18/06/2026
မုံရွာမြို့က နှင်းဆီ
မုံရွာမြို့ရဲ့ အထင်ကရ နေရာများဖြစ်တဲ့ လွတ်လပ်ရေးကျောက်တိုင် နှင့် ကန်သာယာတို့မှာ လုံခြုံရေးတင်းကြပ်မှုများကြားမှ အညာပစ်တိုင်းထောင်လေးများသပိတ်ကော်မတီမှ
နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
"ရန်သူကြောက်ဒူးတုန်စေတဲ့ နှင်းဆီများဟာ မုံရွာမြို့မှာလဲ ပေါ်ပေါက်လာပြီဖြစ်ပါတယ်
နှင်းဆီ လှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်နေ့မှာ ပြည်တွင်း ပြည်ပ ပြည်သူတစ်ရပ်လုံး မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေများအလိုက် အောက်ပါ နည်းလမ်းတစ်ခုခုနဲ့ လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။
ဘုရားတင်/ပန်ဆင်ပါ - နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ခြင်း။
Online ကမ်ပိန်း - မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ခြင်း။
မြေပြင်လှုပ်ရှားမှု - မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ခြင်း။
- အမေစုနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်ကြ
#အညာပစ်တိုင်းထောင်လေးများသပိတ်ဦးဆောင်ကော်မတီ