန်း သင်ခန်းစာ (၃၅) အဘိဓမ္မာမိတ်ဆက်၊ သတ္တမတန်း တွင် အဘိဓမ္မာ ဆိုင်ရာ သင်ခန်းစာ (၄)ခု၊ အဋ္ဌမတန်း၌ (၇)ခု ပြဋ္ဌာန်းပေးထား ပါသည်။ ကျောင်းသားကိုင်မရှိသော သူငယ်တန်း (KG) ၌ပင် သင်ခန်းစာ (၃၉)၌ လူကြီးမိဘ ကန်တော့ကြမယ် ဟူသော ဝါကျွတ်ကာလ ရိုးရာကုသိုလ်ဓလေ့ကို သိမြင်စေမည့် သခန်းစာ ထည့်သွင်း ပြဋ္ဌာန်းထားပါသည်။

အဘိဓမ္မာအခါတော်နေ့ သင်ခန်းစာ၌
“အဘိဓမ္မာအခါတော်”
အဘိဓမ္မာ ဒေသနာ
ဘုရားမြတ်စွာ ဟောပေရာ
တာဝတိံသာ နတ်ပြည်မှာ။
တပြိုင်တည်းမှာ ဟောဖော်ကြား
သာရိပုတ္တရာမထေရ်အား
တဆင့်နာကြား သူငါများ။
သီတင်းကျွတ်ည လပြည့်ခါ
တရားမြတ်ကို ဟောပြီးရာ
သက်ဆင်းကြွမြန်း လူ့ပြည်ရွာ။
ပူဇာဖြာဖြာ မြတ်ဆီမီး
စောင်းတန်းသွယ်မှာ ရှုမငြီး
အဘိဓမ္မာ အခါတော်ကြီး - ဟု ပါရှိရာ ထိုကဗျာ ဖတ်လိုက်ရုံဖြင့်ပင် အဘိဓမ္မာအခါတော်နေ့ အကြောင်းနှင့် ဆီမီးပူဇော်ကြခြင်းတို့ကို သိရှိသွားရပါသည်။

သီတင်းကျွတ်လပြည့် သင်ခန်းစာ၌
သီတင်းကျွတ်ပြီ မီးထွန်းမည်၊
မီးပူဇော်ပွဲ နွှဲကြမည်၊
လမြတ်ရာသီ ချိန်ခါပဲ၊
ဘိုးဘွား မိဘ ကန်တော့ပွဲ။
မီးရောင်စုံထဲ အလှပြိုင်၊
ဖြူ နီဝါပြာ ဘယ်သူနိုင်။
မြိုင်မြိုင်ဆိုင်ဆိုင် ကူညီလို့၊
မီးပုံးပျံကြီး လွှတ်ကြစို့ - ဟု ပါရှိရာ သင်ကြားသူ ကျောင်းသား ကျောင်းသူများအတွက် သီတင်းကျွတ်ကာလ၏ ရိုးရာ ကုသိုလ်ပွဲများကို တိကျစွာ သိရှိခွင့် ရသွားကြပါသည်။

အဘိဓမ္မာအခါတော်နေ့ သင်ခန်းစာ၌ ရဟန်းသံဃာတော်များ အချင်းချင်း အပြစ်ရှိက ထောက်ပြ ပြောဆိုကြရန်(ဖိတ်ကြား) တောင်းပန်ကြသည့် မဟာပဝါရဏာနေ့လည်း ဖြစ်သည် - ဟု ဖော်ပြထားရာ သီတင်းကျွတ်ကာလ ရတနာသုံးပါးကို ဦးထိပ်ထားပြီး နေကြသော ရဟန်းသံဃာများ၊ လူကြီးမိဘများ၊လူငယ် လူရွယ်၊ကျောင်းသား ကျောင်းသူများအားလုံးလိုက်နာပြုကျင့်ကြရမည့် ကျင့်ဝတ်များကိုပါ သိရှိစေခဲ့ပါသည်။

စာပေအရ ဖော်ပြရလျှင် အသက်အရွယ် ငယ်သူများကသာ ဖိတ်ကြားရမှာမဟုတ်၊ ကြီးသူတို့က လည်း ဖိတ်ကြားကြရပါမည်။ မြတ်စွာဘုရားကိုယ်တိုင်ပင် မိမိအပေါ် ကာယကံ ဝစီကံ အပြစ်ရှိ၏ဟု မြင်ကြားယုံမှားပါက ထုတ်ဖော်ပြောကြားဘို့ရန် ဖိတ်ကြားခဲ့ဖူးပါသည်။

သို့ဖြစ်ရာ ကြီးသူ ငယ်သူ အားလုံး ပဝါရဏာ ဖိတ်ကြားမှု ပြုထားသင့်ကြသလို ပြောကြားလာပါက လည်း မျက်နှာကြည်သာ လေးစားစွာဖြင့် အရှင်သာရိပုတြာထုံး နှလုံးမူပြီး ပြုပြင်နေထိုင်သင့် ပါသည်။ အပြစ်ရှိပါကလည်း ငယ်သူကသာ ကြီးသူကို တောင်းပန် ရသည်မဟုတ်၊ ကြီးသူကလည်း တောင်း ပန်ကြရပါမည်။

ပါရာဇိကဏ် အဋ္ဌကထာ၌ ပြစ်မှားသူက ကြီးလျှင် ရှိခိုးကန်တော့ စရာမလိုဘဲ တောင်းပန်ပုံ စသည် အကျယ် ဖော်ပြထားပါသည်။ ပြစ်မှားမိက တောင်းပန်ကန်တော့ခြင်းသည် ကံကြီး (၅)ပါး ကျူးလွန်သူကဲ့သို့ပင် အပြစ်ကြီး လှသော အရိယာကို စွပ်စွဲမိခြင်း အပြစ်ကြီးကိုပင် ပျောက်ကင်းခြင်း ငြိမ်းစေခြင်း အကျိုးရနိုင်ပါ သည်။

မြတ်ဗုဒ္ဓသည် ၇ ဝါမြောက် ဝါကို နတ်ပြည်၌ ဝါကပ်ရင်း မယ်တော်မိ ဖြစ်ခဲ့ဖူးသော နတ်သားကို အမှူးထားပြီး အဘိဓမ္မ (၇) ကျမ်းကို ပကတိဘုရား နိမ္မိတဘုရား ဘုရား (၂)ဆူဖြင့် ရက်ပေါင်း ကိုးဆယ်တိုင်တိုင် အကျယ်ဆုံး ဟောကြားခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၆၀၃)နှစ်က သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်ကြီး ဟောကြားမှု ပြီးဆုံး အောင်မြင်ခဲ့ပုံကို လေ့လာ ကြည်ညိုကြရင်း

၁။ မယ်တော်မိနတ်သားကို သောတာပန် အရိယာဖြစ်အောင် ကျေးဇူးအကျေ ဆပ်သလို မိဘကျေးဇူး ဆပ်ကြပါစို့။

၂။ သားကောင်း သမီးမြတ် စံပြနေကြပါစို့။

၃။ ပညာ ဝီရိယ အနဝဇ္ဇ သင်္ဂဟဝတ္ထု အားလေးပါး ဖြည့်ကျင့်ထားကြပါစို့။

၄။ အပြစ်ရှိပါကလည်း ကြီးငယ်မရွေး ဝန်ချတောင်းပန် ကန်တော့ကြပါစို့။

၅။ ဆီမီးပူဇော်ကြခြင်း ကုသိုလ်ထူး ဆည်းပူးကြပါစို့ - ဟု တိုက်တွန်းရင်း သီတင်းကျွတ်လပြည့် အမှတ်တရစကားကို နိဂုံးချုပ်လိုက်ရပါသတည်း…။
အားလုံးကျန်းမာချမ်းသာကြပါစေ…

CCA စာသင်ကြားနည်း (၂၁)နည်း++++++++++၁ ။ စာသင်ခန်းအတွင်း မေးခွန်းမေးမြန်းခြင်းနည်း( Questioning Method )၂ ။ ပုံပြောသင်ပြန...
29/06/2025

CCA စာသင်ကြားနည်း (၂၁)နည်း
++++++++++

၁ ။ စာသင်ခန်းအတွင်း မေးခွန်းမေးမြန်းခြင်းနည်း
( Questioning Method )

၂ ။ ပုံပြောသင်ပြနည်း
( Story-Telling Method )

၃ ။ ဟောပြောဆွေးနွေးခြင်းနည်း
( Lecture Discussion Method )

၄ ။ ပုံပြင်ဖြတ်ဆက်နည်း
( Strip-Story Method )

၅ ။ သရုပ်ပြသင်ကြားနည်း
( Demonstration Method )

၆ ။ ခြုံယူဆင်ခြင်နည်း
( Inductive Approach Method )

၇ ။ ပြဿနာဖြေရှင်းနည်း
( Problem Solving Method )

၈ ။ ရှာဖွေတွေ့ရှိခြင်းနည်း
( Discovery Method )

၉ ။ စူးစမ်းရှာဖွေခြင်းနည်း
( Inquiry Learning Method )

၁၀ ။ ကြည့်ရှုလေ့လာခြင်းနည်း
( Observation Method )

၁၁ ။ သရုပ်ဆောင်သင်ကြားနည်း
( Role Playing Method )

၁၂ ။ ဉာဏ်ဖွင့်ဆွေးနွေးနည်း
( Brainstoming Method )

၁၃ ။ ပူးပေါင်းပါဝင်သင်ကြားနည်း
( Co-operative Learning Method )

၁၄ ။ အဆင့်ဆင့်ဆွေးနွေးနည်း
( Fish-Bowl Technique Method )

၁၅ ။ နှစ်ယောက်တစ်တွဲ အပြန်အလှန်ပြောဆိုနည်း
( Dyadic Exchange Method )

၁၆ ။ လက်တွေ့စမ်းသပ်ခန်းသုံး၍သင်နည်း
( Laboratory Technique Method )

၁၇ ။ ကွင်းဆင်းလေ့လာခြင်းနည်း
( Field Trip Method )

၁၈ ။ သဏ္ဌာန်တူ သရုပ်ဆောင်ကစားနည်း
( Simulation and Games Method )

၁၉ ။ အများသဘောတူအုပ်စုဖွဲ့ဖြစ်စဉ်နည်း
( Nominal Group Process Method )

၂၀ ။ အတွေ့အကြုံအားဖြင့် သင်ယူနည်း
( Experiential Learning Method )

၂၁ ။ တွေး-တွဲ-မျှဝေသင်နည်း
( Think-Pair-Share Method)

Address

Yankin Monastery
Monywa

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959798272451

Website

Alerts

Be the first to know and let us send you an email when စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share