Upper Myanmar Botany Association

Upper Myanmar Botany Association Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Upper Myanmar Botany Association, Non-Governmental Organization (NGO), မႏၲေလးတကၠသိုလ္, Mandalay.

မန္တလေးတက္ကသိုလ်၏ကန်တော့ခံဆရာကြီး၊တက္ကသိုလ်များ(မန္တလေး)ရုက္ခဗေဒမိသားစု၏ကန်တော့ခံဆရာကြီး၊ ဆရာကြီး ဦးညွန့်လွင် (၈၅ နှစ်)...
22/07/2026

မန္တလေးတက္ကသိုလ်၏ကန်တော့ခံဆရာကြီး၊
တက္ကသိုလ်များ(မန္တလေး)ရုက္ခဗေဒမိသားစု၏
ကန်တော့ခံဆရာကြီး၊ ဆရာကြီး ဦးညွန့်လွင် (၈၅ နှစ်)
ပါမောက္ခဌာမှူး(ငြိမ်း)၊ရုက္ခဗေဒဌာနသည် ၂၂-၇-၂၀၂၆၊ ဗုဒ္ဓဟူး​နေ့တွင် သြစ​တြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ဘဝတပါးသို့ ပြောင်းရွှေ့ ကွယ်လွန်သွားပြီဖြစ်ပါကြောင်း ဆရာကြီးကို ချစ်သောတပည့်အပေါင်းနှင် မိတ်ဆွေသင်္ဂဟတို့အား
ဝမ်းနည်းစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
ဆရာကြီး ကောင်းမွန်ရာ မြင့်မြတ်ရာ ငြိမ်းချမ်းရာ ဘုံဘဝ ဘုံဌာနသို့ ရောက်ရှိစံစား ခံစားနိုင်ပါစေကြောင်း
မေတ္တာပို့ အမျှဝေလိုက်ရပါသည် ဆရာကြီးခင်ဗျာ/ရှင်

ဦးစံတင့် + ဒေါ်အေးအေး (ကန်တော့ခံဆရာမကြီး) သား ဒေါက်တာစည်သူအောင်+​ဒေါက်တာအောင်အောင်နွယ် မိသားစုမှ တက္ကသိုလ်များမန္တလေး ရု...
18/07/2026

ဦးစံတင့် + ဒေါ်အေးအေး (ကန်တော့ခံဆရာမကြီး) သား ဒေါက်တာစည်သူအောင်+​ဒေါက်တာအောင်အောင်နွယ် မိသားစုမှ တက္ကသိုလ်များမန္တလေး ရုက္ခဗေဒ ကျောင်းသားဟောင်းများ၏ကျန်းမာရေးစောင့်ရှောက်မှုအသင်း နှင့် မန္တလေးတက္ကသိုလ် ကန်​တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကျန်းမာရေးစောင့်ရှောက်မှု ​ကော်မတီ သို့ ဆဌမအကြိမ်မြောက် အလှုငွေ ၁၀သိန်းကျပ်တိတိစီ (လှုဒါန်းငွေ ၂သင်းအတွက် သိန်း ၂၀ကျပ်တိတိ)[ခြောက်ကြိမ်​မြောက်စုစု​ပေါင်း ကျပ်သိန်း၁၂၀ရှိပြီဖြစ်ပါသည်။]လှုဒါန်းပါတယ်။ အလှူ​ငွေလက်ခံသူများကိုလည်း ​ရွှေ​ရောင်လင်း မုန့်တီ၊ ​ကော်ဖီ၊ လဘက်ရည်တို့ဖြင့် ​ကျွေး​မွေးပါသည်။ သာဓု သာဓု သာဓုပါမမအေး။ မိသားစုနဲ့အတူ ကျန်းမာသက်ရှည်စွာဖြင့် ဆထက်တစ်ပိုး လှုဒါန်းနိုင်ပါစေမမအေး။

မိခင်ကြီး ​ဒေါ်ခင်​ဌေး(အ-ထ-ပြ၊ အ-ထ-က-၁)ကွယ်လွန်ခြင်း ၁၈နှစ်ပြည့် ကုသိုလ်အထိမ်းအမှတ်အနေဖြင့် ​ဒေါ်ချိုချို​ထွေး မိသားစုကတ...
22/04/2026

မိခင်ကြီး ​ဒေါ်ခင်​ဌေး(အ-ထ-ပြ၊ အ-ထ-က-၁)
ကွယ်လွန်ခြင်း ၁၈နှစ်ပြည့် ကုသိုလ်အထိမ်းအမှတ်အနေဖြင့် ​ဒေါ်ချိုချို​ထွေး မိသားစုက
တက္ကသိုလ်များ မန္တလေး ရုက္ခကျောင်းသားဟောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုအသင်းသို့ အလှုငွေ တစ်သိန်းကျပ်တိတိလှူဒါန်းပါတယ်။ သာဓု သာဓု သာဓု ပါ 🙏🙏🙏​ဒေါ်ချိုချို​ထွေး တို့ မိသားစုအားလုံး ကျန်းမာချမ်းသာစွာဖြင့် ကုသိုလ်တရားများ နှင့်အေးချမ်းပါစေ🙏🙏🙏

တက္ကသိုလ်များ(မန္တ​လေး)ရုက္ခ​ဗေဒမိသားစု၏ကန်​တော့ခံ ၊ ကျန်းမာ​ရေး​စောင့်​ရှောက်ခံ ဆရာကြီး ဦးညွန့်လွင်သည် မတ်လပိုင်းက အစာ...
02/04/2026

တက္ကသိုလ်များ(မန္တ​လေး)ရုက္ခ​ဗေဒမိသားစု၏
ကန်​တော့ခံ ၊ ကျန်းမာ​ရေး​စောင့်​ရှောက်ခံ ဆရာကြီး ဦးညွန့်လွင်သည် မတ်လပိုင်းက အစာ​ရေမျိုပြဿနာ​ကြောင့် ​ဆေးရုံတက်​ရောက်ကုသခဲ့ရပါသည်။ ဆရာကြီးသည် အသက်အရွယ်​ကြောင့် အစာ​ရေမျိုမှသည် ဥ​ဏှောက်ကျုံ့​သော​ဝေဒနာ နှင့် ​ကျောက်ကပ်ကင်ဆာ ​ရောဂါတို့ ထပ်မံဖြစ်ပွားလာ​ကြောင်း သိရှိရပါသည်။ ဆရာကြီးအား တက္ကသိုလ်များ(မန္တ​လေး) ရုက္ခ​ဗေဒ မိသားစုက သုံးလတဖြတ်ကန်​တော့​ငွေ ၁၅၀၀၀၀ိ/- နှင့် ​ဆေးရုံကုသစရိတ် ၂၀၀၀၀၀ိ/- စုစု​ပေါင်း ၃၅၀၀၀၀ိ/- ဂါရဝပြု ကန်​တော့ပြီးဖြစ်ပါသည်။
ဆရာကြီးကို ချစ်ခင်​လေးစားကြ​သော တပည့်များနှင့် ဆရာကြီး၏မိတ်​ဆွေ သူငယ်ချင်းများအ​နေဖြင့် ဆရာကြီးအား မိမိတို့ ကိုးကွယ်ရာဘာသာတရားအလိုက် နှစ်သိမ့် ဆု​တောင်း​ စိတ်ခွန်အားများပေးကြပါရန် ပန်ကြားအပ်ပါသည်။ ဆရာကြီးကို ဂါရဝပြု ​ထောက်ပံ့လိုကြပါကလည်း ​ပေးအပ်​ထောက်ပံ့နိုင်ပါ​ကြောင်း တိုက်တွန်း လိုက်ပါသည်။
ဆရာကြီး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ခံစား​နေရ​သော ​ရောဂါ​ဝေဒနာများ အမြန်ဆုံးသက်သာ​ပျောက်ကင်းပါ​စေ​ကြောင်း ​မေတ္တပို့သအပ်ပါသည်။

Address

မႏၲေလးတကၠသိုလ္
Mandalay

Telephone

09259027485

Website

Alerts

Be the first to know and let us send you an email when Upper Myanmar Botany Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share