11/08/2026
[English as below]
မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MRYEA) အဖွဲ့ဝင်များဖြစ်သည့် ဦးကျော်ဝဏ္ဏ နှင့် ဒေါ်ပန်းအိန္ဒြေထက် တို့သည် 𝐀𝐒𝐄𝐀𝐍 𝐘𝐨𝐮𝐭𝐡 𝐒𝐮𝐦𝐦𝐢𝐭 𝟐𝟎𝟐𝟔 ၏“𝐃𝐢𝐠𝐢𝐓𝐀𝐋𝐊: 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐑𝐞𝐚𝐥𝐢𝐭𝐢𝐞𝐬 𝐀𝐜𝐫𝐨𝐬𝐬 𝐀𝐒𝐄𝐀𝐍” အစီအစဉ်တွင် မြန်မာနိုင်ငံ၏ Official Country Representatives များအဖြစ် ရွေးချယ်ခံရပြီး မြန်မာနိုင်ငံနှင့် MRYEA ကိုယ်စားပြု ပါဝင်တက်ရောက်ခဲ့ကြသည်။
"𝐀𝐒𝐄𝐀𝐍 𝐘𝐨𝐮𝐭𝐡 𝐃𝐚𝐲" အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါ Summit တွင် ASEAN နိုင်ငံများမှ လူငယ်ခေါင်းဆောင်များ၊ နိုင်ငံကိုယ်စားလှယ်များ၊ မူဝါဒချမှတ်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်ခဲ့ကြပြီး Digital Resilience၊ Responsible Innovation နှင့် Regional Youth Leadership တို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
DigiTALK အစီအစဉ်တွင် ဦးကျော်ဝဏ္ဏနှင့် ဒေါ်ပန်းအိန္ဒြေထက်တို့က မြန်မာနိုင်ငံ၏ လက်ရှိဒစ်ဂျစ်တယ်အခြေအနေ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပြင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့် အနာဂတ်အတွက် အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
MRYEA အနေဖြင့် မိမိတို့အဖွဲ့ဝင်များက မြန်မာနိုင်ငံနှင့် အသင်းကို ASEAN ဒေသတွင်း လူငယ်ပလက်ဖောင်း၌ ကိုယ်စားပြုနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပြီး လူငယ်များ၏ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် အခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရန် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်သည်။
[English]
Representing MRYEA and Myanmar at the ASEAN Youth Summit 2026
Mr. Kyaw Wunnaand Ms. Pann Eaindray Htet, members of the 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐌𝐑𝐘𝐄𝐀), was selected as the Official Country Representative of Myanmar for the “𝐃𝐢𝐠𝐢𝐓𝐀𝐋𝐊: 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐑𝐞𝐚𝐥𝐢𝐭𝐢𝐞𝐬 𝐀𝐜𝐫𝐨𝐬𝐬 𝐀𝐒𝐄𝐀𝐍” session at the ASEAN Youth Summit 2026. They proudly participated in the summit as an MRYEA Representatives, representing both Myanmar and the association on the regional stage.
Held on 5 - 6 August 2026 in celebration of ASEAN Youth Day, the ASEAN Youth Summit 2026 brought together youth leaders, country representatives, policymakers, and stakeholders from across ASEAN to exchange perspectives on Digital Resilience, Responsible Innovation, and Regional Youth Leadership.
During the DigiTALK session, Mr. Kyaw Wunna and Ms. Pann Eaindray Htet delivered a two-minute Presentation,
highlighting Myanmar's current digital landscape, key challenges, emerging opportunities, and the important role of young people in driving digital transformation. They also shared recommendations for building a more inclusive, innovative, ethical, and resilient digital future for the ASEAN region.
MRYEA is proud of its members' achievement in representing Myanmar at this prestigious regional platform. The association remains committed to empowering young entrepreneurs, strengthening regional collaboration, and creating greater opportunities for youth to actively contribute to ASEAN's sustainable and digitally connected future.
🌟𝐌𝐑𝐘𝐄𝐀 🔁 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐭𝐡𝐞 𝐟𝐮𝐭𝐮𝐫𝐞 𝐨𝐟
𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬🌟
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬:
📩+𝟗𝟓𝟗 𝟕𝟓𝟖 𝟕𝟕𝟖 𝟗𝟑𝟔 , +𝟗𝟓𝟗 𝟕𝟓𝟖 𝟕𝟕𝟖 𝟗𝟑𝟗
☎️𝐢𝐧𝐟𝐨.𝐦𝐫𝐲𝐞𝐚@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦