NRFF - New Rehmonnya Federated Force

Directions Website

NRFF - New Rehmonnya Federated Force ရာမညဖက်ဒရယ်အင်အားစုသစ် - NRFF အဖွဲ့၏ လှုပ်ရှားမှုများကို ဖော်ပြသွားမည့် စာမျက်နှာဖြစ်ပါသည်။

NRFF - New Rehmonnya Federated Force - ရာမညဖက်ဒရယ်အင်အားစုသစ်သည် မွန်ပြည်အတွင်းရှိ ကဏ္ဍပေါင်းစုံမှ တိုးတက်သောလူငယ်များဖြင့် စုဖွဲ့ထားသည့် အင်အားစုဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော လူငယ်များစုဖွဲ့မှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
စစ်အာဏာရှင်အပါအဝင် အာဏာရှင်ဟူသမျှကျဆုံးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး တို့သည် NRFF ၏ မျှော်မှန်းချက်ဖြစ်သည်။

A Community Watch Party Program for Civic Reflection ===================================တော်လှန်ရေး ၅ နှစ်ကျော်ကြာကာလ ရေ...
04/09/2026

A Community Watch Party Program for Civic Reflection
===================================

တော်လှန်ရေး ၅ နှစ်ကျော်ကြာကာလ ရောက်ရှိလာသည်နှင့်အမျှ ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေဟာ အကျပ်အတည်းတွေ၊ စိတ်နွမ်းနယ်မှု၊ မရေရာမှုတွေနဲ့ ဖိအားတွေ များစွာ ဖြစ်ပေါ်လာကြပါ။

နိုင်ငံတည်ဆောက်ရေး ခရီးရှည်ကြီးမှာ ခံနိုင်ရည်အား၊ မဟာဗျူဟာမြောက်တွေးခေါ်မှုနဲ့ စိတ်ဒဏ်ရာတွေ ကုစားဖို့ အရေးတကြီးလိုအပ်နေပါတယ်။

ဒီအတွက် ရုပ်ရှင်တွေကတဆင့် နားလည်ခံစားချက်တွေ၊ မျှော်လင့်ချက်နဲ့ အမြင်သစ်တွေ မျှဝေ ပြောင်းလဲပုံဖော်မဲ့ "Resistance Reels" အစီအစဉ်ကို ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) အနေနဲ့ ပူးပေါင်းပါဝင် စီစဉ်ဖြစ်ခဲ့ပါတယ်။

ဒီအစီအစဉ်ကို ကမကထပြုပေးတဲ့ Engage Media, Resistance Reels အဖွဲ့သူအဖွဲ့သားတွေနဲ့ အစီအစဉ်မှာ ပါဝင်ပေးကြသူ တဦးတယောက်စီကို အထူးကျေးဇူးတင်ရှိရင်း မှတ်တမ်းတင်ပါတယ်။



29/08/2026
မွန်လူငယ်တစ်စုကနေ စတင်ခဲ့တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးဟာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့အတူ အသက်၊သွေး၊ချွေးတွေ ရင်းပြီး ပေးဆပ်ခ...
29/08/2026

မွန်လူငယ်တစ်စုကနေ စတင်ခဲ့တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးဟာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့အတူ အသက်၊သွေး၊ချွေးတွေ ရင်းပြီး ပေးဆပ်ခဲ့ရမှုဟာ ဆယ်စုနှစ်ချီ ရှည်ကြာလာခဲ့ပေမယ့် အန္တိမရည်မှန်းချက်တွေနဲ့တော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

အခုလို မွန်တော်လှန်ရေး ရှည်ကြာလာတာနဲ့အမျှ မူလတော်လှန်ရေးရည်မှန်းချက်တွေအပေါ် ပုဂ္ဂလိက အကျိုးစီးပွားတွေ လွှမ်းမိုးမလာစေဖို့ သတိချပ်သင့်တယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MLMU-SU) နဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တို့က ထောက်ပြပါတယ်။

ဒါ့ကြောင့် လက်နက်ကိုင်တော်လှန်ရေးရဲ့ အန္တိမနိုင်ငံရေးရလဒ်ကို အဖိနှိပ်ခံတို့ရဲ့ သွေးစည်းညီညွတ်မှုနဲ့ အပြီးသတ်အောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်း မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် ပူးတွဲထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာပါ။

ပြန့်ကြဲနေတဲ့ အင်အားစုတွေကို စုစည်းပြီး ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့နဲ့ ပြည်သူကို ကာကွယ်ပေးနိုင်ဖို့ မွန်ပြည်တော်လှန်ရေးအစိုးရတစ်ရပ် လိုအပ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိက ပြန့်ကြဲနေတဲ့ အင်အားတွေ ပြီးတော့ အဖွဲ့အစည်းတွေ တစ်ညီတစ်ညွတ်တည်း တစ်စုတစ်စည်းတည်းနဲ့ ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက်နိုင်ဖို့ ပေါ့။ နောက်ပြီးတော့ ပြည်သူတွေကို ကာကွယ်နိုင်ဖို့ကလည်း အရေးကြီးတာပေါ့။ လက်ရှိ စစ်အုပ်စုရဲ့ဖိနှိပ်မှုတွေကြားထဲမှာဆိုရင် ရုန်းကန်နေရတဲ့ ပြည်သူတွေ နောက်ပြီး စစ်အုပ်စု စစ်ကြောင်းထိုးလာလို့ရှိရင်လည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ ကာကွယ်ဖို့ အားကိုးရမယ့်လူ (မွန်ပြည်တော်လှန်ရေးအစိုးရ) လိုတာပေါ့”လို့ ဆိုပါတယ်။

စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မဟာဗျူဟာကျကျ ဖော်ဆောင်ပြီး တော်လှန်ရေးကာလ မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးထူထောင်ကြဖို့ မွန်ပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေကို လူငယ်အင်အားစုတွေက တိုက်တွန်းထားတာပါ။

ဒ့ါအပြင် စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုတွေမှာ တော်လှန်လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြီး သူတို့ရဲ့ အင်အားကို အသိအမှတ်ပြုကြဖို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ရာမညဖက်ဒရယ်အင်အားစုသစ်တို့ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

တော်လှန်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မွန်ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြကာ ကိုယ်စားပြုရာ အစုအဖွဲ့အတွက် တာဝန်ခံကြဖို့ အပါအဝင် မွန်ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ လုံခြုံရေးကို ထိပါးလာရင် အကာအကွယ်ပေးကြဖို့လည်း ပါဝင်ပါတယ်။

29/08/2026

မွန်ပြည်တွင် တော်လှန်ရေးကာလ အစိုးရတစ်ရပ် အမြန်ဆုံး ထူထောင်ရန် MLMU-SU နှင့် NRFF တို့ ပူးတွဲ ကြေညာတိုက်တွန်း

ရန်ကုန်၊ ဩဂုတ် ၂၇

မွန်ပြည်တွင် တော်လှန်ရေးကာလ အစိုးရတစ်ရပ် အမြန်ဆုံး ထူထောင်ရန် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MLMU-SU)နှင့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)တို့က ပူးတွဲကြေညာတိုက်တွန်းလိုက်သည်။

ယနေ့ ကျရောက်သည့် မွန်တော်လှန်ရေး ၇၉ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မွန်ပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာကျကျ ဖော်ဆောင်ပြီး တော်လှန်ရေးကာလ မွန်ပြည်အစိုးရတစ်ရပ်ကို အမြန်ဆုံး ထူထောင်ရန် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MLMU-SU) နှင့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

၁၉၄၈ ခုနှစ် ဩဂုတ် ၁၉ ရက် နံနက် ၆ နာရီတွင် နိုင်ပန်းသာ၊ နိုင်မောင်သိန်းတို့အပါအဝင် မွန်လူငယ် ၂၇ ဦးက ဖားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို စတင်တိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်းကာ မွန်အမျိုးသားကာကွယ်ရေးတပ် (MNDO) ကို လက်နက်တပ်ဆင်ခဲ့သည့် ဖြစ်စဉ်မှ မွန်လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ကိုလိုနီခေတ်ကာလတစ်လျှောက် မွန်တို့အနေဖြင့် တစ်နိုင်ငံလုံး လွတ်မြောက်ရေးကိုသာ ဦးတည်ကြိုးပမ်းခဲ့ကြပြီး မွန်အမျိုးသားရေး နိုင်ငံရေးလှုပ်ရှားမှုများ မရှိခဲ့ကြောင်း ထောက်ပြထားသည်။

သို့သော် ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် မွန်မျိုးချစ်ပုဂ္ဂိုလ်များနှင့် ကိုယ်စားလှယ်များက ဖဆပလအစိုးရထံ အချက် ၇ ချက် တင်ပြတောင်းဆိုခဲ့ရာ ယဉ်ကျေးမှုဆိုင်ရာကိစ္စများမှအပ နိုင်ငံ ရေးနှင့် စစ်တပ်ဖွဲ့စည်းရေးဆိုင်ရာ တောင်းဆိုချက်များ ပယ်ချခံခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်တွင်လည်း မွန်တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာမခံချက်မရှိခဲ့သဖြင့် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ခြင်းဖြစ်ကြောင်း MLMU-SU နှင့် NRFF တို့က သုံးသပ်ထားသည်။

နှစ်ပေါင်း ၇၉ နှစ်နီးပါး ကြာမြင့်လာသည့် တော်လှန်ရေးခရီးစဉ်အတွင်း မွန်တို့ တိုက်ပွဲဝင်ခဲ့ကြသော်လည်း မွန်ပြည်သူများ လိုလားသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့မှာ ယနေ့တိုင် ဆုံးရှုံးနေရဆဲဖြစ်ကြောင်း ထောက်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် မွန်ဒေသရှိ အရပ်သားပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဆိုးရွားလာပြီး စစ်အာဏာရှင်များ၏ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုနှင့် စော်ကားမှုများကို နေ့စဉ်ခံနေရကြောင်း ၎င်းတို့က ဆိုသည်။

မဟာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးကို တိုက်ဖျက်နိုင်မှသာ မွန်ပြည်သူများ လက်လွတ်ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးများ ပြန်လည်ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း MLMU-SU နှင့် NRFF တို့က ပြောသည်။

လက်ရှိကာလတွင် ကွဲပြားနေသည့် မွန်တော်လှန်ရေးအင်အားစုများအကြား ညီညွတ်ရေးသည် မွန်လူထု၏ အဓိကလိုလားချက်တစ်ရပ်ဖြစ်ပြီး ယင်းညီညွတ်ရေးရရှိရန် မိမိတို့အနေဖြင့် တတ်နိုင်သမျှ ကြိုးပမ်းသွားမည်ဟု ပူးတွဲကြေညာသည်။

ထို့အပြင် စစ်ရေးနှင့် နိုင်ငံရေး ဦးဆောင်မှုများတွင် တော်လှန်လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပြီး ၎င်းတို့၏ အင်အားကို အသိအမှတ်ပြုရန်၊ တော်လှန်ရေးလုပ်ငန်းစဉ်များကို မွန်ပြည်သူများထံ ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြပြီး ကိုယ်စားပြုသည့် အစုအဖွဲ့များအပေါ် တာဝန်ခံရန် တိုက်တွန်းထားသည်။

မွန်ပြည်သူများ၏ အခြေခံရပိုင်ခွင့်နှင့် လုံခြုံရေးကို ထိပါးလာပါက တော်လှန်ရေးအင် အားစုများအနေဖြင့် ကာကွယ်ပေးရန်လည်း တောင်းဆိုထားသည်။

တစ်ဖက်တွင်လည်း အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးရေးကို လိုလားသည့် မွန်ပြည်သူများအနေဖြင့် မွန်တစ်မျိုးသားလုံး၏ ဘုံရန်သူကို တစ်မျိုးသားလုံးအင်အားစုအသွင်ဖြင့် စုစည်းတော်လှန်ကြရန် တိုက်တွန်းထားသည်။

ယင်းအပြင် ခုခံတော်လှန်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထမ်းဆောင်ကြရန်နှင့် မွန်ပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများအပေါ် လူထုအခြေပြု ထိန်းကျောင်းမှုစနစ်တစ်ရပ် ဖော်ဆောင်ကြရန်လည်း တောင်းဆိုထားသည်။

မွန်တော်လှန်ရေး နှစ်ပေါင်း ၈၀ နီးပါး ကြာမြင့်လာသည်နှင့်အမျှ မူလတော်လှန်ရေးရည်မှန်းချက်များအပေါ် ပုဂ္ဂလိကအကျိုးစီးပွားများ လွှမ်းမိုးမလာစေရန် သတိပြုရန်လိုအပ်ကြောင်း MLMU-SU နှင့် NRFF တို့က သတိပေးသည်။

လက်နက်ကိုင်တော်လှန်ရေး၏ အန္တိမနိုင်ငံရေးရလဒ်ကို အဖိနှိပ်ခံပြည်သူများ၏ သွေး စည်းညီညွတ်မှုဖြင့် အပြီးသတ်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းလည်း ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် တိုက်တွန်းထားသည်။

(၇၉) နှစ်မြောက် မွန်တော်လှန်ရေးနေ့ ပူးတွဲထုတ်ပြန်ချက်ရက်စွဲ။ ။ ၂၇ . ၈ . ၂၀၂၆သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ (ခရစ်...
27/08/2026

(၇၉) နှစ်မြောက် မွန်တော်လှန်ရေးနေ့ ပူးတွဲထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၇ . ၈ . ၂၀၂၆

သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်) တွင် မွန်တော်လှန်ရေးနေ့ (၇၉) နှစ်တိုင်ပြီ ဖြစ်သည်။ တော်လှန်ရေးကာလတလျှောက် အသက်၊ သွေး၊ ချွေးတို့ ပေးဆပ်သွားကြသော ခေါင်းဆောင်များ၊ ရဲဘော်များနှင့် မျိုးချစ်ပြည်သူများအားလုံးကို လေးနက်စွာ ဦးညွှတ် ဂါရဝပြုအပ်ပါသည်။

၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက် (ဝါခေါင်လပြည့်နေ့) နံနက် ၆ နာရီတွင် နိုင်ပန်းသာ၊ နိုင်မောင်သိန်း အပါအဝင် မွန်လူငယ် ၂၇ ဦး ဖားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းအား စတင်တိုက်ခိုက် လက်နက်များသိမ်းဆည်းကာ မွန်အမျိုးသားကာကွယ်ရေးတပ် (MNDO) အား လက်နက်တပ်ဆင်ခဲ့သည်။

ယင်းမတိုင်မီ ကိုလိုနီခေတ်တလျှောက်လုံး မွန်တို့သည် တနိုင်ငံလုံးလွတ်မြောက်ရေးကိုသာ ရှေ့ရှုကြိုးပမ်းခဲ့ကြပြီး မွန်အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုများ မရှိခဲ့ပေ။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လတွင် မွန်မျိုးချစ်ပုဂ္ဂိုလ်များနှင့် ကိုယ်စားလှယ်တို့မှ ဖဆပလအစိုးရထံ အချက် (၇) ချက် တင်ပြတောင်းဆိုခဲ့ရာ ယဉ်ကျေးမှုဆိုင်ရာကိစ္စများမှလွဲ၍ နိုင်ငံရေးနှင့် စစ်တပ်ဖွဲ့စည်းရေးကိစ္စတို့ ပယ်ချခံခဲ့ရသည့်အပြင် မြန်မာပြည် လွတ်လပ်ရေးရပြီးသည့်တိုင် မွန်တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာမခံချက်မရှိခဲ့သည့်အတွက် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့ခြင်းဖြစ်သည်။

ခေတ်အဆက်ဆက် တော်လှန်ရေးခရီးကြမ်းတွင် မွန်တို့ တိုက်ပွဲဝင်ခဲ့ကြသော်လည်း မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ကို ယနေ့တိုင် လက်လွတ်ဆုံးရှုံးနေရဆဲပင်ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် မွန်ဒေသရှိ အရပ်သားပြည်သူတို့သည် လူမှုစီးပွားရေးဘဝ ချွတ်ခြုံကျလာပြီး စစ်အာဏာရှင်တို့ လက်အောက်၌ နေ့စဉ်နှင့်အမျှ အနိုင်ကျင့်၊ ဖိနှိပ်၊ စော်ကား ခံရလျက်ရှိသည်။

မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ တိုက်ဖျက်နိုင်မျှသာ မိမိတို့ လက်လွတ်ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးများ ပြန်လည်ရရှိနိုင်မည်ကို မွန်ပြည်သူတို့ နားလည်ပြီးဖြစ်သည်ဟု မိမိတို့ ယုံကြည်သည်။ လက်ရှိကာလတွင် ကွဲပြားလျက်ရှိသော မွန်တော်လှန်ရေးအင်အားစုများအကြား ညီညွတ်ရေး မွန်လူထု၏ လိုလားချက်ကိုလည်း မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားပါမည်။

သို့ဖြစ်ပါ၍ ယခုကျရောက်သည့် (၇၉) နှစ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်ရှိ မိမိတို့ လူငယ်အင်အားစုများမှ အောက်ပါအတိုင်း အလေးနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူလူထုကို မျက်နှာမူသော ‘မွန်ပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ’ အနေဖြင့် -

(၁) စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ချက်များကို မဟာဗျူဟာကျကျ ဖော်ဆောင်လှုပ်ရှားကာ တော်လှန်ရေးကာလ မွန်ပြည်အစိုးရတရပ်ကို အမြန်ဆုံး ထူထောင်ကြရန်။

(၂) စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုများတွင် တော်လှန်လူငယ်တို့၏ အခန်းကဏ္ဍအား မြှင့်တင်ကာ ၎င်းတို့၏ အင်အားကို အသိအမှတ်ပြုကြရန်။

(၃) မိမိတို့၏ တော်လှန်ရေးလုပ်ငန်းစဉ်များကို မွန်ပြည်သူများအား ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြပြီး မိမိကိုယ်စားပြုရာ အစုအဖွဲ့အတွက် တာဝန်ခံသွားကြရန်။

(၄) မွန်ပြည်သူတို့၏ အခြေခံရပိုင်ခွင့်နှင့် လုံခြုံရေးကို ထိပါးလာပါက အကာအကွယ်ပေးကြရန်။

အာဏာရှင်စနစ်ဟူသမျှ အမြစ်ပြတ်ကျရှုံးရေးကို လိုလားသည့် ‘မွန်ပြည်သူလူထု’ အနေဖြင့် -

(၁) မွန်တမျိုးသားလုံး၏ ဘုံရန်သူအား တမျိုးသားလုံးအင်အားစုအသွင်ဖြင့် စုစည်းတော်လှန်ကြရန်။

(၂) ခုခံတော်လှန်ရေးကို အမျိုးသားရေးတာဝန်တရပ်အဖြစ် ထမ်းဆောင်ကြရန်။

(၃) မွန်ပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများအား လူထုအခြေပြု ထိန်းကျောင်းမှုစနစ် ဖော်ဆောင်ကြရန်။

‘မွန်တော်လှန်ရေး’ နှစ်ပေါင်း ၈၀ နီးပါး ရှည်ကြာလာသည်နှင့်အမျှ မူလတော်လှန်ရေးရည်မှန်းချက်များ အပေါ် ပုဂ္ဂလိကအကျိုးစီးပွားတို့ လွှမ်းမိုးမလာစေရန် သတိချပ်သင့်ကြောင်းနှင့် လက်နက်ကိုင်တော်လှန်ရေး၏ အန္တိမနိုင်ငံရေးရလဒ်ကို အဖိနှိပ်ခံတို့၏ သွေးစည်းညီညွတ်မှုဖြင့် အပြီးသတ်အောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်း ပူးတွဲထုတ်ပြန်အပ်ပါသည်။

မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MLMU-SU)
ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)



အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် မြန်မာနိုင်ငံရှိ လူငယ်အစုအဖွဲ့များ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ ဩဂုတ...
12/08/2026

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် မြန်မာနိုင်ငံရှိ လူငယ်အစုအဖွဲ့များ၏ ပူးတွဲ
သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ၊ (၁၂) ရက်နေ့

"ဖိနှိပ်ခံလူငယ်ထု၏ စုစည်းအားဖြင့် စနစ်ဆိုးကို တိုက်ဖျက်ကာ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ဆီသို့ အတူချီတက်ကြစို့။"









၈.၈.၈.၈ အရေးတော်ပုံနေ့ ထုတ်ပြန်ချက်နေ့စွဲ။ ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ၊ လူ့အ...
08/08/2026

၈.၈.၈.၈ အရေးတော်ပုံနေ့ ထုတ်ပြန်ချက်

နေ့စွဲ။ ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် လူထုအင်အားဖြင့် တိုက်ပွဲဝင်ခဲ့ကြသော ၈.၈.၈.၈ ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ယနေ့တွင် (၃၈)နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

စစ်အုပ်စု၏ အကြမ်းဖက်ဖိနှိပ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း နိုင်ငံတဝှမ်း မြို့ပြကျေးလက်မကျန် အုံကြွခဲ့သော ၈.၈.၈.၈ လူထုတော်လှန်ရေးလှုပ်ရှားမှုကြီးသည် မြန်မာပြည် နိုင်ငံရေး၏ သမိုင်းဝင်ပြယုဂ်တခုဖြစ်ခဲ့သည်။​

အရေးတော်ပုံကြီးအတွင်း ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ပြီး မိမိတို့၏ အသက်၊ သွေး၊ ချွေးနှင့် ဘဝများကို ရင်းနှီးပေးဆပ်ခဲ့ကြသော ရဟန်း၊ ရှင်၊ လူ၊​ ကျောင်းသား၊ ပြည်သူ၊ အလုပ်သမား၊ လယ်သမား၊ အဖိနှိပ်ခံလူတန်းစားများနှင့် အညတရသူရဲကောင်းတို့အား မိမိတို့ ရာမညဖယ်ဒရယ်အင်အားစုသစ်မှ လေးစားဂုဏ်ပြု ဦးညွှတ်အပ်ပါသည်။

ရာမညဖက်ဒရယ်အင်အားစုသစ်အနေဖြင့် အရေးတော်ပုံကြီးနှင့်အတူ နွေဦးတော်လှန်ရေး ကာလအထိ မပြီးဆုံးသေးသော လူထုတော်လှန်ရေးကြီး၏ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်တို့အတွက် တိုင်းရင်းသား ပြည်သူတရပ်လုံးနှင့်လက်တွဲကာ ဆက်လက်ကြိုးပမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန် အပ်ပါသည်။

ရာမညဖယ်ဒရယ်အင်အားစုသစ်
New Rehmonnya Federated Force

NRFF နှင့် AJAR တို့ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ သင်တန်းတရပ် ပြုလုပ် ခဲ့=====================...
16/07/2026

NRFF နှင့် AJAR တို့ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ သင်တန်းတရပ် ပြုလုပ် ခဲ့
==========================================

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) သည် AJAR နှင့် ပူးပေါင်းပြီး "အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ သင်တန်း" တရပ်ကို ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်မှ ၇ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ပြုလုပ်ခဲ့သည်။

သင်တန်းသို့ မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့် လူမှုအသိုက်အဝန်းများမှ ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ကာကွယ်ရေး၊ လုံခြုံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသူများ တက်ရောက်ခဲ့ကြသည်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ အဓိကသဘောတရားများကို မိတ်ဆက်အနေဖြင့် သိရှိနိုင်ရန်၊ အင်အားစုများအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ရန်၊ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလအတွင်း တရားမျှတမှု၊ တာဝန်ခံမှု၊ အမှန်တရားရှာဖွေမှု၊ နစ်နာကြေးပေးလျော်မှု၊ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လူနည်းစုအခွင့်အရေးနှင့် ဖက်ဒရယ်စနစ် စသည့်အကြောင်းအရာများကို မည်သို့နားလည်သဘောပေါက်ကျင့်သုံးရမည်ဆိုသည်ကို အတူတကွရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

(၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ ပူးတွဲထုတ်ပြန်ချက် ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇...
07/07/2026

(၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ ပူးတွဲထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက် အင်္ဂါနေ့သည် ၁၉၆၂ ခုနှစ် ဖက်ဆစ်နေဝင်း စစ်တပ်မှ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း တရားလက်လွတ် ပစ်ခတ်သတ်ဖြတ် (Extrajudicial Killing) ခဲ့သည့် ကျောင်းသားရဲဘော်များ၏ သွေးမြေကျမှုနှင့် သမိုင်းဝင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦးကြီးကို မိုင်းခွဲဖျက်ဆီးခဲ့သည်တို့ကို အောက်မေ့ဖွယ် (၆၄) နှစ်မြောက် “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့” ဖြစ်သည်။

သမိုင်းတလျှောက် ခေတ်အဆက်ဆက်မှ စစ်အာဏာရှင်တို့သည် ကျောင်းသားပြည်သူတို့၏ ပညာရေး လွတ်လပ်ခွင့်၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တောင်းဆိုချက်များကို လက်နက်အားကိုးဖြင့် နှိပ်ကွပ်ခဲ့ကြသည်။ သို့သော်လည်း ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရသည့် ပြည်တွင်း စစ်အာဏာရှင် တော်လှန်ရေးသမိုင်းတလျှောက်တွင် မတရားမှုကိုဆန့်ကျင်သော၊ အာဏာရှင်စနစ်ကိုတော်လှန်သော ကျောင်းသားပြည်သူတို့၏ သမဂ္ဂစိတ်ဓာတ်သည် ပျောက်ကွယ်မသွားဘဲ ယနေ့တိုင် ရှင်သန်ထွန်းတောက်နေဆဲ ဖြစ်သည်ကို နွေဦးတော်လှန်ရေးက သက်သေထူလျက်ရှိသည်။

လက်ရှိအချိန်တွင်လည်း ဖက်ဆစ်စစ်တပ်သည် ပြည်သူလူထုတရပ်လုံးအပေါ် မတရားဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်သတ်ဖြတ်မှုများကို ပုံစံမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေတွင် အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံး၏ လွတ်မြောက်ရေး၊ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ကျောင်းသားထု၊ အလုပ်သမားထု၊ အခြေခံလူတန်းစားများ၊ တော်လှန်ရေးအင်အားစုများ၏ သွေးစည်းညီညွတ်မှုသည် အရေးကြီးဆုံးသော အင်အားဖြစ်သည်ဟု မိမိတို့ ဦးလည်မသုန် ယုံကြည်သည်။

သို့ဖြစ်ပါ၍ ယနေ့ကျရောက်သော (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့တွင် မိမိတို့အနေဖြင့် အောက်ပါအတိုင်း ထုတ်ပြန်တောင်းဆိုလိုက်သည်။

(၁) ခေတ်အဆက်ဆက် မတရားဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော ကျောင်းသားပြည်သူများအတွက် တရားမျှတမှု ရရှိရန်
(၂) တော်လှန်ရေးအင်အားစုများအကြား ညီညွတ်ရေးကို ရှေးရှု၍ ဘုံရန်သူ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းရန်
(၃) တော်လှန်ရေးအင်အားစုများအကြား မိတ်ဖက်ပဋိပက္ခများကို လက်နက်ဖြင့်မဟုတ်ဘဲ နိုင်ငံရေးအားဖြင့် ဆွေးနွေးအဖြေရှာ ညှိနှိုင်းဆောင်ရွက်သွားရန်
(၄) တော်လှန်ရေးအင်အားစုများအနေဖြင့် လူထုအားမျက်နှာမူကာ အာဏာရှင်စနစ်အလုံးစုံ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့ကို ဦးတည် ဆောင်ရွက်သွားရန်

မိမိတို့အနေဖြင့် ဆဲဗင်းဂျူလိုင်နှင့် ခေတ်အဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေး အရေးတော်ပုံတို့တွင် ကျဆုံးခဲ့ရသည့် ကျောင်းသား၊ ပြည်သူ၊ အညတရသူရဲကောင်းတို့အား အလေးအမြတ်ပြု ဦးညွှတ်လျက် ဖက်ဆစ်စစ်တပ် အပြီးတိုင်ချုပ်ငြိမ်းပြီး စစ်မှန်သော လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံးနှင့်အတူ လက်တွဲကာ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

“၇.၇.၆၂ မမေ့ကြနဲ့”
“သမဂ္ဂါနံ တပေါ သုခေါ”
“သမဂ္ဂစိတ်ဓာတ်ဖြင့် ညီညွတ်ကြ”
“ဘုံရန်သူ ဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့”

မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MLMU-SU)
ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)




(၆) လကျော်ကြာသည်အထိ တရားမျှတမှုကင်းမဲ့သော ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) အတွင်း မုဒိန်းမှုနှင့် စပ်လျဉ်း၍ အင်အားစု (၁၇၂) စ...
02/07/2026

(၆) လကျော်ကြာသည်အထိ တရားမျှတမှုကင်းမဲ့သော ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) အတွင်း မုဒိန်းမှုနှင့် စပ်လျဉ်း၍ အင်အားစု (၁၇၂) စု စုပေါင်း ထုတ်ပြန်ကြေညာချက်

(၂ ဇူလိုင်၊ ၂၀၂၆)

(၁) နောက်ခံ အကျဉ်း
၂၀၂၅၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) အတွင်း တာဝန်ထမ်းဆောင်နေသော အမျိုးသမီးရဲဘော်တဦး ကျူးလွန်ခံခဲ့ရသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိထိရောက်ရောက် အရေးယူရန် အဖွဲ့အစည်း (၁၅၈) ဖွဲ့ ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။

မတ်လ ၁၁ ရက်နေ့တွင် တပ်ရင်းမှူးအပါအဝင် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။ မတ်လ ၁၃ ရက်နေ့တွင် နစ်နာသူအား စုံစမ်းစစ်ဆေးရေးခုံရုံးသို့ တပတ်အတွင်း လူကိုယ်တိုင်လာရောက်ရန် ဆင့်ခေါ်စာကို "စုံစမ်းစစ်ဆေးရေးခုံရုံး၊ စစ်ရေးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်"က တိုက်ရိုက်မဟုတ်ဘဲ နစ်နာသူ၏ ဖခင်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ အင်းတော် စစ်ဒေသ တာဝန်ရှိသူတဦးမှ ပေးပို့ခဲ့ကြောင်း ကြားသိရသည်။

နစ်နာသူရဲဘော်သည် “ပထမအကြိမ်စုံစမ်းစစ်ဆေးရန်ဆိုပြီး တပ်ရင်းမှူးအပါအဝင် တပ်သားများ၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံခဲ့ရသည့် အတွေ့အကြုံကြောင့်” ရရှိသော စိတ်မလုံခြုံမှု အပါအဝင် အခြား လုံခြုံရေး၊ ကိုယ်/စိတ်ကျန်းမာရေး အခြေအနေများအရ ကိုယ်တိုင်တက်ရောက်ရန် အဆင်မပြေသဖြင့် Zoom မှ တဆင့်အစစ်ဆေးခံမည်ဟု ဆင့်ခေါ်စာပေးပို့သူမှတဆင့် ပြန်လည်အကြောင်းကြားစာပေးပို့ခဲ့သည်။ သို့ရာတွင် ဆင့်ခေါ်စာပေးပို့သူမှာ "ခုံရုံးသို့ ပြန်လည်အကြောင်းပြန်ပေးရန်တာဝန်မရှိ" ဟု ဆိုကာ အကြောင်းပြန်စာကို လက်မခံခဲ့ပေ။

အဆိုပါ စာတစောင် ပေးပို့ပြီးသည်မှစ၍ ဇွန်လ ၂၀၊ ၂၀၂၆ ထိလည်း စုံစမ်းစစ်ဆေးရေးခုံရုံးဘက်မှ နစ်နာသူအား ဆက်သွယ်ခြင်း လုံးဝမရှိသလို သံသယတရားခံများနှင့်ပက်သက်သည့် နောက်ဆက်တွဲထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်ခြင်းလည်း မရှိသေးပါ။ နစ်နာသူအား ကူညီနေသည့် တော်လှန်ရေးရဲဘော်များမှ အဆင့်ဆင့် ဆက်သွယ်မှသာ "စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရန်လမ်းကြောင်းအား" ပြန်လည်ရရှိထားသည်ဟု ကြားသိရပါသည်။

(၂) အားနည်းချက်များ
အမှုဖြစ်စဉ်အား လေ့လာရာတွင် သိသာထင်ရှားသည့် ကျုးလွန်သူဟု သံသယရှိသူများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကွပ်ကဲမှုအောက်ရှိသော တပ်ရင်းမှ ဖြစ်သည်။ သို့သော်လည်း ထိရောက်သည့် တိကျသည့် စုံစမ်းမှုထုတ်ပြန်ခြင်းများ၊ အရေးယူမှုများအား လုပ်ဆောင်ထားခြင်း မတွေ့ရပါ။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် မိမိတို့ အဖွဲ့ (၁၅၀) ကျော်နှင့် အများပြည်သူ၏ တောင်းဆိုချက်များအနက်မှ တခုဖြစ်သည့် "လူမျိုးဘာသာအခြေခံ ခွဲခြားမှု" အား လုံးဝ ထည့်သွင်း‌ပြောကြားခြင်းမရှိသည်ကို အံ့ဩ ဝမ်းနည်းဖွယ်ရာ တွေ့ရသည်။

အဆိုပါကိစ္စသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူတဦး၏ နစ်နာမှုအား မကာကွယ်ပေးခြင်းဖြစ်သည်။ ထို့ပြင် ယခုကဲ့သို့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးများတွင် အရေးကြီးသောကိစ္စအား လျစ်လျူရှုခြင်းမှာ လူထုအသံကို ပေါ်ပေါ်တင်တင်ပင် မျက်ကွယ်ပြုလိုက်ခြင်းဖြစ်သည်။

မိမိတို့၏ ကနဦးတောင်းဆိုချက် (၃) ချက်ရှိသည်။ အဆိုပါ (၃) ချက်လုံးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ယင်းမာပင်ခရိုင် တပ်ရင်း (၂ဝ)အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့များအနေဖြင့် လုံးဝ (လုံးဝ) တာဝန်ယူဖြေရှင်းထားခြင်းမရှိပါ။

အဆိုပါ အချက်များအနက် "နံပါတ် (ခ) နစ်နာသူ အမျိုးသမီး၊ ၎င်း၏ အမျိုးသားနှင့် သမီးငယ်လေးတို့အား တပ်ရင်း၏ ဖိအားပေးမှုများမှ ကင်းလွတ်သော ဘေးကင်းရာနေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းစောင့်ရှောက်ပေးရန်" ဆိုသည့် တောင်းဆိုချက်အား အမျိုးသမီးအဖွဲ့အစည်းအချို့၊ တော်လှန်ရေးအင်အားစုအချို့နှင့် တသီးပုဂ္ဂလ ကူညီသူများက စုပေါင်းဖြေရှင်းပြီးဖြစ်သည်။

အစိုးရတရပ်အနေဖြင့် အမှုဖြစ်စဉ်တခုကို မကိုင်တွယ်နိုင်ဘဲ ယခုကဲ့သို့ အားနည်းမှုများစွာ ပေါ်ပေါက်သည်မှာ တော်လှန်ရေးအား ယုံကြည်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ထောက်ခံသူ ပြည်သူများအား မလေးစားခြင်းဖြစ်သဖြင့် မိမိတို့ တာဝန်ယူရမည့်ကိစ္စရပ်များအား တာဝန်ယူရန်လိုအပ်ပါသည်။

(၃) ထပ်မံ တောင်းဆိုခြင်း
မိမိတို့ အဖွဲ့အစည်းအများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ယင်းမာပင်ခရိုင် တပ်ရင်း (၂ဝ)အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့များအား “ကျန်ရှိသော တောင်းဆိုချက် (၂) ချက် အပါအဝင်ဖြစ်သော အောက်ပါအချက်များ” အပြည့်အဝ တာဝန်ယူပေးရန် တောင်းဆိုပါသည်။

က) တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိန်းမှုကျုးလွန်သူ အပါအဝင် အခြားကျုးလွန်သူများ၊ ပါဝင် ပတ်သက်သူများအားလုံးကို တော်လှန်ရေး အဖွဲ့အစည်းများ၏ တရားစီရင်ရေးစနစ်အရ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန်။ လိုအပ်ပါက လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့/ကော်မရှင်မှ တဆင့် စုံစမ်းရန်။

ခ) အလားတူဖြစ်ရပ်များကို ထိရောက်စွာ အရေးမယူနိုင်ခဲ့သည့်အတွက် ယခုလို ဖြစ်စဉ်မျိုး ထပ်မံ ဖြစ်ပွားနေခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တော်လှန်ရေးကာလ (၅) နှစ် အတွင်း ကျူးလွန်ခံခဲ့ရသော အမျိုးသမီးနှင့် ကလေးငယ်များအတွက် တရားမျှတမှု၊ အရေးယူမှု အမြန်ဆုံးဖော်ဆောင်ပေးပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးရေးမူဝါဒများနှင့် တော်လှန်ရေးအဖွဲ့ အစည်းများအတွင်း မည်သည့် ဘာသာဝင်၊ မည်သည့်လူမျိုးကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရေး မူဝါဒများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်။

ဂ) တော်လှန်ရေးအတွင်းမှ လူမျိုးရေး၊ ဘာသာရေးအခြေခံခွဲခြားမှုဖြစ်စဉ်အား ထည့်သွင်းဖော်ပြရန်တို့အား တောင်းဆိုလိုက်သည်။
တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း (၁၇၂) ဖွဲ့

Address

No. 18, Kyaik Pha Nae Pagoda Road, Dine Wun Kwin Ward, Mon State
Mawlamyine
12011

Alerts

Be the first to know and let us send you an email when NRFF - New Rehmonnya Federated Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share