MRYA - Revolution Core Group

MRYA - Revolution Core Group နိုင်ငံ့အ​ရေးကိစ္စများ ၊ လူငယ်ဖွံဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သောအကြောင်းအရာများကိုလုပ်ဆောင်သွားမည်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၅၀  နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော MRYA-RCG ၏ သဝဏ်လွှာရက်စွဲ - ၂...
28/06/2026

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၅၀ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော MRYA-RCG ၏ သဝဏ်လွှာ
ရက်စွဲ - ၂၆ ရက် ဇွန်လ ၂၀၂၆ခုနှစ်
၁။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း နေဝင်း ဖက်ဆစ်အုပ်စု၏ မတရားကြိုးပေးကွပ်မျက်မှုကြောင့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မြင့်မြတ် ဂုဏ်ပြောင်စွာ ကျဆုံးခဲ့သည်မှာ ယနေ့ဆိုလျှင် ၅၀ နှစ်တိုင်ပြည့်ခဲ့ပြီဖြစ်သည်။ လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံး၏ ဘုံရန်သူအား နောက်ဆုံးအချိန်အထိ အလျှော့မပေး အညံ့မခံဘဲ အသက်စွန့်ကာ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအာဇာနည် ဆလိုင်းတင်မောင်ဦးအား မန္တလေးတိုင်းဒေသကြီးလူငယ်အစည်းအရုံးအနေဖြင့် လေးနက်စွာ ဂုဏ်ပြုဦးညွှတ်လျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
၂။ ဆလိုင်းမောင်တင်ဦးသည် အာဏာရှင်စနစ်ကို မကြောက်မရွံ့ တွန်းလှန်ရင်း၊ မိမိတို့၏ ယုံကြည်ချက်၊ တန်းတူညီမျှရေးနှင့် တရားမျှတမှုအတွက် အသက်ကို ပဓာနမထားဘဲ အဆုံးစွန်အထိ တိုက်ပွဲဝင်သွားခဲ့သည့် ခေတ်လူငယ်တို့၏ စံပြသူရဲကောင်းတစ်ဦး ဖြစ်ပါသည်။ မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ် ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရဘူး မင်းတို့စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး ဟူသည့် ကျောင်းသား အာဇာနည် ဆလိုင်းတင်မောင်ဦး ၏ မြင့်မြတ်ဂုဏ်ပြောင်သည့် တိုက်ပွဲဝင်စိတ်ဓာတ်ကို ကိုင်စွဲကာ ဘုံရန်သူအား အမြစ်ပြတ်သည်အထိ စွန့်လွှတ်စွန့်စားမှုနှင့် မဆုတ်မနစ်သော စိတ်ဓာတ်သည် ချင်းလူငယ်များအတွက်သာမက တစ်နိုင်ငံလုံးရှိ လူငယ်ထုတစ်ရပ်လုံး၏ ရင်ထဲတွင် အမြဲရှင်သန်နေမည့် တော်လှန်ရေးမီးရှူးတန်ဆောင်တစ်ခု ဖြစ်သည်။
၃။ လက်ရှိကာလသည် ကြှနျုပျတို့ လူထုတစ်ရပ်လုံး ခေတ်အဆက်ဆက်က မျှော်မှန်းခဲ့သည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရန်အတွက် သမိုင်းပေးတာဝန်ကို ပခုံးထမ်းကာ ကဏ္ဍစုံမှ ရုန်းကန်တိုက်ပွဲဝင်နေကြရသည့် အချိန်အခါဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ယနေ့ကျရောက်သော ဆလိုင်းမောင်တင်ဦးနေ့မှသည် ဆလိုင်းမောင်တင်ဦး၏ အာဇာနည်စိတ်ဓာတ်ကို လက်ဆင့်ကမ်းသယ်ယူကာ ဖိနှိပ်မှုမှန်သမျှကို ဆက်လက်တွန်းလှန်သွားကြရန်၊ မန္တလေးတိုင်းဒေသကြီးလူငယ်များနှင့် ချင်းလူငယ်များအကြား သွေးစည်းခိုင်မာမှုကို ပိုမိုတိုးမြှင့် တည်ဆောက်သွားကြရန်၊ တန်းတူညီမျှပြီး တရားမျှတသော လူ့အဖွဲ့အစည်းနှင့် ဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်သို့ မရောက်မချင်း လက်တွဲမဖြုတ်တမ်း ရှေ့ဆက်ချီတက်ကြရန် အလေးအနက် သန္နိဋ္ဌာန်ပြုရင်း ဆလိုင်းမောင်တင်ဦးအား ဂုဏ်ပြုဦးညွှတ်လျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
"အာဇာနည်တို့၏ စိတ်ဓာတ် မုချရှင်သန်ရမည်။"
"တော်လှန်ရေး မုချအောင်ရမည်။"

မန္တလေးတိုင်းဒေသကြီးလူငယ်အစည်းအရုံး

-RCG

နွေဦးတော်လှန်ရေး ၅နှစ်ပြည့်ကြေညာချက်ယနေ့သည် စစ်အာဏာရှင်အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မတရားသဖြင့် သိမ်းပိုက်...
01/02/2026

နွေဦးတော်လှန်ရေး ၅နှစ်ပြည့်ကြေညာချက်

ယနေ့သည် စစ်အာဏာရှင်အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မတရားသဖြင့် သိမ်းပိုက်ခဲ့သည်မှာ (၅) နှစ်ပြည့်ပြီ ဖြစ်သည် ။ အာဏာသိမ်းမှုစတင်ဖြစ်ပေါ်သည့် အချိန်မှ စတင်၍ ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ရက်စက်စွာ ဖမ်းစီး သတ်ဖြတ်ခံခဲ့ကြရသည်။

လူငယ်တို့ရဲ့ အိမ်မက် ၊ မျှော်လင့်ချက် ၊ လွတ်လပ်မှု နှင့် ရပ်တည်မှု ကို ရိုက်ချိုးခံခဲ့ရသော်လည်း မတရားမှုများကို ဆန့်ကျင့်သည့် စိတ်ကိုအခြေခံပြီး နွေဦးတော်လှန်ရေးဟာ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။လူငယ်များ၏ မကြောက်ရွံ့သည် စိတ်ဓာတ်များဖြင့် အာဏာရှင်ကို တော်လှန်ခဲ့သည်မှာလည်း ၅ နှစ်ပြည့်မြောက်လာခဲ့ပြီ ဖြစ်သည်။ မြို့ပေါ်သာမက တောင်တန်း နှင့် ပြည်နယ်များတွင် ခက်ခဲမှုများကို အံတုကာ အာဏာရှင်အမြစ်ပျက်ရေး ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည့် ပြည်သူများ နှင့် လူငယ်များကို ကျွန်ုပ်တို့ MRYA-RCG အနေဖြင့် အစဉ်အမြဲ လေးစား ဂုဏ်ယူလျက်ရှိပါသည်။

ဖက်ဒရယ်နိုင်ငံတော်သို့ ဦတည်လျောက်လှမ်းလျက် တရားမျှတပြီး ပြည်သူ့ဗဟိုပြု နိုင်ငံတစ်ရပ် အကောင်အထည်ဖော်နိုင်ရန်အတွက် MRYA-RCG အနေဖြင့် ပြည်သူနဲ့အတူ နောက်မဆုတ်ဘဲ ဆက်လက်ရပ်တည်သွားမယ်လို့ အခိုင်အမာ ပြောကြားပါတယ်။

#အရေးတော်ပုံအောင်ရမည်
#မတရားမှုကိုဆန့်ကျင်တော်လှန်လူထုအောင်ပွဲဆင်

MRYA - RCG

MRYA-RCG အနေဖြင့် သပိတ်ကျင်း စစ်ဘေးရှောင်ပြည်သူများအား   ရိက္ခာပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ပါတယ် ခင်ဗျ ။ MRYA-RCG အဖွဲ...
11/12/2025

MRYA-RCG အနေဖြင့် သပိတ်ကျင်း စစ်ဘေးရှောင်ပြည်သူများအား ရိက္ခာပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ပါတယ် ခင်ဗျ ။ MRYA-RCG အဖွဲ့သားများအနေဖြင့် ပြည်သူများနှင့် ထပ်တူခံစားရပါတယ် ။ တော်လှန်ပြည်သူများအတွက်လည်း ​​တက်နိုင်သမျှ လုပ်ဆောင်သွားပါမယ် ခင်ဗျ။

-RCG
#အရေးတော်ပုံအောင်ရမည်

Address

Meiktila

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when MRYA - Revolution Core Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share