07/04/2026
"အစဉ်အလာကြီးမားသည့် တက္ကသိုလ် ပါမောက္ခချုပ်ဘဝမှ စည်ပင်သာယာဝန်ကြီးဘဝသို့"
7 April 2026 | MLMU News
မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်မြတ်ကျော်စိန်ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် တရားမဝင် အစိုးရအဖွဲ့ လက်အောက်ခံ၊ မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့သစ်တွင် စည်ပင်သာယာရေးရာဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
၎င်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ တရားမဝင် မွန်ပြည်နယ် အစိုးရအဖွဲ့တွင် သယံဇာတရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကာ ထိုတာဝန်ယူထားစဉ်ကာလ၌ အာဏာသိမ်း စစ်ကောင်စီမှ ပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ကိုရရှိခဲ့သည်။
ထိုသို့အာဏာသိမ်းစစ်တပ်နှင့် ပလဲပနံသင့်သည့် ဒေါက်တာအောင်မြတ်ကျော်စိန်ကို အမျိုးသားညီညွတ်ရေး အစိုးရနှင့် မော်လမြိုင်တက္ကသိုလ် ကြားကာလ တက္ကသိုလ် ကောင်စီတို့က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကတည်းက ရာထူးမှ ထုတ်ပယ်ပြီး အမည်ပျက်စာရင်းသွင်းထားသည်။
https://www.facebook.com/share/1CTgLHcp6m/
#ပြန်ကြားရေး
#မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ