25/07/2023
၂၅၊ ၇၊ ၂၀၂၃(အင်္ဂါနေ့)
ဇာနည်ဘွားဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ မုဒုံမြို့၊ ကျောင်းသစ်ရပ်ကွက်က မလင်းရတနာဖြိုးအတွက် လိုအပ်နေတဲ့(O)သွေး(၁)လုံးကို #စေတနာရှင်လူငယ်များသွေးလှူအသင်းရဲ့VolunteerHelperကိုဝေယံဖြိုးက ဒီနေ့မနက်မှာ ဇာနည်ဘွားဆေးရုံကို သွားရောက်လှူဒါန်းပေးခဲ့ပြီး
ရတနာမွန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ဒေါ်ယုအတွက် လိုအပ်နေတဲ့(A)သွေး(၁)လုံးကိုတော့ မချယ်ရီအောင်က ဒီနေ့ညနေမှာရတနာမွန်ဆေးရုံကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
ရတနာမွန်ဆေးရုံမှာပဲ နောက်ထပ်ဆေးကုသမှုခံယူနေတဲ့ ကျိုက်မရောမြို့၊ ရန်မျိုးအောင်ရပ်ကွက်က ဒေါ်လှဝင်းအတွက် အရေးတကြီးလိုအပ်နေတဲ့(O)သွေး(၂)လုံးကို မဖြိုးမွန်ဦး နဲ့ ဒေါ်စန်းစန်းမြင့်တို့က ဒီနေ့ညနေပိုင်းမှာ ရတနာမွန်ဆေးရုံကို ချက်ချင်းသွားရောက်လှူဒါန်းပေးခဲ့ပြီး
ငွေမိုးဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ရေးမြို့နယ်၊ ဒူးယားကျေးရွာက ဒေါ်အေးနုအတွက် လိုအပ်နေတဲ့(B)သွေး(၂)လုံးကို ကိုစည်သူဖြိုး နဲ့ ကိုသန့်ဇင်အောင်တို့က ဒီနေ့ညနေစောင်းမှာ ငွေမိုးဆေးရုံကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
ဇာနည်ဘွားဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ မော်လမြိုင်မြို့၊ ချောင်းစောက်ရပ်ကွက်က မဖြူဖြူအောင်အတွက် လိုအပ်နေတဲ့(AB)သွေး(၁)လုံးကို ကိုမင်းလရောင်က အခုည(၈:၀၀)မှာ ဇာနည်ဘွားဆေးရုံကို ချက်ချင်းသွားရောက်လှူဒါန်းပေးခဲ့ပြီး
ဇာနည်ဘွားဆေးရုံမှာပဲ နောက်ထပ်ဆေးကုသမှုခံယူနေတဲ့ လှိုင်းဘွဲမြို့က ဦးသန်းအောင်အတွက် အရေးတကြီးလိုအပ်နေတဲ့ #ရှားပါးသွေးအမျိုးအစားဖြစ်တဲ့(O-)သွေး(၁)လုံးကို ကိုကျော်မင်းလွင်က အခုည(၈:၀၀)မှာ ဇာနည်ဘွားဆေးရုံကို ချက်ချင်းသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
ရတနာမွန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာက ဒေါ်ငြိမ်းစောအတွက် အရေးတကြီးလိုအပ်နေတဲ့(AB)သွေး(၁)လုံးကို မချောယွန်းပြည့်က အခုည(၈:၃၀)မှာ ရတနာမွန်ဆေးရုံကို ချက်ချင်းသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
လူနာများသွေးလိုအပ်နေတဲ့အချိန်မှာ စိတ်အားထက်ထက်သန်သန်၊ စေတနာအားကောင်းကောင်း နဲ့ အချိန်ပေးပြီး တက်တက်ကြွကြွ သွေးလှူပေးခဲ့တဲ့ သွေးလှူရှင်များကို စေတနာရှင်လူငယ်များ သွေးလှူအသင်းက ဂုဏ်ယူစွာနဲ့ကျေးဇူးတင်ရှိပါကြောင်း ပြောလိုပါတယ်။
ဆေးကုသမှုခံယူနေတဲ့ လူနာတွေလည်း ဝေဒနာတွေသက်သာပျောက်ကင်းပြီး ဆေးရုံကအမြန်ဆင်းနိုင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။
Volunteer Helper Wei Yan Phyo, Htarwara & Nyi Nyi
❤️❤️ Heart To Blood 🩸🩸
🩸🩸 Blood To Heart ❤️❤️
❤️❤️ နှလုံးသားဆီကလာတဲ့ သွေး 🩸🩸
🩸🩸နှလုံးသားဆီကိုအရောက်ပိုပေး ❤️❤️
: 09 756119611