Myanmar Earthquake Missing Person - Lost and Found Information

Directions

Myanmar Earthquake Missing Person - Lost and Found Information Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Earthquake Missing Person - Lost and Found Information, Nonprofit Organization, Mandalay.

မြန်မာနိုင်ငံ ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးရေး၊ ကြိုတင်ကာကွယ်ရေး၊ ဆုံးရှုံးမှုများ လျော့ပါးစေရေး၊ ကြိုတင် ပြင်ဆင်ရေး၊ တုံ့ပြန်ရေး စီမံချက်များနှင့်ပြန်လည် ထူထောင်နိုင်ရေး တို့ အတွက် ရည်ရွယ်ပါသည်။

11/10/2026

The flood swept away 6 bridges, including 2 motorable bridges and 4 suspension bridges

11/10/2026
10/10/2026
10/10/2026

ပွင့်လင်းရာသီနဲ့ ပွဲလမ်းသဘင်ဆိုတာက ကျွန်​တော်တို့ ငယ်ငယ်ကတည်းက​နေ အခုချိန်အထိ ဝမ်းဆက်ပဲ၊ တတွဲထဲပဲ(ကျွန်တော်က ၁၉၆၃ မှာ ​မွေးပါတယ်၊ အခု ၆၃နှစ်ပါ) ..

မတူ​တော့တာက အပူချိန်ပါ ..
(ကျွန်​တော်တို့ငယ်တုန်းက ​အောက်တိုဘာလဆိုတာ မနက်​စော​စောပိုင်း​တွေမှာ အ​အေး​ငွေ့ကို မသိမသာ စပြီး ရတဲ့လဖြစ်ပါတယ်၊ အခု​တော့ အဲကွန်းကို မိုးလင်း​ပေါက်ဖွင့်ထားရပါတယ် ..)

အထူးသဖြင့် ပွဲလမ်းသဘင်​ပေါများ​လေ့ရှိတဲ့ မြို့ကြီး ပြကြီး​တွေမှာ တိုက်တာ၊ အ​ဆောက်အဦ၊ ကားလမ်းမ၊ ပလက်​ဖောင်း၊ ယာဥ်၊ ရထား၊ အဲကွန်း၊ မီးစက်၊ လူဦး​ရေများပြားလာမှုနဲ့ သစ်ပင်၊ အရိပ်အာဝါသ နည်းပါးလာမှုပါ ..

ဒါ​ကြောင့် မြို့ပြ​တွေဟာ ဆင်​ခြေဖုံး​ဒေသ​တွေထက် အပူချိန် ပိုမြင့်​နေတာဖြစ်ပါတယ်၊ အဲဒါကို Urban Heat Island Effect လို့ ​ခေါ်ပါတယ်(​အောက်ကပုံကိုကြည့်ပါ) ..

အပူချိန်က ​နေ့လည်ပိုင်း​တွေမှာ သိသိသာသာ မြင့်တက်​နေတဲ့ ဒီကာလမှာ အရိပ်ခိုစရာက နည်းပြီး ပရိသတ်တွေ စုစု​ဝေး​ဝေးရှိ​နေတတ်တဲ့ ပွဲခင်း​တွေဟာ လူ​တွေရဲ့ ကျန်းမာ​ရေးအတွက် စိုးရိမ်စရာ​ကောင်းပါတယ် ..

အခုပဲ ရန်ကုန်မြို့လည်​ခေါင်မှာ ကျင်းပ​နေတဲ့ ဗိုလ်ချုပ်​​အောင်ဆန်းဈေးကြီးရဲ့ နှစ် ၁၀၀ပြည် အထိမ်းအမှတ်ပွဲကို ခဏ​လေး(တကယ့်ကို ခဏ​လေး၊ ကြာလှ မိနစ် ၂၀) ဝင်ကြည့်ပြီး အိမ်ပြန်​ရောက်ချိန်မှာ ဒီစာကို​ရေးဖြစ်သွားပါတယ် ..

​ဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှင်​တွေခမျာ ​ဆိုင်ခန်းတခန်းကို သိန်း၂၀​ပေးပြီး ​ချွေးထုတ်​နေကြရသလိုပါပဲ ..

အသက်ကို ဥာဏ်​စောင့်ပါတယ်ခင်ဗျား ..

ဒီလို ပူပြင်းတဲ့ကာလမှာ ​ရေကို ငတ်ငတ် မငတ်ငတ် ခဏ ခဏများများ​သောက်ပြီး ရှူးများများ ​ပေါက်ကြပါ ..

​ရေခဲ​ရေ​အေး​အေး၊ ​ရေခဲစိမ်အချိုရည်​အေး​အေး​​တွေ​တော့ မ​သောက်ကြပါနဲ့၊ ပိုဆိုးသွားပါလိမ့်မယ် ..

ပွဲစီစဥ်သူ​တွေကလည်း ရန်ကုန်မြို့ရဲ့ အပူချိန်ကို မဖြစ်မ​နေ ထည့်စဥ်းစား​ပေးကြပါလို့ ​မေတ္တာရပ်ခံချင်ပါတယ် ..

10/10/2026

ရန်ကုန်မြို့မှာ နေ့စဉ် အလုပ်ဆင်းချိန် အိမ်ပြန်ရတာ သင့်အတွက် ဘယ်လောက်အထိ အခက်အခဲ ဖြစ်စေပါသလဲ။ 🚌💨

အလုပ်ဆင်းချိန် မြို့ပြင်နယ်မြေများသို့ အိမ်ပြန်ကြရတဲ့ ခရီးသည်များအတွက် ခရီးသွားအတွေ့အကြုံ စစ်တမ်းလေးမှာ မိနစ်ပိုင်းမျှ ကူညီဖြေဆိုပေးနိုင်ပါတယ်။

⏱️ ကြာချိန်: ၂ မိနစ် မှ ၃ မိနစ်ခန့်

🔗 Survey Link: https://lnkd.in/gEwCCa-m

🟢 Survey ရည်ရွယ်ချက်

• Demand & Route Identification: အလုပ်ဆင်းချိန် မြို့ပြင်သို့ အိမ်ပြန်ကြသည့် ခရီးသည်များ အဓိက အခက်အခဲတွေ့နေရသော လမ်းကြောင်း (Route) များကို တိကျစွာ ခွဲခြားသတ်မှတ်ရန်။

• Pricing Validation: ခရီးသည်များ လက်ခံနိုင်ပြီး မျှတမှုရှိသော ခရီးစဉ်စရိတ် နှုန်းထားများကို စနစ်တကျ သတ်မှတ်နိုင်ရန်။

• Pilot Project Preparation: မကြာမီ စမ်းသပ်ပြေးဆွဲမည့် Pilot Route အတွက် ခရီးသွားပြည်သူများ၏ တကယ့် အသံနှင့် လိုအပ်ချက်များအတိုင်း ပုံဖော်ပေးနိုင်ရန်။

🟢 SeatGo Myanmar အဖွဲ့မှ ပြုလုပ်သော Survey ဖြစ်ပါသည်။

SeatGo Myanmar သည် Young Entrepreneur Network Development Association - Myanmar (YEN-D Myanmar) မှ ဦးစီးကျင်းပသော Startup World Cup Myanmar 2026 ပြိုင်ပွဲကြီး၏ Top 10 Regional Finalist အဖြစ် ရွေးချယ်ခံထားရသည့် နည်းပညာအခြေပြု မြို့ပြသယ်ယူပို့ဆောင်ရေး စတာ့အပ် (Transportation Startup) တစ်ခု ဖြစ်ပါသည်။

ရန်ကုန်မြို့တွင်းမှ မြို့ပြင်နယ်မြေများသို့ နေ့စဉ် သွားလာနေကြသော ရုံးဝန်ထမ်းများနှင့် ခရီးသည်များအတွက် YBS ဘတ်စ်ကားများကဲ့သို့ ကြပ်ညပ်မှုမရှိဘဲ၊ တက္ကစီများထက် စရိတ်စက အထူးသက်သာသည့် App-based Pre-booked Express Shuttle Service (ထိုင်ခုံအာမခံပါ တိုက်ရိုက် ပြေးဆွဲသည့် စနစ်) ကို ဖော်ထုတ်ပေးရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။

⚪ ယခုဖော်ပြချက်များသည် GoSeat Myanmar မှ ဖော်ပြချက်များသာ ဖြစ်ပြီး YBS EXPLORERS မှ ရန်ကုန်မြို့ပြ သွားလာရေးအတွက် အထောက်အပံ့ဖြစ်စေရန် ကူညီဖြန့်ဝေပေးခြင်း ဖြစ်ပါသည်။

Credit to YBS Explorer page

10/10/2026

မြန်မာနိုင်ငံသား သုံးပုံနှစ်ပုံကျော် ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုနဲ့ကြုံနေရ
-
လက်နက်ကိုင်စစ်ရေး ပဋိပက္ခ၊ လူမှုဖူလုံရေး အခြေခံဝန်ဆောင်မှုနည်းပါးတာနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံသား သုံးပုံ နှစ်ပုံကျော်ဟာ ဘက်ပေါင်းစုံက ဆင်းရဲမွဲတေမှုကို ကြုံတွေ့ ရင်ဆိုင်နေရတယ်၊ ဒါမှမဟုတ် ကြုံတွေ့ရ မယ့် အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက အောက်တိုဘာ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဥ် (UNDP) ရဲ့ “ချို့တဲ့မှု အလွှာများ - မြန်မာနိုင်ငံက ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှု” (Layers of Deprivation: Multidimensional Poverty in Myanmar) လို့ တိုက်ရိုက် အဓိပ္ပာယ်ရဲ့ အစီရင်ခံစာသစ်မှာ အခုလို ဖော်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေးရဲ့ ၃ ပုံ ၂ ပုံ ဖြစ်တဲ့ သန်း ၃၇ သန်း- လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုကို ကြုံနေရတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးသတင်းဟာ နိုင်ငံတကာ စာမျက်နှာမှာ မှေးမှိန်ကွယ်ပျောက်လာပေမယ့် ပြည်သူတွေ သန်းနဲ့ချီ ခံစားနေရတဲ့ ဒုက္ခတွင်းကတော့ နက်သထက် နက်လာတယ်လို့ ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်နဲ့ UNDP အာရှနဲ့ ပစိဖိတ်ရေးရာ ဒါရိုက်တာ ကာနီ ဝစ်ဂနာရာဂျာ(Kanni Wignaraja) က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူသားရှင်သန်တိုးတက်မှုဆုတ်ယုတ်နေတဲ့အထိ ဆင်းရဲမွဲတွင်း နက်လာတာကို မြင်တွေ့နေရပါတယ်။ ဒါဟာ ဘယ်ဘက်ကမှ မနိုင်နိုင်တဲ့ စစ်ပွဲဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အဓိကကျောရိုး ထောက်တိုင်ဖြစ်တဲ့ အခြေခံခွန်အားဟာ စနစ်တကျ ပျက်စီးဆုံးရှုံးနေတာတွေ့ရပါတယ်။”

ဒီအစီအရင်ခံစာမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းနီးပါးနဲ့ ညီမျှတဲ့ လူပေါင်း ၁၈ သန်းနီးပါးဟာ ဆင်းရဲမွဲတေမှု ဒဏ်ခံစားနေရပြီး နောက်ထပ် ၁၉ သန်းခွဲဟာ ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့ရမယ့် အခြေအနေ ရောက်နေကြောင်း၊ ဒါ့ကြောင့် မြန်မာနိုင်ငံသား ၃၇ သန်း၊ လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုကြုံရမယ့် အန္တရာယ်ရှိနေတယ်လို့ UNDP က ဖော်ပြထားပါတယ်။

ဒီလေ့လာချက်ကို မြန်မာနိုင်ငံတစ်ဝှန်းက မိသားစု ခုနှစ်ထောင့်ငါးရာကျော်ကို တယ်လီဖုန်းကနေ စနစ်တကျ စစ်တမ်း ကောက်ယူ လေ့လာခဲ့တာဖြစ်ပြီး ဝင်ငွေသာမက ကျန်းမာရေး၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်း နိမ့်ကျမှုတွေကိုပါ ထည့်သွင်းပြီး ဘက်ပေါင်းစုံဆင်းရဲမွဲတေမှု အညွှန်းကိန်းတွေနဲ့ စစ်တမ်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ ဝင်ငွေထက် ပိုများတဲ့ အသုံးစရိတ်တွေ ရင်ဆိုင်နေရပြီး ကြားခံတွေဖြစ်တဲ့ စုငွေ၊ တည်ငြိမ်တဲ့ စီးပွားရေးလုပ်ငန်း၊ ကျန်းမာရေး ပညာရေးစောင့်ရှောက်မှု၊ လူမှုရေးထောက်ပံ့မှုတွေလည်း တဖြည်းဖြည်း ပပျောက်လာနေတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့လူနေမှု အဆင့်အတန်း ကျင်ဆင်းလာနေပြီး မြန်မာနိုင်ငံသား ၈၀ ရာခိုင်နှုန်းဟာ ဘက်စုံက ဆင်းရဲမွဲတေမှု ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။

ဆင်းရဲမွဲတေမှုဟာ အထူးသဖြင့် လုံခြုံမှုကင်းမဲ့တာနဲ့ ကန့်သတ်မှုအများဆုံး ဒေသတွေဖြစ်တဲ့ အနောက်ဘက်မှာ ရခိုင်ပြည်နယ်နဲ့ အရှေ့ဘက်မှာ ကယားပြည်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆိုးဆိုးဝါးဝါး တွေ့ရှိရတယ် လို့လည်း ဆိုပါတယ်။

ပညာရေးအဆင့်အတန်းနိမ့်ကျတာ၊ အလုပ်အကိုင် အတည်တကျမရှိတာနဲ့ ဝင်ငွေနည်းတာတွေနဲ့အတူ စစ်ရေးပဋိပက္ခ၊ အိုးအိမ်ပစ်ထွက်ပြေးနေရတာ၊ စျေးကွက်ပျက်တာနဲ့ ဝန်ဆောင်မှုစနစ်နည်းပါးတာတွေကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ဆင်းရဲမွဲတေမှု ပိုဆိုးလာရတာလို့လည်း အစီအရင်ခံစာကဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးမတည်ငြိမ်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေကြောင့် ဆင်းရဲတွင်း နက်သထက် နက်စေတယ်လို့လည်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

UNDP အဖွဲ့ ကြီးဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာက မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ကိုဗစ်ကပ်ရောဂါ နောက်ဆက်တွဲနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန််မာနိုင်ငံက လူဦးရေ ၂၅ သန်း အငတ်ဘေး ကြုံနိုင်တယ်လို့ အစီအရင်ခံစာ ထုတ်ပြန်သတိပေးခဲ့ဖူးပါတယ်။
၂၀၂၄ ခုနှစ်ကလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ မလုံခြုံမှု၊ စစ်ရေးပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတွေကြုံရပြီး လူလတ်တန်းစား ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ အစီအရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရ သမ္မတဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးတာဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ ပိတ်ဆို့အရေးယူမှု၊ နိုင်ငံတကာ ငွေကြေး ထောက်ပံ့မှု မရှိတာ၊ နိုင်ငံတကာစျေးကွက်ဝင်ဖို့ ကန့်သတ်ခံရတာနဲ့ ကုန်သွယ်မှုကျဆင်းတာ၊ အလုပ်သမား နိုင်ငံသားတွေ ပြည်ပထွက်ခွါတာတွေကြောင့်လို့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေကနေ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၆ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ ဆေးရုံတစ်ရုံ၏ အရေးပေါ်လူနာဌာနအနီး၌ အလှူရှင်တစ်ဦးက အစားအသောက် ဝေငှနေသည်ကို တန်းစီ စောင့်ဆိုင်းနေသည့် လူနာမိသားစုများအား တွေ့မြင်ရစဥ်။ (RFA)

10/10/2026

ကချင်မှာ နှစ် ၂၀ ကျော်အတွင်း သစ်တောဖုံးလွှမ်းမှု ဧက တစ်သန်းခွဲနီးပါးလျော့နည်းလာ

အောက်တိုဘာ၊ ၉

ကချင်ပြည်နယ်မှာ ၂၀၀၁ ခုကနေ ၂၀၂၅ အထိ သစ်တောဖုံးလွှမ်းမှုဧကပေါင်း ၁၄ သိန်းကျော် ပျက်စီးခဲ့တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်နေတဲ့ Global Nature Watch (GNW) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီထဲက ၄၁ ရာခိုင်နှုန်းဟာ ပင်မသစ်တောကြီး ဆုံးရှုံးမှုပမာဏဖြစ်ပြီး ဧကပေါင်း ၅ သိန်း ၆ သောင်း ကျော် ရှိတယ်လို့ သိရပါတယ်။

သစ်တောပြုန်းတီးရတဲ့အကြောင်းတွေကတော့ အမြဲတန်းစိုက်ပျိုးရေးအတွက် နယ်မြေချဲ့တာ၊ သယံဇာတတူးဖော်တာနဲ့ လူနေအိမ်ခြေတွေတိုးချဲ့လာတာတွေအပြင် သဘာဝဘေးနဲ့ တောမီးလောင်တာတွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခုနှစ် စက်တင်ဘာလ ၃၀ ရက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့အထိဆိုရင်လည်း ကချင်ပြည်နယ်မှာ သစ်တောပြုန်းတီးမှု သတိပေးချက် စုစုပေါင်း ၆,၄၆၂ ခုရှိနေတယ်လို့ သိရပါတယ်။

GNW ရဲ့ ဖော်ပြထားချက်အရ ကချင်ပြည်နယ်ထဲ သစ်တောဖုံးလွှမ်းမှုဧရိယာ အများဆုံး ဆုံးရှုံးနေတဲ့ဒေသတွေအဖြစ် မြစ်ကြီးနား၊ ဖားကန့်၊ ဗန်မော်၊ ပူတာအို၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းအပြင် ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်ကြားထဲက ဒေသတွေဖြစ်နေတာကို တွေ့ရပါတယ်။

ကချင်ပြည်နယ်မှာ သစ်တောဖုံးလွှမ်းမှု တိုးပွားလာတဲ့အခြေအနေကတော့ ၂၀ဝ၀ ပြည့်နှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ဧကပေါင်း ၁ သိန်း ၃ သောင်းကျော်ပဲရှိတယ်လို့ GNW က ဆိုပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တော့ ၂၀၀၁ ခုကနေ ၂၀၂၅ ခုနှစ်အထိ သစ်တောဖုံးလွှမ်းမှု ဆုံးရှုံးတဲ့ ပမာဏဟာ ဧကပေါင်း ၁၃ သန်းကျော်ရှိနေတယ်လို့ သိရပါတယ်။

10/10/2026

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Myanmar Earthquake Missing Person - Lost and Found Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share