မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

  • Home
  • Myanmar
  • Monywa
  • မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲ… လူထုအားလုံး ပါဝင်ပေး

“Where is Htet Myat Aung?: Urgent Action Needed to Protect the Life of Htet Myat Aung”Date: 22nd December, 2025 We urgen...
23/12/2025

“Where is Htet Myat Aung?: Urgent Action Needed
to Protect the Life of Htet Myat Aung”

Date: 22nd December, 2025

We urgently call on the international community to demand that the Myanmar military junta immediately disclose the whereabouts of nonviolent protest leader Htet Myat Aung. The junta must allow him to contact his family and colleagues as proof that he is alive and ensure his immediate access to legal representation. New information received through informal sources raises grave concerns that Htet Myat Aung may have been killed during interrogation.
We are gravely concerned for the life and well-being of 24-year-old pro-democracy activist Htet Myat Aung, who was detained by the junta in Mandalay on the evening of 14 December 2025. Since his arrest, his family and colleagues have been denied all contact with him, and his current whereabouts remain unknown. This enforced disappearance places him at serious risk of torture and other grave human rights violations.
Htet Myat Aung was targeted following his leadership in a nonviolent flash mob protest against the military dictatorship near Zay Cho Market in Mandalay on 3 December 2025. The peaceful protest was perceived as a threat by the junta, which subsequently issued an additional arrest warrant with monetary rewards under the newly amended election law. The junta is using the election law as a tool of repression to silence anyone who opposes its sham election. Opposing the election is a basic democratic right and must not be punished. The arrest of Htet Myat Aung exposes the coercion behind the junta’s election plans and proves that any such election will not be free or fair.
When the coup happened, Htet Myat Aung was only 18 years old. Since then, Htet Myat Aung has been an active leader in the nonviolent movement, organizing and leading numerous flash mob protests in Mandalay. In 2024 and 2025 alone, he led at least ten urban flash mob actions, despite the military’s violent crackdown on nonviolent dissent. The junta initially issued an arrest warrant for him between 2021 and 2022, and the recent arrest was based on an additional warrant.
We urge the international community to take immediate and sustained action to protect Htet Myat Aung’s life, demand an end to his enforced disappearance, and hold the Myanmar military junta accountable for ongoing violations of international human rights law.

For inquiries:
Ma Aye Myint Aung Aung – .98 (Signal)
Ko Nan Lin – .63 (Signal)
Ko BT - @ btmaeu.27(Signal)

Issued jointly by:
Anti-junta Forces Coordination Committee (Mandalay) – AFCC-MDY
Yadanabon University Students’ Union (YDNBUSU)
General Strike Coordination Body (GSCB)

Silent strike မုံရွာခရိုင်လူငယ်များလှုပ်ရှားမှု မုံရွာခရိုင်ရှိsilent strike တွင်ပါ၀င်ခဲ့သောပြည်သူလူထုအားလုံးကို ဂုဏ်ပြု...
10/12/2025

Silent strike မုံရွာခရိုင်လူငယ်များလှုပ်ရှားမှု
မုံရွာခရိုင်ရှိsilent strike တွင်ပါ၀င်ခဲ့သောပြည်သူလူထုအားလုံးကို ဂုဏ်ပြုသောအားဖြင့် တက်ကြွလှုပ်ရှားလူငယ်များက ယနေ့ ဒီဇင်ဘာလ (၁၀)ရက်နေ့ ညနေ ပိုင်းအချိန်တွင် လှုပ်ရှားမှုများပြုလုပ်ခဲ့သည် ။


#မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

“ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး”"ပြည်လုံးကျွတ် အသံတိတ်သပိတ်(Silent Strike)လှုပ်ရှားမှုပြည်သူလူထု၏တော်လှန်ရေ...
10/12/2025

“ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး”
"ပြည်လုံးကျွတ် အသံတိတ်သပိတ်(Silent Strike)လှုပ်ရှားမှု
ပြည်သူလူထု၏တော်လှန်ရေး သစ္စာအဓိဌာန် နှင့် ထုတ်ပြန်ကြေညာချက်"

စာအမှတ် ။ ။ ၀ ၃ ၂ / အ သ ပ အ / ၂၀၂၅
ရက်စွဲ ။ ။၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်

စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲဖြင့် ၄င်းတို့၏ အာဏာ သက်ဆိုးရှည်စေရန်နှင့် ၄င်းတို့ ကျူးလွန်ခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ခံရခြင်းမှ ရှောင်လွှဲနိုင်စေရေးအတွက် ကြံစည်နေပြီး နိုင်ငံတကာတွင် ပိုမို လူရာဝင် (တရားဝင်) လာရေး အတွက်လည်း အတုအယောင် အစိုးရ၊ အတုအယောင် လွှတ်တော် တို့ဖြင့် မလိမ့်တပတ် လုပ် လှည့်ဖြားမည် ဖြစ်သည်။

ထို့ကြောင့်ပင် ၎င်းရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူထုကို “ဓားမိုး၊သေနတ်ထောက်၍” အကြမ်းဖက်မှုပေါင်းစုံကို အရှိန်မြှင့် ကျူးလွန်လျက်ရှိပါသည်။ အကြမ်းဖက်မှု အပေါင်း သရဖူဆောင်ထားသည့် ဤ အကြမ်းဖက်ရွေးကောက်ပွဲသည် လူထုဆန္ဒ အလျဉ်းပါဝင်ခြင်း မရှိဘဲ ရွေးကောက်ပွဲအလွန်ကာလတွင်လည်း တိုင်းပြည်နှင့် လူထုအပေါ် ဖိနှိပ်မှုပေါင်းစုံတို့ဖြင့် ဂုတ်သွေးစုပ်၍ စစ်အုပ်စု အကျိုးစီးပွါးကို ဆောင်ကျဉ်းမည်သာဖြစ်ပါသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖက်ဆစ်ဆန်ဆန် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများအောက်မှပင် လူထုအားလုံးပါဝင်နိုင်သော တိုက်ပွဲနည်းနာများထဲမှ တခုဖြစ်သည့် အသံတိတ်သပိတ် (Silent Strike)ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက် (၁၀) နာရီ မှ နေ့လည် ၃နာရီအထိ ပြည်သူတရပ်လုံးက တညီတညာတည်း ဆင်နွှဲခဲ့ကြပါသည်။

ယခုအကြိမ်တွင်လည်း ပြည်သူလူထုကြီးသည် နိုင်ငံလုံးကျွတ် အသံတိတ်သပိတ်ကြီးကို ဆင်နွှဲခဲ့ပြီး မည်သည့်အချိန်၊ မည်မျှအကြာတွင်ပင်ဖြစ်စေ “ငါတို့မြို့ ငါ့တို့ပိုင်တယ်၊ ငါတို့ငြိမ်ချင်ငြိမ်မယ် ငါတို့လှုပ်ချင်လှုပ်မယ်” အကြမ်းဖက် အာဏာလုသူများမှ "လုံးဝအုပ်ချုပ်ခွင့် မရှိစေရ" ဆိုသည့် စိတ်ပိုင်းဖြတ်မှုကို “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး”ဟုဆိုသည့်အတိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ လွတ်လပ်မှုနှင့် ဖယ်ဒရယ်ဒီမိုကရေစီကို မည်မျှလိုလားကြောင်း၊ စစ်အုပ်စုမှ ပြုလုပ်သည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကြီးကို လုံးဝ လက်မခံနိုင်ကြောင်း ရှင်းလင်းပြတ်သားစွာ တနိုင်ငံလုံးသာမက တကမ္ဘာလုံးမြင်အောင် ဤလှုပ်ရှားမှုမှတဆင့် ကြွေးကြော် ပြသခဲ့ကြပါသည်။

အကြမ်းဖက် စစ်တပ်၏ မတရားဖိနှိပ် ဖမ်းဆီးမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် အမျိုးမျိုးသော တားဆီးနှောင့်ယှက်မှုများ အကြားမှ စုစည်းညီညွတ်မှု အပြည့်ဖြင့် အသံတိတ် သပိတ်ကြီးတွင် ရဲရင့်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည့် ပြည်သူလူထုကြီး တရပ်လုံး၊ တဦးချင်းစီတိုင်းနှင့် တော်လှန်ရေးအင်အားစုများ အားလုံးကို ကျွန်ုပ်တို့မှ လေးစားစွာ ဦးညွတ် ဂုဏ်ပြုအပ်ပါသည်။ ထို့အပြင် တော်လှန်ရေးအင်အားစု အသီးသီးမှလည်း စည်းလုံး ညီညွတ်စွာဖြင့် လူထုကို စည်းရုံး လှုံ့ဆော်ခဲ့ခြင်းအား မှတ်တမ်းတင်အပ်ပါသည်။

မပြီးဆုံးသေးသည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးစသော နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သို့ ပြည်လုံးကျွတ် အသံတိတ် သပိတ်မှရရှိသည့် ခိုင်မာသည့် တော်လှန်ရေးစိတ်ဓာတ်ကို ကိုင်စွဲသယ်ဆောင်ကာ ဆက်လက် ချီတက်သွားကြပါရန် တိုက်တွန်းဆော်ဩအပ်ပါသည်။

ထို့အပြင် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုတစ်ရပ်လုံးအနေဖြင့်
၁။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး။
၂။ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေး။
၃။ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး။
စသည့် လူထုဆန္ဒသစ္စာ (၃)ရပ်ကို ကိုင်စွဲ၍ လူထု၏ ဆိတ်သုဉ်းနေသော လူ့အခွင့်အရေးများကို ပြန်လည်ရယူနိုင်ရန် ဆက်လက်တိုက်ပွဲဝင်သွားကြပါမည်။

“တပြည်လုံး လွတ်မြောက်မှသာ အားလုံး လွတ်မြောက်မည်။”
“အာဏာရှင်စနစ် ဟူသမျှ မုချ ကျရှုံးရမည်။”
“ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် မုချ တည်ဆောက်နိုင်ရမည်။”

တော်လှန်ရေးသစ္စာဖြင့်
အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)



#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#ကြောက်ခေတ်ကိုမှောက်ပစ်


#ငါတို့အသံငါတို့တိုက်ပွဲငါတို့အခွင့်အရေး

မုံရွာ မြို့ခံများမှ ပေးပို့လာသော ခြောက်ကပ် ငြိမ်သက်နေသော မုံရွာမြို့လမ်းမကြီးများ     #ငါတို့အသံငါတို့တိုက်ပွဲငါတို့အခွ...
10/12/2025

မုံရွာ မြို့ခံများမှ ပေးပို့လာသော ခြောက်ကပ် ငြိမ်သက်နေသော မုံရွာမြို့လမ်းမကြီးများ



#ငါတို့အသံငါတို့တိုက်ပွဲငါတို့အခွင့်အရေး

အပြင်မထွက်၊ အသံတိတ်သပိတ် (အထူးမေတ္တာရပ်ခံချက်)စစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့မှာ အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ရ...
10/12/2025

အပြင်မထွက်၊ အသံတိတ်သပိတ် (အထူးမေတ္တာရပ်ခံချက်)

စစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့မှာ အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ရန်အတွက် ပိတ်ထားမည့် စျေးဆိုင်များ၊ စားသောက်ဆိုင်များ ၊ အလုပ်ရုံစက်ရုံများ၊ ကုမ္ပဏီများကို ဖော်ထုတ် အရေးယူရန်နှင့် ချိတ်ပိတ်ရန်ဖိအားပေးလျက် ရှိသည်။

ပြည်သူလူထုရဲ့ လုံခြုံရေးဟာ အရေးကြီးဆုံးဖြစ်တာမို့ ဒီလို အကြပ်ကိုင် ဖိအားပေးမှုတွေအောက်မှာ ဈေးဆိုင်တွေကို ဖွင့်လှစ်ရတာကို နားလည် စာနာပါကြောင်းနှင့် ဈေးဆိုင်များကို မပိတ်ဘဲ ဖွင့်လှစ်ကာ အသံတိတ်သပိတ်ကို ဆင်နွှဲကြဖို့ တိုက်တွန်းလိုပါသည်။

ဆိုင်တံခါးတွေသာ ပွင့်နေပါစေ၊ လူတွေကတော့ ဆိုင်ထဲ၊ အိမ်ထဲမှာပဲ နေပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ လမ်းမတွေပေါ် မထွက်ကြဖို့၊ အပြင်မသွားကြဖို့နဲ့ တိတ်ဆိတ်ခြင်းဖြင့် သက်သေပြကြဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုက ပုံဖော်ချင်နေတဲ့ "ပုံမှန်လည်ပတ်နေပါတယ်" ဆိုတဲ့ အခြေအနေ မဟုတ်ကြောင်းကို လူမရှိတဲ့ လမ်းမတွေ၊ တိတ်ဆိတ်နေတဲ့ မြို့ပြတွေကတဆင့် ကမ္ဘာသိအောင် ချပြရပါမယ်။

ဒါကြောင့် ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၁၀ နာရီ ကနေ ညနေ ၃ နာရီ အတွင်းမှာ ဆိုင်ခန်းတွေထဲ၊ အိမ်တွေထဲမှာပဲ နေထိုင်ပြီး "အသံတိတ်သပိတ်" ကို ပုံစံတစ်မျိုးနဲ့ ဆင်နွှဲကြပါစို့။



#ငါတို့အသံငါတို့တိုက်ပွဲငါတို့အခွင့်အရေး

09/12/2025

မနက်ဖြန် ဒီဇင်ဘာလ(၁၀)ရက်၊ မနက် (၁၀)နာရီမှ ညနေ(၃)နာရီအထိ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်မှာ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ပူးပေါင်းပါဝင်ပါ။

ငါတို့မြို့ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင် လှုပ်မယ်။

တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကို ပူးပေါင်းပါဝင်ကြဖို့ အိမ်အလိုက်၊ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ဆိုင်အလိုက်၊ ရုံးအလိုက် လက်ဆင့်ကမ်း ပြောဆို စည်းရုံးပေးကြပါ။

မုံရွာကကွယ် လိမ္မာတယ်။
ဗိုလ်ချုပ်အောင်ဆန်း

မုံရွာက ခိုင်မာတယ်။
ဒေါ်အောင်ဆန်းစုကြည်

တိတ်ဆိတ်ငြိမ်သက်ခြင်း(Silent Strike)မှာ စည်းလုံးညီညွတ်စွာ တခဲနက် ပူးပေါင်းပါဝင်ခြင်းနဲ့အတူ မုံရွာက လိမ္မာကြောင်း၊ ခိုင်မာကြောင်း ထပ်မံ ပြသကြပါစို့။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

မနက်ဖြန် ဒီဇင်ဘာလ(၁၀)ရက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်မှာ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ပူးပေါင်းပါဝင်ပါ။ငါတို့မြို့ ငါတို...
09/12/2025

မနက်ဖြန် ဒီဇင်ဘာလ(၁၀)ရက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်မှာ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ပူးပေါင်းပါဝင်ပါ။

ငါတို့မြို့ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင် လှုပ်မယ်။

တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကို ပူးပေါင်းပါဝင်ကြဖို့ အိမ်အလိုက်၊ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ဆိုင်အလိုက်၊ ရုံးအလိုက် လက်ဆင့်ကမ်း ပြောဆို စည်းရုံးပေးကြပါ။

မုံရွာကကွယ် လိမ္မာတယ်။
ဗိုလ်ချုပ်အောင်ဆန်း

မုံရွာက ခိုင်မာတယ်။
ဒေါ်အောင်ဆန်းစုကြည်

တိတ်ဆိတ်ငြိမ်သက်ခြင်း(Silent Strike)မှာ စည်းလုံးညီညွတ်စွာ တခဲနက် ပူးပေါင်းပါဝင်ခြင်းနဲ့အတူ မုံရွာက လိမ္မာကြောင်း၊ ခိုင်မာကြောင်း ထပ်မံ ပြသကြပါစို့။

"သန်းပေါင်းများစွာသော ပြည်သူတွေ ညီညွတ်စွာ တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် အကျယ်လောင်ဆုံး ဟစ်ကြွေးကြ"

"လူ့အခွင့်အရေး လုံးဝ ဆိတ်သုဥ်းနေတယ်ဆိုတာ တိတ်ဆိတ်ငြိမ်သက်စွာနေထိုင်ခြင်းဖြင့် ပြသကြ"

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ကို ပြန်လည်ကူးယူဖော်ပြခြင်း၊ မျှဝေခြင်းများ ပြုလုပ်ပေးကြပါရန်။

မတ်လ(၂၄) ရက်၊ Silent Strike တုန်းက မုံရွာပြည်သူတွေ ညီညွတ်စွာ ပူးပေါင်းပါဝင်ခဲ့ကြပုံတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

အပြင်မထွက်၊ အသံတိတ်သပိတ် ........"တိတ်ဆိတ်ခြင်းသည် အကျယ်လောင်ဆုံး ဟစ်ကြွေးသံ"  ဆိုတဲ့အတိုင်းရဲ့ တရားမဝင် အတုအယောင် ရွေးက...
08/12/2025

အပြင်မထွက်၊ အသံတိတ်သပိတ် ........

"တိတ်ဆိတ်ခြင်းသည် အကျယ်လောင်ဆုံး ဟစ်ကြွေးသံ" ဆိုတဲ့အတိုင်းရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ၊ ပြည်သူ့ထောက်ခံမှု ရရှိနေသယောင် ဝါဒဖြန့်မှုများကို တန်ပြန်ရန်နှင့် မတရားမှုများကို ဟစ်အော်အသိပေးကြပါမယ်။

ယခုတစ်ကြိမ် အသံတိတ်သပိတ်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် (လူ့အခွင့်အရေးနေ့) မနက် ၁၀ နာရီမှ ညနေ ၃ နာရီ ကြားအချိန်ကာလမှာ ပြုလုပ်မှာဖြစ်ပြီး တစ်တိုင်းပြည်လုံး တိတ်ဆိတ်ခြင်းနဲ့ အတုအယောင်ရွေးကောက်ပွဲကို ရိုက်ချိုးကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် မုံရွာမြို့ခံ ပြည်သူလူထုကြီးမှလည်း မုံရွာ မြို့တွင်း၊ မြို့ပြင် လမ်းမများအား တိတ်ဆိတ်ခြောက်ကပ်​စေခြင်းဖြင့် အသံတိတ်သပိတ်အား ဆင်နွှဲကြရန် တိုက်တွန်းနှိုးဆော်အပ်သည်။
..................
"
အခု အလေး အနက် ကျွန်တော် တင်ပြစရာ ရှိ ပါ တယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ကျွန်တော် တို့ အားလုံး အပြင် မထွက်ဘဲ နဲ့ အသံတိတ် သပိတ်လုပ်ရင်း နဲ့ စစ်အာဏာရှင် စနစ် ကို ကျွန်တော် တို့ လူထု တစ်ရပ်လုံး က စည်းလုံး ညီညွတ်စွာ နဲ့ လက်မခံကြောင်း ပြသကြ ဖို့ Silent Strike ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ကျွန်တော် တို့ လုပ် မယ်။

တစ်နိုင်ငံလုံးလုပ်ကြပါမယ်။ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ ပါဝင်ပေးကြ ဖို့ အတွက် ကျွန်တော် တောင်းဆို ပါတယ်။"

ကိုခန့်ဝေဖြိုး

"ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။"(ပီ-‌ဂျေ ပရ...
08/12/2025

"ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။"

(ပီ-‌ဂျေ ပရိုဒွန်)

အသံတိတ်သပိတ်လှုပ်ရှားမှု
10th December 2025

"Our Voice, Our Fight, Our Rights“***အပြင်မထွက်၊ အသံတိတ်သပိတ်***အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပမယ့် စစ်အုပ်စုရဲ့ တရားမဝင...
05/12/2025

"Our Voice, Our Fight, Our Rights“
***အပြင်မထွက်၊ အသံတိတ်သပိတ်***

အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပမယ့် စစ်အုပ်စုရဲ့ တရားမဝင် ဒီဇင်ဘာ ရွေးကောက်ပွဲကြီးဟာ နီးကပ်လာပါပြီ။
မတရားရွေးကောက်ပွဲကြီး နီးကပ်လာတာနဲ့ အမျှ စစ်အုပ်စုဟာ ပြည်သူအများရဲ့ထောက်ခံမှုကို ရရှိနေသယောင် နိုင်ငံတကာမှာ အတုအယောင် ဝါဒဖြန့်မှုတွေပြုလုပ်နေပြီး
တစ်ဖက်မှာလည်း ပြည်သူတွေကို ချော့တစ်မျိုး ခြောက်တစ်ဖုံနဲ့ ရွေးကောက်ပွဲကို အထမြောက်ဖို့ ကြိုးစားနေပါတယ်။

ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။
ဒီလို အသိပေးဖို့ အတွက် တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး ဟစ်ကြွေးသံပါ။
ယခင့်ယခင် ပြုလုပ်ခဲ့သည်များနည်းတူ ဒီတစ်ခါမှာလည်း တိတ်ဆိတ်ခြင်းနဲ့ ကျနော်တို့ အသံကို ထုတ်ဖော်ပြသပါမယ်။

“Our Voice, Our Fight, Our Rights” ဆိုတဲ့ ဒီတစ်ခါ အသံတိတ် သပိတ် ဆောင်ပုဒ်အတိုင်း ကျနော်တို့ အခွင့်အရေးတွေအတွက် ကျနော်တို့ အသံတွေကိုတိတ်ကာ ဟစ်ကြွေးလို့ တိုက်ပွဲဝင်ကြပါမယ်။
အသံတိတ် သပိတ် ကျင်းပမယ့်နေ့ရက်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားပြီး
သပိတ် ပြုလုပ်မယ့်အချိန်ကိုတော့ ရုံးတက် ရုံးဆင်း ၊ စျေးသွားစျေးလာ အချိန်ကာလတွေနဲ့ ဝေးကွာအောင် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီ သတ်မှတ်ထားပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာ တစ်ဝှမ်းက ကြားအောင်၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အထမြောက်သွားခဲ့သည် တိုင်အောင် ဓားထောက်ပြီး မင်းမြှောက်ခိုင်းခဲ့တာသာ ဖြစ်ကြောင်း သိရှိရလေအောင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်၁၀ နာရီ ကနေ ညနေ ၃ နာရီ ကြားအချိန်ကာလမှာ အုတ်တချပ် သဲတပွင့် အဖြစ် ပါဝင်ပေးကြဖို့ အကူအညီတောင်းပါရစေ။

“မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြ”

အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။

#ပြည်သူသာအဓိက
#လူထုတိုက်ပွဲလှုပ်ရှားမှု



❝ ကြိုးဆွဲရာ❞များမကြာမီ စတင်တော့မယ့် ရွေးကောက်ပွဲမှာ အာဏာရူးစစ်အုပ်စုအနေနဲ့ ရုပ်သေးဆရာတွေအဖြစ် ပါဝင်သွားမှာဖြစ်ပြီး သူတိ...
23/11/2025

❝ ကြိုးဆွဲရာ❞

များမကြာမီ စတင်တော့မယ့် ရွေးကောက်ပွဲမှာ အာဏာရူးစစ်အုပ်စုအနေနဲ့ ရုပ်သေးဆရာတွေအဖြစ် ပါဝင်သွားမှာဖြစ်ပြီး သူတို့ကိုယ်တိုင် ရေးသားဖန်တီးထားတဲ့ ဇာတ်လမ်းတပုဒ်ကို စလယ်ဆုံး အပိုင်းပိုင်းခွဲကာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

(အတုအယောင်) ရွေးကောက်ပွဲကြီး အထမြောက် ပြီးမြောက်ခဲ့ရင်တော့ ပြည်သူတရပ်လုံးအနေနဲ့က အာဏာရှင် ကြိုးဆွဲရာကရမယ့် ရုပ်သေးရုပ်လေးတွေအဖြစ် ဆက်လက် ပါဝင်အသုံးတော်ခံသွားကြရမှာဖြစ်ပြီး၊ အာဏာမက်သူ ပြည်တွင်းက ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေဟာလည်း အာဏာရှင်ရဲ့ ဇာတ်ညွှန်းအတိုင်းသာ အသုံးတော်ခံကြရတော့မှာပါ။

ဒါကြောင့် သွေးစွန်းလက်နဲ့ ကြိုးကိုင်ဖျော်ဖြေမယ့် ရုပ်သေးရွေးကောက်ပွဲရဲ့ နိမိတ်ပုံတွေကို မိမိတို့မှ ပြည်သူလူထုထံ ကြိုတင်တင်ဆက်ရင်း ကြိုးဆွဲရာ ကကြိုးအောက် လွတ်မြောက်နိုင်စေရေး နှိုးဆော်လိုက်ရပါတယ်။









#မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

22/11/2025

"Letters from Gwangju to Myanmar"
"မြန်မာပြည်အတွက် ဂွမ်ဂျူးမြို့မှ ပေးစာ"

ဂွမ်ဂျူးမြို့က ပို့လိုက်တဲ့စာတွေမှာ သူတို့နှလုံးသားကနေထုဆစ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေပါတယ်။ မြန်မာပြည်သူလူထုအတွက် ကိုယ်ချင်းစာတရားတွေပါတယ်။ တော်လှန်‌ရေးအတွက် စိတ်ခွန်အားတွေ ပါရှိပါတယ်။ ဒီစာတွေကို ယခု Music Concert မှာ အတူဖွင့်ဖောက်ခံစားကြရမှာဖြစ်ပါတယ်။



#သောင်ရင်းသုခုမ


Address

Monywa

Website

Alerts

Be the first to know and let us send you an email when မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share