05/10/2025
ဆရာဆရာမတို့ တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်တွေ ဖလှယ်နိုင်တဲ့ ရပ်ဝန်းလေးတခုအဖြစ် ရှိနေပေးဖို့ Sustainable A-Nyarကနေ Teachers'Club လေးကို ကမ္ဘာ့ဆရာများနေ့မှာ စတင်လိုက်ပါပြီ။
မြန်မာနိုင်ငံရဲ့ ဒေသအနှံ့မှာ ကလေးတွေကို ပညာသင်ကြားပေးနေကြတဲ့ ဆရာဆရာမတို့အတွက် သင်ကြားရေးမှာ အနည်းငယ်ပဲဖြစ်ဖြစ် အထောက်အကူပြုပေးချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ တတ်နိုင်သမျှလုပ်ဆောင်တာပဲ ဖြစ်ပါတယ်။
Teachers' Clubထဲမှာမှ အဖွဲ့ခွဲလေးတွေ ပါရှိပါမယ်။ အင်္ဂလိပ်စာသင်ကြားရေးကို အထူးပြုမျှဝေပေးမှာလည်းရှိသလို ပညာရေးအကြောင်း စာလေးတွေဖတ်ပြီး ဆွေးနွေးကြမယ့် အစီအစဉ်လည်း ရှိပါမယ်။ ဆရာဆရာမတို့ wellbeing အတွက်လည်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြဖို့လည်း ပါဝင်တာမို့ စိတ်ဝင်စားရင် စာရင်းသွင်းလို့ ရပါပြီ။
https://forms.gle/Qqke94ATujCdmG9t9