23/11/2025
🌳Kandaw Clean Is Still Here!🌳
ကဲKandaw Cleanမှupdateတွေကိုမတင်တာလည်းကြာသွားခဲ့ပြီဖြစ်သော်လည်း activities တွေကိုတော့ကျွန်တော်တို့ရဲ့Teachers/Volunteersတွေမှဆက်လက်လုပ်ဆောင်လျက်ရှိနေပါတယ်လို့ပြောချင်ပါတယ်🙌🏻
“အခုလက်ရှိရောKandaw Cleanမှcommunityအတွက်ဘာတွေလုပ်နေသလဲ?”ဆိုတာလေးကိုမပြောခင် ကျွန်တော်တို့organizationအကြောင်းလေးကိုသိပြီးသူလည်းရှိသလို မသိသေးသောသူတွေအတွက်အနည်းငယ်ပြန်လည်မိတ်ပေးပါရစေ💁🏻♀️
🌿ဆိုတော့ကျွန်တော်တို့ရဲ့လှပပြီးမန္တလေးတွေတည်ရှိသောကန်တောကြီးတွင်စိတ်မကောင်းစွာပဲအမှိုက်သရိုက်များကိုစွန့်ပစ်ထားပြီးအနံဆိုးများနှင့်သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်နေတာဖြစ်တဲ့အတွက်ကြောင့် ထိုအမှိုက်များနဲ့အနံသက်များကိုရှင်းလင်းပြီးအနီးတစ်ဝိုက်တွင်ရှိသောcommunityအတွက်ပိုကောင်းပြီးသန့်ရှင်းတဲ့ပတ်ဝန်းကျင်ကိုပေးစွမ်းချင်ပြီးတဲ့ရည်ရွယ်ချက်ဖြင့် Kandaw Cleanဟုအမည်ပေးပြီးထိုအဖွဲ့စည်းကိုတည်ထောင်လိုက်တာဖြစ်ပါတယ်🌿
ထို့နောက်ကန်တော်ကြီးနားတွေနေထိုင်ပြီပညာသင်ယူလိုစိတ်ရှိတဲ့ကလေးငယ်များအတွက်လည်းသူတို့ရဲ့ပညာရေးတစ်တပိုင်းကိုလည်းကူညီပေးချင်တဲ့အတွက် စာသင်ဝိုင်းများဖွဲ့ကာကလေးတွေကိုလည်းစာသင်ကြားပေးလျက်ရှိပါတယ်👨🏻🏫📚
အပေါ်မှာပြောခဲ့တဲ့အတိုင်း ”အခုလက်ရှိရောKandaw Cleanမှcommunityအတွက်ဘာတွေလုပ်နေသလဲ?” ဆိုတာလေးကိုဖြေကြားပေးသွားမှာဖြစ်ပါတယ်💁🏻♀️
Englishစာဆိုတာတော့အခုလက်ရှိကလေးသူငယ်တွေကအစလူကြီးတွေထိသင်ယူထားသင့်သောဘာသာစကားဖြစ်သလိုအခွင့်လမ်းကောင်းတွေကိုဖွင့်ပေးမယ့်သော့တစ်ချက်လည်းဖြစ်ပါတယ် ထိုနည်း၄င်းပဲMathလည်းကျွန်တော်တို့ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်း အချက်လက်တွေကိုမြန်ဆန်စွာကောက်ချက်ချနိုင်စွမ်းတွေကိုပေးတဲ့အရေးကြီးတဲ့skillတစ်ခုဖြစ်ပါတယ် ထိုကြောင့်လည်းလက်ရှိစာသင်းဝိုင်းတွေမှာEnglishနဲ့Mathကိုလည်းထည့်သွင်းသင်ကြားပေးလျက်ရှိပါတယ်🧮✏️
နောက်တစ်ခုကတော့Art Timeပါ🎨🖌️
ပန်းချီပညာဆိုတာလည်းလက်ရှိငယ်တုန်းကလေးတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကိုအသုံးချခွင့်ပေးနိုင်တဲ့အရာဖြစ်သလို သူတို့လေးတွေရဲ့စိတ်ကူးစိတ်နိုင်စွမ်းကိုပါအသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ယခုအခါမှာလည်းပန်းချီအချိန်လေးတွေပါထည့်ပေးထားတာဖြစ်ပါတယ်ပုံများကိုလည်းအောက်တွက်ကြည့်ရူနိုင်ပါတယ်
အခုလိုမျိုးကလေးသူငယ်တွေပညာသင်ယူဖို့အတွက် စာအုပ်များကိုလည်းလာရောက်လှူဒန်းပေးခဲ့တဲ့အလှူရှင်များကိုရော စာသင်ကြားပေးတဲ့Teachersတွေကိုရော Kandaw Cleanမှကျေးဇူးတင်ရှိပါတယ်ရှင်🙏🏻🌳
It’s true that Kandaw Clean hasn’t posted updates for quite a while, but we want to let you know that our Teachers and Volunteers have continued carrying out activities behind the scenes 🙌🏻
Before we answer the question, “So what is Kandaw Clean doing for the community now?”, we’d like to briefly re-introduce our organization for those who may be new to us, as well as those who have been with us from the beginning 💁🏻♀️
🌿 Our beautiful Mandalay especially the Kandaw area has unfortunately faced growing problems with littering, pollution, and unpleasant odors that harm the environment. Because of this, we formed Kandaw Clean with the purpose of cleaning up waste, reducing bad smells, and creating a cleaner and healthier environment for the surrounding community 🌿
Beyond that, we also wanted to support children in the Kandaw area who have the desire to learn but lack access to proper educational opportunities. To help them, we started community learning circles where we teach and guide children regularly 👨🏻🏫📚
Now, as promised, let’s answer the question: “What is Kandaw Clean doing for the community right now?” 💁🏻♀️
English is a language that children—and even adults—should have the chance to learn, as it opens many doors and opportunities in today’s world. Likewise, Math is an essential skill that strengthens our reasoning, problem-solving, and ability to make quick, clear decisions. For these reasons, our current learning circles include both English and Math lessons 🧮✏️
Another program we’ve added is Art Time 🎨🖌️
Art allows children to express their creativity, imagination, and ideas in a healthy way. To support their creative growth, we now include regular art sessions as well. You can see some of their artwork in the photos below.
We would like to express our heartfelt thanks to the donors who have kindly provided books for the children, as well as to the Teachers who dedicate their time and effort to teaching. Kandaw Clean is truly grateful to all of you 🙏🏻🌳