KBZ Center Mandalay

KBZ Center Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBZ Center Mandalay, Community Center, ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့, Yangon.

24/05/2026

"ကျွန်တော်တို့ ပုံမှန်အခြေခံလူတန်းစားတွေအနေနဲ့က တစ်လကို အနည်းဆုံး (၈) ကြိမ်ဆိုတာက ဘယ်လိုမှ ဝင်ငွေနဲ့မမျှတတဲ့ အခြေအနေပါ။ အဲတာကိုမှ ဒီမှာ တစ်ပတ်ကို နှစ်ကြိမ်၊ တစ်လကို (၈) ကြိမ်နှုန်းနဲ့ အပြည့်အဝကို ပေးတဲ့အတွက် လုံးဝကို တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီမှုပေါ့။"

- အခမဲ့ကျောက်ကပ်သွေးသန့်စင် ကုသမှုခံယူသူ

KBZ Center Mandalay အနေဖြင့် ငွေကြေးခက်ခဲပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်စက်အသစ်များကို စမ်းသပ်လည်ပတ်နေပြီး လူနာအသစ်များ လက်ခံနိုင်ရန် လျှောက်လွှာများကို ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

လျှောက်လွှာများကို ယခုမေလ (၁၈) ရက်၊ (၁၉) ရက်နှင့် (၂၀) ရက်တို့၌ ပြန်လည် လက်ခံသွားမည် ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက အခမဲ့ကျောက်ကပ်သွေးသန့်စင် ကုသခွင့်ရရှိမည့် လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။

ယခင်စက်လေးလုံးအပြင် ယခုစက် (၁၆) လုံးတပ်ဆင်ပြီးစီးသဖြင့် စက်အလုံးရေ (၂၀) ဖြင့် တစ်ပတ်လျှင် စုစုပေါင်းလူနာ (၁၂၀) ဦးကို အခမဲ့ကျောက်ကပ်သွေးသန့်စင် ကုသမှု ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သိုမဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်း နိုင်ပါသည်။

📌Join Our Medical Team📌KBZ Center Mandalay တွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။လျှောက်ထားလို...
22/05/2026

📌Join Our Medical Team📌

KBZ Center Mandalay တွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။

လျှောက်ထားလိုသူများအနေဖြင့် KBZ Center Mandalay သို့ လူကိုယ်တိုင်ဖြစ်စေ၊ [email protected] သို့ email ပေးပို့၍ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မေလ (၂၂) ရက်က အခမဲ့ ကျောက်ကပ...
22/05/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မေလ (၂၂) ရက်က အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း၊ အခမဲ့ Ultrasound ရိုက်ကူးပေးခြင်းနှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အခမဲ့ Ultrasound ရိုက်ကူးပေးခြင်းကို ဒေါက်တာဇာခြည်ခိုင်နှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို စင်တာမှ ဆရာဝန်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။

KBZ Center Mandalay သို့ လာရောက်ဆေးဝါးကုသမှု ခံယူသူများအနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသော လူနာစောင့်တစ်ဦးအား တစ်ပါတည်း ခေါ်ယူခဲ့ပေးပါရန် အသိပေးအပ်ပါသည်။

ပူပြင်းလှသည့် နွေရာသီကာလတွင် KBZ Center Mandalay သို့ လာရောက် ဆေးဝါးကုသမှုခံသူများ အေးမြစေရန်အတွက် ရေငွေ့ဖြန်းစက်များ တပ်ဆင်ဆောင်ရွက်ပေးထားသည့်အတွက် အေးချမ်းစွာ ဆေးဝါးကုသမှုကို ခံယူလျက်ရှိသည်။

KBZ Center Mandalay ၏ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့တွင် အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်၊ Ultrasound ရိုက်ကူးမှုကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုတွင် လည်းကောင်း၊ အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို နေ့စဥ် တနင်္လာမှ သောကြာနေ့အထိ လည်းကောင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်းအား အပတ်စဥ် တနင်္လာမှ စနေအထိ ဆောင်ရွက်ပေးနေပြီး စမ်းသပ်စစ်ဆေး ကုသမှုများအတွက် KBZ Center Mandalay ၏ Call Centerသို့ ကြိုတင် ဆက်သွယ်ပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများ အတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆက်သွယ်နိုင်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ ဓမ္မဓရဝါဆိုကျောင်းသို့ မေလ (၂၂) ရက်နေ့က KBZ Center Mandalay မှ...
22/05/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ ဓမ္မဓရဝါဆိုကျောင်းသို့ မေလ (၂၂) ရက်နေ့က KBZ Center Mandalay မှ ဆန်အိတ် (၁၅၀) ကို သွားရောက်လှူဒါန်းခဲ့သည်။

KBZ Center Mandalay စတင်ဖွင့်လှစ်သည့် ဇွန်လ (၁၀) ရက်နေ့မှ စတင်ပြီး ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ပြိုကျပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများ အပါအဝင် ဘာသာရေး အဆောက်အဦများအတွက် ဘိလပ်မြေအိတ် (၁၃၀၀၀) အိတ်နှင့် ဆန်အိတ် (၇၀၀၀) အိတ်တို့ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မေလ (၂၀) ရက်က အခမဲ့ ကျောက်ကပ...
20/05/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မေလ (၂၀) ရက်က အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှု ပြုလုပ်နိုင်ရန်အတွက် ကျောက်ကပ်ဝေဒနာရှင်များ၏ လျှောက်လွှာများ လက်ခံပေးခြင်း၊ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးမှ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းနှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အရိုးအကြောအဆစ် ရောဂါဝေဒနာ စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်မှ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို စင်တာမှ ဆရာဝန်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။

KBZ Center Mandalay သို့ လာရောက်ဆေးဝါးကုသမှု ခံယူသူများအနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသော လူနာစောင့်တစ်ဦးအား တစ်ပါတည်း ခေါ်ယူခဲ့ပေးပါရန် အသိပေးအပ်ပါသည်။

ပူပြင်းလှသည့် နွေရာသီကာလတွင် KBZ Center Mandalay သို့ လာရောက် ဆေးဝါးကုသမှု ခံယူသူများ အေးမြစေရန်အတွက် ရေငွေ့ဖြန်းစက်များ တပ်ဆင်ဆောင်ရွက်ပေးထားသည့်အတွက် အေးချမ်းစွာ ဆေးဝါးကုသမှုကို ခံယူလျက်ရှိသည်။

ထို့အပြင် လာမည့် မိုးရာသီကာလအတွင်း ကျရောက်လာနိုင်ဖွယ်ရှိသည့် မိတ္ထီလာနှင့် ဝမ်းတွင်းမြိုနယ်များထံသို့ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် KBZ Center Mandalay သည် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးနှင့် ပူးပေါင်း၍ သက်ကယ်လှေ ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများကို ကူညီပေးနိုင်ရန်အတွက် သက်ကယ်လှေ (၁၀) စီးကို အသင့်ထားရှိထားသည်။

KBZ Center Mandalay ၏ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့တွင် အရိုးအကြော အထူးကုဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်က လည်းကောင်း၊ Ultrasound ရိုက်ကူးမှုကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုတွင် လည်းကောင်း၊ အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို နေ့စဥ် တနင်္လာမှ သောကြာနေ့အထိ လည်းကောင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်းအား အပတ်စဥ် တနင်္လာမှ စနေအထိ ဆောင်ရွက်ပေးနေပြီး စမ်းသပ်စစ်ဆေး ကုသမှုများအတွက် KBZ Center Mandalay ၏ Call Center သို့ ကြိုတင်ဆက်သွယ်ပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ်နိုင်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မေလ ၁၈ ရက်နေ့က အခမဲ့ ကျောက်က...
18/05/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မေလ ၁၈ ရက်နေ့က အခမဲ့ ကျောက်ကပ်သွေးသန့်စင်ကုသမှု ပြုလုပ်နိုင်ရန်အတွက် လျှောက်လွှာထုတ်ပေးထားသည့် ကျောက်ကပ်ဝေဒနာရှင်များ၏ လျှောက်လွှာများကို စတင်လက်ခံလျက်ရှိသည်။

KBZ Center Mandalay အနေဖြင့် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှုပြုလုပ်ပေးနိုင်ရန်အတွက် လျှောက်လွှာများအား မေလ (၄) ရက်မှ (၆) ရက်အထိ ထုတ်ပေးခဲ့ပြီး လိုအပ်သည့် အချက်အလက် အ
ထောက်အထား ပြည့်စုံသူများအား မေလ (၁၈) မှ (၂၀) ရက်အထိ လျှောက်လွှာများကို ပြန်လည်လက်ခံပေးသွားမည် ဖြစ်သည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့်
အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအ တွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆက်သွယ်နိုင်ပါသည်။

14/05/2026

"KBZ Center Mandalay ဆေးခန်းကို လာပြတာ ၁၃ ယောက်ပါတယ်။ ကားမဆံ့လို ကျန်နေခဲ့တာတွေ ရှိသေးတယ်။"
- ဒေါ်သန်းစိုးစိုး (မြို့သာ)၊ ဆေးကုသမှုခံယူသူ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း၊ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးမှ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်း၊ Ultrasound ရိုက်ကူးပေးခြင်းနှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

အရိုးအကြောအဆစ် ရောဂါဝေဒနာ စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်မှ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို စင်တာမှ ဆရာဝန်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။

KBZ Center Mandalay သို့ လာရောက်ဆေးဝါးကုသမှု ခံယူသူများအနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသော လူနာစောင့်တစ်ဦးအား တစ်ပါတည်း ခေါ်ယူခဲ့ပေးပါရန် အသိပေးအပ်ပါသည်။

KBZ Center Mandalay ၏ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့တွင် အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်က လည်းကောင်း၊ Ultrasound ရိုက်ကူးမှုကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုတွင် လည်းကောင်း၊ အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို နေ့စဥ် တနင်္လာမှ သောကြာနေ့အထိ လည်းကောင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်းအား အပတ်စဥ် တနင်္လာနေ့မှ စနေနေ့အထိ ဆောင်ရွက်ပေးနေပြီး စမ်းသပ်စစ်ဆေး ကုသမှုများအတွက် KBZ Center Mandalay ၏ Call Center သို့ ကြိုတင်ဆက်သွယ်ပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆက်သွယ်နိုင်ပါသည်။

12/05/2026

“KBZ Center Mandalay က ကျွန်တော်တို့ ကျောက်ကပ်သမားတွေ အတွက်တင် မဟုတ်ပဲနဲ့ အခြားရောဂါဝေဒနာရှင်တွေပါ အကုန်လုံး ကုသပေးနေပါတယ်”
အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှုခံယူသူတစ်ဦး

KBZ Center Mandalay အနေဖြင့် ငွေကြေးခက်ခဲပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်စက် အသစ်များကို စမ်းသပ်လည်ပတ်နေပြီး လူနာအသစ်များ လက်ခံနိုင်ရန် လျှောက်လွှာများကို ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

လျှောက်လွှာများကို မေလ (၁၈) ရက်၊ (၁၉) ရက်နှင့် (၂၀) ရက်တို့၌ ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသခွင့်ရရှိမည့် လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။

ယခင်စက်လေးလုံးအပြင် ယခုစက် (၁၆) လုံး တပ်ဆင်ပြီးစီးပါက စက်အလုံးရေ (၂၀) ဖြင့် တစ်ပတ်လျှင် စုစုပေါင်းလူနာ (၁၂၀) ဦးကို အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှု ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မေလ (၆) ရက်က အခမဲ့ ကျောက်ကပ်...
06/05/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မေလ (၆) ရက်က အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှုခံယူရန်အတွက် လျှောက်လွှာထုတ်ပေးခြင်း၊ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးမှ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းနှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အရိုးအကြောအဆစ် ရောဂါဝေဒနာ စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်မှ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို စင်တာမှ ဆရာဝန်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။

KBZ Center Mandalay သို့ လာရောက်ဆေးဝါးကုသမှု ခံယူသူများအနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသော လူနာစောင့်တစ်ဦးအား တစ်ပါတည်း ခေါ်ယူခဲ့ပေးပါရန် အသိပေးအပ်ပါသည်။

ပူပြင်းလှသည့် နွေရာသီကာလတွင် KBZ Center Mandalay သို့ လာရောက် ဆေးဝါးကုသမှုခံသူများ အေးမြစေရန်အတွက် ရေငွေ့ဖျန်းစက်များ တပ်ဆင်ဆောင်ရွက်ပေးထားသည့်အတွက် အေးချမ်းစွာ ဆေးဝါးကုသမှုကို ခံယူနိုပ်ပြီဖြစ်သည်။

KBZ Center Mandalay ၏ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့တွင် အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်နှင့် သောကြာနေ့တွင် အရိုးအကြော အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးဝင်းကိုက လည်းကောင်း၊ Ultrasound ရိုက်ကူးမှုကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုတွင် လည်းကောင်း၊ အထွေထွေရောဂါ အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို နေ့စဥ် တနင်္လာမှ သောကြာနေ့အထိ လည်းကောင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်းအား အပတ်စဥ် တနင်္လာမှ စနေအထိ ဆောင်ရွက်ပေးနေပြီး စမ်းသပ်စစ်ဆေး ကုသမှုများအတွက် KBZ Center Mandalay ၏ Call Center သို့ ကြိုတင်ဆက်သွယ်ပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဆက်သွယ်နိုင်ပါသည်။

ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာထုတ်ဝေပေးမှု တစ်ရက်ထပ်မံတိုးမြှင့်KBZ Center Mandalay တွင် ...
06/05/2026

ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာထုတ်ဝေပေးမှု တစ်ရက်ထပ်မံတိုးမြှင့်

KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများ အတွက် ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများကို ယနေ့မေလ (၄) ရက်မှ မေလ (၆) ရက်နေ့ထိ သုံးရက်တိုင်တိုင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ဝေပေးခဲ့ရာမှ မေလ (၇) ရက်နေ့ထိ တစ်ရက်ထပ်မံတိုးမြင့်၍ ထုတ်ဝေပေးသွားမည် ဖြစ်ပါသည်။

ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့်သူသည် လက်အကြောမွေးထားပြီး ယင်းလက်ဖြင့် ကျောက်ကပ်သွေးသန့်စင်ခြင်း သုံးလနှင့်အထက် ပြုလုပ်ထားသည့် လူနာများနှင့် ဘီပိုး၊ စီပိုး မရှိသော လူနာများ ဖြစ်ရပါမည်။

လျှောက်လွှာထုတ်ယူရာတွင်လည်း လူနာကိုယ်တိုင်သော်လည်းကောင်း၊ လူနာ၏ ရောဂါလက္ခဏာ အရင်းအမြစ်ကို သိရှိသော မိသားစုဝင် တစ်ဦးဦးကသော်လည်ကောင်း လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ယူဆောင်၍ လျှောက်လွှာများ လာရောက်ထုတ်ယူနိုင်ပါသည်။

လျှောက်လွှာများကို မေလ (၁၈) ရက်၊ (၁၉) ရက်နှင့် (၂၀) ရက်တို၌ ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသခွင့်ရရှိမည့် လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများ ထုတ်ယူနိုင်KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စ...
04/05/2026

ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများ ထုတ်ယူနိုင်

KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် ကျောက်ကပ်သွေး သန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများကို ယနေ့မေလ (၄) ရက်မှ စတင်၍ သုံးရက်တိုင်တိုင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ဝေပေးလျက် ရှိပါသည်။

ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့်သူသည် လက်အကြောမွေးထားပြီး ယင်းလက်ဖြင့် ကျောက်ကပ်သွေးသန့်စင်ခြင်း သုံးလနှင့်အထက် ပြုလုပ်ထားသည့် လူနာများနှင့် ဘီပိုး၊ စီပိုးမရှိသော လူနာများ ဖြစ်ရပါမည်။

လျှောက်လွှာထုတ်ယူရာတွင်လည်း လူနာကိုယ်တိုင်သော်လည်းကောင်း၊ လူနာ၏ရောဂါလက္ခဏာ အရင်းအမြစ်ကို သိရှိသော မိသားစုဝင် တစ်ဦးဦးကသော် လည်ကောင်း လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ယူဆောင်၍ လျှောက်လွှာများ လာရောက် ထုတ်ယူနိုင်ပါသည်။

လျှောက်လွှာများကို မေလ (၁၈) ရက်၊ (၁၉) ရက်နှင့် (၂၀) ရက်တို့၌ ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသခွင့်ရရှိမည့် လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည်ဖြစ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Address

၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
Yangon

Website

Alerts

Be the first to know and let us send you an email when KBZ Center Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share