MVG အဖွဲ့သည် ရည်ရွယ်ချက် နှစ်ချက်အတွက် တည်ထောင်ခဲ့သည် စေတနာ့ဝန်ထမ်း CSO အဖွဲ့တစ်ခု ဖြစ်ပါသည်။
ပထမရည်ရွယ်ချက်မှာ...
မန္တလေးမြို့တွင် ရှိသော လုပ်အားကူနိုင်သည့် စေတနာ့ဝန်ထမ်း(Volunteer)များကို စုစည်းပေးကာ စေတနာ့ဝန်ထမ်း လိုအပ်သည့် အဖွဲ့များနှင့်ချိတ်ဆက်၍ ပွဲများတွင် ပါဝင်စေခြင်း၊ အဖွဲ့ကိုယ်ပိုင် စီစဥ်သည့် စီမံကိန်းလေးများတွင် ပါဝင်စေခြင်း ဖြစ်ပါတယ်။
ထို့ကြောင့် စိတ်အားထက်သန်ကာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝ
င်ကူညီလိုသူများသာ ဝင်ရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒုတိယ ရည်ရွယ်ချက်မှာ လာရောက် ပူးပေါင်းလာသော စေတနာ့ဝန်ထမ်း လူငယ်များ အကျိုးအတွက် ရည်ရွယ်ပါသည်။ အဆိုပါ စေတနာ့ဝန်ထမ်း လူငယ်များ လူမှုဆက်ဆံရေး ကောင်းမွန်လာစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ပေးနိုင်ရေးနှင့် ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာ မြင့်တက်လာစေရေးအတွက် အခြားသော အရပ်ဘက် အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ သင်တန်းများ ရယူစေခြင်း၊ အလုပ်အကိုင်နှင့် ပတ်သက်သော သတင်းအချက်အလက်များအား မျှဝေပေးခြင်းတို့ ဖြစ်ပါတယ်။
ထို့ကြောင့် Volunteer အဖြစ်ပါဝင်လိုသူများ၊ ပွဲတွင် Volunteer ပါဝင်ဆောင်ရွက်နိုင်ရန် ဆက်သွယ်လိုသော Organizerများ အနေဖြင့်
Mandalay Volunteers Group (MVG) ၏ page chat box မှတဆင့်
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျာ......
Alerts
Be the first to know and let us send you an email when Mandalay Volunteers Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.