ချို့ငဲ့သူများကိုကူညီသောအသင်းအဖွဲ့
Help Others By Giving
Address
Mandalay
Telephone
Website
Alerts
Be the first to know and let us send you an email when မွန်မြတ်မေတ္တာ - YCP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Category
For Your Safety, With Our Goodwill
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ Dream High နဲ့မိတ်ဆက်ပေးပါရစေခင်ဗျ။ Dream High ကို ၂၀၁၂ခုနစ်မှာစတင်လုပ်ငန်းလည်ပတ်ခဲ့ပါတယ်။ ခုဆိုရင် ၈နှစ်ကျော်လာခဲ့ပါပြီ။ ၈နှစ်ကျော်ကာလအတွင်းမှာ မြန်မာပြည်အထက်ပိုင်းအမြို့မြို့အနယ်နယ်မှာ customer မြောက်များစွာရရှိခဲ့ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့လုပ်ငန်းမှာ အရည်အသွေးကိုအထူးတန်ဖိုးထားအလေးပေးခဲ့ပါတယ်။ အရည်အသွေးကောင်းမှသာလျှင် မိမိတို့ customerများစိတ်ချမ်းသာကြမည်မဟုတ်ပါလားခင်ဗျာ။ ရေရှည်မှာစိတ်ချမ်းသာပြီး စိတ်ကျေနပ်မှုကိုရရှိကြမှာမဟုတ်ပါလားခင်ဗျာ။ အရည်အသွေးပြီးရင် ဒုတိယမြောက်အလေးထားတာကတော့ စေတနာပဲဖြစ်ပါတယ်ခင်ဗျ။ “စေတနာဟံ ဘိက္ခ၀ေ ကမ္မံ ၀ဒါမိ” စေတနာကိုကံဟူ၍ မြတ်စွာဘုရားဟောတော်မူခဲ့ပါတယ်။ စေတနာကိုတန်ဖိုးထားခဲ့လို့ customerတွေရဲ့တန်ဖိုးထားမှုကို ပြန်လည်ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မိတ်ဟောင်းများက လုပ်ငန်းသစ်များအတွက် မိမိတို့ကိုသတိတရပြန်လည်ဆက်သွယ်ကြပါတယ်။ မိမိတို့ရဲ့စေတနာကောင်းမှုကိုအသိမှတ်ပြုကြခြင်းပဲမဟုတ်ပါလား။ အနည်းငယ်ကျေးဇူးတင်စကားဆိုပါရစေ။ မိတ္ထီလာမြို့မှ သန်းသီတာစက်သုံးဆီဆိုင်ကြီးလုပ်ငန်းကိုအထူးကျေးဇူးတင်ပါတယ်။ ပထမဆုံးဆီဆိုင်မှာ CCTV စတင်တပ်ဆင်ခဲ့ပြီး ဒုတိယမြောက်ဆိုင်ထပ်ဖွင့်တဲ့အခါ မိမိတို့နှင့်သာ CCTV တပ်ဆင်ခဲ့ပါတယ်။ တတိယမြောက်ဆိုင်ထပ်မံဖွင့်ရာတွင်လည်း မိမိတို့နှင့်သာထပ်မံတပ်ဆင်ခဲ့ပါတယ်။ ဒီ့ထပ်မကဆိုင်ခွဲပေါင်းမြောက်များစွာထပ်မံဖွင့်လှစ်နိုင်ပါစေကြောင်းဆုတောင်းလိုက်ပါတယ်။ ထို့အတူ မန္တလေးမှ အောင်မိသားစုလုပ်ငန်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အီလက်ထရောနစ်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ အလှအပဆေးခန်းအပြင် အိမ်မှာပါ မိမိတို့ CCTV သာတပ်ဆင်ခဲ့ပါတယ်။ ထို့အပြင် မိတ်ဆွေလုပ်ငန်းများကိုပါသတင်းပါးပေးလို့ တခြားလုပ်ငန်းများ၊အိမ်များမှာပါတပ်ဆင်ခဲ့ရပါတယ်။ လုပ်ငန်းများတိုးပွါးအောင်မြင်ပါစေကြောင်းဆုတောင်းပေးပါတယ်ခင်ဗျ။ ထို့အတူ ခန့်ရတနာဟိန်းစိန်တိုက်၊ ဒေလီယာတစ်ရှူးစက်ရုံ၊ Gold ပရိဘောဂစက်ရုံ၊ ကေကေစာရေးကိရိယာလုပ်ငန်းနှင့် အခြားလုပ်ငန်းများစွာကိုလည်း လုပ်ငန်းတစ်နေရာထပ်မကတပ်ဆင်ခဲ့တဲ့အတွက်ရော မိတ်ဆွေလုပ်ငန်းများကိုပါပြန်ညွှန်းပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ကြောင်းဖော်ပြလိုက်ရပါတယ်။ ကျွန်ုပ်တို့ Dream Highမှ CCTV, Auto Gate Motor, Thief Alarm System, Finger Print Attendance, Video & Sound Phone Door Lock System, Fire Alarm System, Supermarket Cash Payment System, Hotel IC Door Lock System, Walk Through Security System တို့ကိုရောင်းချတပ်ဆင်ပေးပါတယ်။ For Your Safety, With Our Goodwill