Mon Youth Forum

Mon Youth Forum Mon Youth Forum[MYF] is representing a national youth network among the Mon Youth. It is initiated since 2007 during the 1st Mon Youth Seminar.

03/05/2026
■ တင်သမ္တီ သွက်သၟတ်ကွးဘာဝင်မန်📢_____________________________________စပ်ကဵု သဘင်သၟာန်သွဟ်လိက်ပတ်ဝင်မန် | အလုံဒေသရးမန်မရနု...
27/04/2026

■ တင်သမ္တီ သွက်သၟတ်ကွးဘာဝင်မန်📢
_____________________________________
စပ်ကဵု
သဘင်သၟာန်သွဟ်လိက်ပတ်ဝင်မန် | အလုံဒေသရးမန်
မရနုက်ကဵု (၂၇)ဝါ

_____
တင်နင်နူ-
ဂကောံဗ္တောန်လိက်ပတ်မန်ကေုာံ ယေန်သၞာင်ဗုဒ္ဓဘာသာ၊ အလုံဒေသရးမန်။

"ပရေင်ဒဒှ် သၟတ်မန်တ္ၚဲဏအ်"____________________________https://www.facebook.com/share/1ArUARFzB5/?mibextid=wwXIfr
22/04/2026

"ပရေင်ဒဒှ် သၟတ်မန်တ္ၚဲဏအ်"
____________________________

https://www.facebook.com/share/1ArUARFzB5/?mibextid=wwXIfr

မွန်လူငယ်များ၏ ပြည်ပထွက်ခွာလိုစိတ်ကို ရောင်းကုန်အဖြစ် အသုံးချခြင်း

__________________________

■ ဂေါင်းစကား

[ဂေါင်းစကားသည် လူငယ်သုတေသီတဦးဖြစ်ပြီး စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို လေ့လာနေသူတဦး ဖြစ်သည်။]

စစ်မက်ပဋိပက္ခ အသင့်အတင့်သာ ရှိပြီး ဒေသတည်ငြိမ်အေးချမ်းမှု အတန်အသင့် အားကောင်းတဲ့ မွန်ပြည်နယ်က အနာဂတ်မျိုးဆက် မင်းပျိုမင်းလွင်တွေဖြစ်တဲ့ လူငယ်ထုကြီးဟာ မွန်ပြည်နယ်ကို စွန့်ခွာပြီး နိုင်ငံခြားကို ထွက်ခွာနိုင်ဖို့ အပတ်တကုတ် အားထုတ်ကြိုးပမ်းနေကြပါတယ်။ ဒါကြောင့် မွန်ပြည်နယ်အဖို့ လူငယ်မျိုးဆက်တခုစာ လူ့အရင်းအမြစ် ဆုံးရှုံးလာနိုင်တဲ့အထိ တဖြည်းဖြည်း တိုက်စားခံနေရတဲ့အတွက် ရေရှည်မှာ မျိုးဆက်တွေအကြား ခါးဆက်ပြတ်မယ့်အရေးဟာ စိုးရိမ်ဖွယ်ရာ ဖြစ်လာနေပါတယ်။ ဌာနေကို စွန့်ခွာသွားလိုကြတဲ့ လူငယ်တွေရဲ့ ‘စိတ်ဆန္ဒ’ ဟာလည်း စျေးကွက်ဝင် ရောင်းချကုန်စည် ဖြစ်လာသလို ဒီဝယ်လိုအားကို အလျင်မီအောင် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေလည်း အပြိုင်းအရိုင်း ပေါ်ပေါက်လာပါတယ်။

ဌာနေကို စွန့်ခွာလိုတဲ့ မွန်လူငယ်တွေအတွက်တော့ နိုင်ငံရေး မတည်ငြိမ်မှု၊ စစ်မက်ပဋိပက္ခတွေရဲ့ သက်ရောက်မှု၊ စစ်မှုထမ်းဥပဒေ အသက်ဝင်မှုတို့ဟာ ပင်မတွန်းအားတွေ ဖြစ်သလို ဒီတွန်းအားတွေကို ပိုမိုအားကောင်းစေဖို့ ပံ့ပိုးပေးနေတဲ့ အခြားအကြောင်းအရာတွေလည်း ရောယှက်ဆက်နွှယ်နေတာ တွေ့ရတယ်။ မွန်လူငယ်တွေရဲ့ လူမှုဓလေ့ကိုယ်၌က ရေကြည်ရာမြက်နုရာ အေးချမ်းရာဒေသဆီကို သွားရောက်အခြေချနေထိုင်လေ့ ရှိပါတယ်။ မွန်လူငယ်တွေ ပြည်ပကို ထွက်ခွာနေတာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်းမှာ ဒီဥပဒေကို ရှောင်တိမ်းရတာက ပြည်ပကို ထွက်ခွာဖို့ အရင်ထက် ထူးကဲတဲ့ ဖိအားတခု ဖြစ်လာပါတယ်။ ဒါ့အပြင် မွန်လူငယ်တွေအကြား ပြည်ပထွက်ခွာလိုတဲ့ စိတ်ဆန္ဒကို ရောင်းကုန်အဖြစ် အသုံးပြုလာတဲ့ ပညာရေးဝန်ဆောင်မှုအမည်ခံလုပ်ငန်းတွေ ပေါ်ပေါက်လာတာကလည်း အရင်နဲ့ မတူတဲ့ ထူးခြားချက်တခုပါ။

မွန်လူငယ်ထုကို အကြမ်းဖျင်း ခွဲခြမ်းကြည့်ရင် အုပ်စုသုံးစု ရှိနေတာကို တွေ့မြင်ရပါတယ်။ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်သွားကြတဲ့ လူငယ်အုပ်စုတွေ၊ လက်ရှိ ပြည်တွင်းမှာ အခြေချနေထိုင်ရင်း ဆင်းရဲခါးသီးတဲ့ ဒုက္ခဒဏ်တွေကို ခါးစည်းခံနေကြသူတွေနဲ့ ပြည်ပကို ထွက်ခွာသွားတဲ့ လူငယ်အုပ်စုတွေ ဆိုတဲ့ အုပ်စုသုံးခု ဖြစ်ပါတယ်။ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ရန်ကုန်လို ဒေသတွေမှာ ထုထည်ပမာဏ ကြီးကြီးမားမား ရှိနေတဲ့ မွန်လူငယ်ထုအင်အားနဲ့ နှိုင်းယှဉ်လိုက်ရင် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်သွားတဲ့ မွန်လူငယ်အရေအတွက်ဟာ ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာ ရှိပါတယ်။ လက်ရှိ ပြည်တွင်းမှာ ကြံ့ကြံ့ခံကျန်နေတဲ့ လူငယ်အုပ်စုကို ထပ်ပြီး သရုပ်ခွဲရရင် ကျောင်းဆက်တက်နေတဲ့ လူငယ်အုပ်စု၊ မူးယစ်နွံထဲ နစ်ဝင်နေတဲ့ လူငယ်အုပ်စု၊ ပြည်ပကို ထွက်ခွာဖို့ ကိုးရီယား၊ ဂျပန်၊ အင်္ဂလိပ် စတဲ့ ဘာသာစကားတွေ လေ့လာဆည်းပူးပြင်ဆင်နေတဲ့ လူငယ်အုပ်စု၊ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ကိုင်နေကြတဲ့ လူငယ်အုပ်စုတွေနဲ့ မိမိတို့ ရပ်ရွာအတွင်းမှာ သိုသိုသိပ်သိပ် နေထိုင်နေတဲ့ လူငယ်အုပ်စုတွေအဖြစ် အမျိုးအစားတွေ ခွဲခြားမြင်တွေ့နိုင်တယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းမှာ ပညာရေးဝန်ဆောင်မှုတွေ ဒုနဲ့ဒေးနဲ့ အလျင်အမြန် တိုးပွားလာခဲ့တယ်။ အထူးသဖြင့် ပွင့်လင်းရာသီမှာ ပိုမိုများပြားလာပါတယ်။ ပညာရေးဝန်ဆောင်မှုတွေ များပြားလာတာက လူငယ်တွေအတွက် ပညာရေးကို လွယ်လင့်တကူ လက်လှမ်းမီခွင့် ရရှိစေပေမဲ့ အခြားတဖက်မှာလည်း အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန် စတဲ့ ဘာသာစကားတွေကို သင်ယူပြီး နိုင်ငံခြားထွက်လိုတဲ့ လူငယ်တွေရဲ့ “ဆန္ဒ” တွေကို ရောင်းကုန်အဖြစ် အသွင်ပြောင်းရာ လုပ်ငန်းတွေသာသာ ဖြစ်လာခဲ့ပါတယ်။

အရင်တုန်းကတော့ လူငယ်တွေ စွမ်းရည်မြင့်မားလာစေဖို့ ရည်ရွယ်ချက်နဲ့ အင်္ဂလိပ် ဘာသာစကား အပါအဝင် စွမ်းရည်မြှင့်သင်တန်းတွေကို ဖွင့်လှစ်ပြီး သင်ကြားပေးခဲ့ကြတယ်။ အထူးသဖြင့် အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းတွေက ဒီလိုအပ်ချက်ကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးခဲ့ကြပြီး ရောင်းကုန်သဘော မဆန်ခဲ့ပါဘူး။ ဒီသင်တန်းတွေကနေ ပြီးမြောက်သွားတဲ့ လူငယ်တွေကို မိမိတို့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းမှာ ပြန်လည် ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ စွမ်းရည်မြှင့်တင်ပေးတဲ့သဘော ပိုဆန်ပြီး နက်ရှိုင်းတဲ့ လူမှုစံတန်ဖိုးတွေ ထားရှိကြတယ်။

ဒါပေမဲ့ အားကောင်းလာတဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ၊ “နိုင်ငံခြား ထွက်နိုင်မှ လူရာဝင်မယ်” ဆိုတဲ့ တလွဲဆံပင်ကောင်း အတုယူမှုတွေ၊ “ဆန္ဒ” တွေကို စျေးကွက်ရောင်းကုန်အဖြစ် ဝန်ဆောင်မှုပေးတဲ့ ဝန်ဆောင်မှုတွေက “ကိုယ့်လူမှုအဖွဲ့အစည်းမှာ ပြန်လည် ဝင်ရောက် လုပ်ကိုင်ရမယ်” ဆိုတဲ့ ယခင်လူမှုစံတန်ဖိုးတွေကို ရိုက်ချိုးပစ်လိုက်ပြီး အကျိုးအမြတ် ရရှိရေးကိုသာ ဦးတည်တဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံ ဖြစ်လာခဲ့ပါတယ်။ အခုအခါ ပညာရေးဝန်ဆောင်မှုတွေဟာ ဘာသာစကားအပါအဝင် စွမ်းရည်မြှင့်ပေးတာမျိုး မဟုတ်ဘဲ ပြည်ပကို မြန်မြန်ထွက်နိုင်စေဖို့၊ ပြည်ပက ကျောင်းတခုခုနဲ့ ချိတ်ဆက်ပေးတဲ့ ပညာရေးအေဂျင်စီသဘော ဆန်လာတယ်။​

ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ကြော်ငြာစာတွေမှာလည်း “ကုန်ကျစရိတ်ကို အရစ်ကျ ပေးသွင်းနိုင်တယ်”၊ “ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း လျှော့ပေးတယ်”၊ “တစိတ်တပိုင်း ဒါမှမဟုတ် အပြည့်အဝ ပညာသင်ဆု ရရှိဖို့ ဝိုင်းဝန်းကူညီပေးတယ်” စတဲ့ စကားလုံးတွေနဲ့ ညှို့ယူ ဖမ်းစားလာကြတယ်။ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေ အချင်းချင်းကြားမှာ ကိုယ့်ကျောင်းက ထွက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အချင်းထက် ပြည်ပကို ထွက်ခွာသွားနိုင်တဲ့ အရေအတွက်တွေကို ပြိုင်ဆိုင်လာကြပါတယ်။ တဖက်မှာ ပြည်တွင်းစစ်မက်ပဋိပက္ခနဲ့ စစ်မှုထမ်းဥပဒေကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်ကွင်းလိုကြတဲ့ လူငယ်တွေကို ထိရောက်တဲ့ ညှို့ချက် စကားလုံးတွေနဲ့ မြှူဆွယ်လာတယ်။ စွဲမက်စရာကောင်းတဲ့ ယုတ္တိအမှား (logical fallacies) တွေကို ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ အယုံသွင်းလာကြပါတယ်။

နိုင်ငံလူဦးရေတိုးနှုန်း တည်ငြိမ်နေတဲ့ အခြေအနေ၊ မွေးဖွားမှုနှုန်း တည်ငြိမ်နေတဲ့ အခြေအနေမှာ ရှိရင်းစွဲ မွန်လူငယ်အင်အားတွေက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဌာနေကို စွန့်ခွာကြဖို့ အတွက်သာ အပတ်တကုတ် အားထုတ်နေကြတာက အနာဂတ်အတွက် ရင်လေးစရာ အခင်းအကျင်း ဖြစ်နေပါတယ်။ အကျိုးအမြတ်ကို အခြေခံတဲ့ စျေးကွက်ဆန်မှု အပေါ်ကိုသာ အာရုံစိုက်လာကြတဲ့အတွက် ဝန်ဆောင်မှုပေးရာ နေရာတွေဟာလည်း မိရိုးဖလာ ကျင့်သုံးလာကြတဲ့ “အတတ်ပညာ တတ်မြောက်ပြီးနောက် မိမိတို့ လူမှုအဝန်းအဝိုင်းကို ပြန်လည် အကျိုးပြုစေရေး” ဆိုတဲ့ လူမှုစံတန်ဖိုးတွေ ပါးလျားလာပါတယ်။ ဒီအရွေ့နဲ့ လားရာဟာ မွန်လူမှုအဝန်းအဝိုင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုတ်လက္ခဏာဆောင်လာတယ်လို့ ကောက်ချက်ပြု နိဂုံးချုပ်သုံးသပ်လိုပါတယ်။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

➤ [https://forms.gle/Hm2ayiQ1J9nx6Crr5]
20/04/2026

➤ [https://forms.gle/Hm2ayiQ1J9nx6Crr5]

Bridge Education Program │ Next Generation

__________________________

➤ သင်တန်းလျှောက်ထားရန်
[https://forms.gle/Hm2ayiQ1J9nx6Crr5]

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်တာမှာ ISP-Myanmar က Bridge Education Program (BEP) ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို စတင်ခဲ့တုန်းက လူငယ်တွေရဲ့ ပညာရေး လစ်ဟင်းမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊ ကြားကာလပညာရေးပံ့ပိုးပေးနိုင်ဖို့နဲ့ ဝေဖန်ပိုင်းခြားပညာရေး အားကောင်းလာစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အထိ သင်တန်းအပတ်စဉ် ရှစ်ကြိမ် လုပ်ခဲ့ပြီး လက်ခံသင်ကြားပို့ချပေးခဲ့တဲ့ ကျောင်းသားကျောင်းသူ ၃၈၀ ဦးရှိခဲ့ပါတယ်။ အဲဒီအထဲက ၃၁၁ ဦးဟာ အောင်မြင်စွာ သင်တန်း ပြီးမြောက်ခဲ့ကြပါတယ်။

အခု ၂၀၂၆ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကြားထဲမှာပဲ စစ်မကော်ရှင်က လုပ်ခဲ့တဲ့ (ဝေဖန်ရှုတ်ချမှုတွေအများကြီး ရှိခဲ့တဲ့) ရွေးကောက်ပွဲ ပြီးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့အတူ တိုင်းပြည်ရဲ့ ရှိရင်းစွဲ ပဋိပက္ခထုထည်အပေါ်မှာ ထပ်ဆောင်းမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ အခြေအနေသစ်တွေ ပေါ်လာနိုင်ပါတယ်။ တဖက်မှာလည်း အရေးတကြီး ဖြည့်ဆည်းရမယ့် စွမ်းဆောင်ရည်၊ ခေါင်းဆောင်မှု အရည်အသွေး လိုအပ်ချက်တွေလည်း ဖြစ်ပေါ်စေပါတယ်။ လူငယ်ခေါင်းဆောင်သစ်တွေအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေမှာ လူမှုအသိုက်အဝန်းတွေကို မတည်ငြိမ်မှုတွေထဲကနေ ရေရှည်တည်တံ့တဲ့ အုပ်ချုပ်ရေးစနစ်ဆီ၊ ငြိမ်းချမ်းတဲ့ စီးပွားရေးအရ ပေါကြွယ်ဝတဲ့ လူမှုအသိုက်အဝန်းဆီ ဘယ်လိုဘယ်ပုံ တည်ဆောက် ကူးပြောင်းမယ်ဆိုတာကို သိရှိနားလည်စေဖို့ ISP-Myanmar ရဲ့ BEP အစီအစဉ်ကို ဒီဇိုင်းသစ်နဲ့ မျှဝေပို့ချသွားမှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လမှာ BEP NextGen အစီအစဥ်ကို စတင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ အပေါ်က Link ကနေဝင်ရောက်ပြီး Google Form မှာ အချက်အလက်တွေကို ဧပြီလ ၂၆ ရက် ညနေ ၅ နာရီထက် နောက်မကျစေဘဲ ဖြည့်စွက်လျှောက်ထားနိုင်ပါတယ်။ အခု zoom ကနေ သင်ကြားမယ့် သင်တန်းအပတ်စဉ်မှာလည်း လူဦးရေ ၅၀ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ သင်တန်းကြေးတစုံတရာပေးဖို့မလိုဘဲ အခမဲ့ဖြစ်ပါတယ်။

အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုရင် https://ispmyanmar.com/burmese/bep-next-generation/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ [email protected] ကို အီးမေးလ်ပေးပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

➡️ https://www.facebook.com/100071071111175/posts/991748183204210/?mibextid=wwXIfr
20/04/2026

➡️ https://www.facebook.com/100071071111175/posts/991748183204210/?mibextid=wwXIfr

📚 လလောင်တြး တန်ဗ္တောန် English & Computer (Online - Free Class)

🎯 သၟတ်မန် သၟိက်မိက်ဂွံသၠုၚ်ပ္တိုန် ဍာ်ဒကေဝ် အင်္ဂလိက် ကေုာံ ကောန်ပျူတာတအ်ညးဂမၠိုၚ် နဒဒှ်ပညာဒါန မပံက်ကဵုလဝ် တန်ဗ္တောန်လ္တူOnline နကဵု Zoom Application မဒှ်ရ။

📖 အရာမပါလုပ် ပ္ဍဲတန်ဗ္တောန်ဂမၠိုင်
1️⃣ English 4 Skills: ဗ္တောန်ကဵု ညံင်ဂွံလေပ်အာ အတိုင်ကဆံင် (Level) ။
2️⃣ Grammar Foundation: ဗ္တောန်ကဵု သဇိုင်သဒ္ဒါ အင်္ဂလိက် နကဵုနဲကဲစှ်ေစှ်ေ။
3️⃣ Computer Basic: ပါ်ပရအ်ကဵု နဲကဲကောန်ပျူတာသဇိုင် မထေက်ကဵုဒးတီလဝ်ဂမၠိုင်။

🗓ဗီုပြၚ်တန်ဗ္တောန်
💻 ဗီုပြင်ဗ္တောန်: Online (Zoom Application)
📅 တ္ၚဲဗ္တောန်: တ္ၚဲစန် စဵုကဵု တ္ၚဲဗြဴဗတိ (Monday to Thursday)
⏰ အခိင်: နူဂယး (၁၀:၀၀) နာဍဳ စဵုကဵု (၁၂:၀၀) နာဍဳ
💸 ၚုဟ်မးဗ္တောန်: ဟွံဒးကဵု (Free Class)

တၚ်စၟတ် - သြန်အပ်စွံ (Deposit) - သွက်ညးမိက်ဂွံတိုန်စိုပ် ဗ္တောန်အာဍာ်ဒကေဝ်ပေင်ပေင် ညံင်ဂွံဂွံဒၞာဲမာန်ဂှ် ဒးစွံလဝ် သြန်(Deposit) (၂၀,၀၀၀) ဒကေဝ် ရ။ သြန်ဝွံ ကာလတန်ဗ္တောန်တုဲဒှ်မ္ဂး ကလေင်ကဵုဖအိုတ် ရောင်။ ဟိုတ်ဂှ်ရ ဒှ်တန်ဗ္တောန် ဟွံဒးကဵုၚုဟ်မး (Free Class) မဒှ်ရ။

📌အခိင်ကၟာတ်ပ္တိုန်စရင် (Deadline) - သွက်ညးမိက်ဂွံတိုန်စိုပ်တအ် ဒးပ္တိုန်စရင် တ္ရဲလက္ကရဴအိုတ် ဂိတုဨပြီ စၟတ်တ္ရဲ ၂၄ (24.4.26) မဒှ်ရ။ ဟိုတ်နူစၟတ်ပိုၚ်ခြာလဝ်မၞိဟ်တုဲ ယဝ်ရမၞိဟ်ပေင်အာမ္ဂး ကၟာတ်ပ္တိုန်စရင် ပြဟ်နူတ္ၚဲမစၟတ်သမ္တီလဝ်မာန်ရောင်။

📝သွက်ညးမိက်ဂွံတိုန်စိုပ်တအ်
👉 လုပ်အာ ပ္ဍဲ [Google Form] သၟဝ်ဏံ ( https://docs.google.com/forms/d/e/1FAIpQLSdD_3DanqCYAfdbBb53KJYh1eIK3rMtoGV1WEtuDupfJ4FfNg/viewform?fbclid=IwY2xjawRS_NBleHRuA2FlbQIxMQBicmlkETExdTVBbTk4VE9GVGtIMllXc3J0YwZhcHBfaWQBMAABHtyrBClDkUL_wa80krBz_iDvLsFW6NQCWPqHHbNutcH-plrlr8VMnbcMobz7_aem_OL6POKjJDNo57VZ4ak74Lg )

ဟွံသေၚ်မ္ဂး
👉ကေတ်အဆက် messengerဏံ ဝွံတုဲ ပ္တိုန်စရင်မာန်မံင်ရအဴ။

(မြန်မာဘာသာဖြင့်)
📚 English & Computer အခမဲ့ Online သင်တန်း ဖွင့်လှစ်ခြင်း

🎯 မိမိတို့ရဲ့ အရည်အချင်းကို မြှင့်တင်လိုသော လူငယ်များအတွက်
အခမဲ့ ပညာဒါနအဖြစ် ဖွင့်လှစ်သော Zoom Online အတန်းဖြစ်ပါသည်။

📖 သင်တန်းတွင် ပါဝင်မည့်အချက်များ
1️⃣ English 4 Skills: Level အလိုက် ကျွမ်းကျင်အောင် လေ့ကျင့်ပေးခြင်း
2️⃣ Grammar Foundation: အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးခြင်း
3️⃣ Computer Basic: သိထားသင့်သော ကွန်ပျူတာ နည်းပညာများ ဝေမျှခြင်း

🗓 သင်တန်းအသေးစိတ်
💻 သင်တန်းပုံစံ: Online (Zoom Application)
📅 နေ့ရက်: Monday to Thursday
⏰ အချိန်: 10:00 AM - 12:00 PM
💸 သင်တန်းကြေး: အခမဲ့ (Free Class)

💰 Deposit (အာမခံကြေး) ဆိုင်ရာ အချက်အလက်
📌 သင်တန်းကို အမှန်တကယ် တက်ရောက်လိုသူများအတွက် နေရာဦးထားနိုင်ရန် Deposit (၂၀,၀၀၀) ကျပ် ပေးသွင်းရမည် ဖြစ်ပါသည်။

🔄 ၎င်းအာမခံကြေးကို သင်တန်းပြီးဆုံးပါကပြန်လည်ပေးအပ်သွားမည် ဖြစ်သောကြောင့်
🎉 လုံးဝ (Free) တက်ရောက်ရခြင်း ဖြစ်ပါသည်။

📝 စာရင်းပေးသွင်းရန်
👉 Google Form ( https://docs.google.com/forms/d/e/1FAIpQLSdD_3DanqCYAfdbBb53KJYh1eIK3rMtoGV1WEtuDupfJ4FfNg/viewform?fbclid=IwY2xjawRS_NBleHRuA2FlbQIxMQBicmlkETExdTVBbTk4VE9GVGtIMllXc3J0YwZhcHBfaWQBMAABHtyrBClDkUL_wa80krBz_iDvLsFW6NQCWPqHHbNutcH-plrlr8VMnbcMobz7_aem_OL6POKjJDNo57VZ4ak74Lg )
သို့မဟုတ်
👉 Messenger မှတဆင့် ဝင်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။





■ ဌာန်ကောံသၟတ်မန်(MYF) တိုန်စိုပ် ပေါဲပါ်ပရအ်တင်နင်သုတေသန ဆက်စပ်ပရေင်တဵုလွဳသဘာဝ သၞောတ်ဂေဟ☘️_____________________________...
08/03/2026

■ ဌာန်ကောံသၟတ်မန်(MYF) တိုန်စိုပ် ပေါဲပါ်ပရအ်တင်နင်သုတေသန ဆက်စပ်ပရေင်တဵုလွဳသဘာဝ သၞောတ်ဂေဟ☘️
_____________________________

ညးစၞး ဌာန်ကောံသၟတ်မန် (MYF)
၁။ မိဉာဏ်ထဝ် ဖက်ဆောညးအုပ်ကာ-၁
၂။ နာဲသိုက်မန်ရာဇာ (ဂကောံညးအုပ်ကာ)
၃။ မိဒေဝဳဆာန် (ဂကောံညးအုပ်ကာ)
၄။ မာံအံင်သိုခ် (ကမ္မတဳဗဟဵု)

================================
ဂကောံသ္ကိုပ်သ္ကကၠောန်ဗဒှ် - ပြဝါတိဍာ်မန်(MLI)
ဒၞါဲ - Than Lwin Than Hotel, Mawlamyine
စၟတ်တ္ၚဲ - 08/03/2026 (တ္ၚဲအဒိုတ်)

ဇိုင်တဲလ္ပဇြိုင် ပ္တိုန်form လုပ်သွဟ်လိက်ဝင်မန်၊ အလုံဒေသရးမန် အိုတ်စိုအ်။ ဌာနသွဟ်လိက် - ဘာကျာ်လ္ဒေါဝ်သာသနာ ၂၅၀၀(သွက်အပ္ဍ...
07/03/2026

ဇိုင်တဲလ္ပဇြိုင် ပ္တိုန်form လုပ်သွဟ်လိက်ဝင်မန်၊ အလုံဒေသရးမန် အိုတ်စိုအ်။

ဌာနသွဟ်လိက် - ဘာကျာ်လ္ဒေါဝ်သာသနာ ၂၅၀၀(သွက်အပ္ဍဲဍုင်)

တ္ၚဲသွဟ်လိက် - 21/05/2026 (တ္ၚဲဗြဴဗ္တိ)

Address

Taung Wine Stree
Mawlamyine
05

Telephone

+959788721508

Website

Alerts

Be the first to know and let us send you an email when Mon Youth Forum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mon Youth Forum:

Share