23/09/2025
မန္တလေးအထည်ချုပ်အသင်း (MRGMA) အသင်းသားစုံညီတွေ့ဆုံပွဲ အခမ်းအနား အစီအစဉ်
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း အသင်းအဖွဲ့ဝင်အားလုံး၏ စည်းလုံးညီညွတ်မှုကို အထောက်အကူပြုရန်နှင့် အနာဂတ်လုပ်ငန်းဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ မန္တလေးအထည်ချုပ်အသင်း (MRGMA) မှ အသင်းသားစုံညီတွေ့ဆုံပွဲအခမ်းအနားကို အောက်ပါအတိုင်း စီစဉ်ကျင်းပမည်ဖြစ်ပါတယ်ရှင်✨
အခမ်းအနား အစီအစဉ်များ
✨တက်ရောက်စာရင်းသွင်းခြင်းနှင့် ဧည့်ခံကြိုဆိုခြင်း
✨ဖွင့်ပွဲအမှာစကား (ညီနောင်အသင်းမှ ကိုယ်စားလှယ်များမှ ပြောကြားခြင်း)
✨MRGMA အသင်း ဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားခြင်း
✨အသင်း၏ လှုပ်ရှားဆောင်ရွက်မှုများ မိတ်ဆက်တင်ပြခြင်း
✨ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား
✨ဆွေးနွေးပွဲ (Talk Show) - "Sewing Success Together" - ဆွေးနွေးသူ: ဒေါက်တာ ကောင်းလွန်း
✨ကံစမ်းမဲဆွဲခြင်းအစီအစဉ် (ဆုလက်ဆောင်များဖြင့်)
✨ဖျော်ဖြေရေးအစီအစဉ်များ
✨ညစာစားပွဲအစီအစဉ်များပါဝင်သွားမှာဖြစ်ပါတယ်ရှင်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊ စနေနေ့ နေ့လယ် ၁:၀၀ နာရီ ဟိုတယ်ဟေဇယ် (Hotel Hazal), မန္တလေးမြို့မှာ ကျင်းပသွားမည်၍ အသင်းသားများအားလုံး တက်ရောက်ပါရန်ဖိတ်ကြား ဂါရဝပြုပါတယ်ရှင်✨