24/03/2025
ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day_24 March 2025)
ဒီနေ့ဟာ နှစ်စဉ်ကျရောက်လေ့ရှိတဲ့ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) ဖြစ်ပါတယ်။ တီဘီရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးအပေါ် သက်ရောက်မှုကြီးမားတဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ တီဘီရောဂါဖြစ်ပွားမှုကို ကာကွယ်ခြင်း၊ ကုသခြင်းတို့နဲ့ လျှော့ချနိုင်ပေမဲ့ နှစ်စဉ်လူသန်းပေါင်းများစွာဟာ ကူးစက်ခံနေရဆဲဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းအနေနဲ့ တီဘီရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိပညာရှိဖို့၊ ရောဂါကို စောစောစီးစီးသိရှိပြီး ချက်ချင်းကုသမှုခံယူနိုင်ဖို့ဟာ အရေးကြီးပါတယ်.....
ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ "တီဘီရောဂါပပျောက်ဖို့ ရင်းနှီးမြှုပ်နှံကတိပြုလို့ အားလုံးပါဝင်ဆောင်ရွက်စို့" လို့ သတ်မှတ်ထားတာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ တီဘီလူနာတွေသာမက နယ်ပယ်အသီးသီးကလည်း ပါဝင်ပူးပေါင်းကာ တီဘီရောဂါကင်းဝေးတဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်စေဖို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ကြဖို့ အလေးထားတိုက်တွန်းထားပါတယ်.....
တီဘီရောဂါဟာ စနစ်တကျကုသပါက ပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်တာကြောင့် အားလုံးပူးပေါင်းပြီး လုပ်ဆောင်မယ်ဆိုရင် တီဘီရောဂါကို အဆုံးသတ်တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်.....YES! We can end TB.
TB Day
#ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့