16/09/2026
"စက်တင်ဘာလ ၁၃ရက်နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့သော '' သဘာဝနှင့်အိမ်ရာအလှ'' ဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခန်းအနား ''
"Hillside Mandalay Resort & Villas'' နှင့် ''အထက်မြန်မာပြည်ဓာတ်ပုံအသင်း'' တို့ ပူးပေါင်းကျင်းပသည့် ''သဘာဝနှင့်အိမ်ရာအလှ'' ဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခန်းအနားကို စက်တင်ဘာလ ၁၃ရက်နေ့ နံနက်၁၀နာရီတွင် ''Hillside Mandalay Resort & Villas'' ၏ Clubhouse တွင် AMMA ကုမ္ပဏီမှဥက္ကဌကြီးနှင့်တကွ ဒါရိုက်တာအဖွဲ့ဝင်လူကြီးမင်းများ၊ အိမ်ရာမှ တာဝန်ရှိလူကြီးမင်းများ၊ ဒိုင်လူကြီးမင်းများ၊ ဆုရဓာတ်ပုံပညာရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်၍ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြပါသည်။