Sagaing Region Family - SRF

Sagaing Region Family - SRF မုံရွာ စီးပွားရေး တက္ကသိုလ်အတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး မိသားစုမှ ကြိုဆိုပါတယ်ရှင့်

အသိပေး ကြေငြာချက်။ ကျွန်ပ်တို့ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းတွင်းအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားရှိသော MUE CDM SUPP...
15/09/2021

အသိပေး ကြေငြာချက်။

ကျွန်ပ်တို့ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းတွင်းအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားရှိသော MUE CDM SUPPORTER သည် ဖေဖော်ဝါရီလ မှ စက်တင်ဘာလအထိ CDM လုပ်ဆောင်နေသော ဆရာ၊ဆရာမ များ၊ ဝန်ထမ်းများထဲမှ ငွေကြေး အခက်အခဲရှိသူများကို အလှူငွေများ ကောက်ယူ ဂါရဝပြုခဲ့သည်မှာ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ဖြစ်ပါသည်။ စစ်အာဏာရှင် အား ဆန့်ကျင် တိုက်ပွဲဝင်လျက်ရှိသော သူရဲကောင်းများအားလုံးကိုလည်း ဆက်လက်၍လည်း ထောက်ပံ့ ဂါရဝ ပြုလို ပါသည်။ သို့သော်လည်း အမြစ်ဖြတ်မှ ပြတ်မည်ဖြစ်လို့ CDM ထောက်ပံ့မှုအား ရပ်နား၍ တော်လှန်ရေး ရန်ပုံငွေကို အားဖြည့်ဖို့ ကြိုးစားကြတော့မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ CDM ထောက်ပံ့မှုကို ရပ်နားရတော့မည်ဖြစ်ပါကြောင်း ညှိးငယ်စွာဖြင့် အသိပေးအပ် ပါသည်။ ၇ လစာ ထောက်ပံ့မှုစာရင်းများကို တိကျစွာပြုစုထားရှိသည်ဖြစ်ပြီး ဖော်ပြနိုင်သည့် အတိုင်း အတာအထိ အချက်အလက်များကို ရက်ပိုင်းအတွင်းတွင် ဖော်ပြပေးသွားပါမည်။

တော်လှန်ရေးအတွက် ရန်ပုံငွေ ကောက်ခံမှုအား ၁၆ ရက်နေ့ စက်တင်ဘာလမှ စတင်၍ ကောက်ခံ သွားမည်ဖြစ်ပါသဖြင့် ကျောင်းသား၊သူများအနေဖြင့် ဆက်လက် ဝန်းရံပေးပါရန်တိုက်တွန်း နှိုးဆော် အပ်ပါသည်။

ဖုန်းဘေလ်များမှလည်း လှူဒါန်းနိုင်ပြီ ဖြစ်ကြောင်း အသိပေးအပ်သည်။ နယ်မြို့များရှိကျောင်းသား၊သူ များအနေဖြင့်  Kpay , wavepay...
04/09/2021

ဖုန်းဘေလ်များမှလည်း လှူဒါန်းနိုင်ပြီ
ဖြစ်ကြောင်း အသိပေးအပ်သည်။

နယ်မြို့များရှိကျောင်းသား၊သူ များအနေဖြင့်
Kpay , wavepay Account များမှ အလှူငွေ လွှဲရန် အခက်အခဲ ရှိနေကြောင်း သိရပါသဖြင့် ဖုန်းဘေလ်
များမှလည်း လှူဒါန်းနိုင်ရန်လည်း စီစဥ်ထားရှိ
ပါသည်။

လက်ခံရရှိသော ဖုန်းဘေလ်များ၏ တချို့အား မြေအောက်ရဲဘော်များသို့ ပြန်လည်လှူဒါန့းမည် ဖြစ်ပြီး ကျန်ဘေလ်များအား ငွေသားအဖြစိ ပြန်လည် လဲပြောင်းကာ CDM ရန်ပုံငွေထဲတွင်
ထည့်သွင်းသွားမည် ဖြစ်ပါသည်။

လှူဒါန်းလိုပါက Page Messenger တွင် လာရောက်ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

MUE CDM Supporter Team

၁၀၀၀ ကျပ်ဘဲ လှူပေးပါ။ ==============ကျွန်တော်တို့ရဲ့  CDMers များကို စက်တင်ဘာလမှာ ပြန်လည် လှူဒါန်းနိုင်ဖို့  အလှူငွေမှာ ...
31/08/2021

၁၀၀၀ ကျပ်ဘဲ လှူပေးပါ။
==============
ကျွန်တော်တို့ရဲ့ CDMers များကို စက်တင်ဘာလမှာ ပြန်လည် လှူဒါန်းနိုင်ဖို့ အလှူငွေမှာ ငွေကျပ် နှစ်သိန်း ဝန်းကျင်ခန့် လိုအပ်နေသေးပါသဖြင့် ထပ်မံကောက်ခံခြင်းဖြစ်ပါသည်။
ကျောင်းသား၊သူများရဲ့ အင်အားဖြင့်ဆို ငွေကျပ် ၁၀၀၀ ဖြင့်လျှင်ပင် လိုအပ်သော အလှူငွေ ပမာဏကို ရရှိနိုင်တာကြောင့် ဒုတိယအကြိမ် အလှူခံလိုပါသည်။
လှူဒါန်းလိုပါက အောက်ပါ ဖုန်းနံပတ်သို့ Kpay သို့မဟုတ် Wavepay မှ လှူဒါန်းနိုင်ပါသည်။ လှူဒါန်းလိုသည့် ငွေပမာဏ ၁၀၀၀ ထပ်ပိုပါက Page Messenger မှတဆင့် ဆက်သွယ်လှူဒါန်းပါရန်။
လှူဒါန်းနိုင်မည့် ဖုန်းနံပတ်။
09 – 789938658 - Wave Pay
Kbz pay ဖြင့် လှူဒါန်းနိုင်ရန် comment တွင် ရယူပါရန်။
MUE CDM Supporter Team

MUE CDM Supporter Team မှ သတင်းစကား။ ခက်ခဲနေတဲ့ CDMers များအတွက် ထောက်ပံ့နိုင်ဖို့ ကျွန်တော်တို့ Mue CDm Supporter Team ...
21/08/2021

MUE CDM Supporter Team မှ သတင်းစကား။

ခက်ခဲနေတဲ့ CDMers များအတွက် ထောက်ပံ့နိုင်ဖို့ ကျွန်တော်တို့ Mue CDm Supporter Team တတ်စွမ်းသမျှ ကြိုးစားလျက် ရှိပါတယ် ခင်ဗျ။

ဒီတခေါက်မှာတော့ ကျွန်တော်တို့အတွက်အလှူငွေများ ကူညီကောက်ခံပေးနေတဲ့
MUE Mail Box ဆိုတဲ့ page ကလေးကို လမ်းညွှန်ပါရစေ။

MUE Mail Box မှာ သီချင်းတွေ တောင်းနိုင်မယ်၊ ရင်ဖွင့်စကားတွေနှင့်၊ ရည်ရွယ်သူထံ သို့ တိုးတိုးတိတ်တိတ် စကားလုံးတွေ ဖွင့်ဟနိုင်တဲ့ Page တခု ဖြစ်သလို ဒီကနေဘဲ အလှူခံရင်း ရတဲ့ အလှူငွေများသည်လည်း ကျွန်တော်တို့ရဲ့ ရဲ့ရင့်တဲ့ Mue Cdmers များထံ စီးဆင်းသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့မှာ ကျွန်တော်တို့ဘဲ ရှိလို့၊ ကျွန်တော်တို့ အချင်းချင်း ကူညီစောက်ရှောက်လိုက်ကြရအောင်။

Mue CDm Supporter Team

MUE Mail Box - https://www.facebook.com/MUE-Mail-Box-851040718354430

စက်တင်ဘာအတွက် ပိုလှူကြမယ်။အာဏာသိမ်းတာ ၆ လနဲ့ ၁၃ ရက်တိတိရှိခဲ့ပါပီ။အလုပ်တွေ စွန့် ၊ အိုးအိမ်တွေစွန့်ပြီး အာဏာရှင်ကိုတော်လ...
14/08/2021

စက်တင်ဘာအတွက် ပိုလှူကြမယ်။
အာဏာသိမ်းတာ ၆ လနဲ့ ၁၃ ရက်တိတိရှိခဲ့ပါပီ။
အလုပ်တွေ စွန့် ၊ အိုးအိမ်တွေစွန့်ပြီး အာဏာရှင်ကိုတော်လှန်ခဲ့ကြတဲ့ ကျွန်တော်တို့ MUE_CDMers များကတော့ ခုချိန်ထိ တောင့်ခံပြီး အာဏာရှင်ကို တွန်းလှန်နေကြဆဲပါ။
အခြေနေ_အချိန်တွေကြာလာလေ CDM ၀န် ထမ်း‌ကောင်းတွေ တောင့်ခံရပ်တည်ဖို့ ခက်ခဲလာလေဖြစ်ပါတယ်။အခု ကိုဗစ်ရဲ့ တတိယလှိုင်းပုတ်ခတ်မှုဟာ တော်တော့်ကို ပြင်းထန်ပီး အားလုံး စိတ်ဒုက္ခရောက်နေကြပါတယ်။ကပ်ဆိုးရောဂါနဲ့ မအလ တသိုက်ကြောင့် ပိုလို့တောင်ခက်ခဲတဲ့ အခြေနေကို ရောက်ရှိနေပီဖြစ်ပါတယ်။
MUE Supporter Team အနေနဲ့လည်း အလှူငွေအင်အား အင်မတန်ချိနဲ့လာနေတဲ့အတွက်‌ကြောင့် ဩဂုတ်လ အတွက်ထောက်ပံ့မှုကို စိတ်မကောင်းစွာနဲ့ ရပ်နားထားရပါတယ်။
တချို့တလေဟာ တောင့်ခံနိုင်ကြပေမယ့် အများစုဟာ မပြေလည်တဲ့ အကြောင်း အကြောင်းကြားစာများ ပေးပို့လာပါတယ်။
ကျနော်တို့မှာ ကျနော်တို့ပဲ ရှိပါတယ်။ ဒီအတွက်ကြောင့် အားကိုးတကြီး အလှူခံလိုက်ရပါတယ်။
အခုတလော ဖြစ်ပျက်နေတဲ့ အလှူခံနေတဲ့ နံပါတ်တွေ၊ Bank Account တွေကFreeze (Frozen)လုပ်ချလိုက်တာတွေကြောင့် မိမိလှူတဲ့ အလှူငွေဟာ လှူချင်တဲ့သူဆီ ရောက်မှ ရောက်ပါ့မလား၊ကြားထဲမှာပဲ စကစက ဖြတ်သိမ်းသွားမလား စတဲ့ ပြဿနာလေးတွေအတွက်မပူပါနဲ့။ ကျနော်တို့ MUE Supporter Teamအနေနဲ့ အဲ့လိုပြဿနာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်လို့ ယုံကြည်စိတ်ချပီး လှူပေးကြပါ။
မိမိတတ်အားသရွေ့ ၁၀၀ကျပ်မှစ အောက်ပါ နံပါတ်များသို့ လှူဒါန်းနိုင်ပါပီခမျာ။
သြဂုတ်လမှာ နားလိုက်ရလဲ
စက်တင်ဘာမှာ ပိုလှူကြရအောင်ပါ။
K Pay -09966183621
Wave -09966183621
MUE CDM Supporter Team

MlUE CDM Supporter Team မှ နှိုးဆော်လွှာ
13/08/2021

MlUE CDM Supporter Team မှ နှိုးဆော်လွှာ

01/03/2021

ဒီရက်ပိုင်းမှာ CDM အပေါ်မာ အာရုံစိုက်မှုလျော့နည်းသွားပါတယ်။
CDM သည် အာဏာရှင် ကို ဖြိုခွင်းဖို့အတွက် အင်အားကြီး လက်နက် တစ်ခုဆိုတာ ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး။
လက်ရှိ ကျွန်တော်တို့ မုံရွာစီးပွားတက္ကသိုလ်မှ ဆရာ၊ဆရာမတွေ ဝန်ထမ်းပေါင်းများစွာလည်း CDM မှာ ပါဝင်တိုက်ပွဲဝင်နေကြပါတယ်။

ရေရှည်တိုက်ပွဲဖြစ်သည့်အလျောက် လိုအပ်မှုများဆက်လက်ပံ့ပိုးကူညီရန်အတွက် အလှူငွေများ ထည့်ဝင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

ဒီတစ်ခါမှာတော့ တော်လှန်ရေးမပြီးမချင်းကာလတစ်လျောက် ကာမိစေရန် လစဥ် အလှူရှင်များလိုအပ်နေပါတယ်။

လစဥ်လှူဒါန်းမည့် ငွေပမာဏကို အဆင်ပြေရာ ရွေးချယ်နိုင်သလို ကျွန်တော်တို့ ကျောင်းသား၊ကျောင်းသူ များ၏ မုန့်ဖိုး အနည်းငယ်ဖြင့်သာ ပါဝင်လို့ရအောင်လည်း ကျွန်တော်တို့ စီစဥ်ထားပါတယ်။

လစဥ် အလှူရှင်အဖြစ်ပါဝင်ရန် အောက်ပါ form မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

စာရင်းပေးသွင်းပြီး ရက်ပိုင်းအတွင်း ကျွန်တော်တို့ ပြန်လည် ဆက်သွယ်ပေးပါမယ်။

အရေးတော်ပုံ အောင်ရမည်။

https://forms.gle/HZ1bP366rVkCCW9B6

27/02/2021

မုံရွာစီးပွားရေးတက္ကသိုလ်၏
ပါမောက္ခချုပ် Dr.Soe Win ခင်ဗျာ....

27.2.2021(စနေနေ့) မုံရွာတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖမ်းဆီးမှုတွင် (SRF) ရဲ့ memberဝင်တစ်ဦးဖြစ်သော MUE Statistics Majorမှ ညီမလေး ခြူးစံနွယ် မတရားသဖြင့် ဖမ်းဆီးခံလိုက်ရပါတယ်။ မခြူးစံနွယ်သည် ကျောင်းတွင်းပရဟိတ လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်‌ဆောင်ရွက်ပေးသူဖြစ်ရုံသာမက မိုးသောက်ရောင်ခြည် နှင့်အတူ မိဘမဲ့ကလေးငယ်များ၏ ပညာရေး‌အတွက်လဲ တက်ကြွစွာပါဝင်ပေးနေသော ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ မခြူးစံနွယ်အပြင်တိုင်းပြည်တွက် တိုက်ပွဲဝင်ပေးနေသော မုံရွာစီးပွားရေးတက္ကသိုလ်မှ မျိုးဆက်သစ်ကျောင်းသားများ၊ မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်စေရေးအတွက် ဆရာကြီးအနေဖြင့် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆို ပါတယ်ခင်ဗျာ ဆရာကြီးရဲ့ကျောင်းသားတွေကို ကယ်တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ......

ပုံ

စစ်ကိုင်းတိုင်းဒေသကြီးမိသားစု
အလုပ်အမှုဆောင်အဖွဲ့

မုံရွာစီးပွားရေး တက္ကသိုလ် အတွင်းရှိ CDM တွင် ပူးပေါင်းပါဝင်နေသော ဆရာ၊ဆရာမ သုံးယောက်အား ကျွန်တော်တို့ MUE CDM Supporter ...
16/02/2021

မုံရွာစီးပွားရေး တက္ကသိုလ် အတွင်းရှိ CDM တွင် ပူးပေါင်းပါဝင်နေသော ဆရာ၊ဆရာမ သုံးယောက်အား ကျွန်တော်တို့
MUE CDM Supporter Team မှ အလှူငွေ စုစုပေါင်း သုံးသိန်းကျပ်အား လှူဒါန်းပေးအပ်ခဲ့ပါသည်။

အလှူငွေထည့်ဝင်လိုသော ကျောင်းသူ၊ကျောင်းသားများ အနေဖြင့် အောက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ်နိုင်ပါသည်။

09756806285

23/01/2021

မင်္ဂလာပါဗျ......

ကျွန်တော်တို့ရဲ့ စစ်ကိုင်းတိုင်းဒေသကြီးမိသားစု
(Sagaing Region Family ) တည်ထောင်ခဲ့တာဆိုရင် (24.1.2021) မှာ (၇) နှစ် ပြည့်မှာဖြစ်ပါတယ်ဗျ

ဒါကြောင့်မို့ ကျွန်တော်တို့ SRF ရဲ့
7th year Anniversary ကို မနက်ဖြန် (24.1.2021)
နံနက် (9:00) မှာ ကျင်းပမှာ ဖြစ်ပါတယ် ဗျ .......

Covid ကာလ ဖြစ်တဲ့ အတွက် ကျွန်တော်တို့
Zoom Application နဲ့ ကျင်းပမှာ ဖြစ်ပါတယ်ဗျ ...

ကျွန်တော်တို့ SRF ရဲ့ Anniversary ကို တက်ရောက်မယ် ဆိုရင်
ပထမဆုံး Zoom Application ကိုdownload လုပ်ရမှာပါဗျ

ပြီးရင်တော့ ID နဲ့ Password ကို ကျွန်တော်တို့
SRF page Chat Box နဲ့ ဥက္ကဌ ကိုဇင်မင်းပိုင် (Ko Zin )
တို့မှာ လာယူရမှာ ဖြစ်ပါတယ်ဗျ ...

ဆိုတော့ မနက်ဖန် မနက် (9:00) မှာ member ၀င်တွေနဲ့ အတူ
ကျွန်တော်တို့ (SRF) ရဲ့ 7th Anniversary ကို
ပျော်ပျော်ပါးပါးကြီးတက်ရောက်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ဗျ ...

စစ်ကိုင်းတိုင်းဒေသကြီးမိသားစု
အလုပ်အမှုဆောင်အဖွဲ့

23/04/2020

မင်္ဂလာပါဗျာ....

ကျောင်းတော်ကြီးပိတ်ထားလို့
အားလုံးလွမ်းနေကြပြီထင်ပါတယ်.....

ကျွန်တော်တို့ SRF မိသားစု ကလဲ ထပ်တူထပ်မျှ လွမ်းမိပါတယ်ဗျ..

Covid-19 ကာလမို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါ

☀️မလိုအပ်ပဲ အိမ်ပြင်သို့မထွက်ပါနဲ့
☀️အပြင်သို့မဖြစ်မနေထွက်ရန်လိုအပ်ပါက maskတပ်ပါ
☀️အရာဝတ္ထုတခုခုအား ကိုင်တွယ်ပီးတိုင်း လက်ကိုစက္ကန့်၂၀ကြာ
ဆေးကြောပါ
☀️ကိုင်တွယ်ထိတွေ့နေရတဲ့ အရာ ဝတ္တုတွေကို မကြာခဏ
ပိုးသတ်သန့်စင်ပါ
☀️ချောင်းဆိုး နှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို တစ်သျှုးနဲ့အုပ်ပါ
ပီးရင် တခါတည်း အမိူက်ပုံးထဲ ပစ် ပြီး ကာကွယ်ကြပါ ....

အားလုံးဘဲ ကျန်းမာရေးဂရုစိုက်ကြပါ ...
ကျွန်တော်တို့ SRF ကလဲ Stay at home ကာလ မှာ ပြန်လွမ်းစရာ
Activity လေးတခု တင်ပေးလိုက်ပါတယ်ဗျ....

စစ်ကိုင်းတိုင်းဒေသကြီးမိသားစု
အလုပ်အမှုဆောင်အဖွဲ့

24/03/2020

မင်္ဂလာပါဗျ.....

ယနေ့ ၂၄.၃.၂၀၂၀ မှ စ၍ စာမေးပွဲများ ရပ်ဆိုင်းခြင်းကြောင့်
Family Member ၀င်များမှ မိမိ နေရပ်သို့ ပြန်ရန်အတွက်
အခက်အခဲဖြစ်နေသူများကို ကျွန်တော်တို့
စစ်ကိုင်းတိုင်းဒေသကြီးမိသားစု (SRF) မှ အခြားပြန်ဖို့ စီစဉ်ပေးသည့်
Family များနှင့် ကူညီ ဆက်သွယ်ပေးမည် ဖြစ်ပါတယ်ဗျ.....

သို့ဖြစ်၍ အခက်အခဲဖြစ်နေသူများ လာရောက်ဆက်သွယ် ပေးရန်
ကြေညာလိုက်ပါတယ်ဗျ......

စစ်ကိုင်းတိုင်းဒေသကြီးမိသားစု
အလုပ်အမှုဆောင်အဖွဲ့

Address

Monywa University Of Economics
Monywa

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00

Telephone

09763971178

Alerts

Be the first to know and let us send you an email when Sagaing Region Family - SRF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sagaing Region Family - SRF:

Share