Rays Of Hope မျှော်လင့်ခြင်းရောင်ခြည်

  • Home
  • Myanmar
  • Mawlamyine
  • Rays Of Hope မျှော်လင့်ခြင်းရောင်ခြည်

Rays Of Hope မျှော်လင့်ခြင်းရောင်ခြည် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rays Of Hope မျှော်လင့်ခြင်းရောင်ခြည်, Nonprofit Organization, Mawlamyine.

အတူတကွ လက်တွဲဖို့ ခြေလှမ်းသစ်များ🤝🤝🤝​အဖွဲ့အစည်းသစ်တစ်ခုကို တည်ထောင်ရတာဟာ တောင်တက်ရသလိုပါပဲ။ တခါတရံမှာ လမ်းကြောင်းတူ မိတ်...
06/03/2026

အတူတကွ လက်တွဲဖို့ ခြေလှမ်းသစ်များ🤝🤝🤝
​အဖွဲ့အစည်းသစ်တစ်ခုကို တည်ထောင်ရတာဟာ တောင်တက်ရသလိုပါပဲ။ တခါတရံမှာ လမ်းကြောင်းတူ မိတ်ဖက်တွေကြားမှာ နားလည်မှုလွဲတာ၊ အမြင်မတူတာတွေ ရှိနိုင်ပါတယ်။
​"Rays Of Hope" အနေနဲ့ ကျွန်တော်တို့အပေါ် လာသမျှ တိုက်ခိုက်မှုတွေကို အမုန်းတရားနဲ့ တုံ့ပြန်မှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတိုင်းမှာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိတာမို့
လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရင်း၊ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာအောင် ဆက်လက်ကြိုးစားသွားမှာပါ။
​ကျောက်ဆောင်တွေကြားမှာ ပေါက်တဲ့ သစ်ပင်ဟာ ပိုခိုင်ခံ့သလိုပဲ၊ အခုစိန်ခေါ်မှုတွေက ကျွန်တော်တို့ကို ပိုပြီးရင့်ကျက်စေမှာပါ။ အားလုံးကို ချစ်ခြင်းမေတ္တာနဲ့ ဖိတ်ခေါ်ပါတယ်။

🧐💪Gym ဆော့တဲ့အခါ Trainer ကောင်းကောင်း ဘာကြောင့်လိုအပ်တာလဲ 🧐💪              Gym ကိုလာတဲ့အခါ ကိုယ့်ဘာသာ ကစားတဲ့သူတွေရှိသလို...
22/02/2019

🧐💪Gym ဆော့တဲ့အခါ Trainer ကောင်းကောင်း ဘာကြောင့်လိုအပ်တာလဲ 🧐💪


Gym ကိုလာတဲ့အခါ ကိုယ့်ဘာသာ ကစားတဲ့သူတွေရှိသလို Trainer တွေရဲ့ အကူအညီယူပြီး ကစားကြပါတယ်.. ကောင်းမွန်တဲ့ Trainer တစ်ယောက်ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်😉…


👍ထိခိုက်ဒဏ်ရာ ရနိုင်ချေနည်းပါးတယ်- Trainer မပါဘဲ ကစားတဲ့အခါ ပုံစံလွဲမှားပြီး ထိခိုက်ဒဏ်ရာတွေ ဖြစ်တတ်ပါတယ်… ကျွမ်းကျင်တဲ့ Trainer ကတော့ နည်းစနစ်ကျကျ ကစားနိုင်အောင် ကူညီပေးတဲ့အတွက် ကြွက်သားတွေ ဒဏ်ရာရနိုင်ချေ နည်းပါးပါတယ်..


👍Motivation ပိုရပါတယ်- ကိုယ်တစ်ယောက်တည်း Gym ကစားနေတာထက်စာရင် အနားမှာ အားပေးမယ့်သူတစ်ယောက်ရှိနေတဲ့အတွက် Motivation ပိုရပါတယ်… တစ်ခါတစ်လေ လက်လျှော့လိုက်ချင်လာရင်တောင် သင့်ရဲ့ Trainer က အားပေးနေတာကြောင့် လက်လျှော့ဖြစ်တော့မှာမဟုတ်ပါဘူး


👍Workout ပုံစံအမျိုးမျိုးနဲ့ ကစားနိုင်တယ်- ဒီကစားနည်းတစ်မျိုးတည်းကိုပဲ နေ့တိုင်းကစားနေရင် ကိုယ်ရောစိတ်ပါ ငြီးငွေ့တတ်ပါတယ်… Trainer နဲ့ ကစားရင်တော့ Workout Routine တွေကို ပုံစံအမျိုးမျိုး ပြောင်းလဲပေးနိုင်တဲ့အတွက် ငြီးငွေ့တော့မှာမဟုတ်ပါဘူး


👍လိုချင်တဲ့ Body Goal ကို ရအောင် ကူညီပေးနိုင်တယ်- Trainer တွေရဲ့ ပြသပေးမှုအတိုင်း သေချာလိုက်နာမယ်ဆိုရင် ကျန်းမာ ကြံ့ခိုင်ပြီး လိုချင်တဲ့ Body Goal ကို ရနိုင်မှာဖြစ်ပါတယ်…


ကဲ Gym သွားရင် Trainer တွေကို လိုချင်တဲ့ Body Goal ကိုပြောပြပြီး စနစ်တကျ ကစားဖို့ မမေ့နဲ့နော်..


🧐💪Why do you need a really good trainer to reach your fitness goal 🧐💪


Instead of working out on our own at home, we get the help of fitness Trainers to achieve our goals. Why would that be? Let’s see the benefits of having a good trainer.


👍You are less likely to get injured.- Your skillful trainer can guide you well to work out safely, avoiding injuries.


👍Keep you motivated- you are less likely to give up doing things if your trainer is with you. Your trainer knows when to push you and when to encourage you.


👍You can work out in various routines- You won’t get bored by working out in the same routine every day. Based on your fitness goal, they can help you enjoy different routines from time to time.
Workout efficiently- Your trainer can help you reach your fitness goal if you strictly follow their guideline.


Have you done your workout today? Come to POWER HOUSE FITNESS CLUB to get healthy and happy lifestyles together.

How to make flat and toned Absကျစ်လစ်ချပ်ရပ်တင်းမာပြီး ပုံကျတဲ့ဗိုက်သားရရှိဘို့ဆိုတာ၁။ ကိုယ်ခန္ဓာတခုလုံးရဲ့ အဆီရာခိုင်နှံ...
21/02/2019

How to make flat and toned Abs

ကျစ်လစ်ချပ်ရပ်တင်းမာပြီး ပုံကျတဲ့ဗိုက်သားရရှိဘို့ဆိုတာ
၁။ ကိုယ်ခန္ဓာတခုလုံးရဲ့ အဆီရာခိုင်နှုံးနည်းဘို့
၂။ ဝမ်းဗိုက်ကြွက်သားများ တောင့်တင်းသန်မာဘို့ အချက် ၂ ခုပေါ်မူတည်ပါတယ်။

၁။ ကိုယ်ခန္ဓာအဆီကျဘို့က စားတဲ့ ကယ်လိုရီ ကိုလျော့ချပြီး လေ့ကျင့်ခန်း workout လုပ် တဲ့ကယ်လိုရီကပိုရမှာဖြစ်ပါတယ်။ workout လုပ်ရာမှာ cardio, whole body workout, high intensity interval training အစ ရှိတာတို့ အချိုးညီညီလုပ်ပေးဘို့လိုပါတယ်။ စားတာထက် workout လုပ်တာက ၃၅၀၀ ကယ်လိုရီ ပိုလုပ်နိုင်ရင် အဆီ ၁ ပေါင်ကျပါမယ်။ ကျန်းမာရေးနဲ့ညီညွှတ်အောင် တပတ်ကို အဆီ ၁ ပေါင် မှ ၂ ပေါင်ထိချ နိုင်ပါတယ်။ ဆိုလိုတာက တပတ်ကို ကယ်လိုရီလိုအပ်ချက် ၃၅၀၀ ထိ နည်းဘို့ တရက်ကို ၅၀၀ လောက်ပိုပြီးလောင်ကျွမ်းရမှာဖြစ်ပါတယ်။
ကယ်လိုရီ ၃၅၀၀ လောက်ဘဲလောင်ကျွမ်းဘို့ ကို cardio တခုတည်းပြေးမယ်ဆို တနာရီ ၅ မိုင်နှုံးနဲ့ တနေ့ကို တနာရီ ၆ ရက်လောက်ပြေးရမှာ ဖြစ်ပါတယ်။

၂။ ဝမ်းဗိုက်ကြွက်သားတွေ တောင့်တင်းသန်မာဘို့ ကတော့ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ပါ။ ၂၀၀၉ ခုနှစ် အမေရိကန် council of exercise ရဲ့ထုတ်ပြန်မှုမှာ ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်းများအနက် crunch on ball, bicycle crunch, vertical leg crunch တို့ ဟာ အကောင်းဆုံး ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်း များဖြစ်တယ်လို့ဆိုပါတယ်။ ဒီလေ့ကျင့်ခန်းများဖြင့် ဝမ်းဗိုက်ကြွက်သား ၃ ခု re**us abdominis, external oblique, internal oblique ရဲ့ လှုပ်ရှားမှု direction အားလုံးပါဝင်ပါတယ်။ တနေ့ကို ၃ မျိုး တမျိုးကို ၁၂ ကြိမ်က ၁၅ ကြိမ် ၂ ကျော့ မှ ၃ ကျော့ ဆိုရင် လုံလောက်ပါတယ်။ ရက်ခြားလုပ်ပြီး တပတ်ကို ၂ ရက် မှ ၃ ရက်သာ လုပ်သင့်တယ်လို့ council of exercise ရဲ့ထုတ်ပြန် ချက်မှာပါ ပါတယ်။ နေ့စဉ် လုပ်မယ်ဆိုရင်တော့ ကြွက်သားတွေ လောင်ကျွမ်းတာ ဒဏ်ရာရတာတွေဖြစ်ပါလိမ့်မယ်။ အချို့ နာမည်ကြီးအချို့ abs လေ့ကျင့်ခန်းတွေနေ့တိုင်းလုပ်တယ်လို့ဆိုပါတယ်။ သူတို့ကတော့ ထူးခြားတဲ့ ခန္ဓာဗေဒ တည်ဆောက်မှုရှိသူတွေမို့ ချွင်းချက်ထားလိုက်ပါ။

Wsda Dom

ခရက်ဒစ်။ ဒေါက်တာထွန်းထွန်း

အမျိုးသမီးများ၊fitness လေ့ကျင့်ခန်းပြုလုပ်သင့်သော၊အချက်-၈ချက်အမျိုးသမီးများပြုလုပ်သင့်သောအားကစားဟုဆိုလိုက်လျင်၊ယောဂနှင့်...
20/02/2019

အမျိုးသမီးများ၊fitness လေ့ကျင့်ခန်းပြုလုပ်သင့်သော၊အချက်-၈ချက်
အမျိုးသမီးများပြုလုပ်သင့်သောအားကစားဟုဆိုလိုက်လျင်၊ယောဂနှင့်ပြေးခြင်း၊စက်ဘီးစီးခြင်း၊ရေကူးခြင်းများလောက်သာ၊သိတတ်ကြသူအများစုဖြစ်သည်။တစ်ကယ်တော့၊အမျိုးသမီးများအတွက်
အကောင်းဆုံးသော၊လေ့ကျင့်ခန်းများမှာ၊အလေးများဖြင့်လေ့ကျင့်သော၊fitnessလေ့ကျင့်ခန်းများသာဖြစ်သည်။***အလေး***ဟူသောဝေါဟာရကိုကြားလိုက်လျင်ပင်မြန်မာအမျိုးသမီးများနားကြောစိမ့်သွားတတ်ကြသည်မှာဓမ္မတာပင်ဖြစ်သည်။ထိုသို့ ဖြစ်ရသည်မှာ၊***အမျိုးသမီးများအလေးများဖြင့်
လေ့ကျင့်လျင်၊အန္တရာယ်များသည်၊အမျိုးသားများကဲ့သို့ ကြွက်သားများဖြင့်ပုံပျက်ပန်းပျက်ဖြစ်သွား
မည်၊အဆစ်အမြစ်များဒဏ်ရာရမည်၊အလေးများဖြင့်လေ့ကျင့်ခန်းမပြုလုပ်တော့ပါကကြွက်သားများသည်အဆီအဖြစ်သို့ ပြောင်းသွားမည်***စသည်ဖြင့်ယုတ္တိမတန်၊လက်တွေ့ မဆန်သော၊ယုံတမ်းစကားပေါင်းများစွာကိုဖန်တရာတေအောင်ကြားနေကြရ၍ဖြစ်သည်။ဤဆောင်းပါးသည်၊ထိုယုံတမ်း
စကား၊ပုံပြင်များကိုအထောက်အထားများနှင့်တစ်ကွအပြီးအပိုင်တိုက်ဖျက်ပစ်မည်ဖြစ်သည်။ဤဆောင်းပါးတွင်၊အမျိုးသမီးများ၊အလေးများဖြင့်လေ့ကျင့်ပါက၊ရရှိနိုင်သောအကျိုးကျေးဇူးများကို
အထောက်အထားနှင့်တကွဖော်ပြထားသည်။
-အလေးဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်အောက်ဖော်ပြပါအကျိုးကျေးဇူးများရရှိစေနိုင်ပါသည်။
၁-အဆီကျနှုန်းကိုမြန်ဆန်တိုးတက်စေသည်အလေးမခြင်းသည်၊အမျိုးသားများအတွက်သီးသန်လုံးဝမဟုတ်ပါ။သာမန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများသည်ကယ်လိုရီလောင်ကျွမ်းစေနိုင်သည်မှန်သော်လည်းထိုရလာဒ်မှာလေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင်မှာသာဖြစ်နိုင်သည်။အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်ပါကလေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင်ရော၊လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်များတွင်ပါကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းကိုမြန်စေကာခန္ဓာကိုယ်တွင်းမှမလိုအပ်သောအပိုကယ်လိုရီများကိုလောင်ကျွမ်းစေနိုင်သည်။အလေးများဖြင့်လေ့ကျင့်ခန်းပြီးလျင်လည်း၊(EPOC-Excess Post Exercises Oxygen Consumption)ဟုခေါ်သော၊လေ့ကျင့်ခန်း
ပြီးနောက်အောက်ဆီဂျင်အပိုအသုံးပြုခြင်းစနစ်ဖြစ်ပေါ်သဖြင့်၊ကယ်လိုရီလောင်ကျွမ်းမှုများလာခြင်းဖြစ်သည်။ခန္ဓာကိုယ်ကအောက်ဆီဂျင်အသုံးပြုမှုပိုလာလေလေ၊ကယ်လိုရီလောင်ကျွမ်းမှုများလာလေလေဖြစ်ပြီးကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းလည်းမြန်လာလေလေဖြစ်ကာအဆီလောင်ကျွမ်းမှုလည်းတစ်ဟုန်ထိုးတိုးတက်လာခြင်းဖြစ်သည်။
၂-ကြွက်သားပမာဏများလေလေအဆီလောင်ကျွမ်းမှုများလေလေ
အလေးများဖြင့်စနစ်တကျ၊လေ့ကျင့်ခြင်းကြောင့်၊ခန္ဓာကိုယ်တွင်ကြွက်သားပမာဏများလာလေလေ၊အဆီလောင်ကျွမ်းမှုများလာလေလေဖြစ်သည်။နေ့ စဉ်လှုပ်ရှားနေထိုင်မှုဘ၀နယ်ပယ်တွင်၊မတ်တပ်
ရပ်နေခြင်းသည်ထိုင်နေခြင်းထက်ပို၍ကယ်လိုရီလောင်ကျွမ်းစေနိုင်သလို၊လမ်းလျောက်ခြင်းသည်၊မတ်တပ်ရပ်နေခြင်းထက်၊ပြေးခြင်းသည်လမ်းလျောက်နေခြင်းထက်၊အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်ပြေးခြင်းနှင့်အခြားသော၊ကာဒီရိုအားကစားနည်းများထက်ပို၍ကယ်လိုရီလောင်ကျွမ်းစေနိုင်သည်။တစ်နေကုန်ကြွက်သားများ၊လှုပ်ရှားမှုများလေလေ၊အဆီပိုကျနိုင်လေလေဖြစ်သည်။
၃-ခါးသေးရင်ချီ
အမျိုးသမီးများ၊အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်၊ကြွက်သားများအပိုတည်ဆောက်လာနိုင်လေလေ၊ခန္ဓာကိုယ်မှပိုလျံသောအဆီများကျလာလေလေဖြစ်ကာ၊ခန္ဓာကိုယ်အချိုးအစားကို၊ကျစလစ်တင်းရင်းလှပစေပါသည်။ထိုကြောင့်အမျိုးသမီးများ၊အလေးများဖြင့်၊လေ့ကျင့်ခန်းပြုလုပ်သင့်ပါသည်။
၎-အိပ်မက်လှလှ
အိပ်ရေးမ၀ပါက၊တစ်နေ့ တာနိစ္စဓူဝ၊လုပ်ငန်းဆောင်တာများအပေါ်၊မည်မျှဆိုးကျိုးသက်ရောက်စေနိုင်သည်ဆိုသည့်အချက်အပြင်၊ခံတွင်းပျက်ခြင်း၊ကိုယ်တွင်းဇီဝဖြစ်စဉ်နှေးကွေးကာအဆီတက်လာခြင်းစသောဆိုးကျိုးများကြုံတွေနိုင်ကြောင်းကိုကျန်းမာရေးဗဟုသုတ၊ရှိသူတိုင်းသိရှိထားပြီးဖြစ်သည်။
International Sport Med Journalတွင်
ဖော်ပြထားသော၊သုတေသနတစ်ခုက၊အလေးများဖြင့်
လေ့ကျင့်ခန်းပြုလုပ်ခြင်းသိုမဟုတ်ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းက၊ညတွင်အလွယ်တကူအိပ်ပျော်စေနိုင်ခြင်း၊နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ခြင်း၊အိပ်စက်ချိန်တိုးလာနိုင်ခြင်း
စသောအကျိုးကျေးဇူများကိုတင်ပြထားပါသည်။
၅-အားအင်ပြည့်ဖြိုး၊စွမ်းဆောင်ရည်တိုး
အထက်တွင်၊တင်ပြခဲ့သော၊အချက်များအတိုင်းပင်၊National Institute of Healthမှထပ်မံတင်ပြသည့်သုတေသန
တစ်ရပ်မှာ၊သာမန်အလေးမလေ့ကျင့်ခန်းများသည်ပင်လျင်၊ကယ်လိုရီလောင်ကျွမ်းမှုအထူးအားကောင်းစေကာ၊ကိုယ်တွင်းခွန်အားညီမျှစေပြီးအဆီဆဲလ်များကိုလောင်ကျွမ်းစေမှုလည်း
မြင့်မားလာခြင်းဖြစ်ကြောင်းကိုရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ထို့ ကြောင့်အားအင်ပြည့်ဖြိုးစွမ်းအင်တိုးစေလိုပါက၊သင်ကြိုက်သောကိုရီးယားဇာတ်ကားတစ်ကားကိုကြည့်မည့်အချိန်တွင်လေ့ကျင့်ခန်းပြုလုပ်ပါဟုတိုက်တွန်းအပ်ပါသည်။
၆-နှလုံးကျန်းမာ၊ကိုယ်ချမ်းသာ
နှလုံးရောဂါခံစားနေရသူများအတွက်၊အကောင်းဆုံးသော၊နှလုံးကျန်းမာစေသောလေကျင့်ခန်းမှာအလေးများဖြင့်fitness လေ့ကျင့်ခြင်းပင်ဖြစ်ကြောင်း၊ American Heart Association ကထောက်ခံတင်ပြခဲ့သည်။ Journal of Strength and Conditioning Research ကလည်း၊အလေးမသူများသည်နှလုံးရောဂါ၏ဆိုးကျိုးများ၊သွေးတွင်းအချိုဓါတ်များခြင်း၊သွေးတိုးခြင်းစသောရောဂါဆိုးများ၏ဒဏ်မှ
လွတ်ကင်းသက်သာကြောင်းတင်ပြခဲ့ပါသည်။အလေးမခြင်းကြောင့်၊နှလုံးရောဂါသည်များရောဂါအခြေအနေတိုးတက်ကောင်းမွန်လာခြင်းနှင့်သွေးဖိအားမှန်ကန်လာခြင်းကိုဘရာဇီးလ်မှသုတေသီများ
ကတင်ပြခဲ့ပြန်ပါသေးသည်။
၇-အမျိုးမှန်တဲ့မမတို့ အရိုးသန်ဖို့ 
အမျိုးသမီးများ၊အသက်အရွယ်ရလာသည်နှင့်အမျှ၊အရိုးသိပ်သည်းဆလျော့နည်းလာပြီး၊အရိုးပွရောဂါဖြစ်လာနိုင်ကြောင်းကိုကျန်းမာရေးဗဟုသုတရှိသောအမျိုးသမီးတိုင်းသိရှိပြီးဖြစ်သည်။ကိုယ်တွင်းမှ
အီစထရိုဂျင်မထုတ်လုပ်နိုင်တော့သောသွေးဆုံးပြီးအမျိုးသမီးအများစုသည်အရိုးပွရောဂါ၏ဒုက္ခပေးခြင်းကိုဆိုးရွားစွာခံစားရတတ်သည်။ McMaster University မှသုတေသီများက၊သွေးဆုံးပြီးမှအလေးဖြင့်လေ့ကျင့်ခန်းပြုလုပ်သောအမျိုးသမီးကြီးများ၏အရိုးသိပ်သည်းဆသည် ၉%ခန့် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ကြောင်းကိုတင်ပြခဲ့သည့်အပြင်၊အရွယ်ကောင်းစဉ်ကလေ့ကျင့်ခန်းပြုလုပ်သောပျိုမေတို့ ၏အရိုးကျန်းမာရေးအထူးကောင်းမွန်နိုင်ကြောင်းကိုလည်းကောက်ချက်ချတင်ပြခဲ့သည်။
၈-စိတ်ဖိစီးမှုကင်းဝေစေဖို့ 
မည်သည့်လေ့ကျင့်ခန်းအမျိုးအစားမဆို၊စိတ်ဖိစီးမှုဟူသမျှကိုလျော့ချပေးနိုင်ကြောင်းကို၊အားလုံးသိရှိကြပြီးဖြစ်သည်။အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်သူများသည်၊လေ့ကျင့်ခန်းလုံးဝမပြုလုပ်သူများနှင့်သာမန်လေ့ကျင့်ခန်းပြုလုပ်သူများထက်၊ပို၍စိတ်ဖိစီးမှုများကိုခံနိုင်ရည်ရှိကြောင်းကိုသုတေသီများကအသေအချာ၊ထောက်ခံတင်ပြပေးထားသည်။ထို့ အပြင်၊လူလတ်ပိုင်းများနှင့်လူကြီးပိုင်းအရွယ်များ
သည်အသင့်အတင့်ပြင်းထန်သောကြံ့ခိုင်မှုလေ့ကျင့်ခန်းများကိုလေ့ကျင့်ပေးပါက၊မှတ်ဥာဏ်နှင့်အမြင်အာရုံကိုလည်းတိုးတက်ကောင်းမွန်စေနိုင်ပါသည်။ထို့ ကြောင့်ကျန်းမာ၊သန်စွမ်းပြီး၊စွမ်းဆောင်ရည်မြင့်မားကာဘ၀တွင်အဖက်ဖက်မှအောင်မြင်လိုသောအမျိုးသမီးတိုင်းသည်အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်သင့်ပါကြောင်းကိုစေတနာကောင်းဖြင့်
ထပ်လောင်းတိုက်တွန်းအပ်ပါသည်။
References
1. Roveda, Eliana, et. Al. Effects of endurance and strength acute exercise on night sleep quality." International SportMed Journal. 2011; 12(3): 113-124.
2. Kirk, Erik P., et. Al. Minimal resistance training improves daily energy expenditure and fat oxidation" Med Sci Sports Exerc. 2010; 41(5): 1122-1129.
3. Magyari PM, Churilla JR. Association between lifting weights and metabolic syndrome among U.S. Adults: 1999-2004 National Health and Nutrition Examination Survey. J Strength Cond Res. 2012 Nov; 26(11): 3113-7.
4. Cardoso, Crivaldo Gomes, et. Al. "Acute and chronic effects of aerobic and resistance exercise on ambulatory blood pressure." Clinics (Sao Paulo). 2010; 65(3):317-325.
5. Muir JM, Ye C, Bhandari M, Adachi JD, Thabane L. The effect of regular physical activity on bone mineral density in post-menopausal women aged 75 and over: a retrospective analysis from the Canadian multicentre osteoporosis study. BMC Musculoskelet Disord. 2013 Aug 23; 14: 253.
6. Stone M, Stone Meg, Sands W. Psychological Aspects of Resistance Training. In: Principles and Practice of Resistance Training. Champaign, IL: Human Kinetics; 2009. p. 229-241.
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits -
လေးစားလျက်
နိုင်ဦး---၁၁၉

2019 ရဲ့ Resolution ကဘာလဲ? 🔸အဆီပိုတွေဖယ်ရှားဖို့အတွက်လား ?🔸ကျန်းမာအောင်ပြုမူနေထိုင်ဖို့လား ? 🔸ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ကို...
31/12/2018

2019 ရဲ့ Resolution ကဘာလဲ?

🔸အဆီပိုတွေဖယ်ရှားဖို့အတွက်လား ?
🔸ကျန်းမာအောင်ပြုမူနေထိုင်ဖို့လား ?
🔸ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့လား ?

အကောင်းဆုံး ကြိုးစားပြီး Mister Icon World 2018 International  winnerဆုကို ထိုက်ထိုက်တန်တန် ရရှိ သွားတဲ့ Gym မှာ လက်ရှိ ...
03/12/2018

အကောင်းဆုံး ကြိုးစားပြီး Mister Icon World 2018 International winnerဆုကို ထိုက်ထိုက်တန်တန် ရရှိ သွားတဲ့
Gym မှာ လက်ရှိ PT train နေတဲ့ ညီလေး ကောင်းပြည့်လွင် ရေ Co-Op Gym က Congratulations ပါ ဗျား နောက်ထပ်လဲ အောင်မြင်မှုတွေရရှိပါစေလို့်....

အဲ့လို​လေး လန်းကြရ​အောင်​ ....
21/11/2018

အဲ့လို​လေး လန်းကြရ​အောင်​ ....

ပဲခူး မြို့ရဲ့အ​ချောကိုကို မမ များ အဲ့လို​လေး ​ပြောင်းလဲချင်​ရင်​​တော့...Co-Op ကို သတိရ​နော်​..
06/11/2018

ပဲခူး မြို့ရဲ့အ​ချောကိုကို မမ များ အဲ့လို​လေး ​ပြောင်းလဲချင်​ရင်​​တော့...Co-Op ကို သတိရ​နော်​..

ပဲခူးမြို့နဲ့ အနီအနီးနားဝန်းကျင်​မှာရှိကြတဲ့ အားကစား ကို လိုက်​စားသူများအတွက်​ ..မိမိ ကျန်းမာ​ရေအတွက်​ပဲဖြစ်​ဖြစ်​မိမိ...
01/11/2018

ပဲခူးမြို့နဲ့ အနီအနီးနားဝန်းကျင်​မှာရှိကြတဲ့ အားကစား ကို လိုက်​စားသူများအတွက်​ ..
မိမိ ကျန်းမာ​ရေအတွက်​ပဲဖြစ်​ဖြစ်
မိမိ ခန္ဓာကိုယ်​​ပေါ်က အဆီပို​တွေကို​လျော့ချချင်​လို့ပဲဖြစ်​ဖြစ်
ပိန်​လွန်းလို့ စိတ်​ညစ်​​နေတာပြဲဖစ်​ဖြစ်
Captain America လို body မျိုးပိုင်​ဆိုင်​ချင်​လို့ပြဲဖစ်​ဖြစ်
Korea မင်းသား​ မင်းသမီး​ တွေလို ပိန်​သွယ်​သွယ်​body မျိုးကိုပိုင်​ဆိုင်​ချင်​လို့ပဲဖြစ်​ဖြစ်​ မိမိတို့အိပ်​မက်​​တွေ အ​ကောင်​အထည်​​ဖော်​​တော့မယ်​ဆိုရင်​​တော့ ပဲခူးမြို့မှာ အသစ်​ ဖွင့်​လှစ်​ထားတဲ့ Co-Op Gymကို သာသတိရလိုက်​ပါ...
Co-Op Gym မှာရှိကြတဲ့ ဆရာ​တွေက member တစ်​​ယောက်​ချင်းအ​ပေါ် ​စေတနာထား ဂရုတစိုက်​ပြမှု​တွေ နဲ့အတူ
လာကစားတဲ့member​တွေ ရဲ့ရလဒ်​ဘယ်​လို​ပြောင်းလဲသွားလဲဆိုတာ၊
ဘယ်​လို စိတ်​​ကျေနပ်​မှုမျိုးရှိကြလဲဆိုတာ သိချင်​ရင်​​တော့ ပဲခူးမြို့ရဲ့Co-Op Gymကို တစ်​ရက်​​လောက်​ အချိန်​​ပေး လာ​ရောက်​​လေ့လာ ဖို့လဲ ဖိတ်​​ခေါ်ပါတယ်​​နော်​....👏👏👏👏
မိမိ တို့ရဲ့ life style နဲ့ body ကို changes ပြုလုပ်​ချင်​ရင်​​တော့ Co-Op gymကို သာအ​​ရောက်​ လှမ်းခဲ့ပါ​ခင်​ဗျ​ .....

Co-Op Gym မှ Facilities နဲ့ လစဉ်ကြေးများက

1 month = 40,000 Ks
3 months = 105,000 ks
6 months = 180,000 ks
ကမ္ဘာအဆင့်မှီ စက်ပစ္စည်းသစ်များ အစုံအလင်, Aircon, Locker, အဝတ်လဲခန်း, Toilet, Bathroom တွေပါဝင်တဲ့ အပြင် Car parking လဲ လွယ်ကူအဆင်ပြေပါတယ်။ အတွေ့ အကြုံရှိ ကျွမ်းကျင် Trainer တွေကဂရုစိုက်ပေးမှာဖြစ်ပြီး PT( Personal Trainer ) လဲ ငှါးရမ်းနိုင်​ပါတယ်​ ခင်​ဗျ👌👌👌
အမျိုးသား/အမျိုးသမီးသီးသန့် ခွဲခြားထားခြင်းမရှိပါ။

Gym. Open (6 : 30 AM to 9: 00 PM)
Gym ပိတ်​ရက်​မရှိပါ ။

လိပ်​စာက/​ကျောက်​တွင်းကုန်း မီးပွိုင့်​ အ​ကျော်​ ၊KZ စတိုးအ​ပေါ်ထပ်​ ၊
ရန်​ကုန်​ မန္တ​လေး ​အ​ဝေး​ပြေးလမ်းမကြီး​ဘေး ပဲခူးမြို့ ဖြစ်​ပါတယ်​ ။ ​ကျေးဇူးတင်​ပါတယ်​ ချင်​ဗျ ။

အားကစားသမားနဲ့ ရေသောက်ခြင်း-----------------ရေးသားသူ- ဒေါက်တာမိုး (Pharmacist, USA)  မနေ့က သရုပ်ဆောင်မင်းသွေး ဘောလုံးကန်...
04/10/2018

အားကစားသမားနဲ့ ရေသောက်ခြင်း
-----------------
ရေးသားသူ- ဒေါက်တာမိုး (Pharmacist, USA)


မနေ့က သရုပ်ဆောင်မင်းသွေး ဘောလုံးကန်နေစဉ် သေဆုံးသွားတာနဲ့ ပတ်သက်ပီး ဖြစ်နိုင်တဲ့အကြောင်းအရာလေးပါ Hyponatremia or water intoxication can lead to death.

အားကစားပြင်းပြင်းထန်ထန် လုပ်နေစဉ်မှာ ရေအများကြီး မသောက်သင့်ပါဘူး ရေအများကြီးသောက်လိုက်ရင် ကိုယ်ထဲကဆဲလ်တွေက ရေတွေကို စုတ်ယူလိုက်ပီး ကျောက်ကပ်ကလည်း ချက်ချင်းမစွန့်ထုတ်ပေးနိုင်တဲ့အတွက် ရေတွေက ဦးနှောက်ဆီရောက်သွားပီး seizure, coma & death အသက်သေဆုံးသည်အထိဖြစ်သွားနိုင်ပါ ဦးနှောက်ယောင်ပီး အသက်သေဆုံးနိုင်ပါတယ် Cerebral Edema in which brain swells due to excess water.

ရေတွေအများကြီးကြောင့် ကိုယ်ထဲက ဆိုဒီယမ် level ရုတ်တရက်ကျသွားပီး Hyponatremia or water intoxication ဖြစ်သွားတာပါ

2002 မာရသွန်တုန်းက အားကစားသမား ၁၄ ယောက်သေဆုံးခဲ့ရတယ်
2014 တုန်းက High School ကျောင်းသား ၂ ယောက် အားကစားလုပ်ရင်း ရေအများကြီးသောက်လို့ သေဆုံးခဲ့တယ်

"Proper hydration guidelines for Athletes"
အားကစားလုပ်မယ်ဆိုရင် ရေသောက်နည်း သိဖို့လိုအပ်ပါတယ် အားကစားသမားတွေက dehydration ရေငတ်ရင် Performance ကျလို့ အားကစားသမားတွေက ရေမငတ်ပဲ ရေတွေ အများကြီးသောက်မိကြတယ်

ရေသောက်မယ်ဆို အားကစားမလုပ်ခင်သောက်ထားပါ အားကစားလုပ်နေစဉ်မှာ ရေသောက်မယ်ဆိုရင် မိနစ် ၂၀ တိုင်းရေတဖန်ခွက်ထက်ပိုမသောက်မိပါစေနဲ့

Sports Drinks တွေကလည်း မိနစ် 60-90 အားကစားလုပ်လို့ ဆုံးရှုံးသွားတဲ့ sodium, potassium and other electrolytes တွေကိုပြန်လည်ဖြည့်ပေးလို့ အားကစားပြင်းပြင်းထန်ထန်လုပ်မယ်ဆို သောက်ပေးနိုင်ပါတယ်

မိမိကိုယ်တိုင်ရော လေ့ကျင့်ခန်း အားကစားပြင်းပြင်းထန်ထန်လုပ်တဲ့ သူငယ်ချင်းတွေ သားသမီးတွေရှိရင် အားကစားလုပ်ရင် ရေအများကြီး မသောက်ဖို့ သတိပေးထားကြပါနော်

(ကူးယူဖော်ပြမယ်ဆိုပါက ရေးသားသူနာမည်ပါထည့်ပေးကြပါရှင်)
Ref : https://www.washingtonpost.com/news/to-your-health/wp/2015/07/01/this-is-what-happens-to-your-body-if-you-drink-too-much-water-during-exercise/?noredirect=on&utm_term=.098e54733013

https://www.verywellfit.com/proper-hydration-for-athletes-3119355

 #အဆီချလိုသူတို့ Diet ၏အလွဲများတိုးတက်သော နည်းပညာခေတ်၏ အကျိုးကျေးဇူးကြောင့် အင်တာနက်အသုံးပြုပြီး အဆီချနည်း Tips များနှင်...
02/10/2018

#အဆီချလိုသူတို့ Diet ၏အလွဲများ

တိုးတက်သော နည်းပညာခေတ်၏ အကျိုးကျေးဇူးကြောင့် အင်တာနက်အသုံးပြုပြီး အဆီချနည်း Tips များနှင့်
ကိုယ်သိလိုသော Health and fitness tips များကို လေ့လာရှာဖွေသူများကြောင့် ကျွန်တော်တို့ မြန်မာဖစ်တ
နက်စ် နယ်ပယ်တွင် အတော်များများ သိသင့်သိထိုက်သော ဗဟုသုတများ ကြွယ်ဝလာပြီ ဖြစ်သော်လည်း
လက်တွေ့ Apply လုပ်ရာတွင်တော့ လိုအပ်မှုများစွာကို တွေ့ နေရပေသေးသည်။ ဤအချက်က ဆရာမပြ၊
ငပိဖုတ်တောင်နည်းမကျ ဟူသည့်စကားအတိုင်း Professional Trainer ၏ လမ်းညွှန်မှုလိုအပ် သည်ကို မီးမောင်းထိုးပြနေ ခြင်းဖြစ်သည်။
Facebook ကဲ့သို့ သော ဆိုရှယ်မီဒီယာ ကျေးဇူးကြောင့် Fans များ၏ Diet Plan ,Diet Plan ဟုကြွေးကြော်ကာ
စတေးတပ်တင်နေကြသည့် အတွက် မြင်နေရသည့် အယူအဆအလွဲလေး အချို့ ကို အကြံပြုရန်
ဤဆောင်းပါးကို တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။
အလွဲ-၁---ကာဗိုဟိုက်ဒရိတ်(Carbohydrates) လျော့စားလွန်းခြင်း
အဆီချလိုသူ တစ်ရာလျင် ကိုးဆယ့်ငါးယောက် ဤအမှားကို ကျူးလွန်နေကြခြင်းဖြစ်သည်။ကိုယ်တွင်းဇီဝဖြစ်ကျူးလွန်နေကြခြင်းဖြစ်သည်။ကိုယ်တွင်းဇီဝဖြစ်
စဉ်နှင့် နေ့ စဉ်ရှင်သန် လှုပ်ရှားရန်အတွက် လိုအပ်သော အင်အားအတွက် အခြေခံအကျဆုံးသော
အာဟာရဖြစ်သည်။ သင်နေ့ စဉ်မှီဝဲနေသော အာဟာရတွင် ပရိုတိန်းမည်မျှပင်များများ၊ ကာဗိုဟိုက်ဒရိတ် မလုံလောက်ပါက ထိုဈေးကြီးပေးပြီး စားထားသမျှသော ပရိုတိန်းများသည် အချီးအနှီးပင်ဖြစ်သည်။
FB ပေါ်တွင်တွေ့ နေရသည်က တစ်နပ်လျင် ထမင်းနှစ်ဇွန်း သုံးဇွန်းဟူသော ပမာဏ၊
လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးမျှသော ပမာဏ ကို Fat loss Diet အဖြစ် စတေးတပ်တွေ တင်ကာပွဲခံနေ
ကြခြင်းပင်ဖြစ်သည်။ ထိုသို့ သော စတေးတပ်မျိုးကို မြင်ပါက ထိုသူမည်မျှလေ့ကျင့်သည် ပရိုတိန်းမည်မျှ စားသုံးသည် မည်သို့ သော ဖြည့်စွက်ဆေး သုံးသည်ကို ထပ်မကြည့်တော့ဘဲ ကျွန်တော် တပ်အပ်ပြောနိုင်
သည်ကတော့ ထိုသူသည် အဆီကျရန် လုံးဝမလွယ် သည့်အပြင် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ သက်ရောက်
နေသည်ကို အတိအကျ ပြောနိုင်ပါသည်။ အကယ်၍ ကျသွားသည်ဟု မျက်စိမှိတ်အော်နေပါကလည်း
၁-စိတ်ဓါတ်နှင့်
၂-မကြာခင် ပြန်တက်လာမည့် ကိုယ်အလေးချိန်ကျခြင်း ပင်ဖြစ်ပါလိမ့်မည်။ ကိုယ်အလေးချိန်ကျခြင်းနှင့် အဆီကျခြင်းလုံးဝ လုံးဝမတူပါ။ အရှင်းဆုံးပြောရလျင် ကြွက်သားတည်ဆောက်လိုသူပဲဖြစ်ဖြစ် အဆီချလိုသူ
ပဲဖြစ်ဖြစ် ***Carbohydrates is your friend. Not your foe*** ဆိုတာကို အသေမှတ်ထားပေးပါ။
အလွဲ-၂---ကာဗိုဟိုက်ဒရိတ် ရွေးချယ်မှုမှားခြင်း
ဤအမှားကတော့ ဒုတိယ အများဆုံးမှားတတ်သည့် အမှားဖြစ်သည်။ဤအမှားကို မသိဘဲကျူးလွန်ခြင်းကြောင့်
လူတွေရလာဒ်ဆိုးရွားခြင်းကို ကာဗိုဟိုက်ဒရိတ်ကြောင့်ဟု လွဲမှားစွာ ယုံကြည်ကြခြင်းပင်ဖြစ်သည်။ အခြေခံအား
ဖြင့် simple carbohydrate and complex carbohydrates ဟူ၍သာရှိသည်။ သို့ သော်ထပ်ကွန့် ရလျင်
Carbs အမျိုးမျိုးရှိလေသည်။ ကာဗိုဟိုက်ဒရိတ် ရွေးချယ်လျင် Glycemic Index (GI) အပေါ်မူတည်၍ ရွေးချယ်
ရလေသည်။ ထိုအကြောင်းအရာများကို အကျယ်တ၀င့် ဆောင်းပါးရေးသား တင်ဆက်ပေးပါဦးမည်။ အဆီချလို
သည်ဟုဆိုကာ အာလူးကြော်လေးစားလိုက်၊ ကိတ်နှင့်အအေးလေး သောက်လိုက် Coke, Soda နှင့် ကျွဲရိုင်း
လစ်ပို၊နှင့် ကာဗွန်နိတ်တက် ဓါတ်ဆားရည်များကို သောက်နေသူများကို ကြည့်ကာရင်မောမိ၏။ ထိုသူတို သောက်နေသူများကို ကြည့်ကာရင်မောမိ၏။ ထိုသူတို့ အဘယ်မှာ အဆီချနိုင်ပါမည်နည်း။
အလွဲ-၃---ပရိုတိန်း (Protein) နည်းပါးစွာ စားသောက်ခြင်း
ယေဘူယျ မြန်မာ့အာဟာရ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ ပရိုတိန်းခေါ် အသားဓါတ် နည်းပါးစွာ စားသုံးခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အဆီချလိုသည်ဆိုသော ဘော်ဒီကျစ်လှစ်လိုသည် ဆိုသော အမျိုးသမီးများပင် ဖြစ်သည်။၎င်းတို့ ၏ အာဟာရ ပုံစံမှာ စားကောင်းရုံ ခံတွင်းမြိန်ရုံထက် မပိုပေ။ ယေဘူယျ အမျိုးသမီးအများစု
သည် ကြက်သား၊အမဲသား စသည်တို့ ကို များများစားရန် မနှစ်မြို့ တတ်ကြသော်လည်း ကျန်းမာရေးနှင့်
မညီညွတ်သည့် အကင်မျိုးစုံကိုတော့ အရသာခံ မြိန်ယှက်စွာ စားတတ်ကြပေသည်။ ထိုသို့ သော အမျိုးသမီးများ အနေနှင့် ငါးကိုတော့ များများမှီဝဲသင့်ပါသည်။ အဆီချလိုသူများကို ပြောလိုသည်တစ်ခုက
Choice your food for function ,not for feeling ဆိုတာပါပဲ။
အလွဲ-၄---ရေမလုံလောက်ခြင်း
သဘာဝမိခင်၏ လက်ဆောင်မွန် မရှိမဖြစ်ရေကို လူတွေခေါက်ထားကာ အမျိုးမျိုးသော အချိုရည်၊ဖျော်ရည်၊
ရှိတ်များနောက် တကောက်ကောက်လိုက်ခြင်းက အ၀လွန်ခြင်းနှင့် အမျိုးမျိုးသော ရောဂါတို့ ၏ အစဖြစ်သည်အ၀လွန်ခြင်းနှင့် အမျိုးမျိုးသော ရောဂါတို့ ၏ အစဖြစ်သည်
ကိုသတိထားစေချင်ပါသည်။ သင့်ကိုယ်တွင်းဇီဝဖြစ်စဉ် မြန်ဆန်မှန်ကန်ပြီး ကယ်လိုရီလောင်ကျွမ်းမှုနှုန်း မြင့်တက်လိုပါက ပူပြင်းသောရာသီတွင် တစ်နေ့ လျင် အနည်းဆုံး ရေ ၄-လီတာ သောက်ပါဟု အကြံပြုလိုပါသည်။
အဆီချလိုသူတို့ ၏ Gym training အလွဲများ အကြောင်းကိုလည်း တင်ဆက်ပေးပါမည်။
လေးစားလျက်-
နိုင်ဦး-၁၁၉

Address

Mawlamyine
70101

Website

Alerts

Be the first to know and let us send you an email when Rays Of Hope မျှော်လင့်ခြင်းရောင်ခြည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share