Sustainable A-Nyar

Directions Contact the organization

Sustainable A-Nyar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sustainable A-Nyar, Community Organization, Monywa.

Assignment နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ဝေမျှထားတဲ့ video နားထောင်လို့ ရပါပြီ
17/12/2025

Assignment နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ဝေမျှထားတဲ့ video နားထောင်လို့ ရပါပြီ

Myanmar Cheveners from 2024/2025 cohort sharing their hard-earned experiences regarding assignments. Disclaimer : This webinar is merely to help future Cheve...

ယခုလက်ရှိ ချီးဗနင်းလျှောက်ထားပြီး ယူကေက အထင်ကရတက္ကသိုလ်ကြီးတွေမှာ ပညာသင်ယူဖို့ ရည်ရွယ်ထားတာပဲဖြစ်ဖြစ်၊ အနာဂတ်မှာ ယူကေပညာ...
28/11/2025

ယခုလက်ရှိ ချီးဗနင်းလျှောက်ထားပြီး ယူကေက အထင်ကရတက္ကသိုလ်ကြီးတွေမှာ ပညာသင်ယူဖို့ ရည်ရွယ်ထားတာပဲဖြစ်ဖြစ်၊ အနာဂတ်မှာ ယူကေပညာရေးကို ရယူဖို့ စိတ်ကူးထားတာပဲဖြစ်ဖြစ် မလွဲမသွေကြုံတွေ့ရမယ့် Assignmentတွေအတွက် ဆောင်ရန်ရှောင်ရန် နည်းလမ်းကောင်းတွေကို ဝေမျှပေးဖို့ မကြာသေးခင်ကပဲ မဟာဘွဲ့စာတမ်းကို တင်သွင်းအောင်မြင်ခဲ့ကြတဲ့ မြန်မာချီဗနာများက အသင့်ရှိနေပါတယ်။

ပညာရေးစနစ် အခြေအနေကွာဟမှုတွေကြောင့် ယူကေမဟာဘွဲ့အတွက် စိတ်ပူပန်နေတယ်ဆိုရင် ဒီwebinar လေးကို joinကြည့်စေချင်ပါတယ်။

https://forms.gle/1LXBHoEGQjT3Xp4X7

ဆရာဆရာမတို့ တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်တွေ ဖလှယ်နိုင်တဲ့ ရပ်ဝန်းလေးတခုအဖြစ် ရှိနေပေးဖို့ Sustainable A-Nyarကနေ Teachers...
05/10/2025

ဆရာဆရာမတို့ တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်တွေ ဖလှယ်နိုင်တဲ့ ရပ်ဝန်းလေးတခုအဖြစ် ရှိနေပေးဖို့ Sustainable A-Nyarကနေ Teachers'Club လေးကို ကမ္ဘာ့ဆရာများနေ့မှာ စတင်လိုက်ပါပြီ။

မြန်မာနိုင်ငံရဲ့ ဒေသအနှံ့မှာ ကလေးတွေကို ပညာသင်ကြား‌ပေးနေကြတဲ့ ဆရာဆရာမတို့အတွက် သင်ကြားရေးမှာ အနည်းငယ်ပဲဖြစ်ဖြစ် အထောက်အကူပြုပေးချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ တတ်နိုင်သမျှလုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

Teachers' Clubထဲမှာမှ အဖွဲ့ခွဲလေးတွေ ပါရှိပါမယ်။ အင်္ဂလိပ်စာသင်ကြားရေးကို အထူးပြုမျှဝေပေးမှာလည်းရှိသလို ပညာရေးအကြောင်း စာလေးတွေဖတ်ပြီး ဆွေးနွေးကြမယ့် အစီအစဉ်လည်း ရှိပါမယ်။ ဆရာဆရာမတို့ wellbeing အတွက်လည်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြဖို့လည်း ပါဝင်တာမို့ စိတ်ဝင်စားရင် စာရင်းသွင်းလို့ ရပါပြီ။

https://forms.gle/Qqke94ATujCdmG9t9

ယခု လာမယ့် စက်တင်ဘာမှာ UK undergraduate level ကျောင်းလျှောက်ဖို့ ပြင်ဆင်နေသူတွေအတွက် ရည်ရွယ်ပြင်ဆင်ထားတဲ့ Sustainable A-...
15/07/2025

ယခု လာမယ့် စက်တင်ဘာမှာ UK undergraduate level ကျောင်းလျှောက်ဖို့ ပြင်ဆင်နေသူတွေအတွက် ရည်ရွယ်ပြင်ဆင်ထားတဲ့ Sustainable A-Nyarရဲ့ Mentorship Programme Part-2ကို လာမယ့် ဇူလိုင်လ ၂၀ရက်နေ့ တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
စာရင်းသွင်းထားသူတွေဆီကို မကြာခင် email ပို့ပေးသွားမှာဖြစ်ပါတယ်။

ဒီတခေါက်ကတော့ webinar ဆိုတာထက် ကျောင်းလျှောက်မယ့် ကျောင်းသားတွေနဲ့အတူ ကိုစွမ်းရည်ထွန်းဝါကနေ personal statement တပုဒ်ကို အတူတူ ရေးပြမှာ ဖြစ်ပါတယ်။ အတူတူရေးရင်း approach လုပ်ပုံတွေနဲ့ ရေးနည်း tatics တွေကို အတူတူသိရမယ့် workshop တခုဖြစ်ပါတယ်

Registration still open!
https://forms.gle/xtdJMSYokChc2Qt7A

သဘာဝကပ်ဘေးကြောင့် ရွှေ့ဆိုင်းထားခဲ့သော ကျမတို့ Sustainable A-Nyarရဲ့ Webinar ကို မေလ ၃၁ရက် စနေနေ့ည ၇နာရီမှာ ကျင်းပသွားမှ...
13/05/2025

သဘာဝကပ်ဘေးကြောင့် ရွှေ့ဆိုင်းထားခဲ့သော ကျမတို့ Sustainable A-Nyarရဲ့ Webinar ကို မေလ ၃၁ရက် စနေနေ့ည ၇နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်ရှင်။ စာရင်းသွင်းထားသူများကိုလည်း email ဖြင့် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်ရှင်။

03/04/2025

ကျွန်မတို့ sustainable Anyar မှ ကြေညာထားသော Stepping into UK Undergrad Webinar ကို လတ်တလောဖြစ်ပွားခဲ့သော သဘာဝ ဘေးအန္တရာယ် (ငလျင်) အခြေအနေများကြောင့် တက်ရောက်မည့် participants များ၏ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ ပြန်လည်ထူထောင်ရေးများအား ရှေးရှု၍ ယာယီ ရွှေ့ဆိုင်းထားမည် ဖြစ်ပါသည်။ တက်ရောက်ရန် စာရင်းသွင်းထားသူများအား ပြန်လည်ကျင်းပမည့် ရက်နှင့် အချိန်ကို page မှသော်လည်းကောင်း email ဖြင့်လည်းကောင်း ပြန်လည် အသိပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ မြန်မာပြည်မှ ဘေးအန္တရာယ်ကျရောက်ခဲ့သော အသက်အိုးအိမ်များဆုံးရှုံးခဲ့ရသော နေရာဒေသများမှ ပြည်သူများအတွက် များစွာ စိတ်ထိခိုက်ရပါသည်။

Mentorship programme for preparing to study in the UK ( Undergraduate  Focus) brought to you by Sustainable A-Nyarအားလုံ...
20/03/2025

Mentorship programme for preparing to study in the UK ( Undergraduate Focus)
brought to you by Sustainable A-Nyar

အားလုံးပဲ မင်္ဂလာပါရှင်။ မြန်မာလူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေကို မျှဝေကူညီပေးနေကြဖြစ်တဲ့ ကျမတို့ရဲ့ Sustainable A-Nyarကနေ မကြာခင်ရောက်လာတော့မယ့် မြန်မာနှစ်သစ်မှာ လူငယ်တွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်တခု နှစ်သစ်လက်ဆောင်ပေးဖို့ ရှိနေပါတယ်။

အဲ့ဒါကတော့ ယူကေနိုင်ငံရဲ့ ဘွဲ့ကြိုပညာရေး( Undergraduate courses)ကို စိတ်ဝင်စားသူ လူငယ်များအတွက် ယခုလက်ရှိ University College London(UCL)မှာ UCL Global Undergraduate Scholarship နဲ့ ၃နှစ်စာ ပညာသင်ဆု အပြည့်နဲ့ Physics (ရူပဗေဒ) မေဂျာ ပထမနှစ်ကို တက်ရောက်သင်ယူနေတဲ့ ကိုစွမ်းရည်ထွန်းဝါကနေ အတွေ့အကြုံတွေကို အခမဲ့မျှဝေသင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒီ Mentorship programme လေးမှာဆိုရင်တော့ ယူကေပညာရေး စိတ်ဝင်စားသူလူငယ်များအတွက် အပိုင်း ၂ပိုင်း ပါဝင်မှာဖြစ်ပါတယ်ရှင်။

ပထမတပိုင်းကတော့ ကျောင်းဝင်ခွင့်အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ ပညာရေးလမ်းကြောင်းနဲ့ ကျောင်းရွေးချယ်လျှောက်ထားခဲ့ပုံတွေအပြင် သိသင့်သိထိုက်တဲ့ အထွေထွေ ဗဟုသုတတွေကို ပြောပြမျှဝေမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ စိတ်ဝင်စားသူ မည်သူမဆို စာရင်းပေးသွင်းပြီး တက်ရောက်လို့ရပါတယ်။ https://forms.gle/UPQNynnRyCYeyoZP8


နောက်တပိုင်းကတော့ လာမယ့် ၂၀၂၆ပညာသင်နှစ်မှာ UKတက္ကသိုလ်တွေကို လက်တွေ့လျှောက်ကြတော့မယ့် မြန်မာလူငယ် ညီငယ်ညီမငယ်တွေအတွက် ထိရောက်ကောင်းမွန်တဲ့ personal statementရေးနည်းတွေ ပညာသင်ဆုအက်ဆေးချဉ်းကပ်ပုံတွေ အင်တာဗျူးဖြေနည်းတွေကို အကြံပြုကူညီပေးမှာ ဖြစ်ပါတယ်။
https://forms.gle/xtdJMSYokChc2Qt7A

ဒီလို မျှဝေပေးမယ့် ကိုစွမ်းရည်ထွန်းဝါက international GCSE O Levelမှာကော A levelမှာပါ ရာပြည့်အမှတ်များစွာနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့သလို ကမ္ဘာ့အထင်ကရ နာမည်ကျော်တက္ကသိုလ်ကြီးတွေဖြစ်တဲ့ University of Oxford, University College London, Imperial College London, Durham University, University of Birminghamတို့အပြင် University of St Andrewsမှာပါ ပညာသင်ဆုများစွာနဲ့ ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း A level နဲ့ International GCSE level Physics နဲ့ Chemistry ဘာသာရပ်တွေကို မြန်မာပြည်ကကျောင်းသားတွေ ရလဒ်ကောင်းများစွာ ထွက်ပေါ်လာအောင် လေ့ကျင့်သင်ကြားပေးနေတဲ့ ဆရာတယောက်လည်း ဖြစ်ပါတယ်။ ယခုနှစ်အတွက် University of Cambridge ကို Archaelogyနဲ့ ကျောင်းသားတဦးအပါအဝင် ကျောင်းသားပေါင်းများစွာ အခြားတက္ကသိုလ်တွေမှာလည်း ဝင်ခွင့်ရအောင် လမ်းပြပေးနိုင်ခဲ့တဲ့ mentor တဦးလည်း ဖြစ်ပါတယ်။

ဒီလို ပညာရပ်ပိုင်းဆိုင်ရာ ထူးချွန်မှုတွေနဲ့အတူ တက္ကသိုလ်ပညာရေးမှာ အရေးပါတဲ့ ကျောင်းပြင်ပပါဝင်လှုပ်ရှားမှု ( extracurricular activities)မှာ ပြည်တွင်းပြည်ပ အတွေ့အကြုံများစွာရှိတဲ့ ကိုစွမ်းရည်ထွန်းဝါရဲ့ မြန်မာလူငယ်တွေအတွက် ပြုလုပ်ပေးမယ့် Free mentorship programmeကို သက်ဆိုင်ရာ linkတွေမှာ စာရင်းသွင်းပြီး တက်ရောက်နိုင်ပါပြီ။

07/03/2025

Chevening interview ဖြေဆိုကြတော့မယ့် သူများအတွက် 🍀

ယူကေအစိုးရကပေးအပ်တဲ့ နာမည်ကြီး Chevening ပညာသင်ဆုက ပညာရေးနှင့် ကျန်းမာရေးစတဲ့ ဘာသာရပ်တွေကိုပဲ ပေးတယ်လို့ ထင်မိနေပါသလား ?...
10/02/2025

ယူကေအစိုးရကပေးအပ်တဲ့ နာမည်ကြီး Chevening ပညာသင်ဆုက ပညာရေးနှင့် ကျန်းမာရေးစတဲ့ ဘာသာရပ်တွေကိုပဲ ပေးတယ်လို့ ထင်မိနေပါသလား ???

ဒါဆိုရင်တော့ ဒီယူဆချက်က လွဲနေပါတယ်။

Chevening ပညာသင်ဆုဟာ ဘယ်ဘာသာရပ်ကို မဆို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိကြောင်း ယခုနှစ် Chevening ပညာတော်သင်တွေကို ကြည့်ရင် တွေ့ရပါလိမ့်မယ်။

ပေးလေ့ပေးထ မရှိဘူးထင်ရတဲ့ MSc (Marketing management with Advertising) နှင့် MSc (Electrical Engineering )တို့အပြင် Environmental Data Science ဆိုတဲ့ ဘာသာရပ်အတွက် တယောက်စီပါဝင်နေပါတယ်။ လူ့အသိုင်းအဝိုင်းတွေထဲမှာ အမြစ်တွယ်နေတဲ့ ခွဲခြားမှုတွေ ကွဲပြားမှုတွေ တန်းတူအခွင့်အရေးတွေကို လေ့လာနေတဲ့ Gender & Development အတွက်လည်း ‌တယောက်နှင့် Chevener နောက်တယောက်ကတော့ ပြည်သူ့ရေးရာမူဝါဒကို လေ့လာဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ မတူညီတဲ့ ဘာသာရပ်တွေကို ယူကေက အထင်ကရ တက္ကသိုလ်ကြီးတွေမှာ သင်ယူနေကြတဲ့ လက်ရှိချီဗနာတွေကနေ သူတို့ရဲ့ ပညာတော်သင်ဘဝ အတွေ့အကြုံတွေနဲ့ မကြာခင် လာတော့မယ့် အင်တာဗျူးကာလအတွက် ပြင်ဆင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားရင် အောက်မှာ စာရင်းသွင်းလို့ ရပါပြီ။

https://forms.gle/VCM9LUBSXWkoeFNR9

Sustainable A-Nyar ကနေ ထပ်မံပြီးတော့ ကလေးတို့အတွက် အခွင့်အရေးများယူဆောင်လာပါပြီ👏ယခုခေတ်ကြီးမှာ တိုးတက်‌ပြောင်းလဲနေတာနဲ့အ...
11/11/2024

Sustainable A-Nyar ကနေ ထပ်မံပြီးတော့ ကလေးတို့အတွက် အခွင့်အရေးများယူဆောင်လာပါပြီ👏

ယခုခေတ်ကြီးမှာ တိုးတက်‌ပြောင်းလဲနေတာနဲ့အမျှ English ဘာသာဆိုတာ မပြောတတ်တဲ့သူက ခပ်ရှားရှားအခြေအနေမှာ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေအတွက် အခွင့်မကြုံသေးဘူးလို့ တွေးနေရင်တော့ အခု Sustainable A-Nyar ရဲ့ Free English Language Class နဲ့ မိတ်ဆက်ပေးပါရစေရှင့်

Sustainable A-Nyar က ယူဆောင်လာတဲ့ Free English Language Class ဟာဆိုရင်ဖြင့် လူ‌မျိုးမရွေး နေရာမရွေး တက်ရောက်နိုင်အောင် Online Free Class အဖြစ် ဖွင့်လှစ်မှာဖြစ်ဘဲပါတယ်💻။ လူဦးရေအကန့်အသတ်လေးကတော့ မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံ့အပြားက ကလေးငယ်ပေါင်း ၅၀ တိတိကိုသာ လက်ခံမှာပါရှင်။ တစ်ချိန်ကို ၂၅ ယောက်စီ ခွဲပြီး သင်မှာဘဲ ဖြစ်ပါတယ်ရှင့်📚

ပထမဦးဆုံးအနေနဲ့ သင်တန်းလေးကို အသက်အရွယ် ၉ နှစ်မှ ၁၁ နှစ်အကြား ကလေးများ တက်ရောက်ရမှာဖြစ်ပါတယ်🙇

ဒုတိယအနေနဲ့ သင်တန်းရက်ကတော့ ကျောင်းသားတိုင်း အားမယ့် စနေနဲ့ တနင်္ဂနွေနှစ်ရက်ကို ရွေးချယ် ဖွင့်လှစ်တာမို့လို့ ကလေးတော်တော်များများ အဆင်ပြေပါလိမ့်မယ်နော်🗓️ စတင်မယ့်ရက်ကတော့ ၁၁လပိုင်း ၂၃ရက် ဖြစ်ပါတယ်။

အချိန်အနေနဲ့ကတော့ ၆:၃၀ ကနေ ၇:၃၀ ထိက တစ်ချိန်၊ ၇:၃၀ ကနေ ၈:၃၀ ထိကို တစ်တန်းဆိုပြီး ခွဲထားပါတယ်ရှင့်🧑‍🏫။ ဝင်ရမယ့် အတန်းကိုတော့ Sustainable A-Nyar ဘက်ကနေ ညှိယူမှာဘဲ ဖြစ်ပါတယ်။ Join ရမယ့် zoom link တွေကိုတော့ Sustainable A-Nyar ကနေ Gmail ဖြင့် ပေးပို့ပေးမှာဘဲ ဖြစ်ပါတယ်ရှင်။

စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ link ကနေ တစ်ဆင့် ဝင်ရောက်စာရင်းဖြည့်သွင်းနိုင်ပါတယ်ရှင်📝

https://docs.google.com/forms/d/e/1FAIpQLSfw_7QmLwgIAdFZEnFKZwrnl047bf6MXuYYw1jZ25572i0Cig/viewform?usp=pp_url

သက်တန်းလေးနဲ့ ပတ်သက်ပြီးတော့ ထပ်မံအသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ comment box မှာဘဲဖြစ်ဖြစ်၊ [email protected] ကိုဖြစ်ဖြစ် လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Sustainable A-Nyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sustainable A-Nyar:

Shortcuts

Share