Mon state Immigration

Mon state  Immigration Update

08/12/2025
08/12/2025
၁။ ၂၀၂၅ မေ ၂၆ ၁၃၀၀ချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ အထက(၈)၊ ယင်းမာခန်းမတွင် ပန်းခင်းစီမံချက်(၃)ဖြင့...
26/05/2025

၁။ ၂၀၂၅ မေ ၂၆ ၁၃၀၀ချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ အထက(၈)၊ ယင်းမာခန်းမတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် e-IDစနစ်ဖြင့် Biographic/Biometricကွင်းဆင်းကောက်ယူပေးနေမှုအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
၂။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရပ်ကွက်ပေါင်း(၁၀)ခုမှ ပြည်သူ(၁၀၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်တွင် ယခင်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂၀၃)ဦးအားUID ထုတ်ပေးခြင်း၊ စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၀၄)ကတ်အား ပြည်သူများလက်ဝယ်ထံ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များမှ ပေးအပ်ခဲ့ပါသည်
@

၂၀၂၅ ခုနှစ် မေလ ၃ ရက်နေ့တွင် မွန်ပြည်နယ်၊ ‌ရေးခရိုင်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၌ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အ...
03/05/2025

၂၀၂၅ ခုနှစ် မေလ ၃ ရက်နေ့တွင် မွန်ပြည်နယ်၊ ‌ရေးခရိုင်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၌ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေးခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်ပြား‌နံပါတ်ပေး၍ Biometric ဇီဝအချက်အလက်များ ကောက်ယူ ဆောင်ရွက်ပေးနေမှုကို ရေးမြို့၊ ‌အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးကောင်းဇော်မြင့်နှင့် ရေးခရိုင်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းတို့က ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ရာ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရည်သန့်က လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်ပါရှင်းလင်း တင်ပြခဲ့ပါသည်။

Address

Mawlamyine

Telephone

+959691903333

Website

Alerts

Be the first to know and let us send you an email when Mon state Immigration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share