15/03/2024
အားလုံးကို မိတ်ဆက်ပေးစရာရှိပါတယ်
🇸🇬🇳🇿🇬🇧🇮🇳🇨🇳🇰🇷🇹🇭🇺🇸🇨🇦🇲🇾
ခုဆို နိုင်ငံတော်တော်များများ မှာပညာသင်ရောက်နေကြတဲ့ မြန်မာကျောင်းသားတွေ အလုပ်လုပ်နေကြတဲ့ သူတွေ အများအပြားရှိနေပါပြီ
မြန်မာမှာ ကျန်နေခဲ့တဲ့ ကျောင်းသားတွေ လည်း အခြေအနေ အမျိုးမျိုးတွေကြောင့် ထွက်ဖို့ကြိုးစားနေကြတာ ရှိပါတယ်
လမ်းကြောင်းမသိတာရော စမ်းတဝါးဝါးလုပ်ခဲ့မိတာတွေကြောင့် အချိန်တွေ နှောင့်နှေးကြန့်ကြာခဲ့တာ ကိုယ်တွေ့ပါ အဲ့လိုမဖြစ်ရအောင် သွားချင်တဲ့ကလေးတွေ အတွက် အမြန်ဆုံး အမှန်အကန်ဆုံး လမ်းညွှန်ပေးနိုင်အောင် free webinar တွေ စီစဉ်ပေးထားပါတယ် 📣
ခုဆို admin အကုန်လုံးကလည်း
Study abroad လုပ်နေကြတော့ ကိုယ်ရောက်နေတဲ့ နိုင်ငံ မှာ ကြုံရတာတွေ ဘယ်လိုတွေ လုပ်ခဲ့ရတယ် အခက်အခဲ က ဘာတွေ ရှိတယ် ဆောင်ရန်ရှောင်ရန် တွေ ပြောပြပေးနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားကြပါတယ် 📝📝📝
ခု MEP ကနေ ပထမဆုံးအနေနဲ့ scholarships ရဖို့အလွယ်ဆုံးဖြစ်တဲ့ တရုတ် မှာ ပညာသင်ချင် တဲ့ ကလေးတွေအတွက် ဘာတွေ လုပ်ရမယ် ဘယ်လိုလျှောက်ရမယ် ကုန်ကျစရိတ်အသေးစိတ် နဲ့ ဆောင်ရန် ရှောင်ရန်တွေကို ခု လာမယ့် စနေ့နေ့ 16.3.2024 ည 8:00 (Myanmar Time) zoom meeting မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်
⁉️ဘယ်လို လူတွေ join သင့်လဲ ???
1. နိုင်ငံ မရွေးတဲ့သူ
2. အိမ်ရဲ့ အထောက်အပံ့မပါဘဲ နိုင်ငံခြားကျောင်းတက်ချင်တဲ့သူ
3. အမြန်ဆုံးထွက်ချင်တဲ့သူ
4. တရုတ်စာ စိတ်ဝင်စားတဲ့သူ
5. တရုတ်မှာ scholar နဲ့ စာသင်ဖိူ့ စဉ်းစားနေတဲ့ သူတွေ တက်ရောက်သင့်ပါတယ်။
တရုတ်မှာလည်းရွေးချယ်စရာ major တွေ အများအပြားရှိပါတယ် နာမည်ကြီး တက္ကသိုလ် တွေမှာ လူစိတ်ဝင်စားတာများတဲ့ major တွေဖြစ်တဲ့ computer science, engineering, business, medical စတာတွေနဲ့ ပတ်သတ်တဲ့ ဘာသာရပ်တွေ မြောက်များစွာ ရွေးချယ် တက်ရောက်လို့ရပါတယ်
Free webinar join ချင်တဲ့ ကလေးတွေ အနေ နဲ့ page chatbox မှာ လာရောက်စုံစမ်းနိုင်ပါတယ်
⭕️လူဦးရေကန့်သတ်ထားပါတယ် ခင်ဗျာ
Host တွေက နိုင်ငံအသီးသီးမှာရောက်နေကြတဲ့သူတွေဖြစ်တာမလို့ မတူတဲ့ အချိန်၊ မအားတဲ့ကြားကနေ လုပ်ပေးတာဖြစ်တဲ့အတွက် တကယ် serious ဖြစ်တဲ့ ကျောင်းသားများသာ တက်ရောက်စေလိုပါတယ်✨‼️
မေးမြန်းလိုတဲ့မေးခွန်းများရှိပါကကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်
📣လာမယ့်စနေနေ့ညမှာsharing လုပ်ပေးမယ့် သူကတော့ မြန်မာပြည်မှာ pharmacy final year နဲ့ကျောင်းနားလိုက်ပြီး ခု တရုတ်မှာ scholarship နဲ့ pharmacy ပိုင်းပဲဆက်တက်နေတဲ့ သူပါ
ကျောင်းလျှောက်ပုံတွေ ကုန်ကျစရိတ်တွေ ကြုံရတဲ့ အခက်အခဲတွေ နဲ့ သူ့ရဲ့ future plan တွေကို အခမဲ့ sharing လုပ်ပေးမှာဖြစ်ပါတယ်
❗️❗️ခု လက်ရှိ တရုတ်နိုင်ငံက ကျောင်းတွေ မှာလည်း ကျောင်းသားတွေ စလက်ခံနေပြီဖြစ်တဲ့အတွက် အမြန်ဆုံး တစ်ပတ်အတွင်း form တင် scholarship လျှောက်နိုင်တဲ့အထိ ကူညီပေးသွားပါမယ်
လာရောက်နားထောင်ဖို့ ညီငယ်ညီမငယ် အားလုံးကို ဖိတ်ခေါ်လိူက်ပါတယ်
နောက်အပတ်တွေမှာလည်း EU နိုင်ငံတွေ, US , Canada, Thailand,Singapore, Malaysia, Japan, Korea စတဲ့ နိုင်ငံတွေမှာ ကျောင်းတက်ရင်းအလုပ်လုပ်နေကြတဲ့ ကျောင်းသားတွေ နဲ့ လည်း free webinar တွေ လာဦးမလို့ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ
Disclaimer: အခကြေးငွေယူပြီး လုပ်ပေးတဲ့ agent တွေ မဟုတ်တာရယ် ကိုယ့်အကြောင်းနဲ့ကြုံခဲ့ရတဲ့ အခက်အခဲ တွေ ဖြေရှင်းခဲ့ပုံတွေ ကို ပဲ sharing လုပ်ပေးမှာဖြစ်တဲ့အတွက် အမှားများပါခဲ့ရင် ကြိုတင်တောင်းပန်ထားပါမယ်ခင်ဗျာ
လက်ရှိတကယ်ကျောင်းတက်နေတဲ့သူတွေ ဖြစ်တဲ့အတွက် ကြုံရတဲ့ ကိစ္စတွေရဲ့ 100% အမှန်တရားများကိုပဲ ပြောပြပေးသွားမှာဖြစ်ပါတယ်
Your educational Friend- MEP 🇲🇲