World Robot Olympiad Myanmar

World Robot Olympiad Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from World Robot Olympiad Myanmar, Shophouse No. 215, TimesCity, Kamayut, Yangon, Myanmar, Mogaung.

ဆရာကြီးဦးကြည်ရဲ့ အမွေအနှစ်ကို ဆက်လက်သယ်ဆောင်သွားနိုင်မဲ့ Future Innovator Category 🤖 ✨ရှေးဘုရင်တွေလက်ထက်ကတည်းက မြန်မာ့လက...
17/05/2026

ဆရာကြီးဦးကြည်ရဲ့ အမွေအနှစ်ကို ဆက်လက်သယ်ဆောင်သွားနိုင်မဲ့ Future Innovator Category 🤖 ✨

ရှေးဘုရင်တွေလက်ထက်ကတည်းက မြန်မာ့လက်မှုပညာနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေက ဘယ်လောက်ခမ်းနားပြီး လက်ရာပြောင်မြောက်လဲဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ နည်းပညာ တီထွင်ဖန်တီးမှုတွေနဲ့ ပတ်သက်ရင်လည်း မြန်မာလူမျိုးတွေဟာ ခေတ်နောက်ကျ မကျန်ခဲ့ဘူးဆိုတဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။

မင်းတုန်းမင်းလက်ထက် ကနောင်မင်းသားကြီးရဲ့ စက်မှုနိုင်ငံတော်လို့ ခေါ်ဆိုရလောက်တဲ့ နည်းပညာတီထွင်ဖန်တီးမှုတွေကနေ တစ်စတစ်စပြောင်းလဲတိုးတက်လာလိုက်တာ... ⚙️

🚀 (၁၉၈၆) ခုနှစ်မှာဆိုရင်... ဆရာကြီးဦးကြည်ရဲ့ အချိန် (၆) လကြာ ကြိုးစားတီထွင်ခဲ့ရတဲ့ "အနီရောင်စက်ရုပ်လေး" ဟာ လိုအပ်သလို ထိုင်နိုင်၊ ထနိုင်၊ လမ်းလျှောက်နိုင်ရုံသာမက လူသားတွေအတွက် အန္တရာယ်ရှိတဲ့နေရာတွေ (ဥပမာ - မော်တော်ကားဆေးမှုတ်လုပ်ငန်းလိုနေရာမျိုး) မှာပါ အသုံးပြုနိုင်လောက်တဲ့အထိ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။

အောင်ဆန်းစက်မှုလက်မှုနဲ့ အထွေထွေပြုပြင်ရေးကျောင်းက ဆရာကြီးဦးကြည်ကိုယ်တိုင် ပြည်တွင်းမှာရှိတဲ့ တိုလီမုတ်စ ပစ္စည်းလေးတွေနဲ့ ဖန်တီးခဲ့တာမို့... လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက မြန်မာ့ပညာရှင်တွေဟာ ကမ္ဘာနဲ့အမီလိုက်နိုင်ဖို့ "နည်းပညာသွေးအပြည့်" နဲ့ အားကြိုးမာန်တက် ကြိုးစားခဲ့ကြတယ်ဆိုတာကို ဒီစက်ရုပ်ကြီးက သက်သေပါပဲ။ 💯

ဒါကြောင့် နည်းပညာ တီထွင်ဖန်တီးမှုတွေ၊ စက်ရုပ်နည်းပညာတွေနဲ့ ပတ်သက်ရင် မြန်မာလူမျိုးတွေလည်း ခေတ်နောက်ကို အမြဲတမ်းအမှီလိုက်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားအားထုတ်နေကြတယ်ဆိုတာ ခိုင်မာစွာ ဖော်ပြနေပါတယ်။

အခုဆိုရင်တော့ ခေတ်စနစ်ကလည်း ပိုမိုပြောင်းလဲတိုးတက်လာပြီဖြစ်သလို... စက်ရုပ်တီထွင်မှုနဲ့ နည်းပညာဖန်တီးမှုတွေကို စိတ်ဝင်စားတဲ့ မြန်မာကျောင်းသားလူငယ်တွေအတွက် သင်ကြားရေးတင်မကဘဲ လက်တွေ့လုပ်ဆောင်နိုင်မယ့် Project တွေ၊ နိုင်ငံတကာက ကျောင်းသားတွေနဲ့ပါ ရင်ပေါင်တန်းယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အလမ်းတွေက အများကြီး စောင့်ကြိုနေပါတယ်။ 🌍

ဒါကြောင့် ကျောင်းသားလူငယ်တွေအနေနဲ့ ကိုယ်တိုင် စက်ရုပ်နည်းပညာဖန်တီးမှုတွေလုပ်ချင်တယ်၊ ကမ္ဘာကြီးကို အကျိုးပြုနိုင်မယ့် နည်းပညာ Solution တွေ အဖြေရှာချင်တယ်၊ Robotics ပညာရပ်နဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့...

ဆရာကြီးဦးကြည်ရဲ့ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းရာကျတဲ့ WRO 2026 ရဲ့ "Future Innovator Category" ကို ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ✅

ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တာနဲ့...
💡 လက်တွေ့ဆန်ပြီး အနာဂတ်ကို ပြောင်းလဲစေမယ့် စက်ရုပ်မျိုးကို တီထွင်ဖန်တီးပြသခွင့်ရမယ်။
🧠 အခက်အနေတွေကို တီထွင်မှုနဲ့ ကျော်ဖြတ်တတ်တဲ့ "Innovator Mindset" ကို မွေးမြူနိုင်မယ်။
🏆 Global Stage အထိ တက်လှမ်းပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်ကျောင်းရဲ့ ဂုဏ်ကို ဆောင်နိုင်မယ့် အခွင့်အရေးကိုပါ ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့်... အနာဂတ်ရဲ့ Future Innovator လေးတွေဖြစ်ဖို့ “Ready” ပဲလား…?
ဒါဆိုရင်တော့ Comment မှာ “Ready” လို့ မန့်ခဲ့ပါဦး။ 🥰

🚨 REGISTRATION DEADLINE EXTENSION ALERT! 🚨ကျောင်းသားတွေကို စက်ရုပ်နည်းပညာတီထွင်ဖန်တီးမှုတွေနဲ့ သူတို့ရဲ့နည်းပညာအနာဂတ်၊ အ...
16/05/2026

🚨 REGISTRATION DEADLINE EXTENSION ALERT! 🚨

ကျောင်းသားတွေကို စက်ရုပ်နည်းပညာတီထွင်ဖန်တီးမှုတွေနဲ့ သူတို့ရဲ့နည်းပညာအနာဂတ်၊ အိပ်မက်တွေကို နိုင်ငံတကာစင်မြင့်အထိရောက်အောင် လမ်းညွှန်ပျိုးထောင်ပေးနေတဲ့ ဆရာ၊ ဆရာမတို့အတွက်

ဒီနှစ် WRO 2026 ပြိုင်ပွဲကြီးက လက်မလွှတ်သင့်တဲ့ ရွှေ‌ရောင်အခွင့်အလမ်းကြီးတစ်ခုလိုပါပဲ။

ဒါကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ့်ရဲ့ကျောင်းသားလူငယ်တွေ၊ စက်ရုပ်နည်းပညာစိတ်ဝင်စားတဲ့ကလေးတွေအတွက် နိုင်ငံတကာစက်ရုပ်နည်းပညာပြိုင်ပွဲကြီးဆီကို အရောက်လှမ်းနိုင်ဖို့ စာရင်းသွင်းဖို့မမှီလိုက်မှာ၊ အဆင်သင့်မဖြစ်သေးမှာတွေမဖြစ်ရအောင်

WRO MYANMAR National Round 2026 ရဲ့ Registration Deadline ကို ထပ်မံတိုးပေးလိုက်ပြီဖြစ်ပါတယ်။ ‼️

📌 ယခင် May 31 ရက်နေ့အထိ သတ်မှတ်ထားတဲ့ Registration Deadline ကို အခု June 15, 2026 အထိတိုးပေးလိုက်တာဖြစ်လို့

စာရင်းမသွင်းရသေးတဲ့ကျောင်းသားတွေ၊ ကျောင်းတွေအနေနဲ့ Deadline လေးအမှီ စာရင်းသွင်းဖို့အတွက် တိုက်တွန်းနှိုး‌ဆော်လိုက်ရပါတယ်။

📌 Registration Process အသေးစိတ်ကိုလည်း ဒီမှာ ဝင်ရောက်ဖတ်ကြည့်လို့ရပါတယ်။

https://www.facebook.com/share/p/17YU7jQcbW/

"၂၀၂၆ ရဲ့ ကမ္ဘာ့အဆင့်မီ စက်ရုပ်ချန်ပီယံဆုက ငါတို့ကျောင်းက၊ ငါတို့အဖွဲ့ကပဲ ဖြစ်ရမယ်" ဆိုတဲ့ ဂုဏ်ယူဝင့်ကြွားမှုကို ဆောင်ကျဉ်းနိုင်ဖို့ June 15 မတိုင်ခင် အခုပဲ အမြန်ဆုံး စာရင်းသွင်းလိုက်ပါ။ ⏱️

💡 ပြိုင်ပွဲနဲ့ပတ်သက်ပြီး သိချင်တာတွေရှိရင် (သို့မဟုတ်) စာရင်းသွင်းဖို့ အခက်အခဲဖြစ်နေရင်လည်း Comment မှာ "WRO 2026" လို့ မန့်ခဲ့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်!

မြန်မာကျောင်းသားတွေရဲ့ စက်ရုပ်နည်းပညာတီထွင်ဖန်တီးမှုတွေကို စင်တင်ပေးဖို့အချိန်တန်ပါပြီ‼️နည်းပညာနဲ့ပတ်သက်ရင် မြန်မာကျောင်...
14/05/2026

မြန်မာကျောင်းသားတွေရဲ့ စက်ရုပ်နည်းပညာတီထွင်ဖန်တီးမှုတွေကို စင်တင်ပေးဖို့အချိန်တန်ပါပြီ‼️

နည်းပညာနဲ့ပတ်သက်ရင် မြန်မာကျောင်းသားလူငယ်တွေက ထူးချွန်ထက်မြက်တယ်။ စက်ရုပ်နည်းပညာတီထွင်မှုတွေဆိုရင် ဆန်းသစ်ပြီး တကယ်လည်းအလုပ်ဖြစ်တယ်ဆိုတာမျိုးကို ကျောင်းသားတွေကို နည်းပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ၊ Coach တွေက အသိဆုံးပါပဲ။

ဒါကြောင့် ဒီလိုအရည်အချင်းတွေ၊ ပါရမီတွေကို ပိုပြီးအရောင်တောက်ပစေဖို့ နိုင်ငံတကာစင်မြင့်ထက်ကို ခေါ်ဆောင်ပေးဖို့အချိန်ရောက်နေသလို ခေါ်ဆောင်ပေးနိုင်မဲ့ ရွှေရောင်အခွင့်အလမ်းတွေကလည်း အရံသင့်ရှိနေပါပြီ။

သူတို့လေးတွေရဲ့ နည်းပညာတီထွင်ဖန်တီးမှုတွေ၊ ကမ္ဘာကြီးကို အကူအညီပေးချင်တဲ့ ဖြေရှင်းချက်တွေကို နိုင်ငံတကာက နည်းပညာကျောင်းသားလူငယ်တွေနဲ့အတူ နိုင်ငံတကာစင်မြင့်ထက်မှာ ဖော်ထုတ်ပြသနိုင်မယ်ဆိုရင် နည်းပညာခေတ်မှာ အင်မတန်ကောင်းမွန်တဲ့အရွေ့တစ်ခုကို မြန်မာကျောင်းသားတွေက ဖော်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

အနာဂတ်ရဲ့နည်းပညာရှင်လေးတွေ၊ ကျောင်းဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင်လေးတွေအဖြစ်နဲ့ အနာဂတ် Robotics နယ်ပယ်မှာ မြန်မာကျောင်းသားလူငယ်တွေဦးဆောင်နိုင်စေဖို့ ဒီနှစ် WRO 2026 ပြိုင်ပွဲကြီးက လက်တကမ်းအလိုမှာရောက်ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့် မြန်မာကျောင်းသားလူငယ်တွေကို စက်ရုပ်နည်းပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ၊ Coach တွေနဲ့ ICT ဆရာတွေအနေနဲ့ သင့်ကျောင်းသားတွေကို WRO 2026 ပြိုင်ပွဲကြီးမှာ စင်တင်ပေးနိုင်ဖို့

📌 မနက်ဖြန် May 15th (သောကြာနေ့) မှာကျင်းပမဲ့ Exclusive Webinar ကို မဖြစ်မနေ တက်ရောက်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ဒီ Exclusive Webinar မှာဆိုရင် အောင်မြင်တဲ့ Robotics Engineer တွေ၊ တီထွင်သူတွေဖြစ်လာဖို့ ဆရာ၊ဆရာမတွေက ဘယ်လိုမျိုး အနီးကပ် လမ်းပြပေးရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို ဝေမျှပေးသွားမဲ့အပြင် နိုင်ငံတကာပြိုင်ပွဲတွေနဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ Registration တွေအကြောင်းကိုပါ အသေးစိတ်သိရှိသွားမှာဖြစ်ပါတယ်။

Webinar လေးကို မနက်ဖြန် ည(၇)နာရီကနေ (၉)နာရီအထိ Zoom ကနေပဲ (အခမဲ့) ကျင်းပပြုလုပ်ပေးသွားမှာမလို့

မြန်မာကျောင်းသားတွေရဲ့ စက်ရုပ်နည်းပညာတီထွင်ဖန်တီးမှုတွေကို နိုင်ငံတကာစင်မြင့်ထက်ကို စင်တင်ပေးချင်တဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ သေချာပေါက် မဖြစ်မနေတက်ရောက်ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။ 💁

Exclusive Webinar အတွက် Form ဖြည့်ရန် 📥
https://forms.gle/4HzxbVedej855bWd8

"တီထွင်မှုမှသည် အောင်မြင်မှုဆီသို့" ဆိုတဲ့အတိုင်း နည်းပညာကျောင်းသားလူငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအားကို ကမ္ဘာ့စင်မြင့်မှာ ချပြပုံဖော်ခွင့်ရဖို့ ပံ့ပိုးစင်တင်ပေးလိုက်ရအောင်။
အသေးစိတ်သိချင်တာတွေရှိရင်လည်း Comment မှာ “WRO 2026” လို့မန့်ခဲ့နော်။ Cb မှာ အသေးစိတ်လာရောက်ပြောပြပေးသွားပါမယ်။

ကျောင်းသားတွေကို ‌Robotics ဖန်တီးမှုတွေ မြေတောင်မြှောက်ပေးနေတဲ့ ဆရာ၊ဆရာမတို့အတွက် သတင်းကောင်း 🤖✨ အနာဂတ်ရဲ့ နည်းပညာရှင်လေ...
13/05/2026

ကျောင်းသားတွေကို ‌Robotics ဖန်တီးမှုတွေ မြေတောင်မြှောက်ပေးနေတဲ့ ဆရာ၊ဆရာမတို့အတွက် သတင်းကောင်း 🤖✨

အနာဂတ်ရဲ့ နည်းပညာရှင်လေးတွေကို ပြုစုပျိုးထောင်ပေးနေပြီး Robotics လောကထဲကို ခြေလှမ်းသစ်တွေနဲ့ ခေါ်ဆောင်နေကြတဲ့ ဆရာ၊ ဆရာမတို့သိတဲ့အတိုင်းပါပဲ

AI အရွေ့ပြီးရင် လှိုင်းသစ်တစ်ခုလိုဖြစ်လာမဲ့ Physical AI ခေါ် Robot ခေတ်ထဲမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ တီထွင်ဖန်တီးမှုတွေကို ပိုပြီးတောက်ပအောင် နိုင်ငံတကာနဲ့ရင်ပေါင်တန်းပြီး အကောင်းဆုံးစင်တင်ပံ့ပိုးပေးနိုင်ဖို့က ဆရာ၊ ဆရာမတွေရဲ့ အဓိကတာဝန်တစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့် ကိုယ့်ကျောင်းသားတွေရဲ့ Robotics တီထွင်မှုတွေကို နိုင်ငံတကာစင်မြင့်ထက်မှာ ချပြယှဥ်ပြိုင်ခွင့်ရမဲ့ ရွှေရောင်အခွင့်အလမ်းကြီးကလည်း တစ်ဖက်ကမ်းမှာရောက်ရှိနေပါပြီ။

အဲဒါကတော့ World Robot Olympiad 2026 ပြိုင်ပွဲကြီးဖြစ်ပါတယ်။ 🏆

2004 ခုနစ်ကနေစပြီး ခမ်းခမ်းနားနားနဲ့ နှစ်စဥ်ကျင်းပပြုလုပ်နေတဲ့ နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲကြီးက ဒီနှစ် 2026 မှာဆိုရင် အိန္ဒိယရဲ့ နည်းပညာမြို့တော် Silicon Valley လို့တင်စားခေါ်ဝေါ်ကြတဲ့ Hyderabad မြို့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။

ဒီလိုနိုင်ငံတကာစင်မြင့်ထက်ကို နိုင်ငံကိုယ်စားပြုအနေနဲ့သွားရောက်ယှဥ်ပြိုင်ခွင့်ရဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဥ်ပြိုင်ရမဲ့ WRO MYANMARN Nation Round 2026 ပြိုင်ပွဲကြီးကလည်း July လအတွင်းမှာ ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့အတွက်

ဆရာ၊ ဆရာမတို့အနေနဲ့ ကိုယ့်ရဲ့ Robotics ကျောင်းသားလေးတွေကို နိုင်ငံတကာအခွင့်အလမ်းတွေဆီကိုခေါ်ဆောင်ပေးနိုင်ဖို့က အချိန်အနည်းငယ်သာလိုတော့ပါတယ်။

ဒါ့ကြောင့် ကျောင်းသားတွေကို ‌Robotics ဖန်တီးမှုတွေ မြေတောင်မြှောက်ပေးနေတဲ့ ဆရာ၊ဆရာမတွေအတွက် WRO MYANMAR ကနေ Exclusive Webinar လေးတစ်ခု စီစဥ်ပေးထားပါတယ်။ 👨‍💻

Webinar တက်လိုက်တာနဲ့ ပြိုင်ပွဲအမျိုးအစားအလိုက် သိထားသင့်တဲ့ Strategy တွေ၊ ကျောင်းသားတွေကို Logic ပိုင်းနဲ့ Problem Solving ပိုင်းမှာ ထိရောက်အောင် Guide လုပ်နည်းတွေ၊ စာသင်ခန်းထဲက ပရောဂျက်တွေကို နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲဝင် ပရောဂျက်ဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲဆိုတာနဲ့ စာရင်းပေးသွင်းခြင်းကအစ ပြင်ဆင်ရမည့် အသေးစိတ် အချက်အလက်တွေကို သိရှိသွားမှာဖြစ်ပါတယ်။

📌 ဆရာ၊ ဆရာမတို့အတွက် Exclusive Webinar လေးကို လာမဲ့ May လ 15 ရက်နေ့ (သောကြာနေ့) မှာ Zoom Platform ကနေ (အခမဲ့)ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် အမြန်ဆုံးစာရင်းသွင်းပြီး တက်ရောက်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။

Exclusive Webinar အတွက် Form ဖြည့်ရန်
https://forms.gle/4HzxbVedej855bWd8

ဒီ Exclusive Webinar လေးက ရိုးရိုးရှင်းရှင်း ဗဟုသုတ ဝေမျှတာထက်ပိုပြီး Robotics နယ်ပယ်မှာ တက်ကြွစွာ လှုပ်ရှားနေတဲ့ ပညာရှင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးခွင့်ရမဲ့ အခွင့်အရေးဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ် 2026 ရဲ့ ချန်ပီယံကလည်း သင့်ကျောင်းသားဖြစ်လာနိုင်တာမလို့ ကိုယ့်ကျောင်းသားတွေကို စက်ရုပ်နည်းပညာတီထွင်ဖန်တီးမှုတွေနဲ့ နိုင်ငံတာစင်မြင့်ထက်မှာ အကောင်းဆုံးစင်တင်ပံ့ပိုးပေးနိုင်ဖို့ Webinar ကို အခုပဲ အမြန်ဆုံး ပါဝင်စာရင်းပေးသွင်းလိုက်ပါ။ ‼️

12/05/2026

သင့်ကျောင်းသားတွေရဲ့ Robotics အိပ်မက်ကို နိုင်ငံတကာစင်မြင့်အထိ ဘယ်လိုစင်တင်ပေးမလဲ? 🚀🌍

ကိုယ်က ICT ဆရာတစ်ယောက်၊ Robotics Coach တစ်ယောက်အနေနဲ့ ကိုယ့်ကျောင်းသားလူငယ်လေးတွေ ကိုယ်တိုင် Hardware တွေ တပ်ဆင်လာနိုင်တာ၊ Code တွေ ရေးပြီး Robot လေးတွေကို အသက်သွင်းလာနိုင်တာကို မြင်ရတာဟာ အလွန်ဂုဏ်ယူဖို့ကောင်းတဲ့ အခိုက်အတန့်တစ်ခုပါပဲ။

ဒါပေမဲ့ ဆရာ၊ဆရာမတွေသိတဲ့အတိုင်းပဲ ဒီလိုအရည်အချင်းတွေ၊ တီထွင်ဖန်တီးမှုတွေရှိတဲ့ကျောင်းသားတွေအတွက် နောက်တစ်ဆင့် လိုအပ်တာကတော့ "နိုင်ငံတကာအဆင့်မီ အတွေ့အကြုံ" ပါ။ ကမ္ဘာတစ်ဝှမ်းက ထူးချွန်တဲ့ လူငယ်တွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင် သူတို့ဘဝအတွက် မမေ့နိုင်စရာ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေကို ရရှိသွားမှာဖြစ်ပါတယ်။
ဒီအတွက် အကောင်းဆုံးအခွင့်အလမ်းကတော့ World Robot Olympiad ပြိုင်ပွဲကြီးပါပဲ။ 🏆

World Robot Olympiad ပြိုင်ပွဲကြီးဆိုတာ 2004 ခုနှစ်ကနေစတင်ပြီး နိုင်ငံပေါင်း (106) နိုင်ငံ၊ ပါဝင်ယှဥ်ပြိုင်တဲ့ ကျောင်းသားလူငယ်ပေါင်း (1)သိန်းကျော်နဲ့ နှစ်စဥ်ကျင်းပပြုလုပ်နေတဲ့ နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲကြီးဖြစ်ပါတယ်။ အခုဆိုရင် WRO 2026 ပြိုင်ပွဲကြီးကလည်း အိန္ဒိယနိုင်ငံရဲ့ နည်းပညာအချက်အချာမြို့တစ်မြို့ဖြစ်တဲ့ Hyderabad မြို့မှာ ပြုလုပ်ကျင်းပတော့မှာပါ။

ဒါကြောင့် ICT ဆရာတစ်ယောက်၊ Robotics Coach တစ်ယောက်အနေနဲ့ ကိုယ့်ကျောင်းသားတွေကို နိုင်ငံတကာစင်မြင့်အထိ စင်တင်ပေးနိုင်မဲ့ အခွင့်အလမ်းက တကယ်ကို လက်တကမ်းမှာပဲ ‌ရောက်ရှိနေပြီဖြစ်ပါတယ်။ 💁

ဒါပေမဲ့ ပြိုင်ပွဲဝင်ဖို့အတွက် ကျောင်းသားတွေကို ဘယ်လိုစတင် လေ့ကျင့်ပေးရမလဲ? ပြိုင်ပွဲစည်းမျဉ်းတွေက ဘာတွေလဲ? နိုင်ငံတကာစံနှုန်းနဲ့အညီ ဘယ်လိုမျိုး ပြင်ဆင်ရမလဲ?

ဒီမေးခွန်းတွေအတွက် လမ်းပျောက်မနေရအောင် WRO MYANMAR ကနေ ကျောင်းသားတွေရဲ့စက်ရုပ်နည်းပညာဖန်တီးမှုတွေကို ကမ္ဘာ့စင့်မြင့်ထက်ကို စင်တင်ပေးချင်တဲ့ ဆရာ၊ဆရာမတို့အတွက် Exclusive Webinar လေး ပြုလုပ်ပေးထားပါတယ်။ Webinar လေးကို 15th May, 2026 (သောကြာနေ့)၊ ညနေ (၇)နာရီကနေ (၉)နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။📌

✨ Webinar တက်လိုက်တာနဲ့ ပြိုင်ပွဲအမျိုးအစားအလိုက် သိထားသင့်တဲ့ Strategy တွေ၊ ကျောင်းသားတွေကို Logic ပိုင်းနဲ့ Problem Solving ပိုင်းမှာ ထိရောက်အောင် Guide လုပ်နည်းတွေ၊ စာသင်ခန်းထဲက ပရောဂျက်တွေကို နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲဝင် ပရောဂျက်ဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲဆိုတာနဲ့ စာရင်းပေးသွင်းခြင်းကအစ ပြင်ဆင်ရမည့် အသေးစိတ် အချက်အလက်တွေကို သိရှိသွားမှာဖြစ်ပါတယ်။

Exclusive Webinar အတွက် Form ဖြည့်ရန် 📥
https://forms.gle/4HzxbVedej855bWd8

ကဲ… ဆရာကောင်းတစ်ယောက်ရဲ့ လမ်းပြပေးမှုက ကျောင်းသားတစ်ယောက်ကို အနာဂတ်ရဲ့ အင်ဂျင်နီယာကောင်းတစ်ယောက်၊ တီထွင်သူကောင်းတစ်ယောက်အထိ ဖြစ်လာစေပါတယ်။ ဒါကြောင့် သင့်ကျောင်းသားမှာရှိတဲ့ ပါရမီတွေကို ကမ္ဘာကသိအောင် ပြသလိုက်ရအောင်။

ဒီ Webinar လေးကို တက်ရောက်ပြီး အသေးစိတ် သိရှိလိုတယ်ဆိုရင်လည်း
💬 Comment မှာ "WRO 2026" လို့ ရေးခဲ့ပါ။

09/05/2026

မြန်မာကျောင်းသားလူငယ်တွေရဲ့ နည်းပညာတီထွင်ဖန်တီးမှုတွေကို နိုင်ငံတကာစင်မြင့်ထက်မှာ ချပြခွင့်ရမဲ့ WRO 2026 ပြိုင်ပွဲကြီး 🏆

နိုင်ငံတကာစင်မြင့်ပေါ်မှာ မြန်မာကိုယ်စားပြုကြယ်ပွင့်တစ်ဦးဟာ သင့်ကလေး၊ သင့်ကျောင်းသားတွေထဲကလည်း မဖြစ်လာနိုင်ဘူးလား ?

နည်းပညာခေတ်မှာ နှာတဖျားသာစေဖို့ ကိုယ့်ကလေးနဲ့ ကျောင်းသားတွေကို Coding, Robotics နဲ့ စတဲ့ နည်းပညာတွေ သင်ကြားထားစေတယ်၊ တီထွင်ဖန်တီးမှုတွေကို လေ့ကျင့်ပျိုးထောင်ထားစေတယ်။

ဒီလိုဖန်တီးမှု အနုပညာစွမ်းရည်တွေရှိတဲ့ မြန်မာကျောင်းသားတွေအတွက်က ဒီနေရာမှာပဲရပ်မနေဖို့ဆိုရင် သတိထားရမဲ့အချက်က‌တော့….

‌နောက် (၁၀)နှစ်ကြာရင် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် နိုင်ငံတကာကလူတွေနဲ့ ယှဥ်ပြိုင်ရမယ်ဆိုတာပါပဲ။ 💁

ဒါကြောင့် နည်းပညာခေတ်မှာ နိုင်ငံတကာကလူတွေနဲ့ယှဥ်ပြိုင်နိုင်ဖို့ဆိုရင် ကျောင်းသားဘဝ၊ လူငယ်ဘဝမှာကတည်းက နိုင်ငံတကာနဲ့ထိတွေ့ဖူးတဲ့အတွေ့အကြုံ၊ နည်းပညာပြိုင်ပွဲအတွေ့အကြုံတွေကို ရှာဖွေပေးချင်တဲ့ မိဘတစ်ယောက်၊ ဆရာတစ်ယောက်ဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ Sillcon Valley လို့တင်စားခေါ်ဝေါ်ကြတဲ့ Hyderabad မြို့မှာ နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဥ်ပြိုင်ရမဲ့ World Robot Olympiad 2026 ပြိုင်ပွဲကြီးအကြောင်းကို ပြောပြပေးချင်ပါတယ်။

World Robot Olympiad ဆိုတာ 2004 ခုနှစ်ကနေစတင်ပြီး နိုင်ငံပေါင်း (106) နိုင်ငံ၊ ပါဝင်ယှဥ်ပြိုင်တဲ့ ကျောင်းသားလူငယ်ပေါင်း (1)သိန်းကျော်နဲ့ နှစ်စဥ်ကျင်းပပြုလုပ်နေတဲ့ နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲကြီးဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာဆိုရင် Robotics ကိုအသုံးချပြီး Mission တွေကို ဖြေရှင်းရတာကြိုက်တဲ့ကျောင်းသားလူငယ်တွေအတွက် RoboMission Category
ကမ္ဘာကြီးရဲ့ပြဿနာတွေကို နည်းပညာဗဟိုပြု Robotic Solution တွေနဲ့ အဖြေရှာရမဲ့ Future Innovator Category တွေနဲ့ ပါဝင်ယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်ကလေးနဲ့ ကျောင်းသားလူငယ်‌‌တွေက နိုင်ငံတကာစင်မြင့်မှာ နည်းပညာစွမ်းရည်တွေကိုချပြရင်း နိုင်ငံကိုယ်စားပြုအနေနဲ့ ဂုဏ်ဆောင်နိုင်စေမယ်၊ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ နိုင်ငံတကာ ပညာရေး Scholarship အခွင့်အလမ်းတွေပါ ရယူနိုင်စေမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကလေးနဲ့ ကျောင်းသားတွေရဲ့ နည်းပညာတီထွင်ဖန်တီးနိုင်စွမ်းတွေကို ရောက်နေတဲ့နေရာမှာပဲ ရပ်တန့်မနေဘဲ မြန်မာကနေ ကမ္ဘာအထိသိအောင် ချပြပေးစေချင်တဲ့ မိဘနဲ့ ဆရာ၊ ဆရာမတို့ရေ…
WRO 2026 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် အခုပဲ Comment မှာ “WRO” လို့မန့်ခဲ့လိုက်ပါ။

ကျောင်းသားတွေရဲ့စက်ရုပ်နည်းပညာဖန်တီးမှုတွေကို ကမ္ဘာ့စင့်မြင့်ထက်ကို စင်တင်ပေးချင်တဲ့ ဆရာ၊ဆရာမတို့အတွက် Exclusive Webinar...
06/05/2026

ကျောင်းသားတွေရဲ့စက်ရုပ်နည်းပညာဖန်တီးမှုတွေကို ကမ္ဘာ့စင့်မြင့်ထက်ကို စင်တင်ပေးချင်တဲ့ ဆရာ၊ဆရာမတို့အတွက် Exclusive Webinar 📢

ကိုယ့်ရဲ့ကလေးက ဒါမှမဟုတ် ကိုယ့်ကျောင်းသားတွေက Robotics နဲ့ Coding တွေသင်ယူထားတယ်၊ ဆန်းသစ်တီထွင်မှုတွေလည်းလုပ်နေတယ်ဆိုရင် ဒီအရည်အချင်းတွေကို ကမ္ဘာ့စင်မြင့်ထက်အထိ တွန်းပို့ပေးဖို့ အချိန်ရောက်နေပါပြီ။

ဒါကြောင့် ဆရာတစ်ယောက်၊ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးတွေရဲ့ နည်းပညာအရည်အချင်း၊ စက်ရုပ်တီထွင်ဖန်တီးမှုတွေကို ပိုပြီမြှင့်တင်ချင်တယ်၊ နိုင်ငံတကာစင်မြင့်ထက်မှာ နိုင်ငံတကာအတွေ့အကြုံတွေရစေချင်တယ်၊ နောက်ပိုင်းမှာ Study Abroad လုပ်ပြီး

နိုင်ငံတကာ တက္ကသိုလ်တွေ လျှောက်လှမ်းဖို့အတွက် အတွေ့အကြုံကောင်း၊ Portfolio ကောင်းတွေလည်း ရသွားစေဖို့ World Robot Olympiad Myanmar ကနေ Exclusive Webinar လေးတစ်ခု စီစဥ်‌ပေးထားပါတယ်။

ဒီ Webinar မှာ ဆိုရင်

 နည်းပညာ သင်ယူတတ်မြောက်ထားတဲ့ ကျောင်းသားလူငယ်တွေ အနေနဲ့ ရှေ့ဆက်လှမ်းနိုင်မဲ့ ခြေလှမ်းတွေ

 စက်ရုပ်နည်းပညာကိုစိတ်ဝင်စားတဲ့ကျောင်းသားလူငယ်တွေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဥ်ပြိုင်နိုင်မဲ့ WRO MYANMAR National Round 2026 ပြိုင်ပွဲကြီး အကြောင်း

📌 ပြိုင်ပွဲအမျိုးအစားတွေနဲ့ အခွင့်အလမ်းတွေ Registration ပေးသွင်းရမှာ မှန်ကန်မြန်ဆန်စေရန် နည်းလမ်းတွေနဲ့

📌 ကျောင်းသားတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာပါ ဆုတံဆိပ်ရအောင် ဘယ်လို လေ့ကျင့်ပေးရမလဲဆိုတဲ့ "Competition Tips" တွေကိုပါအကြံပြုဆွေးနွေးသွားမဲ့အပြင်

သိလိုသမျှတွေကိုပါ Guest Speaker ကို တိုက်ရိုက်မေးမြန်းနိုင်မဲ့ Q&A Session တွေပါရှိမှာမလို့ ကျောင်းသားလူငယ်တွေအတွက်သာမက မိဘနဲ့ ဆရာသမား၊ Coach တွေအတွက်ပါ နည်းလမ်းကောင်းတွေရရှိသွားမှာဖြစ်ပါတယ်။

ဒါဆို ဒီ Webinar ကို ဘယ်သူတွေဦးဆောင်မှာလဲ?

👨‍💻WRO MYANMAR ရဲ့ Vice President ဖြစ်တဲ့ Ko Eddi ကနေဦးဆောင်ပြီး WRO ပြိုင်ပွဲကြီးရဲ့ အကြောင်းအရာများ၊ စာရင်းပေးသွင်းပုံ အဆင့်ဆင့်နဲ့ ပြိုင်ပွဲအတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက်အလက်တွေကို အဓိကထား ဆွေးနွေးပေးသွားမှာ ဖြစ်သလို

🧑‍💻 WRO, FIRST LEGO League (FLL) နှင့် National Robotics Competition (Singapore) တို့မှာ အတွေ့အကြုံရင့် နည်းပြ (Coach) တစ်ဦးဖြစ်တဲ့ Khant (Kyle) ကနေလည်း ကျောင်းသားတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရအောင် ဘယ်လို လေ့ကျင့်ပေးရမလဲဆိုတဲ့ "Competition Tips" တွေကို အဓိကလမ်းညွှန်ပြောပြပေးသွားမှာဖြစ်ပါတယ်။ Khant (Kyle) က Coding Instructor & Coach တစ်ဦးလည်းဖြစ်သလို Singapore Polytechnic ကနေ (Mechanical Engineering - Automation & Robotics) ဘွဲ့ရတစ်ဦး၊ Singapore အခြေစိုက် NK Robotics ရဲ့ Teacher Manager တစ်ယောက်လည်းဖြစ်ပါတယ်။

📌 Webinar ကျင်းပမဲ့နေ့ရက်၊ အချိန်အတိအကျမှာလည်း

🗓️ 15th May, 2026 (Friday)

⏰ 7:00 PM to 9:00 PM ဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းသားတွေရဲ့ နည်းပညာတီထွင်ဖန်တီးနိုင်စွမ်းအားတွေကိုလည်းမြှင့်တင်ချင်တယ်၊ နိုင်ငံတကာပြိုင်ပွဲတွေ၊ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး နည်းလမ်းကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေလိုချင်တယ်ဆိုရင် ဒီ Webinar လေးက ကျောင်းသားလူငယ်တွေ၊ မိဘတွေနဲ့ ကလေးတွေကို နည်းပညာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေ တက်ကိုတက်သင့်ပါတယ်။ နည်းပညာကျောင်းသားလူငယ်‌တွေရဲ့ အနာဂတ်အတွက် ဒီအခွင့်အရေးကို လုံးဝ (လုံးဝ) လက်လွတ်မခံပါနဲ့။

ပါဝင်တက်ရောက်ချင်တယ်ဆိုရင် Comment မှာ “WRO 2026” လို့မန့်ခဲ့ပြီး စာရင်းပေးသွင်းပါဝင်နိုင်ပါတယ်။ 📥

05/05/2026

❝ ကလေးတွေရဲ့ Robotics စွမ်းရည်ကို စင်တင်ပြီးမြေတောင်မြှောက်ပေးချင်တဲ့ ဆရာတွေအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ် ❞

ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေမွေးထုတ်ဖို့ဆိုတာ ကျောင်းတိုင်းရဲ့ပန်းတိုင်တစ်ခုဖြစ်မှာပါ။ ဒီဘက်ခေတ်ပညာရေးမှာတော့ ထူးချွန်ထက်မြက်ရုံတင်မကဘဲ အနာဂတ်တွက်ပါခြေတစ်လှမ်းသာနေတဲ့ ကျောင်းသားတွေမွေးထုတ်ဖို့ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာအရေးပါလာမဲ့ Robotics Engineering ကို ပြုစုပျိုးထောင်ပေးခြင်းပဲဖြစ်ပါလိမ့်မယ်။

Digital AI လို့ခေါ်တဲ့ Chat Gpt, Gemini တို့ရဲ့နောက်က လှိုင်းသစ်တစ်ခုက Physical AI လို့ခေါ်တဲ့ Robotics တွေရဲ့ ခေတ်ဖြစ်လာတော့မှာပါ။

Robot တွေအရေးပါလာတာနဲ့အမျှ ဒီ Robot တွေကိုထိန်းသိမ်းဖို့၊ ပြုပြင်ဖို့၊ ဆန်းသစ်တဲ့ဖန်တီးမှုတွေပြုလုပ်နိုင်ဖို့ဆိုရင် Robotic Engineer တွေရဲ့ အခန်းကဏ္ဏက ပိုပြီးအ‌ရေးပါလာပါလိမ့်မယ်။

ဒါကြောင့် ကျောင်းသားတွေကို ငယ်စဥ်ကတည်းက Robotics ပြုစုပျိုးထောင်ပေးခြင်းက နောင်လာမဲ့အနာဂတ်မှာအရေးပါလာမဲ့ Future Ready Skill နဲ့ အလုပ်အကိုင်အနာဂတ်အတွက် ပြင်ဆင်ပြီးသားဖြစ်စေမှာပါ။

ဒီလိုမျိုး Robotics ကို ပြုစုပျိုးထောင်ပေးနေပြီး လက်တွေ့ကျတဲ့ Experience တွေ၊ ကမ္ဘာစက်ရုပ်ပြိုင်ပွဲအတွေ့အကြုံတွေရဖို့ ကျောင်းသားတွေကို စင်တင်ပေးချင်တဲ့ ဆရာ၊ဆရာမတို့အတွက် World Robot Olympiad Myanmar Nation Round 2026 အကြောင်းပြောပြပေးချင်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာဆိုရင် Robotics ကိုစိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကိုယ်ပိုင်စက်ရုပ်နည်းပညာ တီထွင်ဖန်တီးမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဥ်ပြုင်ရမှာဖြစ်လို့
- လက်တွေ့စက်ရုပ်နည်းပညာတီထွင်ဖန်တီးမှုတွေပြုလုပ်နိုင်မယ်၊
- ပြိုင်ပွဲအတွေ့အကြုံနဲ့ နိုင်ငံလုံးဆိုင်ရာ စင်မြင့်ထက်ကို တက်လှမ်းနိုင်မယ်။

ဒီကနေမှတစ်ဆင့် နိုင်ငံတကာအဆင့်အနေနဲ့ Hyderabad မြို့မှာ သွားရောက်ယှဥ်ပြိုင်နိုင်မဲ့ အခွင့်အရေးတွေလည်း ရရှိဦးမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကျောင်းသား၊ ကျောင်းသူတွေကို ထူးချွန်ရုံသာမက Robotics တီထွင်ဖန်တီးမှုတွေကို နိုင်ငံတကာစင်မြင့်ထက်အထိ စင်တင်ပေးချင်တဲ့ ဆရာ၊ ဆရာမတို့ရေ WRO Myanmar National Round 2026 ပြိုင်ပွဲကြီးကိုပါဝင်ယှဥ်ပြိုင်နိုင်ဖို့ အခုပဲ Comment မှာ “WRO” လို့မန့်ခဲ့လိုက်ပါ။ 👇

"ပြိုင်ပွဲအတွက် အသင့်တော်ဆုံးကို ကိုယ်တိုင်ဆန်းစစ်အဖြေရှာဖို့ WRO ရဲ့ Category တွေအကြောင်း" 🏆✨WRO ပြိုင်ပွဲကြီးဆီ လှမ်းတ...
01/05/2026

"ပြိုင်ပွဲအတွက် အသင့်တော်ဆုံးကို ကိုယ်တိုင်ဆန်းစစ်အဖြေရှာဖို့ WRO ရဲ့ Category တွေအကြောင်း" 🏆✨

WRO ပြိုင်ပွဲကြီးဆီ လှမ်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားလူငယ်တွေအတွက် ကိုယ့်ရဲ့ အရည်အချင်း၊ အားသာချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်မဲ့ Category ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့က အောင်မြင်မှုရဲ့ ပထမဆုံးခြေလှမ်းပါပဲ။ နည်းပညာလောကမှာ မတူညီတဲ့ ပါရမီရှင်တွေ ရှိကြသလို WRO မှာလည်း မတူညီတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ကိုယ်က ဘယ်လို စိန်ခေါ်မှုတွေနဲ့ အကိုက်ညီဆုံးဖြစ်မလဲဆိုတာကို အောက်က အဓိက Category ကြီး (၂) ခုအကြောင်းကိုဖတ်ပြီး အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်။

(၁) RoboMission Category အကြောင်း 🧩⚙️

ဒီ Category ကတော့ တကယ့် Challenge-based တိုက်ပွဲပါ။ ကိုယ့်ရဲ့ စက်ရုပ်ဟာ ဘယ်သူ့ Control မှ မပါဘဲ Field ပေါ်က Mission တွေ၊ Challenge တွေကိုရင်ဆိုင်ဖြေရှင်းရမှာပါ။ သတ်မှတ်ထားတဲ့ Field ပေါ်မှာ ပေးထားတဲ့ Challenge တွေကို အချိန်မီ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ပါ။ အတားအဆီးတွေကို ဘယ်လိုရှောင်မလဲ၊ ပစ္စည်းတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စက်ရုပ်က သူ့အလိုလို သိနေရပါမယ်။ အထူးသဖြင့် ပြိုင်ပွဲနေ့မှာမှ ရုတ်တရက် ပေးလိုက်တဲ့ "Surprise Rule" ကိုပါ လက်တန်းရင်ဆိုင်နိုင်ဖို့က အဓိက သော့ချက်ပါပဲ။

ဒါကြောင့် ဂိမ်းတွေ၊ Challenge တွေနဲ့ Mission တွေကို သဘောကျတယ်ဆိုရင်တော့ သက်မှတ်ထားတဲ့ Field ပေါ်မှာ ချမှတ်ထားတဲ့ Challenge တွေကို ဖြေရှင်းပြီး Mission တွေကိုအောင်မြင်အောင်လုပ်ရမဲ့ RoboMission Category က အကိုက်ညီဆုံးပါပဲ။

(၂) Future Innovator Category အကြောင်း💡🌍

ဒီ Category ကတော့ Project-based Competition တစ်ခုဖြစ်ပြီး "မဖြစ်နိုင်တာ မရှိဘူး" လို့ ယုံကြည်တဲ့ တီထွင်သူတွေအတွက်ပါ။ ဒီနှစ်ရဲ့ Theme ဖြစ်တဲ့ "Robots Meet Culture" ကို အခြေခံပြီး ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ လက်တွေ့ကမ္ဘာက Challenge တွေကို စက်ရုပ်နည်းပညာနဲ့ ဘယ်လိုပိုပြီးကောင်းမွန်အောင် အဖြေရှာမလဲဆိုတာကို ဖန်တီးရမှာပါ။

ဒါကြောင့် ကိုယ်က အမြဲတမ်း "ဘာကြောင့်လဲ၊ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲ" ဆိုတဲ့ မေးခွန်းတွေ ထုတ်တတ်တယ်၊ စာနာနားလည်မှု (Empathy) နဲ့ ပြဿနာတွေကို ဖြေရှင်းချင်တယ်၊ ကိုယ့်ရဲ့ အိုင်ဒီယာကို ကမ္ဘာကသိအောင် တင်ပြဖို့ ဝါသနာပါတယ်ဆိုရင် Future Innovator လမ်းကြောင်းက အကောင်းဆုံးရွေးချယ်မှုပါပဲ။

ကဲ... ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရအောင်!

ကိုယ်က ကွင်းပြင်ထဲမှာ စက်ရုပ်ကိုအသုံးပြုပြီး စက္ကန့်နဲ့အမျှ အမှတ်တွေကို သိမ်းကျုံးယူမဲ့ Field Master တစ်ယောက်လား? 🤖
ဒါမှမဟုတ် အနာဂတ်ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ကိုယ်ပိုင်တီထွင်မှုနဲ့ ထုဆစ်မဲ့ Grand Visionary တစ်ယောက်လား? 🌟

လမ်းကြောင်းနှစ်ခုလုံးဟာ ခက်ခဲပေမဲ့ ရရှိလာမဲ့ အတွေ့အကြုံနဲ့ ဂုဏ်ယူမှုကတော့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ ဘယ် Category က အကိုက်ညီဆုံးလဲ၊ ဘယ်လိုဖန်တီးရှင်မျိုးဖြစ်ဖို့ ရွေးချယ်ပြီးပြီလဲဆိုတာကို Comment မှာ မျှဝေပြောပြခဲ့ပါဦး။📥

WRO 2026 နဲ့ Registration အကြောင်းအသေးစိတ်ဖတ်ရန် 👇
https://www.facebook.com/share/p/1QQh84CTYA/

ပုလဲမြို့တော်ကနေ… အိန္ဒိယရဲ့ Silicon Valley မြို့လို့တင်စားကြတဲ့ Hyderabad ဆီသို့ ✨တစ်ခေတ်တစ်ခါကတော့ အိန္ဒိယနိုင်ငံတောင်...
30/04/2026

ပုလဲမြို့တော်ကနေ… အိန္ဒိယရဲ့ Silicon Valley မြို့လို့တင်စားကြတဲ့ Hyderabad ဆီသို့ ✨

တစ်ခေတ်တစ်ခါကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Hyderabad ဆိုတာဟာ ပုလဲနဲ့ စိန်ရောင်းဝယ်ရေးကြောင့် ကမ္ဘာက အံ့ဩခဲ့ရတဲ့ "City of Pearls" အဖြစ် ကျော်ကြားခဲ့တာပါ။ ဒါပေမဲ့ ၁၉၉၈ ခုနှစ်ရဲ့ နေ့တစ်နေ့မှာတော့ ဒီမြို့လေးရဲ့ ကံကြမ္မာဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပါတယ်။

ကမ္ဘာ့နည်းပညာလောကရဲ့ ဖခင်ကြီး Bill Gates တစ်ယောက် Hyderabad မြေပေါ်ကို ခြေချလိုက်တဲ့အချိန်ကစလို့ အုတ်ခဲတွေ၊ ရဲတိုက်တွေကြားမှာ နည်းပညာရဲ့ အငွေ့အသက်တွေ စတင် စီးဆင်းလာခဲ့ပါတယ်။ Microsoft ရဲ့ အကြီးဆုံးရုံးခန်းကြီးတွေ၊ Google ရဲ့ ခန့်ညားထည်ဝါလှတဲ့ အာရှပစိဖိတ်အခြေစိုက် Centerကြီးတွေဟာ ဒီမြို့ရဲ့ အနာဂတ်ကို "Cyberabad" ဆိုတဲ့ နာမည်သစ်တစ်ခုနဲ့ ပြောင်းလဲပစ်လိုက်ပါတယ်။

2026 မှာတော့... အဲ့ဒီလို ကမ္ဘာကျော် Tech Giant တွေ ခြေချရာ၊ အိုင်ဒီယာသစ်တွေ နေ့စဉ်ပေါက်ဖွားရာ Hyderabad မြို့တော်ကြီးဆီကို ကမ္ဘာတစ်ဝှမ်းက လူငယ်တွေရဲ့ အိမ်မက်တွေ စုစည်းရာ "WRO Asia Pacific Open Championship 2026" ပြိုင်ပွဲကြီး ရောက်ရှိလို့လာပါပြီ။ 🏆

ဒါဟာ ရိုးရိုးစက်ရုပ်ပြိုင်ပွဲတစ်ခုတင် မကပါဘူး။ ရှေးဟောင်းအနုပညာလက်ရာတွေနဲ့ ခေတ်မီ Glass Building တွေ ယှဉ်တွဲတည်ရှိနေတဲ့ ဒီမြို့ကြီးရဲ့ ပတ်ဝန်းကျင်မှာ "Robots Meet Culture" ဆိုတဲ့ Theme အတိုင်း... နည်းပညာနဲ့ ယဉ်ကျေးမှုကို ဘယ်လိုပေါင်းစပ်မလဲဆိုတာကို အဖြေရှာကြရမဲ့ စိန်ခေါ်မှုကြီးတစ်ခုပါ။

Google နဲ့ Microsoft ရဲ့ အင်ဂျင်နီယာတွေ နေ့စဉ်လျှောက်လှမ်းနေတဲ့ အဲဒီမြေပေါ်မှာ...မြန်မာကျောင်းသားလူငယ်တွေကရော ကိုယ်ပိုင် Code တွေ၊ အားမာန်အပြည့်နဲ့ တီထွင်ထားတဲ့ စက်ရုပ်တွေနဲ့ ကမ္ဘာကို စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်ပြီလား? 🤖💻

လာမယ့် September 25th ကနေ 27th အထိ... Hyderabad ရဲ့ နည်းပညာလေထုထဲမှာ စက်ရုပ်တွေရဲ့ လှုပ်ရှားသံတွေ၊ လူငယ်တွေရဲ့ ရင်ခုန်သံတွေနဲ့ ပြည့်နှက်နေတော့မှာပါ။ အနာဂတ်ရဲ့ နည်းပညာရှင်တွေ၊ Robotics Engineer တွေ ဖြစ်လာမဲ့ ကျောင်းသားလူငယ်တွေအတွက်တော့... ဒီနေရာကနေ အိမ်မက်တွေ စတင်ဖို့အချိန်ရောက်နေပါပြီ။

ဒီလို နိုင်ငံတကာက ကျောင်းသားလူငယ်တွေနဲ့အတူ စက်ရုပ်နည်းပညာကိုပါဝင်ယှဥ်ပြိုင်ရမဲ့ Hyderabad မြို့က “WRO Asia Pacific Open Championship 2026" ပြိုင်ပွဲကြီးဆီကို ခေါ်ဆောင်သွားမှာကတော့ July လအတွင်းမှာ ကျင်းပပြုလုပ်တော့မဲ့ “WRO MYAMAR National Round 2026” ပြိုင်ပွဲကြီးပဲဖြစ်ပါတယ်။ 🏆

ကိုယ့်နိုင်ငံအတွင်းမှာရှိတဲ့ Robotics စိတ်ဝင်စားပြီး နည်းပညာဖန်တီးရှင်လေးတွေဖြစ်ချင်ကြတဲ့ ကျောင်းသားလူငယ်တွေကိုစုစည်းပြီး နိုင်ငံတကာက လူငယ်တွေနဲ့ရင်ပေါင်တန်းပြီး ယှဥ်ပြိုင်နိုင်အောင်စင်တင်နိုင်ပေးတဲ့ ပထမခြေလှမ်းတစ်ခုက “WRO MYAMAR National Round 2026” ပြိုင်ပွဲကြီးပဲဖြစ်ပါတယ်။

နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း အတွေ့အကြုံကောင်းတွေ၊ အခွင့်အလမ်းသစ်တွေလိုချင်သလို ဟိုက်ဒရာဘတ်မြို့ကြီးမှာလည်း ကိုယ့်ရဲ့တီထွင်ဖန်တီးမှုတွေကို ကမ္ဘာကိုချပြချင်တဲ့ကျောင်းသားလူငယ်တွေအတွက် “WRO MYAMAR National Round 2026” ပြိုင်ပွဲကြီးက Registration ဖွင့်လှစ်ထားပါပြီ။

WRO 2026 နဲ့ Registration အကြောင်းအသေးစိတ်ဖတ်ရန် Link 👇
https://www.facebook.com/share/p/1QQh84CTYA/

အနာဂတ်နည်းပညာတီထွင်ဖန်တီးရှင်လေးတွေဖြစ်ဖို့ အိပ်မက်တွေကို Hyderabad မြို့မှာ စတင်အကောင်အထည်ဖော်ဖို့ Ready ပဲ လား? 😉

❝ ရုံးပိတ်ရက်အသိပေးကြေညာခြင်း ❞WRO MYANMAR နှင့် Robolab မှ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများအားလုံး ဒီနေ...
30/04/2026

❝ ရုံးပိတ်ရက်အသိပေးကြေညာခြင်း ❞

WRO MYANMAR နှင့် Robolab မှ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများအားလုံး ဒီနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓ)နေ့မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဒီနေ့ April 30 ရက် (ကြာသပတေးနေ့)က ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ဖြစ်သလို May 1 (သောကြာ)နေ့ဟာလည်း အလုပ်သမားနေ့ဖြစ်တဲ့အတွက် WRO MYANMAR ရုံးခန်းနှင့် Robolab ကို အများပြည်သူရုံးပိတ်ရက်အတိုင်း (၂)ရက်တာပိတ်ထားမည်ဖြစ်ပြီး May 2 (စနေ့နေ့)မှာတော့ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာလိုက်ရပါသည်။

အားလုံးပဲ ပိတ်ရက်လေးမှာ အေးချမ်းသာယာစွာ အနားယူနိုင်ကြပါစေ။ 🙏✨


#ဗုဒ္ဓနေ့ #ကဆုန်လပြည့်နေ့

Address

Shophouse No. 215, TimesCity, Kamayut, Yangon, Myanmar
Mogaung
11041

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959784633848

Alerts

Be the first to know and let us send you an email when World Robot Olympiad Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to World Robot Olympiad Myanmar:

Share